မကွေးမြို့ရှောင်လမ်း၊ ကုန်တင်ကုန်ချ ကားကြီးဝင်းတွင် Shop House လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်မည်

 212

သုတကျော် (NP News) - အောက်တိုဘာ ၂၅

မကွေးမြို့ရှောင်လမ်း၊ ကုန်တင်ကုန်ချ ကားကြီးဝင်း တွင် Shop House လုပ်ငန်းစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
ကုန်တင်ကုန်ချကားကြီးဝင်းအတွင်း အနောက်ဘက်ခြမ်းရှိ ဂိတ်ခန်း(၂၀)ခန်းအား Shop House လုပ်ငန်းစီမံကိန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်သည့်နည်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အတွက် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်၊ ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ(Expression of interest – EOI) ခေါ်ယူထားကြောင်း သိရသည်။
စိတ်တ်ဝင်စားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင် နှင့် ကုမ္ပဏီများသည နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူလုပ်ကိုင်ခြင်းများတွင် လိုက်နာရမည့်ညွှန်ကြားချက်များနှင့်အညီ မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက် တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာတင်သွင်းရာတွင် လုပ်ငန်းရှင်/ ကုမ္ပဏီ၏ Profile နှင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ဆောင်ရွက်လိုသည့် လုပ်ငန်းအမျိုးအစားနှင့် Design Proposal၊ ကုန်ကျစရိတ် ခန့်မှန်းချက် အကျဉ်းချုပ် နှင့် အလုပ်အချိန်ဇယားတို့ ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယင်း Shop House နှင့်ပတ်သက်၍ ဆောက်လုပ်မည့် ပုံစံ နှင့် စီမံကိန်းအချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပါ။

Zawgyi Version:
မေကြးၿမိဳ႕ေရွာင္လမ္း၊ ကုန္တင္ကုန္ခ် ကားႀကီးဝင္းတြင္ Shop House လုပ္ငန္းစီမံကိန္းကို အေကာင္အထည္ေဖာ္မည္
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၅
မေကြးၿမိဳ႕ေရွာင္လမ္း၊ ကုန္တင္ကုန္ခ် ကားႀကီးဝင္း တြင္ Shop House လုပ္ငန္းစီမံကိန္းကို အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံက သိရသည္။
ကုန္တင္ကုန္ခ်ကားႀကီးဝင္းအတြင္း အေနာက္ဘက္ျခမ္းရွိ ဂိတ္ခန္း(၂၀)ခန္းအား Shop House လုပ္ငန္းစီမံကိန္းအား အက်ိဳးတူပူးေပါင္းေဆာင္႐ြက္သည့္နည္းစနစ္ျဖင့္ ေဆာင္႐ြက္ႏိုင္ရန္ အတြက္ စိတ္ပါဝင္စားသည့္ ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္၊ ကုမၸဏီမ်ားအား စိတ္ဝင္စားမႈေဖာ္ျပျခင္း ေလွ်ာက္လႊာ(Expression of interest – EOI) ေခၚယူထားေၾကာင္း သိရသည္။
စိတ္တ္ဝင္စားသည့္ ျမန္မာႏိုင္ငံသား လုပ္ငန္းရွင္ ႏွင့္ ကုမၸဏီမ်ားသည ႏိုင္ငံပိုင္ေျမ၊ အေဆာက္အအုံမ်ား ငွားရမ္းျခင္း၊ လႊဲေျပာင္းျခင္းႏွင့္ အက်ိဳးတူလုပ္ကိုင္ျခင္းမ်ားတြင္ လိုက္နာရမည့္ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ မေကြးၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕႐ုံးသို႔ ၂၀၂၅ခုႏွစ္၊ ႏိုဝင္ဘာလ(၁၂)ရက္ တြင္ ေနာက္ဆုံးထားေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္လႊာတင္သြင္းရာတြင္ လုပ္ငန္းရွင္/ ကုမၸဏီ၏ Profile ႏွင့္ အခြန္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္၊ ေဆာင္႐ြက္လိုသည့္ လုပ္ငန္းအမ်ိဳးအစားႏွင့္ Design Proposal၊ ကုန္က်စရိတ္ ခန႔္မွန္းခ်က္ အက်ဥ္းခ်ဳပ္ ႏွင့္ အလုပ္အခ်ိန္ဇယားတို႔ ပါဝင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယင္း Shop House ႏွင့္ပတ္သက္၍ ေဆာက္လုပ္မည့္ ပုံစံ ႏွင့္ စီမံကိန္းအခ်က္အလက္မ်ားကို ထုတ္ျပန္ျခင္း မရွိေသးပါ။

Related news

© 2021. All rights reserved.