PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်မှာ ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း ကတ် ထုတ်ပြီးဖြစ်ကြောင်း ပါတီတာဝန်ရှိသူ တုံ့ပြန်

678
သုတကျော် (NP News) - အောက်တိုဘာ ၂၅
ပြည်သူ့ ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်မှာ ရွေးကောက်ပွဲဝင်ရန်အတွက် ကိုယ်စားလှယ်လောင်း ကတ်ထုတ်ပြီးဖြစ်ကြောင်း အဆိုပါ ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစောဟန်အေး က NP News သတင်းဌာနကို ပြောသည်။
ဒေါက်တာသက်သက်ခိုင်သည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စာရင်းသွင်းထားခြင်းဖြစ်သည်။
“ကျွန်တော်တို့ ကတ်ပြားထုတ်ပြီးသွားပြီ။ စာရင်းလည်း ကပ်ထားတာ တွေ့ပြီးသွားပြီ။ ဒါပေမယ့်လည်း ဖြေရှင်းချက်လေး တစ်ခုရှိနေပါတယ်။ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေအရ ဖြေရှင်းချက်လေး ပေးပြီးရင်တော့ ကိစ္စပြတ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
အထက်ပါဖြေရှင်းချက်ကို သက်ဆိုင်ရာဌာနက မေးမြန်းသည့်အတွက် ပြန်လည်ဖြေရှင်းခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
PPP ပါတီဥကၠ႒ ေဒါက္တာသက္သက္ခိုင္မွာ ေ႐ြးေကာက္ပြဲဝင္ရန္ ကိုယ္စားလွယ္ေလာင္း ကတ္ ထုတ္ၿပီးျဖစ္ေၾကာင္း ပါတီတာဝန္ရွိသူ တုံ႔ျပန္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၅
ျပည္သူ႔ ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာ သက္သက္ခိုင္မွာ ေ႐ြးေကာက္ပြဲဝင္ရန္အတြက္ ကိုယ္စားလွယ္ေလာင္း ကတ္ထုတ္ၿပီးျဖစ္ေၾကာင္း အဆိုပါ ပါတီမွ ဒုတိယဥကၠ႒ ဦးေစာဟန္ေအး က NP News သတင္းဌာနကို ေျပာသည္။
ေဒါက္တာသက္သက္ခိုင္သည္ ရန္ကုန္တိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၂) တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္အတြက္ စာရင္းသြင္းထားျခင္းျဖစ္သည္။
“ကြၽန္ေတာ္တို႔ ကတ္ျပားထုတ္ၿပီးသြားၿပီ။ စာရင္းလည္း ကပ္ထားတာ ေတြ႕ၿပီးသြားၿပီ။ ဒါေပမယ့္လည္း ေျဖရွင္းခ်က္ေလး တစ္ခုရွိေနပါတယ္။ ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒအရ ေျဖရွင္းခ်က္ေလး ေပးၿပီးရင္ေတာ့ ကိစၥျပတ္သြားမွာပါ” ဟု ၎က ဆိုသည္။
အထက္ပါေျဖရွင္းခ်က္ကို သက္ဆိုင္ရာဌာနက ေမးျမန္းသည့္အတြက္ ျပန္လည္ေျဖရွင္းျခင္း ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။