အထက်တန်းကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့အဓမ္မကျင့်ကာ အွန်လိုင်းပေါ်တင်ခဲ့သော ကျောင်းသားနှင့် ကျူးလွန်သူ(၃)ဦးကို ဖမ်းဆီးထား
 37438
သန့်ဇင်(NP News)-အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့က အထက်တန်းကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့အဓမ္မကျင့်ကာ အွန်လိုင်းပေါ်တင်ခဲ့သော ကျောင်းသားနှင့် ကျူးလွန်သူ(၃)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒေသခံများထံက သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၃ရက်က စလင်းမြို့၊ ထီးကြီးဘုရားအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မကျင့်ခံရသည့် ကျောင်းသူ မှာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းက အသက်မပြည့်သေးသော Grade – 10 ကျောင်းသူဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းသူကို သမီးရည်းစားဖြစ်သည့် Grade – 12 ကျောင်းသားက ၎င်း၏ သူငယ်ချင်း(၃)ဦးနှင့်အတူ မွေးနေ့ပွဲကျင်းပရန် ခေါ်ဆောင်သွားပြီးနောက် အထက်ပါနေရာတွင် အုပ်စုဖွဲ့အဓမ္မကျင့်၍ Videoရိုက်ယူကာ Telegram တွင်လည်း ဖြန့်ခဲ့ကြောင်း သိရသည်။
“လောလောဆယ်ဆယ်တော့ အဲဒီကလေးတွေကို စလင်းရဲစခန်းက ထိန်းသိမ်းထားတယ်လို့ပြော။ မွေးနေ့ပွဲဆိုပြီး ထီးကြီးဘုရားဘေးနား ကိုခေါ် သွားတာ။ အဲဒီမှာ အဓမ္မကျင့်တာ။ တော်တော်ကို ယုတ်မှာတယ်လို့ပြောလို့ရတယ်။ အခုလောလော ဆယ်တော့ အဲဒီလိုကြား တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ကျူးလွန်သူ ကျောင်းသားနှင့် အပေါင်းအပါ(၃)ဦးကို စလင်းမြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ထွက်ပေါ်နေသော သတင်းများနှင့် NP News ကရရှိထားသည့် အချက်အလက်များအရ အဓမ္မကျင့်ခံရသူ ကျောင်းသူအား ကျူးလွန်သူ မိသားစုက ငွေပေးကာကြေအေးရန်လည်း စည်းရုံးနေကြောင်း သိရသည်။
“သိန်း (၇၀၀)နဲ့ ကျူးလွန်သူတွေဘက်က ညှိုနှိုင်းဖို့ ကြိုးစားနေတယ်”ဟု စလင်းမြို့ခံတစ်ဦးက ဆိုသည်။
Zawgyi Version:
အထက်တန်းကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့အဓ္ဓမကျင့်ကာ အွန်လိုင်းပေါ်တင်ခဲ့သော ကျောင်းသားနှင့် ကျူးလွန်သူ(၃)ဦးကို ဖမ်းဆီးထား
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့က အထက်တန်းကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့အဓ္ဓမကျင့်ကာ အွန်လိုင်းပေါ်တင်ခဲ့သော ကျောင်းသားနှင့် ကျူးလွန်သူ(၃)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါကျောင်းသူကို သမီးရည်းစားဖြစ်သည့် Grade – 12 ကျောင်းသားက ၎င်း၏ သူငယ်ချင်း(၃)ဦးနှင့်အတူ မွေးနေ့ပွဲကျင်းပရန် ခေါ်ဆောင်သွားပြီးနောက် အထက်ပါနေရာတွင် အုပ်စုဖွဲ့အဓ္ဓမကျင့်၍ Videoရိုက်ယူကာ Telegram တွင်လည်း ဖြန့်ခဲ့ကြောင်း သိရသည်။
ထွက်ပေါ်နေသော သတင်းများနှင့် NP News ကရရှိထားသည့် အချက်အလက်များအရ အဓ္ဓမကျင့်ခံရသူ ကျောင်းသူအား ကျူးလွန်သူ မိသားစုက ငွေပေးကာကြေအေးရန်လည်း စည်းရုံးနေကြောင်း သိရသည်။
Picture
Aung Aung
27/10/2025 07:10
ခေတ်ပျက်ကြီးပါ
Picture
Moesate Sate
28/10/2025 05:40
Demo ပညာရေးရဲ့ စည်းမရှိ ကမ်းမရှိစနစ်တစ်ခု
Related news
© 2021. All rights reserved.