ဥပဒေပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC ပြော

 793

သုတကျော် (NP News) အောက်တိုဘာ ၂၅

ဥပဒေပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ပြောသည်။

UEC က သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန်ရာတွင် ဒေါက်တာသက်သက်ခိုင်၏ အမည်စာရင်း မပါဝင်ခြင်းဖြစ်သည်။

"ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် အမည် စာရင်းတင်သွင်းထားသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ပါသည်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးတွင် အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်မှုမရှိသဖြင့် ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၈၆ ဦး ရှိကြောင်းလည်း ပြောကြားသည်။

Zawgyi Version:
ဥပေဒျပ႒ာန္းခ်က္ႏွင့္ၿငိစြန္းသျဖင့္ ေဒါက္တာသက္သက္ခိုင္ကို ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္ျခင္းျဖစ္ေၾကာင္း UEC ေျပာ
သုတေက်ာ္ (NP News) ေအာက္တိုဘာ ၂၅

ဥပေဒျပ႒ာန္းခ်က္ႏွင့္ၿငိစြန္းသျဖင့္ ေဒါက္တာသက္သက္ခိုင္ကို ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ေျပာသည္။

UEC က သက္ဆိုင္ရာ မဲဆႏၵနယ္အလိုက္ ေ႐ြးေကာက္ပြဲကိုယ္စားလွယ္ေလာင္း အမည္စာရင္း ထုတ္ျပန္ရာတြင္ ေဒါက္တာသက္သက္ခိုင္၏ အမည္စာရင္း မပါဝင္ျခင္းျဖစ္သည္။

"ရန္ကုန္တိုင္းေဒသႀကီး အမ်ိဳးသားလႊတ္ေတာ္ FPTP မဲဆႏၵနယ္ အမွတ္(၂)တြင္ အမည္ စာရင္းတင္သြင္းထားသည့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာသက္သက္ခိုင္သည္ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ ၈ (ဃ) ပါ ျပ႒ာန္းခ်က္ႏွင့္ၿငိစြန္းသျဖင့္ ကိုယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္ျခင္းျဖစ္ပါသည္" ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ေျပာသည္။

လႊတ္ေတာ္အလိုက္ မဲဆႏၵနယ္အသီးသီးတြင္ အမည္စာရင္းတင္သြင္းသည့္ ကိုယ္စားလွယ္ေလာင္း ၅၀၂၃ ဦးတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ားနဲ႔ ညီၫြတ္မႈမရွိသျဖင့္ ပယ္ဖ်က္ခဲ့သည့္ ကိုယ္စားလွယ္ေလာင္း ၈၆ ဦး ရွိေၾကာင္းလည္း ေျပာၾကားသည္။

Related news

© 2021. All rights reserved.