တရားရေးဝန်ထမ်းအဆင့် (၄)ရာထူး အပါအဝင် ရာထူးနေရာ (၅၀)ကျော် လစ်လပ်နေ

319

စော (NP News) - အောက်တိုဘာ ၂၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်လက်အောက်ရှိ တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ရန်အတွက် တရားရေးဝန်ထမ်းအဆင့် (၄)(ဒုတိယမြို့နယ်တရားသူကြီးအဆင့်) ရာထူးအတွက် (၅၀)ဦးနှင့် E Government ဌာန၊ ဒုတိယဦးစီးမှူးရာထူးအတွက် (၂)ဦး ခေါ်ယူသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေးကြေညာထားသည်။
တရားရေးဝန်ထမ်းအဆင့် (၄)(ဒုတိယမြို့နယ်တရားသူကြီးအဆင့်)လျှောက်ထားသူသည် အနိမ့်ဆုံး LL.B. ဘွဲ့ ရရှိထားရမည်ဖြစ်ပြီး အသက် (၂၅)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုအပ်ကာ မဟာဥပဒေဘွဲ့ရရှိသူဖြစ်ပါက အသက် (၂၈)နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူအနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ဥပဒေဘာသာရပ်(၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ရာဇဝတ်ကျင့်ထုံးဥပဒေ၊ အထူးနှင့်အထွေထွေဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေ) တို့ကို ရေးဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
E Government ဌာန၊ ဒုတိယဦးစီးမှူးရာထူး လျှောက်ထားသူသည် အနိမ့်ဆုံး B.C.Sc, B.E(IT), B.C.Tech, B.E(IST) B.C.Sc, B.E(IT), B.C.Tech, B.E(IST) ဘွဲ့ရရှိသူဖြစ်ရန် လိုအပ်ပြီးအသက် (၃၁)နှစ်ထက်မကျော်လွန်သူဖြစ်ရန်လိုအပ်ကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ နည်းပညာဘာသာရပ်တို့ကို ရေးဖြေဖြေဆိုရမည်ဖြစ်ကာ စာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုမည်ဖြစ်ကြောင်း သိရသည်။
ရွေးချယ်ခံရသူများသည် သတ်မှတ်ထားသည့် ဆေးအဆင့်နှင့် ပြည့်စုံကြောင်း ဆေးလက်မှတ် တင်ပြနိုင်ရမည်ဖြစ်ပြီး သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလျှောက်လွှာပုံစံများကို တိုင်းဒေသကြီး၊ ပြည်နယ် တရားလွှတ်တော်များ၌ စာမေးပွဲဝင်ကြေးငွေ ပေးသွင်းပြီးကြောင်း ဘဏ်ငွေလွှဲလက်မှတ် (သို့) ချလန်ကိုပြသ၍ လျှောက်လွှာတစ်စောင် လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဝန်ထမ်းဖြစ်ပါက (၂)စောင်နှင့် ဝန်ထမ်းမဟုတ် သူများ (၁)စောင် ဝယ်ယူဖြည့်သွင်းလျှောက်ထားရမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်၊ ရုံးချိန်အတွင်း နောက်ဆုံး ထား၍ တင်သွင်းရမည်ကြောင်း သိရသည်။
ရေးဖြေစာမေးပွဲကို ရန်ကုန် နှင့် မန္တလေးမြို့များတွင် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်လက်မှတ်များကို ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ရုံးချိန်အတွင်း လူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းပြသ၍ ထုတ်ယူရမည်ဖြစ်ကာ သတ်မှတ်ရက်ကျော်လွန်ပါက ဖြေဆိုခွင့်လက်မှတ်များကို ထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။
ရွေးချယ်ခံရသူများသည် အနည်းဆုံး(၇)နှစ် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဒေသမရွေးသွားရောက်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
တရားေရးဝန္ထမ္းအဆင့္ (၄)ရာထူး အပါအဝင္ ရာထူးေနရာ (၅၀)ေက်ာ္ လစ္လပ္ေန
ေစာ (NP News) - ေအာက္တိုဘာ ၂၆
ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္လက္ေအာက္ရွိ တရား႐ုံးအသီးသီးတြင္ တာဝန္ထမ္းေဆာင္ရန္အတြက္ တရားေရးဝန္ထမ္းအဆင့္ (၄)(ဒုတိယၿမိဳ႕နယ္တရားသူႀကီးအဆင့္) ရာထူးအတြက္ (၅၀)ဦးႏွင့္ E Government ဌာန၊ ဒုတိယဦးစီးမႉးရာထူးအတြက္ (၂)ဦး ေခၚယူသြားမည္ျဖစ္ေၾကာင္း ေအာက္တိုဘာ ၂၅ ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အသိေပးေၾကညာထားသည္။
တရားေရးဝန္ထမ္းအဆင့္ (၄)(ဒုတိယၿမိဳ႕နယ္တရားသူႀကီးအဆင့္)ေလွ်ာက္ထားသူသည္ အနိမ့္ဆုံး LL.B. ဘြဲ႕ ရရွိထားရမည္ျဖစ္ၿပီး အသက္ (၂၅)ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရန္လိုအပ္ကာ မဟာဥပေဒဘြဲ႕ရရွိသူျဖစ္ပါက အသက္ (၂၈)ႏွစ္ထက္မႀကီးသူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူအေနျဖင့္ ျမန္မာစာ၊ အဂၤလိပ္စာ၊ အေထြေထြဗဟုသုတ၊ ဥပေဒဘာသာရပ္(၂၀၀၈ ခုႏွစ္၊ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ရာဇသတ္ႀကီး၊ရာဇဝတ္က်င့္ထုံးဥပေဒ၊ အထူးႏွင့္အေထြေထြဥပေဒ၊ တရားမက်င့္ထုံးဥပေဒ၊ သက္ေသခံ ဥပေဒ) တို႔ကို ေရးေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။
E Government ဌာန၊ ဒုတိယဦးစီးမႉးရာထူး ေလွ်ာက္ထားသူသည္ အနိမ့္ဆုံး B.C.Sc, B.E(IT), B.C.Tech, B.E(IST) B.C.Sc, B.E(IT), B.C.Tech, B.E(IST) ဘြဲ႕ရရွိသူျဖစ္ရန္ လိုအပ္ၿပီးအသက္ (၃၁)ႏွစ္ထက္မေက်ာ္လြန္သူျဖစ္ရန္လိုအပ္ကာ ျမန္မာစာ၊ အဂၤလိပ္စာ၊ အေထြေထြဗဟုသုတ၊ နည္းပညာဘာသာရပ္တို႔ကို ေရးေျဖေျဖဆိုရမည္ျဖစ္ကာ စာေမးပြဲ ေအာင္ျမင္သူမ်ားကိုသာ လူေတြ႕စစ္ေဆးျခင္းျပဳမည္ျဖစ္ေၾကာင္း သိရသည္။
ေ႐ြးခ်ယ္ခံရသူမ်ားသည္ သတ္မွတ္ထားသည့္ ေဆးအဆင့္ႏွင့္ ျပည့္စုံေၾကာင္း ေဆးလက္မွတ္ တင္ျပႏိုင္ရမည္ျဖစ္ၿပီး သတ္မွတ္ထားေသာ ေလွ်ာက္လႊာပုံစံျဖင့္ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေလွ်ာက္လႊာပုံစံမ်ားကို တိုင္းေဒသႀကီး၊ ျပည္နယ္ တရားလႊတ္ေတာ္မ်ား၌ စာေမးပြဲဝင္ေၾကးေငြ ေပးသြင္းၿပီးေၾကာင္း ဘဏ္ေငြလႊဲလက္မွတ္ (သို႔) ခ်လန္ကိုျပသ၍ ေလွ်ာက္လႊာတစ္ေစာင္ လွ်င္ ၁၀၀၀ က်ပ္ႏႈန္းျဖင့္ ဝန္ထမ္းျဖစ္ပါက (၂)ေစာင္ႏွင့္ ဝန္ထမ္းမဟုတ္ သူမ်ား (၁)ေစာင္ ဝယ္ယူျဖည့္သြင္းေလွ်ာက္ထားရမည္ျဖစ္ၿပီး ႏိုဝင္ဘာလ ၂၄ ရက္၊ ႐ုံးခ်ိန္အတြင္း ေနာက္ဆုံး ထား၍ တင္သြင္းရမည္ေၾကာင္း သိရသည္။
ေရးေျဖစာေမးပြဲကို ရန္ကုန္ ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ ဒီဇင္ဘာ ၆ ရက္ႏွင့္ ၇ ရက္တို႔တြင္ ေျဖဆိုရမည္ျဖစ္ၿပီး ေျဖဆိုခြင့္လက္မွတ္မ်ားကို ဒီဇင္ဘာ ၄ ရက္ႏွင့္ ၅ ရက္တို႔တြင္ ႐ုံးခ်ိန္အတြင္း လူကိုယ္တိုင္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမူရင္းျပသ၍ ထုတ္ယူရမည္ျဖစ္ကာ သတ္မွတ္ရက္ေက်ာ္လြန္ပါက ေျဖဆိုခြင့္လက္မွတ္မ်ားကို ထုတ္ေပးမည္မဟုတ္ေၾကာင္း သိရသည္။
ေ႐ြးခ်ယ္ခံရသူမ်ားသည္ အနည္းဆုံး(၇)ႏွစ္ တာဝန္ထမ္းေဆာင္ႏိုင္ရမည္ျဖစ္ၿပီး ေဒသမေ႐ြးသြားေရာက္တာဝန္ထမ္းေဆာင္ႏိုင္သူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။