“ရွေးကောက်ပွဲက လက်ရှိကြုံနေတဲ့အခက်အခဲကနေ လွတ်မြောက်နိုင်မယ့်အရာဖြစ်တယ်”

 165

သက်ပိုင် (NP News) - အောက်တိုဘာ ၂၄

ဦးစိုင်ဌေးအောင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများတိုးတက်ရေးပါတီ
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီသည်ကချင်ပြည်နယ်တွင်အခြေစိုက် သည့် ပါတီတစ်ခုဖြစ်ကာလာမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီတစ်ခုလည်းဖြစ်သည်။တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့်ပတ်သက်၍ပါတီ၏မူဝါဒ၊အနာဂတ်ရည်မှန်းချက်များနှင့် ရွေးကောက်ပွဲအတွက် ကြိုးပမ်း အား ထုတ်ရာတွင်တွေ့ကြုံရမှုများကိုပါတီဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းဌေးအောင်နှင့် ဆက်သွယ်မေးမြန်းထားသည် များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး- လာမယ့်ရွေးကောက်ပွဲအပေါ် ပါတီရဲ့မူဝါဒ သဘောထားကိုသိလိုပါတယ်။
ဖြေ- ဒီရွေးကောက်ပွဲကို ကျွန်တော်တို့ပါတီကတော့ တိုင်းရင်းသားချင်းတန်းတူညီမျှအခွင့်အရေးကိုအခြေ ခံပြီးတော့ တစ်ဦးနဲ့တစ်ဦး အခွင့်အရေးမယူဘဲ အား လုံးတန်းတူဆိုတဲ့ပုံစံမျိုးနဲ့ သွားကြမယ်ဆိုပြီးတော့ ပါတီရဲ့မူဝါဒထားရှိထားရှိတာပေါ့နော်။ နောက် အပြည့်အစုံကိုပြောရမယ်ဆိုရင် အဓိကကတော့ ပြည် ထောင်စုထဲမှာနေထိုင်တဲ့ တိုင်းရင်းသားတွေပေါ့နော်။ ဘာသာ၊ အယူဝါဒ၊ ဓလေ့၊ ထုံးတမ်းစဉ်လာ၊ တစ်ဦး နဲ့တစ်ဦးက အကုန်လုံး လေးလေးစားစားရှိကြမယ်။ နောက်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစား ကြမယ်ဆိုပြီး ပါတီမူဝါဒထဲမှာ ချမှတ်ထားပါတယ်။ အတိုချုပ် ပြောရမယ်ဆိုရင် တန်းတူညီမျှ အခွင့် အရေးရရှိဖို့အတွက်ပေါ့နော်။ ဒါတွေကို ကျွန်တော်တို့ လက်ရှိမှာလည်း ဖော်ဆောင်နေပါတယ်။
မေး- လာမယ့်ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ- ဒီရွေးကောက်ပွဲကတော့ နိုင်ငံရဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မယ်။ ဒီရွေးကောက်ပွဲက တက်လာ တဲ့အစိုးရက နိုင်ငံနဲ့ပြည်သူပြည်သားတွေရဲ့ဒုက္ခ တွေကို ဖြေရှင်းနိုင်မှာပေါ့နော်။ ဒီတော့ ဒီရွေးကောက်ပွဲ က မဖြစ်မနေလုပ်ရမယ့် ရွေးကောက်ပွဲတစ်ခုဖြစ်တယ်လို့ပဲမြင်ပါတယ်။ ဒီရွေးကောက်ပွဲကတော့ လက်ရှိ ကြုံနေတဲ့ အခက်အခဲကနေ လွတ်မြောက်နိုင်မယ့်အရာဖြစ်တယ်။ ရွေးကောက်ပွဲမလုပ်ဘူးဆိုရင် တိုင်း ပြည်က ပိုကျပ်သထက်ကျပ်လာလိမ့်မယ်။
မေး- UEC ရဲ့သတ်မှတ်ချက်တွေကို ပြည့်မီအောင် ဘယ်လိုကြိုးပမ်းခဲ့ရသလဲ။
ဖြေ- UEC ရဲ့သတ်မှတ်ချက်ဆိုတာကနှစ်မျိုးရှိတာပေါ့နော်။ နိုင်ငံရေးပါတီပါများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေထုတ်ပြီးတော့မှ ကျွန်တော်တို့ပါတီ ပြန်ပြီးမှတ်ပုံတင်ရတဲ့အပိုင်းရှိတယ်။ အဲဒီမှာ ဆိုရင် သူ့သတ်မှတ်ချက်က ပြည်ထောင်စုတစ်ဝန်းလုံးဆိုရင်တော့ ပါတီအင်အား တစ်သိန်းရှိရမယ်၊ ပထမ သတ်မှတ်ချက်ပေါ့နော်။ နောက်တစ်ခါ ပါတီရုံးခန်းက မြို့နယ်ရဲ့တစ်ဝက်ရှိရမယ်ပေါ့နော်။ ဒုတိယတစ်ကြိမ် ပြန်လျှော့ပေးတဲ့အခါ ပါတီဝင်က ငါးသောင်း၊ မြို့နယ်ပေါင်းရဲ့ သုံးပုံတစ်ပုံပေါ့။ အဲလိုသတ်မှတ်ပေးခဲ့တာပေါ့။ ကျွန်တော်တို့ တိုင်းဒေသကြီး၊ ပြည်နယ်ကို အခြေစိုက်တဲ့ပါတီတွေကျ တော့ ပါတီဝင်က တစ်ထောင်၊ မြို့နယ်ကတော့ ငါးမြို့နယ်၊ ကိုယ်စားလှယ်လောင်းကတော့ တစ် ယောက်ပဲကျန်ရင်တောင် ရနေတယ်လေ။ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် သတ်မှတ်ချက်ကလည်းရှိသေးတယ်လေ။ ဒီတော့ သူတို့သတ်မှတ်ချက်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် နိုင်ငံကိုသွားမယ်ဆိုရင်တော့ သိပ်ပြီးတော့ မတင်းကြပ်ဘူးလို့ပြောလို့ရတာပေါ့။ ဒါပေမဲ့ ခေတ်ကာလ အခြေအနေအရကျတော့ နိုင်ငံရေးပါတီတွေက လုပ်ရကိုင်ရတာ အရမ်းကျပ်သွားတာပေါ့။ သာမန် မဟုတ်တဲ့အခြေအနေတွေဖြစ်နေတာလေ။ ဒီတော့ နိုင်ငံရေးပါတီတွေက ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ အားလုံးကတော့ အခက်အခဲတွေကြုံတွေ့ကြရတာပါပဲ။ ဒီအခက်အခဲတွေကို အောက်ခြေမှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ ညှိနှိုင်းတိုင်ပင်တယ်။ ကျွန်တော်တို့အခက်အခဲတွေကို ဆွေးနွေးရ တာပေါ့နော်။ သူတို့ကလည်း ဥပဒေဘောင်ထဲကနေ ပြီးတော့မှ ဘာတွေလုပ်သင့်တယ်ဆိုတာကိုပြောပြ ပေးတော့ ကျွန်တော်တို့အနေနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပေါ့နော်။ တချို့ဟာတွေကျတော့လည်း ဥပဒေနဲ့ငြိ တာမျိုးတွေရှိရင် ကျွန်တော်တို့ဘက်က လျှော့ပေးရတာမျိုးတွေရှိတာပေါ့။ နောက်ပြီး ကိုယ်စားလှယ် လောင်း ရှာတဲ့အခါမှာလည်း အခက်အခဲတွေရှိခဲ့တယ်။ ကျွန်တော်တို့က အိမ်ထောင်စုပြောင်းတွေ နဲ့ လုပ်ရတာလေ။ ဥပမာအနေနဲ့ပြောရရင် ဗန်းမော်မြို့ကြီးက ပျက်သွားတဲ့အခါကျတော့ အဲဒီနေရာမှာ ကိုယ်စား လှယ်လောင်းထည့်ဖို့အတွက်ဆိုရင် အင်မတန်ခက်ခဲတာပေါ့။ ဒီတော့ ပါတီထဲက စစ်ဘေး ရှောင်လာတဲ့ အရည်အချင်းသတ်မှတ်ချက်ကိုက်ညီတဲ့လူတွေကို ရှာတယ်။ ရှာလို့ မရတဲ့အခါကျတော့ မိုးညှင်းနယ်က လူတွေကို အစားထိုးရတာမျိုးတွေရှိတာပေါ့။ အစားထိုးတဲ့အခါကျတော့လည်း ပုံစံ(၁၀) ပြောင်းတွေ ဘာတွေလုပ်ရတယ်လေ။ ဒီလိုလုပ်တဲ့အခါ လဝကတွေကလည်း ပူးပေါင်းဆောင်ရွက်ပေး ကြပါတယ်။ ဒါပေမဲ့ မိုးညှင်းဘက်ကနေပြီး ရွှေကူဘက်မှာသွားပြိုင်မယ်ဆိုရင် အခက်အခဲကရှိပြန်တယ်။ ဘာလို့လဲဆိုရင် ရွှေကူမှာက ကိုယ်စားလှယ်လောင်းတင်တဲ့အခါ အဲဒီမှာတိုက်ပွဲတွေဖြစ်ထားတော့ ကော်မရှင်ရုံးတွေ၊ ထွေ အုပ်ရုံးတွေပိတ်ထားတော့။ ကော်မရှင်ကိုလည်း ဆက်သွယ်လို့မရခဲ့ဘူး။ အဲဒါ ကြောင့် ရွှေကူမှာ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းမတင်နိုင်ခဲ့ဘူး။ နောက်ပြီး ဗန်းမော်ခရိုင်ထဲကဆို ရင် မိုးမောက်တို့၊ ဗန်းမော်တို့ကျတော့ လွယ်သွားတယ်။ ဘာလို့လဲဆိုတော့ သူတို့က မြစ်ကြီးနားမှာ ရုံး တွေဖွင့်ပေးထားတော့ အဆင်ပြေခဲ့တာပေါ့။ ရွှေကူကတော့ ပြည်နယ် FPTP ကိုယ်စားလှယ်လောင်း တစ်ယောက်ကျန်ခဲ့တယ်။
မေး- လာမယ့်ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်ကနေပြီး ဝင်ပြိုင်သွားမှာလဲ။
ဖြေ- ပါတီအနေနဲ့ကတော့ ကချင်ပြည်နယ်မှာ ပြိုင် မှာပါ။ ကချင်ပြည်နယ်မှာ မြို့နယ်ကိုးမြို့နယ်ကို မဲ ဆန္ဒနယ်တစ်ခုစီသတ်မှတ်ပြီးတော့ မဲဆန္ဒနယ်၊ (၁)၊ (၂)ပေါ့နော်။ PR စနစ်အရပေါ့။ ဒီစနစ်အရ အမျိုး သားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ကတော့ အတူပါပဲ။ ဟိုဘက်ကဆိုရင် ပူတာအိုခရိုင်ပါတယ်။ တနိုင်းခရိုင်ပါတယ်။ ချီဖွေခရိုင်ပါတယ်။ ဝိုင်းမော်မြို့နယ်အပါ ကိုးမြို့နယ်ဖြစ်သွားတာပေါ့။ မဲဆန္ဒနယ် (၁) ပေါ့နော်။ မဲဆန္ဒနယ်(၂) ကျတော့ မြစ်ကြီးနားမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဗန်းမော်ခရိုင်နဲ့ မိုးညှင်းခရိုင်ပါ တာပေါ့။ ပါတဲ့အခါကျတော့ ကျွန်တော်တို့ရုံးစိုက်တာ ကလည်း မဲဆန္ဒနယ် (၂)မှာများတဲ့ အခါကျတော့ မဲဆန္ဒနယ်(၂)ကို အများဆုံးဝင်ပြိုင်ထားပါတယ်။ ကချင်တစ်ပြည်နယ်လုံးမှာမှ မဲဆန္ဒနယ် (၂)မှာ အများဆုံးပြိုင်သွားမှာပါ။ မဲဆန္ဒနယ် (၁)ထဲကဆိုရင်တော့ ဝိုင်းမော်မြို့နယ်၊ ပြည်သူ့လွှတ်တော် တစ်ခုတည်းကို ဝင်ပြိုင်သွားမှာပါ။
မေး- PR နဲ့ FPTP ရောထားတဲ့စနစ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ- ဒီအရောစနစ်ကိုပြောရရင် ကျွန်တော်တို့ PR နဲ့ ပတ်သက်ပြီး (၂၀၁၄)တုန်းက ထိုင်းမှာသွားပြီး သင် တန်းတက်ခဲ့ရဖူးတယ်။ PR အကြောင်း ကောင်းကောင်းသင်တာပေါ့နော်။ အခုတော့ အရောစနစ်ကို လုပ် လိုက်တဲ့အခါကျတော့လည်း ပိုပြီးအဆင်ပြေသွားမယ်လို့တော့ကျွန်တော်မြင်ပါတယ်။ အခက်အခဲတစ် ခုကကျတော့ FPTP မှာ မပြိုင်နိုင်ဘူးဆိုရင် PR မှာလည်း မဲဆုံးရှုံးတာတစ်ခုပေါ့နော်။ အစောပိုင်းတုန်း ကပြောခဲ့သလိုပဲ ရွှေကူမြို့နယ်ကို ကျွန်တော်တို့ တင်လို့မရလိုက်တော့ ရွှေကူမြို့နယ်အတွက်မဲက ကျွန် တော်တို့မရတော့ဘူးပေါ့နော်။ ဒီလိုဖြစ်တာလေးကတော့ အားနည်းချက် ကလေးရှိပေါ့လေ။ ဒါပေမဲ့ တင် လို့ရလိုက်ပြီဆိုရင်တော့ အဲဒီကမဲကို ကျွန်တော်တို့ရမှာပေါ့။ ဒါကတော့ အားနည်း ချက်ပေါ့နော်။ အား သာချက်ကကျတော့ မဲဆန္ဒရှင်တွေရဲ့မဲ (၇၀) ရာခိုင်နှုန်း ကျော်လောက်ကတော့ အကျုံးဝင်သွားမယ်လို့ မြင်ပါတယ်။ ဒီအရောစနစ်ကလေးကလေ။ ဘာကြောင့်လဲဆိုတော့ ဒီပိုလျှံမဲကိုလည်း PR မှာ ပြန်ပေါင်း တယ်တော့ အနိုင်ရသွားတာတောင်မှ မဲအများကြီးနဲ့ အနိုင် ရသွားတယ်ဆိုရင် လည်း ပိုလျှံမဲက PR မှာထပ်ပေါင်း ပေးသေးတယ်လေ။ နောက်ပြီး PR ကလည်း တခြားမြို့နယ်တွေက ပေါင်းပြီးမှ ကိုတာ စနစ်နဲ့ဘယ်ယောက်ရသင့်တယ်၊ ဘယ်နှရာခိုင်နှုန်းရရင်ဆိုတာမျိုးခွဲထားတာတွေ လည်းရှိတဲ့အခါကျ တော့ ပါတီတွေအတွက်ကတော့ ကိုယ်စားလှယ်လောင်းရနိုင်ဖို့အတွက်ကျတော့ အများကြီးရှိတာပေါ့။ ဒါကတော့ အားသာချက်ပေါ့နော်။ စနစ်တိုင်းမှာကတော့ အားနည်းချက်၊ အားသာချက်တွေကတော့ ရှိကြတာပါပဲ။
မေး- လာမယ့်ရွေးကောက်ပွဲအတွက် ပါတီရဲ့အဓိက စိန်ခေါ်မှုက ဘာတွေဖြစ်မလဲ။
ဖြေ- နံပါတ်တစ်စိန်ခေါ်မှုကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုပေါ့။ အခုတောင်မှ ကျွန်တော်တို့ဒေသတွင်းမှာ မဲစာရင်းတွေကပ်တော့ ပြည်သူတွေက မဲစာရင်းသွားကြည့်ကြတယ်။ သွား ကြည့်တဲ့အခါ PDF တွေက အရပ်ဝတ်နဲ့ မြို့ထဲကိုဝင်လာပြီးတော့ ဆိုင်ကယ်နဲ့ တစ်ခေါက်နှစ်ခေါက် ဖြတ် ပြလိုက်တာနဲ့ ပြည်သူတွေက မဲစာရင်းမကြည့်ရဲကြတော့ဘူး။ ဒါကြောင့် ပြောရရင် လုံခြုံရေးက အဓိက ကျတဲ့စိန်ခေါ်မှုကြီးဖြစ်တာပေါ့။ ဒါကတော့ ကျွန်တော်တို့ ဒေသတွင်းသာမက တစ်နိုင်ငံလုံးပေါ့။ လုံခြုံ ရေးဆိုတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးရယ်၊ မဲဆန္ဒရှင်ပြည်သူတွေရဲ့ လုံခြုံ ရေးရယ်ဆိုပြီး အပိုင်းနှစ်ပိုင်းရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးကတော့ တပ် ချုပ်ကြီးကလည်းပြောထားတယ်ပေါ့လေ။ ကိုယ်စား လှယ်လောင်းတွေရဲ့လုံခြုံရေးကို သူတာဝန်ယူပါ့ မယ်ဆိုပြီးတော့ ပြောထားတယ်ဆိုပြီးတော့ပေါ့နော်။ ဒါပေမဲ့ သူတာဝန်ယူတာက တာဝန်ယူတာ တစ် ကြောင်းပေါ့နော်။ ဒီဘက်ကလည်း သတိထားပြီးလုပ်ကြရတာပေါ့။ ခါတိုင်းလို ပုံမှန်လိုမဟုတ်တဲ့ အခါ ကျတော့လေ။ နောက်ပြီးတော့ မဲဆန္ဒရှင်ပြည်သူတွေရဲ့လုံခြုံရေးက ပိုအရေးကြီးတယ်ဗျ။ သူတို့က မဲလာ မထည့်နိုင်ရင် ကျွန်တော်တို့က မဲရကြမှာမဟုတ်ဘူး။ ဒီတော့ သူတို့ မဲလာထည့်အောင် သူတို့ယုံကြည်ရ လောက်တဲ့ လုံခြုံရေးမျိုးကိုပေးဖို့တော့လိုအပ်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တခြားစိန်ခေါ်မှုတွေ ကတော့ သိပ်ပြီးကြီး ကြီးမားမားတော့ မရှိလောက်တော့ပါဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မဲရုံ ကိုယ်စားလှယ် ခန့်ထားရေးကိစ္စတွေကလည်း ကြိုးစားကြရမှာပေါ့။ ဒါကတော့ ကျွန်တော်တို့ကြိုးစားရ မယ့်အပိုင်းပါ။သာမန်အခြေအနေမဟုတ်တဲ့အခါကျတော့ လူတွေ ကမလုပ်ရဲကြဘူး။ ဒီတော့ ကျွန်တော် တို့ ပြောဆိုစည်းရုံးပြီး ကျွန်တော်တို့ကြိုးစားရမှာပေါ့။ မဲရုံကိုယ်စားလှယ်ခန့်ထားရေး ကိစ္စကိုလေ။ နောက်ပြီးတော့ မဲစာရင်းတွေထုတ်ပြန်တဲ့အခါကျတော့ အမှားအယွင်း လေးတွေပါလာတယ်။ ပထမ အကြိမ်မှာပေါ့နော်။ ဒီတော့ ပြည်သူရဲ့ယုံကြည်မှု နည်းနည်းလျော့နိုင်တာပေါ့။ ဒုတိယအကြိမ်ထုတ်တဲ့ အခါ မှန်ကန်နေမယ်ဆို ရင် ကျွန်တော်တို့လည်း ပြောအားရှိတာပေါ့။ ကော်မရှင်က မှန်မှန်ကန်ကန်လုပ် နေတယ်။ ဒီမှာ ပြန်ပြင်ပေး တယ်ဆိုတာမျိုးပေါ့။ ဒီတော့ ဒီစာရင်းတွေမှားတဲ့ကိစ္စကိုလည်း တစ်ယောက် နဲ့တစ်ယောက် အပြစ်မပြောကြဘဲနဲ့ မှားနေတာတွေ့ရင် ကော်မရှင်ကို စာနဲ့တင်ပြတာမျိုး၊ ကော်မရှင် ကလည်း ပြင်သင့်တာပြင်ပေးတာမျိုး ဖြစ်စေချင်တာပေါ့။ ဒီသဘောမျိုးနဲ့သွားကြမယ်ဆိုရင် အဆင်ပြေ မယ်လို့ထင်ပါတယ်။ ဒီလိုလုပ်နိုင်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျင်းပတဲ့အချိန်လေးမှာ ညီညွတ်မှုအား ကို ပြနိုင်တာပေါ့နော်။
မေး- လုံခြုံရေးကစိန်ခေါ်မှုရှိနေတော့ ကိုယ်စားလှယ် လောင်းတွေရဲ့လုံခြုံရေးကိုကော ဘယ်လိုစီစဉ်ထားလဲ။
ဖြေ- ကျွန်တော်တို့ပါတီအနေနဲ့ကတော့ စီမံဆောင်ရွက်တာတွေတော့မရှိဘူး။ လုပ်လို့မရတဲ့အတိုင်းအ တာဆိုတော့လေ။ ဒီတော့ သတိဝိရိယနဲ့သွားကြဖို့ပဲ သွားကြလာကြဖို့ပြောတာလောက်ပဲလုပ်နိုင်တယ်။ သတင်းတွေကိုနားစွင့်ပြီးတော့သွားကြဖို့။ ပြည်သူ တွေဆီက အခြေအနေမကောင်းဘူးဆိုပြီး သတင်း ကြားရင် မသွားကြဖို့နဲ့ ကိုယ့်ဘက်ကဆင်ခြင်ဖို့တော့ မှာကြားထားတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရွေး ကောက်ပွဲက ဟိုတုန်းက (၁၉၉၀)ရွေးကောက်ပွဲ၊ (၂၀၁၀)ရွေးကောက်ပွဲနဲ့တောင်မတူဘူး။ (၁၉၉၀) ရွေး ကောက်ပွဲတုန်းက ရွေးကောက်ပွဲကိုဖျက်မယ်၊ ပြည်သူတွေကိုဘာလုပ်မယ်ဆိုတာ သူတို့လေလှိုင်းပေါ် ကပဲလုပ်ခဲ့တာ။ အခုကျတော ဒီရွေးကောက်ပွဲကြီးကတော့ လက်တွေ့သဘောတွေအများကြီးပါတယ်။ ရွေးကောက်ပွဲကိုဖျက်ဆီးမယ်ဆိုရင် စောနကပြောသလိုပေါ့နော်။ မဲစာရင်းသွားကြည့်တာတောင် PDF တွေက နှစ်ခါသုံးခါ ဖြတ်လျှောက်ပြလိုက်တာနဲ့ ပြည်သူတွေကကြောက်ပြီးတော့ မဲစာရင်းကို သွား မကြည့်ရဲတဲ့အခြေအနေကိုရောက်သွားတဲ့အနေအထားမျိုးပေါ့နော်။ ဆိုတော့ လက်တွေ့လုပ်တာတွေ ရှိ နေတော့ ဒီဘက်က ရွေးကောက်ပွဲကိုကာကွယ်စောင့်ရှောက်ဖို့ ဥပဒေတွေထုတ်ထားပေမယ့်လည်း ပြည် သူတွေကိုပဲ အရေးယူနိုင်ပြီး တောထဲကလူတွေကို အရေးမယူနိုင်သလိုဖြစ်နေတယ်လေ။ ဟို လူတွေက ဥပဒေပြင်ပကို ရောက်နေတာမဟုတ်ဘူးလား။ ဒါမျိုးလေးတွေရှိတဲ့အခါကျတော့ ဒီလုံခြုံရေး ကဏ္ဍက တော့ ကြီးကြီးမားမားစိန်ခေါ်မှုရှိတယ်။ စိန်ခေါ်မှုရှိတယ်ဆိုပေမယ့်လည်း နိုင်ငံကောင်းဖို့ အတွက်ဆိုရင် ကျွန်တော်တို့ကလည်း မလုပ်လို့မရဘူး၊ လုပ်ကိုလုပ်ရမယ်ဆိုတော့ ပါတီအနေနဲ့ စီမံချက် ကြီးတွေ ဘယ် လောက်ဆွဲဆွဲ လက်နက်ကိုင်တဲ့လူကို လက်နက်မရှိတဲ့လူက တိုက်လို့မရတော့ ကိုယ့်ဘက်ကပဲ ဆင်ခြင် ပြီးသွားလာဖို့လုပ် လို့ရတော့ပေါ့။
မေး- ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲရောက်ခဲ့ရင် ဘာတွေကို ဦးစားပေးလုပ်သွားမလဲ။
ဖြေ- ကျွန်တော်တို့ပါတီကတော့ အမြဲတမ်းလုပ်နေတာကတော့ ပြည်သူတွေငြိမ်းချမ်းရေးနဲ့ နိုင်ငံတော် ငြိမ်းချမ်းရေးပေါ့နော်။ နံပါတ်(၁)အချက်အနေနဲ့ ငြိမ်းချမ်းရေးကိုရစေချင်တာပေါ့နော်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကို ကြိုးစားလာခဲ့ကြတာ။ ပြည်တွင်းစစ် နှစ်ပေါင်း(၇၀)ကျော် အတွင်း မှာ အမျိုးမျိုးနဲ့ပေါ့နော်။ အားနည်းချက်အားသာချက်တွေနဲ့ ငြိမ်းချမ်းရေးက ဒီကနေ့အထိမရဘူး။ စစ်ဖြစ် ပြီးမှ ငြိမ်းချမ်းသွားတဲ့ နိုင်ငံတွေကိုကြည့်မှာလား။ အဲဒီနိုင်ငံတွေလိုပဲ ငြိမ်း ချမ်းသွားပြီဆိုရင်တော့ သူတို့ လိုပဲ ဖွံ့ဖြိုးတိုးတက်လာ မှာပဲဆိုတဲ့ခံယူချက်နဲ့ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ရွက်သွားမယ်လို့ လွှတ် တော်ထဲကိုရောက်ရင် ဆောင်ရွက်ရမယ့် နံပါတ်(၁)လုပ်ငန်းစဉ်အနေနဲ့ ထည့်ထားတာပေါ့နော်။ နံပါတ် (၂) ကတော့ အမျိုး သားရေးတာဝန်ပါ။ အမျိုးသားရေးတာဝန်ဆိုတာက ကျွန်တော်တို့လူမျိုးကို အမည် အမျိုးမျိုးနဲ့ ခေါ်ထားကြတယ်။ ဗမာလိုမျိုးပြောမယ်ဆိုရင် ရှမ်းဗမာရှိမယ်ဗျာ၊ ရှမ်းနီရှိမယ်ဗျာ၊ ရှမ်း က လေးရှိတယ်ဗျာ။ နောက်ပြီး မြေလတ်ရှမ်းဆိုပြီး ဗမာလိုခေါ်ထားတာပဲ လေးမျိုးရှိတယ် ကျွန်တော်တို့ ကိုခေါ်ထားတာ။ နောက်ပြီး ရှမ်းလိုကျတော့လည်း သူ့ဒေသအလိုက်လိုက်ပြီးတော့မှ အမျိုးမျိုးခေါ်ကြ တယ်။ တိုင်းလျံတို့၊ တိုင်းလိုင်တို့ တိုင်းတိုင်းတို့ စသည်ဖြင့် အမျိုးမျိုးခေါ်နေကြတော့ လူဦးရေက ပြန့်ကြဲ နေသလိုဖြစ်နေတယ်။ စာရင်းတွေ လည်းကောက်လို့မရဘူး။ နောက်တစ်ခုက စာရင်းကောက်ရင် ရှမ်း စာရင်းထဲမှာဝင်နေတာ။ ကိုယ်ရဲ့လူဦးရေဘယ်လောက်ရှိလို့ရှိမှန်းလည်း မသိရဘူးဖြစ်နေတယ်။ ဒီတော့ လွှတ်တော်ထဲရောက်ခဲ့ရင် ကျွန်တော် တို့လူမျိုးအမည်မှန်ပြန်ရရှိရေးကို ဒုတိယဦးစားပေးအနေနဲ့ ဆောင် ရွက်သွားမှာဖြစ်တယ်။ လုပ်ငန်းစဉ်(၃)အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့(၆၇)ရာခိုင်နှုန်းလောက်က လယ် သမားတွေဖြစ်တဲ့အခါကျတော့ လယ်သမားတွေ တိုးတက်ကြီးပွားလာရင် နိုင်ငံချမ်းသာလာမယ်လို့ ခံယူ ထားတဲ့အတွက်ကြောင့် တောင်သူလယ်သမားတိုးတက်ရေးကိစ္စတွေ၊ လယ်သမားချောင်လည်ရေးနဲ့ လယ်သမားတွေချမ်းသာလာရေးကို ကြိုးစားဆောင်ရွက်သွားမှာပါ။ တောင်သူလယ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ထဲမှာ ပြောသင့်ပြော ထိုက်တာတွေ။ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ ပေါ့နော်။ တောင်သူလယ်သမားလို့ပြောရရင် မြေရာကိစ္စတွေအကုန်ပါသွားပြီလေ။ ဒီကိစ္စတွေက လုပ်ရ မယ်ဆိုရင် တော်တော်ကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လုပ်သွားမှာပါ။ နောက် လုပ်ငန်းစဉ်လေး အနေ နဲ့ကတော့ အခုရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့။ ဒါကို ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ကိုက်ညီသွား အောင် ပြင်ဆင်မယ်၊ ဖြည့်စွက်မယ်။ တချို့ ပိုနေတဲ့ပုဒ်မတွေရှိလာရင်ပယ်ဖျက်နိုင်အောင် လွှတ်တော်ထဲ မှာကြိုးစားသွားမှာပါ့နော်။ ဒါလေးကတော့ လုပ်ငန်းစဉ်လေးခုအနေနဲ့ချမှတ်ထားတယ်။ အဲဒါအပြင် ပြည် သူတွေလိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေကိုလည်း လွှတ်တော်ထဲမှာ ကြိုးစား ဆောင်ရွက်သွားမယ်ဆိုပြီးတော့ ရွေးကောက်ပွဲကမ်ပိန်းအနေနဲ့ကော လုပ်ငန်းစဉ်တွေချမှတ်ထားပါ တယ်။
မေး- ဒီလိုဆောင်ရွက်ဖို့ လူထုကကော ပါတီအပေါ်မှာ ဘယ်လိုသဘောထားတာကိုတွေ့ရလဲ။
ဖြေ- ပြည်သူလူထုရဲ့သဘောဆန္ဒကတော့ အမျိုးမျိုး ကွဲကြတာပေါ့။ သူယုံကြည်ရာပါတီကိုတော့ အားကိုးကြတာပေါ့လေ။ ဒါကတော့ ပြည်သူတွေအနေနဲ့ လွပ်လပ်စွာ ယုံကြည်ပိုင်ခွင့်ရှိတာကိုး။ ပါတီ အနေနဲ့ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးနိုင်ရင်တော့ လူကလည်း ပါတီအပေါ် ပြန်ယုံကြည်လာမှာပေါ့ နော်။ အခုဖြစ်နေတဲ့ အခင်းအကျင်းမှာ စုဆောင်းရေးဆွဲတာတွေရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံပေါ့ဗျာ။ စုဆောင်းရေးဆွဲကြတယ်။ နောက်ပြီး ပြည်သူ့အပေါ် မှာ သူတို့ပြောတဲ့ အခွန်၊ ကျွန် တော်တို့ကတော့ ဆက်ကြေးပေါ့ဗျာ ဒါတွေကောက်ခံတာတွေရှိတယ်။ မတရားကောက်ခရရင် ကျွန် တော်တို့ကတော့ ပြည်သူ့ဘက်ကကာခံပြီးတော့မှပြောပေးပါတယ်။ ပြည်သူတွေအတွက် စွန့်စားရတာ ပေါ့နော်။ သေနတ်ကိုင်ထားတဲ့သူကို ကျွန်တော်တို့လက်နက်မဲ့တွေက ပြောရတဲ့အခါကျတော့လည်း တော်တော်တော့ ခက်ခဲတာပေါ့ဗျာ။ ခက်ခဲပေမယ့်လည်း ပြည်သူရဲ့အခက်အခဲဟာ ကျွန်တော်တို့ အခက် အခဲဆိုပြီးတော့ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး အရဲစွန့်ပြီးပြောရတာပေါ့။ ပြောလိုက်လို့ လွတ် လာတာရှိသလို။ အချို့တွေကျတော့လည်း ပိုက်ဆံမပေးရတော့တာမျိုးလည်းရှိတာပေါ့နော်။ ဒီလို မျိုး ပြည်သူတချို့ကို ကူညီပေးလိုက်တော့ ကျန်တဲ့ပြည်သူတွေကလည်း ယုံကြည်လာတာမျိုးတွေ ရှိတာ ပေါ့။ ကျွန်တော်တို့က လက်တွေ့လုပ်တဲ့အပေါ်မှာ အကျိုးသက်ရောက်မှုကို ပြောပြတာဖြစ်ပါတယ်။ တခြားပါတီတွေလည်း ဒီလိုမျိုးလုပ်လို့ သူတို့အပေါ်မှာ ယုံကြည်သွားတာတွေလည်း ရှိကောင်း ရှိမှာပေါ့။ ဒါကတော့ ပြည်သူ့ယုံကြည်မှုဆိုတာကိုပြောတဲ့အခါမှာ ကျွန်တော်တို့ပါတီကို ပြည်သူက ယုံကြည်တယ် လို့တော့ ပြောလို့မရဘူးလေ။ သူတို့ယုံကြည်ရာကို လွတ်လပ်စွာယုံကြည်ခွင့်ကတော့ ရှိတာပေါ့။ ကျွန် တော်တို့ပါတီအပေါ်ကိုလည်း ကျွန်တော်တို့ လူမျိုးတွေတော်တော်များများကတော့ ယနေ့အချိန်မှာ တော့ အခါတိုင်းထက်ပိုပြီးတော့ ယုံကြည်လာကြတယ်လို့တော့ ပြောလို့ရပါတယ်။
မေး- လာမယ့် ရွေးကောက်ပွဲကျင်းပတဲ့ကာလမှာ ကော ဘယ်လိုစိန်ခေါ်မှုတွေရှိလာနိုင်တယ်လို့ထင်ပါ သလဲ။
ဖြေ- ရွေးကောက်ပွဲလုပ်တဲ့အခါမှာလည်း စိန်ခေါ်မှုကတော့ အစောကပြောသလိုပဲ လုံခြုံရေးပါပဲ။ ဘာ ကြောင့်လဲဆိုတော့ ဒီဘက်ကလည်း မဖြစ်မနေ ရွေး ကောက်ပွဲကိုကျင်းရမယ်။ စောနကပြောသလို ရွေး ကောက်ပွဲမကျင်းပရင် နိုင်ငံက ပိုပိုပြီးတော့မှ ခက်ခဲလာနိုင်တယ်။ ကျွန်တော်ပြောချင်တာကတော့ ရွေး ကောက်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ချင်နေတဲ့ ဟိုဘက် NUG ဘက်ကဆိုရင်လည်း ရွေးကောက်ပွဲကို မဖြစ် မနေ ဖျက်မယ်ဆိုပြီးထုတ်ပြန်ထားတော့ ပြည်သူက ဒီကြားထဲမှာ ဘာကိုလုပ်လို့လုပ်ရမှန်း မသိကြား ညပ်မိသလိုဖြစ်နေတာပေါ့။ ဒီလိုမျိုးအချိန်ကျရင်တော့ ဒီလုံခြုံရေးကဏ္ဍကို အထူးအလေးထားကြရလိမ့် မယ်။ ဒီကဏ္ဍမှာဆိုရင် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းဖို့လိုပါလိမ့်မယ်။ လူစိမ်းဝင်လာရင်၊ ထူးခြား တာရှိရင် သတင်းပို့တာတို့ဘာတို့ လုပ်ကြမယ်ဆိုရင်တော့ ရွေးကောက်ပွဲကိုဖျက်မယ့်သူတွေရန်က ကြို တင်ကာကွယ်နိုင်မှာပေါ့လေ။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ လုံခြုံရေးကဏ္ဍကို အထူး သတိထားရမှာကတော့ စိန်ခေါ်မှုတစ်ရပ်ပေါ့နော်။
မေး- လက်ရှိပါတီအပေါ်နဲ့ ပါတီကိုယ်စားလှယ်တွေ ကို လက်နက်ကိုင်တွေက ခြိမ်းခြောက်တာတွေရှိပါ သလား။
ဖြေ- တခြားသူတွေကတော့မပြောတတ်ဘူး။ကျွန် တော်တို့ပါတီထဲမှာတော့ ကျွန်တော့်ကိုတော့ လိုင်း ပေါ်ကနေပြီးတော့ အမျိုးမျိုးရေးတာမျိုးတွေတော့ရှိ တာပေါ့။ တခြားပါတီဝင်တွေကတော့ ပြောသံ မကြားမိဘူး။ ဒါပေမဲ့ စကားစပ်မိရင်းသိရတာလေးတွေ။ သူတို့ကိုချစ်တဲ့သူတွေက သတိထားနေကြဖို့ သတင်းပို့တာလေးတွေတော့ ရှိတယ်လို့သိရပါတယ်။ တိုက် ရိုက်ခြိမ်းခြောက်တာမျိုးတော့မရှိပါဘူး။ တစ်ဆင့် စကားကြားတဲ့သူတွေက ပြောတာလေးတွေတော့ ရှိတယ်။ ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ် စားလှယ်လောင်းတွေကိုပေါ့နော်။ အဓိကတော့ ကျွန်တော့်ကို ကျတော့ ပေါ်ပေါ်ထင်ထင်ကိုမှ ခြိမ်း ခြောက်မှုတွေရှိ တယ်။ နောက်ပြီး ပါတီအပေါ်ကိုလည်း ရှိပါတယ်။ ပါတီအပေါ် ခြိမ်းခြောက်တယ်ဆို တာကလည်း ကိုယ်စားလှယ်လောင်းတွေကို ခြိမ်းခြောက်တာနဲ့ အတူတူပါပဲ။ ဒီပါတီကနေ ရွေးကောက် ပွဲဝင်ရင် ဒီပါတီကို ပျက်လိုပျက်စီးဖြစ်အောင် လုပ်ပစ်ဆိုပြီး လိုင်းပေါ်ကနေပြောတာလေးတွေရှိတယ် ပေါ့။ ဒါပေမဲ့ ဒီလိုမျိုး တွေကရိုးသွားပါပြီ။ သတိဝိရိယတော့ အမြဲတမ်းထားရတာပေါ့။ (၂၀၂၀) တုန်း ကလည်း အခုလိုခြိမ်းခြောက်မှုခံရသလို အခုလည်းဒီလိုပါပဲ။ အခုလိုမျိုးအခြေအနေမျိုးမှာတော့ ခြိမ်း ခြောက်မှုတွေ ပိုပြီးအားကြီးလာနိုင်တယ်လို့လည်း ကျွန်တော်တို့တွက်ထားပြီးသားပါ။ (၂၀၁၅) တုန်း ကဆိုရင် ကျွန်တော်တို့ပါတီအမှုဆောင် နှစ်ယောက်ကို KIA ကသတ်ပြီးတော့ မင်းတို့ကျား နီပါတီကို မဲထည့်မယ်ဆိုရင် မင်းတို့ရွာတွေကိုမီးရှို့ ပစ်မယ်။ မင်းတို့ကို သတ်ပစ်မယ်ဆိုတဲ့အထိကိုလည်း ခြိမ်း ခြောက်ခဲ့တာကိုး။ လက်တွေ့သဘောကလည်း ရွေးကောက်ပွဲမဲထည့်ခါနီးမှာ အမှုဆောင်နှစ်ဦးကဆို သူတို့သတ်ပစ်ခဲ့တာလေ။ မဲထည့်ခါနီးမှ သူတို့ကသတ်ပြပြီး ပြည်သူတွေကိုကြောက်ပြီး ကျွန်တော်တို့ပါ တီကို မဲမထည့်ရဲတဲ့အဆင့်ကိုရောက်အောင် KIA ကလုပ်ခဲ့ဖူးတယ်ဆိုတော့ အခုလည်းမလုပ်ဘူးလို့မ ပြောနိုင်တော့ သတိတော့ထားနေရတာပေါ့။ (၂၀၁၅) တုန်းကအခြေအနေနဲ့ အခုအခြေအနေနဲ့က အများ ကြီးကွာသွားပြီလေ။ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲမှာ လက်တွေ့လုပ်ရပ်တွေကို အများကြီးလုပ်လာနိုင် တယ်။ ကျွန်တော်တို့ဘက်ကလည်း ဒီအတွက်ကိုလည်း ကြိုတင်တွက်ပြီးတော့ စဉ်းစားထားရတာပေါ့။ ဒါတွေကဖြစ်သွားမှ ပြန်ပြင်လို့မရဘူးလေ။ ဒီတော့ ကြိုတင်ကာကွယ်စဉ်းစားချက်တွေတော့ထားရတာ ပေါ့။
မေး- ရွေးကောက်ပွဲကိုကန့်ကွက်နေကြတဲ့သူတွေအပေါ် ဘာပြောချင်လဲ။
ဖြေ- ကန့်ကွက်တယ်ဆိုတဲ့လူတွေကို ပြောချင်တာက တပ်မတော်က နိုင်ငံကိုအုပ်ချုပ်တဲ့ကဏ္ဍရှည်စေ ချင်တယ်ဆိုရင်တော့ သူတို့ကန့်ကွက်ကြပါ။ ဒီရွေးကောက်ပွဲကိုဖျက်ကြပါ။ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက် ခံမယ့် ဒီမိုကရေစီအစိုးရဖြစ်ပေါ်လာစေချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲကိုမဖျက်ဆီးကြပါနဲ့လို့ ပြော ချင်တယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ကတော့ တပ်မတော်အုပ်ချုပ်တာကို၊ တပ်မတော်က အာဏာ သုံးရပ်လုံးကိုကိုင်ထားရတာကို မလိုချင်တော့လို့ ရွေး ကောက်ပွဲကိုဖြတ်သန်းမယ်။ ရွေးကောက်ပွဲပြီးရင် အာဏာသုံးရပ်ကို သီးခြားစီကျင့်သုံးမယ်ဆိုပြီး အပြောအဆိုခံပြီး ရွေးကောက်ပွဲကိုဝင်တာဖြစ်တယ်။ အာဏာသုံးရပ်လုံးကို တစ်စုံတစ်ယောက်၊ တစ်သင်း တစ်ဖွဲ့တည်းက ဆက်ကိုင်ထားစေချင်ရင်တော့ ရွေးကောက်ပွဲကိုနှောင့်ယှက်ကြပါလို့ပဲပြောချင်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version:
“ေ႐ြးေကာက္ပြဲက လက္ရွိႀကဳံေနတဲ့အခက္အခဲကေန လြတ္ေျမာက္ႏိုင္မယ့္အရာျဖစ္တယ္”
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၂၄

ဦးစိုင္ေဌးေအာင္ တိုင္းလိုင္(ရွမ္းနီ) အမ်ိဳးသားမ်ားတိုးတက္ေရးပါတီ
တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီသည္ကခ်င္ျပည္နယ္တြင္အေျခစိုက္ သည့္ ပါတီတစ္ခုျဖစ္ကာလာမည့္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲတြင္ တိုင္းေဒသႀကီး၊ ျပည္နယ္ အဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီတစ္ခုလည္းျဖစ္သည္။တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီႏွင့္ပတ္သက္၍ပါတီ၏မူဝါဒ၊အနာဂတ္ရည္မွန္းခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳးပမ္း အား ထုတ္ရာတြင္ေတြ႕ႀကဳံရမႈမ်ားကိုပါတီဥကၠ႒ျဖစ္သူ ဦးစိုင္းေဌးေအာင္ႏွင့္ ဆက္သြယ္ေမးျမန္းထားသည္ မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး- လာမယ့္ေ႐ြးေကာက္ပြဲအေပၚ ပါတီရဲ႕မူဝါဒ သေဘာထားကိုသိလိုပါတယ္။
ေျဖ- ဒီေ႐ြးေကာက္ပြဲကို ကြၽန္ေတာ္တို႔ပါတီကေတာ့ တိုင္းရင္းသားခ်င္းတန္းတူညီမွ်အခြင့္အေရးကိုအေျခ ခံၿပီးေတာ့ တစ္ဦးနဲ႔တစ္ဦး အခြင့္အေရးမယူဘဲ အား လုံးတန္းတူဆိုတဲ့ပုံစံမ်ိဳးနဲ႔ သြားၾကမယ္ဆိုၿပီးေတာ့ ပါတီရဲ႕မူဝါဒထားရွိထားရွိတာေပါ့ေနာ္။ ေနာက္ အျပည့္အစုံကိုေျပာရမယ္ဆိုရင္ အဓိကကေတာ့ ျပည္ ေထာင္စုထဲမွာေနထိုင္တဲ့ တိုင္းရင္းသားေတြေပါ့ေနာ္။ ဘာသာ၊ အယူဝါဒ၊ ဓေလ့၊ ထုံးတမ္းစဥ္လာ၊ တစ္ဦး နဲ႔တစ္ဦးက အကုန္လုံး ေလးေလးစားစားရွိၾကမယ္။ ေနာက္ၿပီး တစ္ဦးနဲ႔တစ္ဦး အျပန္အလွန္ ေလးစား ၾကမယ္ဆိုၿပီး ပါတီမူဝါဒထဲမွာ ခ်မွတ္ထားပါတယ္။ အတိုခ်ဳပ္ ေျပာရမယ္ဆိုရင္ တန္းတူညီမွ် အခြင့္ အေရးရရွိဖို႔အတြက္ေပါ့ေနာ္။ ဒါေတြကို ကြၽန္ေတာ္တို႔ လက္ရွိမွာလည္း ေဖာ္ေဆာင္ေနပါတယ္။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲအေပၚ ဘယ္လိုျမင္ပါသလဲ။
ေျဖ- ဒီေ႐ြးေကာက္ပြဲကေတာ့ ႏိုင္ငံရဲ႕အခက္အခဲေတြကိုေျဖရွင္းႏိုင္မယ္။ ဒီေ႐ြးေကာက္ပြဲက တက္လာ တဲ့အစိုးရက ႏိုင္ငံနဲ႔ျပည္သူျပည္သားေတြရဲ႕ဒုကၡ ေတြကို ေျဖရွင္းႏိုင္မွာေပါ့ေနာ္။ ဒီေတာ့ ဒီေ႐ြးေကာက္ပြဲ က မျဖစ္မေနလုပ္ရမယ့္ ေ႐ြးေကာက္ပြဲတစ္ခုျဖစ္တယ္လို႔ပဲျမင္ပါတယ္။ ဒီေ႐ြးေကာက္ပြဲကေတာ့ လက္ရွိ ႀကဳံေနတဲ့ အခက္အခဲကေန လြတ္ေျမာက္ႏိုင္မယ့္အရာျဖစ္တယ္။ ေ႐ြးေကာက္ပြဲမလုပ္ဘူးဆိုရင္ တိုင္း ျပည္က ပိုက်ပ္သထက္က်ပ္လာလိမ့္မယ္။
ေမး- UEC ရဲ႕သတ္မွတ္ခ်က္ေတြကို ျပည့္မီေအာင္ ဘယ္လိုႀကိဳးပမ္းခဲ့ရသလဲ။
ေျဖ- UEC ရဲ႕သတ္မွတ္ခ်က္ဆိုတာကႏွစ္မ်ိဳးရွိတာေပါ့ေနာ္။ ႏိုင္ငံေရးပါတီပါမ်ားမွတ္ပုံတင္ျခင္းဆိုင္ရာ ဥပေဒ၊ နည္းဥပေဒေတြထုတ္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ပါတီ ျပန္ၿပီးမွတ္ပုံတင္ရတဲ့အပိုင္းရွိတယ္။ အဲဒီမွာ ဆိုရင္ သူ႔သတ္မွတ္ခ်က္က ျပည္ေထာင္စုတစ္ဝန္းလုံးဆိုရင္ေတာ့ ပါတီအင္အား တစ္သိန္းရွိရမယ္၊ ပထမ သတ္မွတ္ခ်က္ေပါ့ေနာ္။ ေနာက္တစ္ခါ ပါတီ႐ုံးခန္းက ၿမိဳ႕နယ္ရဲ႕တစ္ဝက္ရွိရမယ္ေပါ့ေနာ္။ ဒုတိယတစ္ႀကိမ္ ျပန္ေလွ်ာ့ေပးတဲ့အခါ ပါတီဝင္က ငါးေသာင္း၊ ၿမိဳ႕နယ္ေပါင္းရဲ႕ သုံးပုံတစ္ပုံေပါ့။ အဲလိုသတ္မွတ္ေပးခဲ့တာေပါ့။ ကြၽန္ေတာ္တို႔ တိုင္းေဒသႀကီး၊ ျပည္နယ္ကို အေျခစိုက္တဲ့ပါတီေတြက် ေတာ့ ပါတီဝင္က တစ္ေထာင္၊ ၿမိဳ႕နယ္ကေတာ့ ငါးၿမိဳ႕နယ္၊ ကိုယ္စားလွယ္ေလာင္းကေတာ့ တစ္ ေယာက္ပဲက်န္ရင္ေတာင္ ရေနတယ္ေလ။ ေနာက္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြအတြက္ သတ္မွတ္ခ်က္ကလည္းရွိေသးတယ္ေလ။ ဒီေတာ့ သူတို႔သတ္မွတ္ခ်က္ကေတာ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ ႏိုင္ငံကိုသြားမယ္ဆိုရင္ေတာ့ သိပ္ၿပီးေတာ့ မတင္းၾကပ္ဘူးလို႔ေျပာလို႔ရတာေပါ့။ ဒါေပမဲ့ ေခတ္ကာလ အေျခအေနအရက်ေတာ့ ႏိုင္ငံေရးပါတီေတြက လုပ္ရကိုင္ရတာ အရမ္းက်ပ္သြားတာေပါ့။ သာမန္ မဟုတ္တဲ့အေျခအေနေတြျဖစ္ေနတာေလ။ ဒီေတာ့ ႏိုင္ငံေရးပါတီေတြက ႀကီးသည္ျဖစ္ေစ၊ ငယ္သည္ ျဖစ္ေစ အားလုံးကေတာ့ အခက္အခဲေတြႀကဳံေတြ႕ၾကရတာပါပဲ။ ဒီအခက္အခဲေတြကို ေအာက္ေျခမွာရွိတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲေတြနဲ႔ ညႇိႏႈိင္းတိုင္ပင္တယ္။ ကြၽန္ေတာ္တို႔အခက္အခဲေတြကို ေဆြးေႏြးရ တာေပါ့ေနာ္။ သူတို႔ကလည္း ဥပေဒေဘာင္ထဲကေန ၿပီးေတာ့မွ ဘာေတြလုပ္သင့္တယ္ဆိုတာကိုေျပာျပ ေပးေတာ့ ကြၽန္ေတာ္တို႔အေနနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာေပါ့ေနာ္။ တခ်ိဳ႕ဟာေတြက်ေတာ့လည္း ဥပေဒနဲ႔ၿငိ တာမ်ိဳးေတြရွိရင္ ကြၽန္ေတာ္တို႔ဘက္က ေလွ်ာ့ေပးရတာမ်ိဳးေတြရွိတာေပါ့။ ေနာက္ၿပီး ကိုယ္စားလွယ္ ေလာင္း ရွာတဲ့အခါမွာလည္း အခက္အခဲေတြရွိခဲ့တယ္။ ကြၽန္ေတာ္တို႔က အိမ္ေထာင္စုေျပာင္းေတြ နဲ႔ လုပ္ရတာေလ။ ဥပမာအေနနဲ႔ေျပာရရင္ ဗန္းေမာ္ၿမိဳ႕ႀကီးက ပ်က္သြားတဲ့အခါက်ေတာ့ အဲဒီေနရာမွာ ကိုယ္စား လွယ္ေလာင္းထည့္ဖို႔အတြက္ဆိုရင္ အင္မတန္ခက္ခဲတာေပါ့။ ဒီေတာ့ ပါတီထဲက စစ္ေဘး ေရွာင္လာတဲ့ အရည္အခ်င္းသတ္မွတ္ခ်က္ကိုက္ညီတဲ့လူေတြကို ရွာတယ္။ ရွာလို႔ မရတဲ့အခါက်ေတာ့ မိုးညႇင္းနယ္က လူေတြကို အစားထိုးရတာမ်ိဳးေတြရွိတာေပါ့။ အစားထိုးတဲ့အခါက်ေတာ့လည္း ပုံစံ(၁၀) ေျပာင္းေတြ ဘာေတြလုပ္ရတယ္ေလ။ ဒီလိုလုပ္တဲ့အခါ လဝကေတြကလည္း ပူးေပါင္းေဆာင္႐ြက္ေပး ၾကပါတယ္။ ဒါေပမဲ့ မိုးညႇင္းဘက္ကေနၿပီး ေ႐ႊကူဘက္မွာသြားၿပိဳင္မယ္ဆိုရင္ အခက္အခဲကရွိျပန္တယ္။ ဘာလို႔လဲဆိုရင္ ေ႐ႊကူမွာက ကိုယ္စားလွယ္ေလာင္းတင္တဲ့အခါ အဲဒီမွာတိုက္ပြဲေတြျဖစ္ထားေတာ့ ေကာ္မရွင္႐ုံးေတြ၊ ေထြ အုပ္႐ုံးေတြပိတ္ထားေတာ့။ ေကာ္မရွင္ကိုလည္း ဆက္သြယ္လို႔မရခဲ့ဘူး။ အဲဒါ ေၾကာင့္ ေ႐ႊကူမွာ ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္ေလာင္းမတင္ႏိုင္ခဲ့ဘူး။ ေနာက္ၿပီး ဗန္းေမာ္ခ႐ိုင္ထဲကဆို ရင္ မိုးေမာက္တို႔၊ ဗန္းေမာ္တို႔က်ေတာ့ လြယ္သြားတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔က ျမစ္ႀကီးနားမွာ ႐ုံး ေတြဖြင့္ေပးထားေတာ့ အဆင္ေျပခဲ့တာေပါ့။ ေ႐ႊကူကေတာ့ ျပည္နယ္ FPTP ကိုယ္စားလွယ္ေလာင္း တစ္ေယာက္က်န္ခဲ့တယ္။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲမွာ ဘယ္မဲဆႏၵနယ္ကေနၿပီး ဝင္ၿပိဳင္သြားမွာလဲ။
ေျဖ- ပါတီအေနနဲ႔ကေတာ့ ကခ်င္ျပည္နယ္မွာ ၿပိဳင္ မွာပါ။ ကခ်င္ျပည္နယ္မွာ ၿမိဳ႕နယ္ကိုးၿမိဳ႕နယ္ကို မဲ ဆႏၵနယ္တစ္ခုစီသတ္မွတ္ၿပီးေတာ့ မဲဆႏၵနယ္၊ (၁)၊ (၂)ေပါ့ေနာ္။ PR စနစ္အရေပါ့။ ဒီစနစ္အရ အမ်ိဳး သားလႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီး၊ ျပည္နယ္ကေတာ့ အတူပါပဲ။ ဟိုဘက္ကဆိုရင္ ပူတာအိုခ႐ိုင္ပါတယ္။ တႏိုင္းခ႐ိုင္ပါတယ္။ ခ်ီေဖြခ႐ိုင္ပါတယ္။ ဝိုင္းေမာ္ၿမိဳ႕နယ္အပါ ကိုးၿမိဳ႕နယ္ျဖစ္သြားတာေပါ့။ မဲဆႏၵနယ္ (၁) ေပါ့ေနာ္။ မဲဆႏၵနယ္(၂) က်ေတာ့ ျမစ္ႀကီးနားၿမိဳ႕နယ္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္၊ ဗန္းေမာ္ခ႐ိုင္နဲ႔ မိုးညႇင္းခ႐ိုင္ပါ တာေပါ့။ ပါတဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔႐ုံးစိုက္တာ ကလည္း မဲဆႏၵနယ္ (၂)မွာမ်ားတဲ့ အခါက်ေတာ့ မဲဆႏၵနယ္(၂)ကို အမ်ားဆုံးဝင္ၿပိဳင္ထားပါတယ္။ ကခ်င္တစ္ျပည္နယ္လုံးမွာမွ မဲဆႏၵနယ္ (၂)မွာ အမ်ားဆုံးၿပိဳင္သြားမွာပါ။ မဲဆႏၵနယ္ (၁)ထဲကဆိုရင္ေတာ့ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ တစ္ခုတည္းကို ဝင္ၿပိဳင္သြားမွာပါ။
ေမး- PR နဲ႔ FPTP ေရာထားတဲ့စနစ္ကို ဘယ္လိုျမင္ပါသလဲ။
ေျဖ- ဒီအေရာစနစ္ကိုေျပာရရင္ ကြၽန္ေတာ္တို႔ PR နဲ႔ ပတ္သက္ၿပီး (၂၀၁၄)တုန္းက ထိုင္းမွာသြားၿပီး သင္ တန္းတက္ခဲ့ရဖူးတယ္။ PR အေၾကာင္း ေကာင္းေကာင္းသင္တာေပါ့ေနာ္။ အခုေတာ့ အေရာစနစ္ကို လုပ္ လိုက္တဲ့အခါက်ေတာ့လည္း ပိုၿပီးအဆင္ေျပသြားမယ္လို႔ေတာ့ကြၽန္ေတာ္ျမင္ပါတယ္။ အခက္အခဲတစ္ ခုကက်ေတာ့ FPTP မွာ မၿပိဳင္ႏိုင္ဘူးဆိုရင္ PR မွာလည္း မဲဆုံးရႈံးတာတစ္ခုေပါ့ေနာ္။ အေစာပိုင္းတုန္း ကေျပာခဲ့သလိုပဲ ေ႐ႊကူၿမိဳ႕နယ္ကို ကြၽန္ေတာ္တို႔ တင္လို႔မရလိုက္ေတာ့ ေ႐ႊကူၿမိဳ႕နယ္အတြက္မဲက ကြၽန္ ေတာ္တို႔မရေတာ့ဘူးေပါ့ေနာ္။ ဒီလိုျဖစ္တာေလးကေတာ့ အားနည္းခ်က္ ကေလးရွိေပါ့ေလ။ ဒါေပမဲ့ တင္ လို႔ရလိုက္ၿပီဆိုရင္ေတာ့ အဲဒီကမဲကို ကြၽန္ေတာ္တို႔ရမွာေပါ့။ ဒါကေတာ့ အားနည္း ခ်က္ေပါ့ေနာ္။ အား သာခ်က္ကက်ေတာ့ မဲဆႏၵရွင္ေတြရဲ႕မဲ (၇၀) ရာခိုင္ႏႈန္း ေက်ာ္ေလာက္ကေတာ့ အက်ဳံးဝင္သြားမယ္လို႔ ျမင္ပါတယ္။ ဒီအေရာစနစ္ကေလးကေလ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီပိုလွ်ံမဲကိုလည္း PR မွာ ျပန္ေပါင္း တယ္ေတာ့ အႏိုင္ရသြားတာေတာင္မွ မဲအမ်ားႀကီးနဲ႔ အႏိုင္ ရသြားတယ္ဆိုရင္ လည္း ပိုလွ်ံမဲက PR မွာထပ္ေပါင္း ေပးေသးတယ္ေလ။ ေနာက္ၿပီး PR ကလည္း တျခားၿမိဳ႕နယ္ေတြက ေပါင္းၿပီးမွ ကိုတာ စနစ္နဲ႔ဘယ္ေယာက္ရသင့္တယ္၊ ဘယ္ႏွရာခိုင္ႏႈန္းရရင္ဆိုတာမ်ိဳးခြဲထားတာေတြ လည္းရွိတဲ့အခါက် ေတာ့ ပါတီေတြအတြက္ကေတာ့ ကိုယ္စားလွယ္ေလာင္းရႏိုင္ဖို႔အတြက္က်ေတာ့ အမ်ားႀကီးရွိတာေပါ့။ ဒါကေတာ့ အားသာခ်က္ေပါ့ေနာ္။ စနစ္တိုင္းမွာကေတာ့ အားနည္းခ်က္၊ အားသာခ်က္ေတြကေတာ့ ရွိၾကတာပါပဲ။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ပါတီရဲ႕အဓိက စိန္ေခၚမႈက ဘာေတြျဖစ္မလဲ။
ေျဖ- နံပါတ္တစ္စိန္ေခၚမႈကေတာ့ လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ၿခိမ္းေျခာက္မႈေပါ့။ အခုေတာင္မွ ကြၽန္ေတာ္တို႔ေဒသတြင္းမွာ မဲစာရင္းေတြကပ္ေတာ့ ျပည္သူေတြက မဲစာရင္းသြားၾကည့္ၾကတယ္။ သြား ၾကည့္တဲ့အခါ PDF ေတြက အရပ္ဝတ္နဲ႔ ၿမိဳ႕ထဲကိုဝင္လာၿပီးေတာ့ ဆိုင္ကယ္နဲ႔ တစ္ေခါက္ႏွစ္ေခါက္ ျဖတ္ ျပလိုက္တာနဲ႔ ျပည္သူေတြက မဲစာရင္းမၾကည့္ရဲၾကေတာ့ဘူး။ ဒါေၾကာင့္ ေျပာရရင္ လုံၿခဳံေရးက အဓိက က်တဲ့စိန္ေခၚမႈႀကီးျဖစ္တာေပါ့။ ဒါကေတာ့ ကြၽန္ေတာ္တို႔ ေဒသတြင္းသာမက တစ္ႏိုင္ငံလုံးေပါ့။ လုံၿခဳံ ေရးဆိုတဲ့ေနရာမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြရဲ႕လုံၿခဳံေရးရယ္၊ မဲဆႏၵရွင္ျပည္သူေတြရဲ႕ လုံၿခဳံ ေရးရယ္ဆိုၿပီး အပိုင္းႏွစ္ပိုင္းရွိပါတယ္။ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕လုံၿခဳံေရးကေတာ့ တပ္ ခ်ဳပ္ႀကီးကလည္းေျပာထားတယ္ေပါ့ေလ။ ကိုယ္စား လွယ္ေလာင္းေတြရဲ႕လုံၿခဳံေရးကို သူတာဝန္ယူပါ့ မယ္ဆိုၿပီးေတာ့ ေျပာထားတယ္ဆိုၿပီးေတာ့ေပါ့ေနာ္။ ဒါေပမဲ့ သူတာဝန္ယူတာက တာဝန္ယူတာ တစ္ ေၾကာင္းေပါ့ေနာ္။ ဒီဘက္ကလည္း သတိထားၿပီးလုပ္ၾကရတာေပါ့။ ခါတိုင္းလို ပုံမွန္လိုမဟုတ္တဲ့ အခါ က်ေတာ့ေလ။ ေနာက္ၿပီးေတာ့ မဲဆႏၵရွင္ျပည္သူေတြရဲ႕လုံၿခဳံေရးက ပိုအေရးႀကီးတယ္ဗ်။ သူတို႔က မဲလာ မထည့္ႏိုင္ရင္ ကြၽန္ေတာ္တို႔က မဲရၾကမွာမဟုတ္ဘူး။ ဒီေတာ့ သူတို႔ မဲလာထည့္ေအာင္ သူတို႔ယုံၾကည္ရ ေလာက္တဲ့ လုံၿခဳံေရးမ်ိဳးကိုေပးဖို႔ေတာ့လိုအပ္မယ္လို႔ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ တျခားစိန္ေခၚမႈေတြ ကေတာ့ သိပ္ၿပီးႀကီး ႀကီးမားမားေတာ့ မရွိေလာက္ေတာ့ပါဘူး။ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးေတာ့ မဲ႐ုံ ကိုယ္စားလွယ္ ခန႔္ထားေရးကိစၥေတြကလည္း ႀကိဳးစားၾကရမွာေပါ့။ ဒါကေတာ့ ကြၽန္ေတာ္တို႔ႀကိဳးစားရ မယ့္အပိုင္းပါ။သာမန္အေျခအေနမဟုတ္တဲ့အခါက်ေတာ့ လူေတြ ကမလုပ္ရဲၾကဘူး။ ဒီေတာ့ ကြၽန္ေတာ္ တို႔ ေျပာဆိုစည္း႐ုံးၿပီး ကြၽန္ေတာ္တို႔ႀကိဳးစားရမွာေပါ့။ မဲ႐ုံကိုယ္စားလွယ္ခန႔္ထားေရး ကိစၥကိုေလ။ ေနာက္ၿပီးေတာ့ မဲစာရင္းေတြထုတ္ျပန္တဲ့အခါက်ေတာ့ အမွားအယြင္း ေလးေတြပါလာတယ္။ ပထမ အႀကိမ္မွာေပါ့ေနာ္။ ဒီေတာ့ ျပည္သူရဲ႕ယုံၾကည္မႈ နည္းနည္းေလ်ာ့ႏိုင္တာေပါ့။ ဒုတိယအႀကိမ္ထုတ္တဲ့ အခါ မွန္ကန္ေနမယ္ဆို ရင္ ကြၽန္ေတာ္တို႔လည္း ေျပာအားရွိတာေပါ့။ ေကာ္မရွင္က မွန္မွန္ကန္ကန္လုပ္ ေနတယ္။ ဒီမွာ ျပန္ျပင္ေပး တယ္ဆိုတာမ်ိဳးေပါ့။ ဒီေတာ့ ဒီစာရင္းေတြမွားတဲ့ကိစၥကိုလည္း တစ္ေယာက္ နဲ႔တစ္ေယာက္ အျပစ္မေျပာၾကဘဲနဲ႔ မွားေနတာေတြ႕ရင္ ေကာ္မရွင္ကို စာနဲ႔တင္ျပတာမ်ိဳး၊ ေကာ္မရွင္ ကလည္း ျပင္သင့္တာျပင္ေပးတာမ်ိဳး ျဖစ္ေစခ်င္တာေပါ့။ ဒီသေဘာမ်ိဳးနဲ႔သြားၾကမယ္ဆိုရင္ အဆင္ေျပ မယ္လို႔ထင္ပါတယ္။ ဒီလိုလုပ္ႏိုင္မယ္ဆိုရင္ ဘယ္လိုပဲျဖစ္ျဖစ္ က်င္းပတဲ့အခ်ိန္ေလးမွာ ညီၫြတ္မႈအား ကို ျပႏိုင္တာေပါ့ေနာ္။
ေမး- လုံၿခဳံေရးကစိန္ေခၚမႈရွိေနေတာ့ ကိုယ္စားလွယ္ ေလာင္းေတြရဲ႕လုံၿခဳံေရးကိုေကာ ဘယ္လိုစီစဥ္ထားလဲ။
ေျဖ- ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ကေတာ့ စီမံေဆာင္႐ြက္တာေတြေတာ့မရွိဘူး။ လုပ္လို႔မရတဲ့အတိုင္းအ တာဆိုေတာ့ေလ။ ဒီေတာ့ သတိဝိရိယနဲ႔သြားၾကဖို႔ပဲ သြားၾကလာၾကဖို႔ေျပာတာေလာက္ပဲလုပ္ႏိုင္တယ္။ သတင္းေတြကိုနားစြင့္ၿပီးေတာ့သြားၾကဖို႔။ ျပည္သူ ေတြဆီက အေျခအေနမေကာင္းဘူးဆိုၿပီး သတင္း ၾကားရင္ မသြားၾကဖို႔နဲ႔ ကိုယ့္ဘက္ကဆင္ျခင္ဖို႔ေတာ့ မွာၾကားထားတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေ႐ြး ေကာက္ပြဲက ဟိုတုန္းက (၁၉၉၀)ေ႐ြးေကာက္ပြဲ၊ (၂၀၁၀)ေ႐ြးေကာက္ပြဲနဲ႔ေတာင္မတူဘူး။ (၁၉၉၀) ေ႐ြး ေကာက္ပြဲတုန္းက ေ႐ြးေကာက္ပြဲကိုဖ်က္မယ္၊ ျပည္သူေတြကိုဘာလုပ္မယ္ဆိုတာ သူတို႔ေလလႈိင္းေပၚ ကပဲလုပ္ခဲ့တာ။ အခုက်ေတာ ဒီေ႐ြးေကာက္ပြဲႀကီးကေတာ့ လက္ေတြ႕သေဘာေတြအမ်ားႀကီးပါတယ္။ ေ႐ြးေကာက္ပြဲကိုဖ်က္ဆီးမယ္ဆိုရင္ ေစာနကေျပာသလိုေပါ့ေနာ္။ မဲစာရင္းသြားၾကည့္တာေတာင္ PDF ေတြက ႏွစ္ခါသုံးခါ ျဖတ္ေလွ်ာက္ျပလိုက္တာနဲ႔ ျပည္သူေတြကေၾကာက္ၿပီးေတာ့ မဲစာရင္းကို သြား မၾကည့္ရဲတဲ့အေျခအေနကိုေရာက္သြားတဲ့အေနအထားမ်ိဳးေပါ့ေနာ္။ ဆိုေတာ့ လက္ေတြ႕လုပ္တာေတြ ရွိ ေနေတာ့ ဒီဘက္က ေ႐ြးေကာက္ပြဲကိုကာကြယ္ေစာင့္ေရွာက္ဖို႔ ဥပေဒေတြထုတ္ထားေပမယ့္လည္း ျပည္ သူေတြကိုပဲ အေရးယူႏိုင္ၿပီး ေတာထဲကလူေတြကို အေရးမယူႏိုင္သလိုျဖစ္ေနတယ္ေလ။ ဟို လူေတြက ဥပေဒျပင္ပကို ေရာက္ေနတာမဟုတ္ဘူးလား။ ဒါမ်ိဳးေလးေတြရွိတဲ့အခါက်ေတာ့ ဒီလုံၿခဳံေရး က႑က ေတာ့ ႀကီးႀကီးမားမားစိန္ေခၚမႈရွိတယ္။ စိန္ေခၚမႈရွိတယ္ဆိုေပမယ့္လည္း ႏိုင္ငံေကာင္းဖို႔ အတြက္ဆိုရင္ ကြၽန္ေတာ္တို႔ကလည္း မလုပ္လို႔မရဘူး၊ လုပ္ကိုလုပ္ရမယ္ဆိုေတာ့ ပါတီအေနနဲ႔ စီမံခ်က္ ႀကီးေတြ ဘယ္ ေလာက္ဆြဲဆြဲ လက္နက္ကိုင္တဲ့လူကို လက္နက္မရွိတဲ့လူက တိုက္လို႔မရေတာ့ ကိုယ့္ဘက္ကပဲ ဆင္ျခင္ ၿပီးသြားလာဖို႔လုပ္ လို႔ရေတာ့ေပါ့။
ေမး- ေ႐ြးေကာက္ပြဲအႏိုင္ရၿပီး လႊတ္ေတာ္ထဲေရာက္ခဲ့ရင္ ဘာေတြကို ဦးစားေပးလုပ္သြားမလဲ။
ေျဖ- ကြၽန္ေတာ္တို႔ပါတီကေတာ့ အၿမဲတမ္းလုပ္ေနတာကေတာ့ ျပည္သူေတြၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံေတာ္ ၿငိမ္းခ်မ္းေရးေပါ့ေနာ္။ နံပါတ္(၁)အခ်က္အေနနဲ႔ ၿငိမ္းခ်မ္းေရးကိုရေစခ်င္တာေပါ့ေနာ္။ ေခတ္အဆက္ဆက္ ၿငိမ္းခ်မ္းေရးကို ႀကိဳးစားလာခဲ့ၾကတာ။ ျပည္တြင္းစစ္ ႏွစ္ေပါင္း(၇၀)ေက်ာ္ အတြင္း မွာ အမ်ိဳးမ်ိဳးနဲ႔ေပါ့ေနာ္။ အားနည္းခ်က္အားသာခ်က္ေတြနဲ႔ ၿငိမ္းခ်မ္းေရးက ဒီကေန႔အထိမရဘူး။ စစ္ျဖစ္ ၿပီးမွ ၿငိမ္းခ်မ္းသြားတဲ့ ႏိုင္ငံေတြကိုၾကည့္မွာလား။ အဲဒီႏိုင္ငံေတြလိုပဲ ၿငိမ္း ခ်မ္းသြားၿပီဆိုရင္ေတာ့ သူတို႔ လိုပဲ ဖြံ႕ၿဖိဳးတိုးတက္လာ မွာပဲဆိုတဲ့ခံယူခ်က္နဲ႔ ၿငိမ္းခ်မ္းေရးကို မျဖစ္မေန ေဆာင္႐ြက္သြားမယ္လို႔ လႊတ္ ေတာ္ထဲကိုေရာက္ရင္ ေဆာင္႐ြက္ရမယ့္ နံပါတ္(၁)လုပ္ငန္းစဥ္အေနနဲ႔ ထည့္ထားတာေပါ့ေနာ္။ နံပါတ္ (၂) ကေတာ့ အမ်ိဳး သားေရးတာဝန္ပါ။ အမ်ိဳးသားေရးတာဝန္ဆိုတာက ကြၽန္ေတာ္တို႔လူမ်ိဳးကို အမည္ အမ်ိဳးမ်ိဳးနဲ႔ ေခၚထားၾကတယ္။ ဗမာလိုမ်ိဳးေျပာမယ္ဆိုရင္ ရွမ္းဗမာရွိမယ္ဗ်ာ၊ ရွမ္းနီရွိမယ္ဗ်ာ၊ ရွမ္း က ေလးရွိတယ္ဗ်ာ။ ေနာက္ၿပီး ေျမလတ္ရွမ္းဆိုၿပီး ဗမာလိုေခၚထားတာပဲ ေလးမ်ိဳးရွိတယ္ ကြၽန္ေတာ္တို႔ ကိုေခၚထားတာ။ ေနာက္ၿပီး ရွမ္းလိုက်ေတာ့လည္း သူ႔ေဒသအလိုက္လိုက္ၿပီးေတာ့မွ အမ်ိဳးမ်ိဳးေခၚၾက တယ္။ တိုင္းလ်ံတို႔၊ တိုင္းလိုင္တို႔ တိုင္းတိုင္းတို႔ စသည္ျဖင့္ အမ်ိဳးမ်ိဳးေခၚေနၾကေတာ့ လူဦးေရက ျပန႔္ႀကဲ ေနသလိုျဖစ္ေနတယ္။ စာရင္းေတြ လည္းေကာက္လို႔မရဘူး။ ေနာက္တစ္ခုက စာရင္းေကာက္ရင္ ရွမ္း စာရင္းထဲမွာဝင္ေနတာ။ ကိုယ္ရဲ႕လူဦးေရဘယ္ေလာက္ရွိလို႔ရွိမွန္းလည္း မသိရဘူးျဖစ္ေနတယ္။ ဒီေတာ့ လႊတ္ေတာ္ထဲေရာက္ခဲ့ရင္ ကြၽန္ေတာ္ တို႔လူမ်ိဳးအမည္မွန္ျပန္ရရွိေရးကို ဒုတိယဦးစားေပးအေနနဲ႔ ေဆာင္ ႐ြက္သြားမွာျဖစ္တယ္။ လုပ္ငန္းစဥ္(၃)အေနနဲ႔ကေတာ့ ျမန္မာႏိုင္ငံရဲ႕(၆၇)ရာခိုင္ႏႈန္းေလာက္က လယ္ သမားေတြျဖစ္တဲ့အခါက်ေတာ့ လယ္သမားေတြ တိုးတက္ႀကီးပြားလာရင္ ႏိုင္ငံခ်မ္းသာလာမယ္လို႔ ခံယူ ထားတဲ့အတြက္ေၾကာင့္ ေတာင္သူလယ္သမားတိုးတက္ေရးကိစၥေတြ၊ လယ္သမားေခ်ာင္လည္ေရးနဲ႔ လယ္သမားေတြခ်မ္းသာလာေရးကို ႀကိဳးစားေဆာင္႐ြက္သြားမွာပါ။ ေတာင္သူလယ္သမားအခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ လႊတ္ေတာ္ထဲမွာ ေျပာသင့္ေျပာ ထိုက္တာေတြ။ လုပ္သင့္လုပ္ထိုက္တာေတြ လုပ္ဖို႔ ေပါ့ေနာ္။ ေတာင္သူလယ္သမားလို႔ေျပာရရင္ ေျမရာကိစၥေတြအကုန္ပါသြားၿပီေလ။ ဒီကိစၥေတြက လုပ္ရ မယ္ဆိုရင္ ေတာ္ေတာ္ႀကီးပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔လုပ္သြားမွာပါ။ ေနာက္ လုပ္ငန္းစဥ္ေလး အေန နဲ႔ကေတာ့ အခုရွိေနတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒေပါ့။ ဒါကို ဒီမိုကေရစီဖက္ဒရယ္စနစ္နဲ႔ကိုက္ညီသြား ေအာင္ ျပင္ဆင္မယ္၊ ျဖည့္စြက္မယ္။ တခ်ိဳ႕ ပိုေနတဲ့ပုဒ္မေတြရွိလာရင္ပယ္ဖ်က္ႏိုင္ေအာင္ လႊတ္ေတာ္ထဲ မွာႀကိဳးစားသြားမွာပါ့ေနာ္။ ဒါေလးကေတာ့ လုပ္ငန္းစဥ္ေလးခုအေနနဲ႔ခ်မွတ္ထားတယ္။ အဲဒါအျပင္ ျပည္ သူေတြလိုအပ္ေနတဲ့ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးက႑ေတြကိုလည္း လႊတ္ေတာ္ထဲမွာ ႀကိဳးစား ေဆာင္႐ြက္သြားမယ္ဆိုၿပီးေတာ့ ေ႐ြးေကာက္ပြဲကမ္ပိန္းအေနနဲ႔ေကာ လုပ္ငန္းစဥ္ေတြခ်မွတ္ထားပါ တယ္။
ေမး- ဒီလိုေဆာင္႐ြက္ဖို႔ လူထုကေကာ ပါတီအေပၚမွာ ဘယ္လိုသေဘာထားတာကိုေတြ႕ရလဲ။
ေျဖ- ျပည္သူလူထုရဲ႕သေဘာဆႏၵကေတာ့ အမ်ိဳးမ်ိဳး ကြဲၾကတာေပါ့။ သူယုံၾကည္ရာပါတီကိုေတာ့ အားကိုးၾကတာေပါ့ေလ။ ဒါကေတာ့ ျပည္သူေတြအေနနဲ႔ လြပ္လပ္စြာ ယုံၾကည္ပိုင္ခြင့္ရွိတာကိုး။ ပါတီ အေနနဲ႔ ျပည္သူ႔အက်ိဳးကို ေဆာင္႐ြက္ေပးႏိုင္ရင္ေတာ့ လူကလည္း ပါတီအေပၚ ျပန္ယုံၾကည္လာမွာေပါ့ ေနာ္။ အခုျဖစ္ေနတဲ့ အခင္းအက်င္းမွာ စုေဆာင္းေရးဆြဲတာေတြရွိတယ္။ လက္နက္ကိုင္ အဖြဲ႕အစည္း ေပါင္းစုံေပါ့ဗ်ာ။ စုေဆာင္းေရးဆြဲၾကတယ္။ ေနာက္ၿပီး ျပည္သူ႔အေပၚ မွာ သူတို႔ေျပာတဲ့ အခြန္၊ ကြၽန္ ေတာ္တို႔ကေတာ့ ဆက္ေၾကးေပါ့ဗ်ာ ဒါေတြေကာက္ခံတာေတြရွိတယ္။ မတရားေကာက္ခရရင္ ကြၽန္ ေတာ္တို႔ကေတာ့ ျပည္သူ႔ဘက္ကကာခံၿပီးေတာ့မွေျပာေပးပါတယ္။ ျပည္သူေတြအတြက္ စြန႔္စားရတာ ေပါ့ေနာ္။ ေသနတ္ကိုင္ထားတဲ့သူကို ကြၽန္ေတာ္တို႔လက္နက္မဲ့ေတြက ေျပာရတဲ့အခါက်ေတာ့လည္း ေတာ္ေတာ္ေတာ့ ခက္ခဲတာေပါ့ဗ်ာ။ ခက္ခဲေပမယ့္လည္း ျပည္သူရဲ႕အခက္အခဲဟာ ကြၽန္ေတာ္တို႔ အခက္ အခဲဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔ကေတာ့ အတတ္ႏိုင္ဆုံး အရဲစြန႔္ၿပီးေျပာရတာေပါ့။ ေျပာလိုက္လို႔ လြတ္ လာတာရွိသလို။ အခ်ိဳ႕ေတြက်ေတာ့လည္း ပိုက္ဆံမေပးရေတာ့တာမ်ိဳးလည္းရွိတာေပါ့ေနာ္။ ဒီလို မ်ိဳး ျပည္သူတခ်ိဳ႕ကို ကူညီေပးလိုက္ေတာ့ က်န္တဲ့ျပည္သူေတြကလည္း ယုံၾကည္လာတာမ်ိဳးေတြ ရွိတာ ေပါ့။ ကြၽန္ေတာ္တို႔က လက္ေတြ႕လုပ္တဲ့အေပၚမွာ အက်ိဳးသက္ေရာက္မႈကို ေျပာျပတာျဖစ္ပါတယ္။ တျခားပါတီေတြလည္း ဒီလိုမ်ိဳးလုပ္လို႔ သူတို႔အေပၚမွာ ယုံၾကည္သြားတာေတြလည္း ရွိေကာင္း ရွိမွာေပါ့။ ဒါကေတာ့ ျပည္သူ႔ယုံၾကည္မႈဆိုတာကိုေျပာတဲ့အခါမွာ ကြၽန္ေတာ္တို႔ပါတီကို ျပည္သူက ယုံၾကည္တယ္ လို႔ေတာ့ ေျပာလို႔မရဘူးေလ။ သူတို႔ယုံၾကည္ရာကို လြတ္လပ္စြာယုံၾကည္ခြင့္ကေတာ့ ရွိတာေပါ့။ ကြၽန္ ေတာ္တို႔ပါတီအေပၚကိုလည္း ကြၽန္ေတာ္တို႔ လူမ်ိဳးေတြေတာ္ေတာ္မ်ားမ်ားကေတာ့ ယေန႔အခ်ိန္မွာ ေတာ့ အခါတိုင္းထက္ပိုၿပီးေတာ့ ယုံၾကည္လာၾကတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။
ေမး- လာမယ့္ ေ႐ြးေကာက္ပြဲက်င္းပတဲ့ကာလမွာ ေကာ ဘယ္လိုစိန္ေခၚမႈေတြရွိလာႏိုင္တယ္လို႔ထင္ပါ သလဲ။
ေျဖ- ေ႐ြးေကာက္ပြဲလုပ္တဲ့အခါမွာလည္း စိန္ေခၚမႈကေတာ့ အေစာကေျပာသလိုပဲ လုံၿခဳံေရးပါပဲ။ ဘာ ေၾကာင့္လဲဆိုေတာ့ ဒီဘက္ကလည္း မျဖစ္မေန ေ႐ြး ေကာက္ပြဲကိုက်င္းရမယ္။ ေစာနကေျပာသလို ေ႐ြး ေကာက္ပြဲမက်င္းပရင္ ႏိုင္ငံက ပိုပိုၿပီးေတာ့မွ ခက္ခဲလာႏိုင္တယ္။ ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ ေ႐ြး ေကာက္ပြဲကို ဖ်က္လိုဖ်က္ဆီးလုပ္ခ်င္ေနတဲ့ ဟိုဘက္ NUG ဘက္ကဆိုရင္လည္း ေ႐ြးေကာက္ပြဲကို မျဖစ္ မေန ဖ်က္မယ္ဆိုၿပီးထုတ္ျပန္ထားေတာ့ ျပည္သူက ဒီၾကားထဲမွာ ဘာကိုလုပ္လို႔လုပ္ရမွန္း မသိၾကား ညပ္မိသလိုျဖစ္ေနတာေပါ့။ ဒီလိုမ်ိဳးအခ်ိန္က်ရင္ေတာ့ ဒီလုံၿခဳံေရးက႑ကို အထူးအေလးထားၾကရလိမ့္ မယ္။ ဒီက႑မွာဆိုရင္ ျပည္သူေတြအေနနဲ႔လည္း ပူးေပါင္းဖို႔လိုပါလိမ့္မယ္။ လူစိမ္းဝင္လာရင္၊ ထူးျခား တာရွိရင္ သတင္းပို႔တာတို႔ဘာတို႔ လုပ္ၾကမယ္ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲကိုဖ်က္မယ့္သူေတြရန္က ႀကိဳ တင္ကာကြယ္ႏိုင္မွာေပါ့ေလ။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲက်င္းပတဲ့အခါမွာ လုံၿခဳံေရးက႑ကို အထူး သတိထားရမွာကေတာ့ စိန္ေခၚမႈတစ္ရပ္ေပါ့ေနာ္။
ေမး- လက္ရွိပါတီအေပၚနဲ႔ ပါတီကိုယ္စားလွယ္ေတြ ကို လက္နက္ကိုင္ေတြက ၿခိမ္းေျခာက္တာေတြရွိပါ သလား။
ေျဖ- တျခားသူေတြကေတာ့မေျပာတတ္ဘူး။ကြၽန္ ေတာ္တို႔ပါတီထဲမွာေတာ့ ကြၽန္ေတာ့္ကိုေတာ့ လိုင္း ေပၚကေနၿပီးေတာ့ အမ်ိဳးမ်ိဳးေရးတာမ်ိဳးေတြေတာ့ရွိ တာေပါ့။ တျခားပါတီဝင္ေတြကေတာ့ ေျပာသံ မၾကားမိဘူး။ ဒါေပမဲ့ စကားစပ္မိရင္းသိရတာေလးေတြ။ သူတို႔ကိုခ်စ္တဲ့သူေတြက သတိထားေနၾကဖို႔ သတင္းပို႔တာေလးေတြေတာ့ ရွိတယ္လို႔သိရပါတယ္။ တိုက္ ႐ိုက္ၿခိမ္းေျခာက္တာမ်ိဳးေတာ့မရွိပါဘူး။ တစ္ဆင့္ စကားၾကားတဲ့သူေတြက ေျပာတာေလးေတြေတာ့ ရွိတယ္။ ေ႐ြးေကာက္ပြဲဝင္ၾကမယ့္ ကိုယ္ စားလွယ္ေလာင္းေတြကိုေပါ့ေနာ္။ အဓိကေတာ့ ကြၽန္ေတာ့္ကို က်ေတာ့ ေပၚေပၚထင္ထင္ကိုမွ ၿခိမ္း ေျခာက္မႈေတြရွိ တယ္။ ေနာက္ၿပီး ပါတီအေပၚကိုလည္း ရွိပါတယ္။ ပါတီအေပၚ ၿခိမ္းေျခာက္တယ္ဆို တာကလည္း ကိုယ္စားလွယ္ေလာင္းေတြကို ၿခိမ္းေျခာက္တာနဲ႔ အတူတူပါပဲ။ ဒီပါတီကေန ေ႐ြးေကာက္ ပြဲဝင္ရင္ ဒီပါတီကို ပ်က္လိုပ်က္စီးျဖစ္ေအာင္ လုပ္ပစ္ဆိုၿပီး လိုင္းေပၚကေနေျပာတာေလးေတြရွိတယ္ ေပါ့။ ဒါေပမဲ့ ဒီလိုမ်ိဳး ေတြက႐ိုးသြားပါၿပီ။ သတိဝိရိယေတာ့ အၿမဲတမ္းထားရတာေပါ့။ (၂၀၂၀) တုန္း ကလည္း အခုလိုၿခိမ္းေျခာက္မႈခံရသလို အခုလည္းဒီလိုပါပဲ။ အခုလိုမ်ိဳးအေျခအေနမ်ိဳးမွာေတာ့ ၿခိမ္း ေျခာက္မႈေတြ ပိုၿပီးအားႀကီးလာႏိုင္တယ္လို႔လည္း ကြၽန္ေတာ္တို႔တြက္ထားၿပီးသားပါ။ (၂၀၁၅) တုန္း ကဆိုရင္ ကြၽန္ေတာ္တို႔ပါတီအမႈေဆာင္ ႏွစ္ေယာက္ကို KIA ကသတ္ၿပီးေတာ့ မင္းတို႔က်ား နီပါတီကို မဲထည့္မယ္ဆိုရင္ မင္းတို႔႐ြာေတြကိုမီးရႈိ႕ ပစ္မယ္။ မင္းတို႔ကို သတ္ပစ္မယ္ဆိုတဲ့အထိကိုလည္း ၿခိမ္း ေျခာက္ခဲ့တာကိုး။ လက္ေတြ႕သေဘာကလည္း ေ႐ြးေကာက္ပြဲမဲထည့္ခါနီးမွာ အမႈေဆာင္ႏွစ္ဦးကဆို သူတို႔သတ္ပစ္ခဲ့တာေလ။ မဲထည့္ခါနီးမွ သူတို႔ကသတ္ျပၿပီး ျပည္သူေတြကိုေၾကာက္ၿပီး ကြၽန္ေတာ္တို႔ပါ တီကို မဲမထည့္ရဲတဲ့အဆင့္ကိုေရာက္ေအာင္ KIA ကလုပ္ခဲ့ဖူးတယ္ဆိုေတာ့ အခုလည္းမလုပ္ဘူးလို႔မ ေျပာႏိုင္ေတာ့ သတိေတာ့ထားေနရတာေပါ့။ (၂၀၁၅) တုန္းကအေျခအေနနဲ႔ အခုအေျခအေနနဲ႔က အမ်ား ႀကီးကြာသြားၿပီေလ။ သူတို႔အေနနဲ႔ ဒီေ႐ြးေကာက္ပြဲမွာ လက္ေတြ႕လုပ္ရပ္ေတြကို အမ်ားႀကီးလုပ္လာႏိုင္ တယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း ဒီအတြက္ကိုလည္း ႀကိဳတင္တြက္ၿပီးေတာ့ စဥ္းစားထားရတာေပါ့။ ဒါေတြကျဖစ္သြားမွ ျပန္ျပင္လို႔မရဘူးေလ။ ဒီေတာ့ ႀကိဳတင္ကာကြယ္စဥ္းစားခ်က္ေတြေတာ့ထားရတာ ေပါ့။
ေမး- ေ႐ြးေကာက္ပြဲကိုကန႔္ကြက္ေနၾကတဲ့သူေတြအေပၚ ဘာေျပာခ်င္လဲ။
ေျဖ- ကန႔္ကြက္တယ္ဆိုတဲ့လူေတြကို ေျပာခ်င္တာက တပ္မေတာ္က ႏိုင္ငံကိုအုပ္ခ်ဳပ္တဲ့က႑ရွည္ေစ ခ်င္တယ္ဆိုရင္ေတာ့ သူတို႔ကန႔္ကြက္ၾကပါ။ ဒီေ႐ြးေကာက္ပြဲကိုဖ်က္ၾကပါ။ ျပည္သူ႔ဆႏၵနဲ႔ ေ႐ြးေကာက္ ခံမယ့္ ဒီမိုကေရစီအစိုးရျဖစ္ေပၚလာေစခ်င္တယ္ဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲကိုမဖ်က္ဆီးၾကပါနဲ႔လို႔ ေျပာ ခ်င္တယ္။ သူတို႔အေနနဲ႔ ကြၽန္ေတာ္တို႔ကေတာ့ တပ္မေတာ္အုပ္ခ်ဳပ္တာကို၊ တပ္မေတာ္က အာဏာ သုံးရပ္လုံးကိုကိုင္ထားရတာကို မလိုခ်င္ေတာ့လို႔ ေ႐ြး ေကာက္ပြဲကိုျဖတ္သန္းမယ္။ ေ႐ြးေကာက္ပြဲၿပီးရင္ အာဏာသုံးရပ္ကို သီးျခားစီက်င့္သုံးမယ္ဆိုၿပီး အေျပာအဆိုခံၿပီး ေ႐ြးေကာက္ပြဲကိုဝင္တာျဖစ္တယ္။ အာဏာသုံးရပ္လုံးကို တစ္စုံတစ္ေယာက္၊ တစ္သင္း တစ္ဖြဲ႕တည္းက ဆက္ကိုင္ထားေစခ်င္ရင္ေတာ့ ေ႐ြးေကာက္ပြဲကိုေႏွာင့္ယွက္ၾကပါလို႔ပဲေျပာခ်င္ပါတယ္။

အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.