အခါကြီးရက်ကြီးများတွင် နေပြည်တော်၌ Free Showများ ဆောင်ရွက်ပေးရန် တောင်းဆို

329

စော (NP News)-အောက်တိုဘာ ၂၆
အခါကြီးရက်ကြီးများတွင် နေပြည်တော်၌ Free Showများ ဆောင်ရွက်ပေးရန် နေပြည်တော်တွင် နေထိုင်သူတစ်ဦးက NP Newsမှတဆင့် အကြံပြုတိုက်တွန်းသည်။
“သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့လေ ပွဲတော်တွေရှိတယ်လေ။ အဲဒီပွဲတော်တွေမှာ ရန်ကုန်တို့၊ မန္တလေးတို့ အခြားမြို့ကြီးတွေမှာ Free Show တွေလုပ်ပေးတယ်။ စတုဒိသာပါကျွေးတယ်လေ။ နေပြည်တော်ကျတော့ မရှိဘူး။ မရှိတဲ့အပြင်ကို ရေပန်းဥယျာဉ်ကိုပါ ပိုက်ဆံပေးပြီး ဝင်နေရတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်ကြီးဖြစ်တဲ့ နေပြည်တော်က ပြည်သူတွေက ပျော်ပွဲရွှင်ပွဲလုပ်မပေးတဲ့အပြင် ပိုက်ဆံနဲ့ပေးဝင်နေရတယ်”ဟု ၎င်းကပြောသည်။
ရန်ကုန်အပါအဝင် အခြားသောဒေသများတွင် Free Showများကို ဆောင်ရွက်နေပြီး နိုင်ငံ့ဝန်ထမ်းများ နေထိုင်သော နေပြည်တော်၌ Free Showများ နည်းနေ၍ ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းကဆိုသည်။
“ရန်ကုန်ဆိုရင် Free Showအပြင် ဈေးရောင်းပွဲတော်လည်း ပါတယ်။ စတုဒိသာလည်း ကျွေးတယ်။ ကားအကြိုအပို့လည်းရှိတယ်။ ကားအကြိုအပို့ဆိုတာ လိုင်းကား အကြိုအပိုတွေ၊ အဲဒီချိန်ဆို လိုင်းကားတွေက မရှိတော့ဘူးလေ။ အဲဒီလို ရန်ကုန်တို့ကို လုပ်ပေးပါရဲ့နဲ့ နေပြည်တော်သည် နိုင်ငံမြို့တော်လည်းဖြစ်တယ်။ နိုင်ငံ့ဝန်ထမ်းတွေနေတဲ့မြို့တော်လည်းဖြစ်တယ် အဲဒီလိုမလုပ်ပေးဘူး။ လုပ်ပေးစေချင်တာ”ဟု ၎င်းကဆက်လက်ပြောသည်။
အခါကြီးရက်ကြီးများဖြစ်သော ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်တွင် ရန်ကုန်မြို့ရှိ ပြည်သူရင်ပြည်၌ ဂီတပွဲတော်နှင့် MSMEဈေးရောင်းပွဲတော်များကို လေးရက်တိုင်တိုင် ဝင်ကြေးအခမဲ့ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်တွင် Free Showအနေဖြင့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ Myanmar Countdown Event (2025)ပွဲကြီးကို ဝင်ကြေးအခမဲ့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
အခါႀကီးရက္ႀကီးမ်ားတြင္ ေနျပည္ေတာ္၌ Free Showမ်ား ေဆာင္႐ြက္ေပးရန္ ေတာင္းဆို
ေစာ (NP News)-ေအာက္တိုဘာ ၂၆
အခါႀကီးရက္ႀကီးမ်ားတြင္ ေနျပည္ေတာ္၌ Free Showမ်ား ေဆာင္႐ြက္ေပးရန္ ေနျပည္ေတာ္တြင္ ေနထိုင္သူတစ္ဦးက NP Newsမွတဆင့္ အႀကံျပဳတိုက္တြန္းသည္။
“သီတင္းကြၽတ္တို႔၊ တန္ေဆာင္တိုင္တို႔ေလ ပြဲေတာ္ေတြရွိတယ္ေလ။ အဲဒီပြဲေတာ္ေတြမွာ ရန္ကုန္တို႔၊ မႏၲေလးတို႔ အျခားၿမိဳ႕ႀကီးေတြမွာ Free Show ေတြလုပ္ေပးတယ္။ စတုဒိသာပါေကြၽးတယ္ေလ။ ေနျပည္ေတာ္က်ေတာ့ မရွိဘူး။ မရွိတဲ့အျပင္ကို ေရပန္းဥယ်ာဥ္ကိုပါ ပိုက္ဆံေပးၿပီး ဝင္ေနရတယ္။ ျမန္မာႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ႀကီးျဖစ္တဲ့ ေနျပည္ေတာ္က ျပည္သူေတြက ေပ်ာ္ပြဲ႐ႊင္ပြဲလုပ္မေပးတဲ့အျပင္ ပိုက္ဆံနဲ႔ေပးဝင္ေနရတယ္”ဟု ၎ကေျပာသည္။
ရန္ကုန္အပါအဝင္ အျခားေသာေဒသမ်ားတြင္ Free Showမ်ားကို ေဆာင္႐ြက္ေနၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ား ေနထိုင္ေသာ ေနျပည္ေတာ္၌ Free Showမ်ား နည္းေန၍ ေဆာင္႐ြက္ေပးသင့္ေၾကာင္း ၎ကဆိုသည္။
“ရန္ကုန္ဆိုရင္ Free Showအျပင္ ေဈးေရာင္းပြဲေတာ္လည္း ပါတယ္။ စတုဒိသာလည္း ေကြၽးတယ္။ ကားအႀကိဳအပို႔လည္းရွိတယ္။ ကားအႀကိဳအပို႔ဆိုတာ လိုင္းကား အႀကိဳအပိုေတြ၊ အဲဒီခ်ိန္ဆို လိုင္းကားေတြက မရွိေတာ့ဘူးေလ။ အဲဒီလို ရန္ကုန္တို႔ကို လုပ္ေပးပါရဲ႕နဲ႔ ေနျပည္ေတာ္သည္ ႏိုင္ငံၿမိဳ႕ေတာ္လည္းျဖစ္တယ္။ ႏိုင္ငံ့ဝန္ထမ္းေတြေနတဲ့ၿမိဳ႕ေတာ္လည္းျဖစ္တယ္ အဲဒီလိုမလုပ္ေပးဘူး။ လုပ္ေပးေစခ်င္တာ”ဟု ၎ကဆက္လက္ေျပာသည္။
အခါႀကီးရက္ႀကီးမ်ားျဖစ္ေသာ ၿပီးခဲ့သည့္ သီတင္းကြၽတ္လျပည့္တြင္ ရန္ကုန္ၿမိဳ႕ရွိ ျပည္သူရင္ျပည္၌ ဂီတပြဲေတာ္ႏွင့္ MSMEေဈးေရာင္းပြဲေတာ္မ်ားကို ေလးရက္တိုင္တိုင္ ဝင္ေၾကးအခမဲ့ျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က က်င္းပေပးခဲ့ေၾကာင္း သိရသည္။
ေနျပည္ေတာ္တြင္ Free Showအေနျဖင့္ ဝဏၰသိဒၶိေဘာလုံးကြင္း၌ Myanmar Countdown Event (2025)ပြဲႀကီးကို ဝင္ေၾကးအခမဲ့ျဖင့္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။