စင်ကာပူဟိုတယ်မှာ အင်ဒိုနီးရှားအမျိုးသားက ဇနီးသည်ကို သတ်ဖြတ်မှုဖြစ်

 427

ရောင်နီ (NP News) - အောက်တိုဘာ ၂၆
စင်ကာပူမှာ အသက် ၄၁ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသားတစ်ဦးကို ဟိုတယ်အခန်းအတွင်း ဇနီးသည်ကို သတ်ဖြတ်မှုနဲ့ စနေနေ့ (အောက်တိုဘာ ၂၅ ရက်) က တရားစွဲဆိုလိုက်တယ်လို့ သိရတယ်။
အသက် ၃၈ နှစ်အရွယ် အမျိုးသမီးကို သောကြာနေ့(အောက်တိုဘာ ၂၄ ရက်) နံနက်ပိုင်းက Capri by Fraser China Square ဟိုတယ်ရှိ အခန်းတစ်ခုမှာ မလှုပ်မယှက် သေဆုံးနေလျက် တွေ့ရှိခဲ့ပါတယ်။ ဒီအတွက် ခင်ပွန်းဖြစ်သူ မစ္စတာ နာဒီယာရာမက်ဟ်ရေရီ က အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီ ၄၀ မိနစ်မှာ ရဲစခန်းကို သွားရောက်ပြီး ကိုယ်တိုင်ဝန်ခံ အဖမ်းခံခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ၎င်းရဲ့ဇနီးသည်ကို သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ ဘာကြောင့် အခုလို လူသတ်မှုပြုလုပ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။
တရားရုံးမှာ ချုပ်နှောင်ခံထားရတဲ့ မစ္စတာ နာဒီယာဟာ ပြစ်မှုသိသာထင်ရှားမယ်ဆိုရင် သေဒဏ်ချမှတ်ခံရ နိုင်ဖွယ်ရှိပါတယ်။ မစ္စတာ နာဒီယာကတော့ အင်ဒိုနီးရှားမှာ ပြစ်ဒဏ်ခံယူဖို့ တရားရုံးကို လျှောက်ထားပါတယ်။ လက်ရှိအချိန်မှာတော့ စိတ်ရောဂါ ရှိ၊ မရှိ စောင့်ကြည့်ဖို့အတွက် စင်ကာပူမှာ သီတင်းသုံးပတ်ကြာ ချုပ်နှောင် ထားမယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူဟိုတယ္မွာ အင္ဒိုနီးရွားအမ်ိဳးသားက ဇနီးသည္ကို သတ္ျဖတ္မႈျဖစ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၆
စင္ကာပူမွာ အသက္ ၄၁ ႏွစ္အ႐ြယ္ အင္ဒိုနီးရွားအမ်ိဳးသားတစ္ဦးကို ဟိုတယ္အခန္းအတြင္း ဇနီးသည္ကို သတ္ျဖတ္မႈနဲ႔ စေနေန႔ (ေအာက္တိုဘာ ၂၅ ရက္) က တရားစြဲဆိုလိုက္တယ္လို႔ သိရတယ္။
အသက္ ၃၈ ႏွစ္အ႐ြယ္ အမ်ိဳးသမီးကို ေသာၾကာေန႔(ေအာက္တိုဘာ ၂၄ ရက္) နံနက္ပိုင္းက Capri by Fraser China Square ဟိုတယ္ရွိ အခန္းတစ္ခုမွာ မလႈပ္မယွက္ ေသဆုံးေနလ်က္ ေတြ႕ရွိခဲ့ပါတယ္။ ဒီအတြက္ ခင္ပြန္းျဖစ္သူ မစၥတာ နာဒီယာရာမက္ဟ္ေရရီ က ေအာက္တိုဘာ ၂၄ ရက္ နံနက္ ၇ နာရီ ၄၀ မိနစ္မွာ ရဲစခန္းကို သြားေရာက္ၿပီး ကိုယ္တိုင္ဝန္ခံ အဖမ္းခံခဲ့ပါတယ္။ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြက ၎ရဲ႕ဇနီးသည္ကို ေသဆုံးေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ဘာေၾကာင့္ အခုလို လူသတ္မႈျပဳလုပ္ခဲ့တယ္ဆိုတာေတာ့ မသိရေသးပါဘူး။
တရား႐ုံးမွာ ခ်ဳပ္ေႏွာင္ခံထားရတဲ့ မစၥတာ နာဒီယာဟာ ျပစ္မႈသိသာထင္ရွားမယ္ဆိုရင္ ေသဒဏ္ခ်မွတ္ခံရ ႏိုင္ဖြယ္ရွိပါတယ္။ မစၥတာ နာဒီယာကေတာ့ အင္ဒိုနီးရွားမွာ ျပစ္ဒဏ္ခံယူဖို႔ တရား႐ုံးကို ေလွ်ာက္ထားပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ စိတ္ေရာဂါ ရွိ၊ မရွိ ေစာင့္ၾကည့္ဖို႔အတြက္ စင္ကာပူမွာ သီတင္းသုံးပတ္ၾကာ ခ်ဳပ္ေႏွာင္ ထားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.