G-Dragon ဟာ တောင်ကိုရီးယား ဂုဏ်ထူးဆောင် Jade Crown ဆု ရရှိတဲ့ ပထမဆုံး Idol နဲ့ အသက်အငယ်ဆုံး ဆုရရှိသူဖြစ်လာ

 59

ရောင်နီ (NP News) - အောက်တိုဘာ ၂၇

K-pop အဆိုတော် G-DRAGON (အမည်ရင်း - ကွမ်ဂျီယောင်း) ဟာ ယဉ်ကျေးမှုဆိုင်ရာ ပံ့ပိုးကူညီမှုအတွက် ပေးအပ်တဲ့ တောင်ကိုရီးယားရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုတွေထဲက တစ်ခုဖြစ်တဲ့ Okgwan ယဉ်ကျေးမှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆုရရှိတဲ့ ပထမဆုံး idol၊ အသက်အငယ်ဆုံးဆုရရှိသူဖြစ်လာပြီး သမိုင်းမှာ မှတ်တမ်းတင်ခဲ့ပါတယ်။
အောက်တိုဘာ ၂၃ ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ ကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် နှစ်ပတ်လည် ကိုရီးယားယဉ်ကျေးမှုနဲ့ အနုပညာဆုပေးပွဲမှာ G Dragon အပြင် အသံသရုပ်ဆောင် ဘဲ့ဟန်ဆုန်း၊ ကွယ်လွန်သူ ဟာသသရုပ်ဆောင် ဂျွန်ယူဆောင်းလည်း ဆုရရှိခဲ့တယ်လို့ သိရပါတယ်။ G-DRAGON က ဆုလက်ခံယူပြီးနောက် ကျေးဇူးတင်ကြောင်း ပြောကြားရာမှာ "အသက်ခြောက်နှစ်အရွယ်မှစ မိခင်ရဲ့လက်ကို ကိုင်ပြီး တေးဂီတဖျော်ဖြေပွဲ ကို သွားရောက်ခဲ့တယ်၊ အဲဒီနေ့ကစ ကျွန်တော် အိပ်မက်တစ်ခုတည်းကိုပဲ သိမ်းထားခဲ့ပါတယ်” "အိမ်မက်ကြောင့် ဆယ်ကျော်သက်အရွယ်မှာ အဆိုတော်ဖြစ်လာခဲ့ပြီး အသက်နှစ်ဆယ်ကျော်မှာ ပရိသတ် အသိအမှတ်ပြု ခံခဲ့ရကာ ယခု အသက်သုံးဆယ်ကျော်မှာ ယဉ်ကျေးမှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆုကို ရရှိနေပြီဖြစ်လို့ အသက်လေးဆယ်ကျော် မှာ ရရှိလာမယ့် အရာတွေအတွက်လည်း စိတ်လှုပ်ရှားနေပါတယ်" လို့ ပြောခဲ့ပါတယ်။
အဆိုတော်တစ်ဦးဖြစ်ရခြင်းအပေါ်ဂုဏ်ယူပြီး ၂၀၂၆ ခုနှစ်ဟာ BIGBANG ရဲ့ နှစ် (၂၀) ပြည့်အထိမ်းအမှတ်ဖြစ်တာ ကြောင့် ဒီဂုဏ်ပြုမှုကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အဖွဲ့ဝင်တွေနဲ့ မျှဝေချင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Okgwan ယဉ်ကျေးမှု ထူးချွန်ဆုကို ဖျော်ဖြေရေး၊ ရုပ်သံထုတ်လွှင့်မှုနဲ့ အနုပညာလို နယ်ပယ်တွေမှာ ထူးချွန်တဲ့ အမျိုးသားရေး သြဇာလွှမ်းမိုးမှုနဲ့ လူမှုရေး ပံ့ပိုးကူညီမှုတွေ ရှိသူတွေကို ချီးမြှင့်ပေးတဲ့ ဆုဖြစ်ပါတယ်။ G-DRAGON ရဲ့ဆုလက်ခံရရှိမှုဟာ သူ့ရဲ့ ကိုယ်ပိုင်အောင်မြင်မှုနဲ့ ကိုရီးယားပေါ့ပ်ယဉ်ကျေးမှုရဲ့တိုးတက်မှုအပေါ် အသိအမှတ်ပြုမှု နှစ်ခုစလုံးကို အမှတ်အသားပြုတယ်လို့ သိရပါတယ်။

Zawgyi Version:
G-Dragon ဟာ ေတာင္ကိုရီးယား ဂုဏ္ထူးေဆာင္ Jade Crown ဆု ရရွိတဲ့ ပထမဆုံး Idol နဲ႔ အသက္အငယ္ဆုံး ဆုရရွိသူျဖစ္လာ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၇
K-pop အဆိုေတာ္ G-DRAGON (အမည္ရင္း - ကြမ္ဂ်ီေယာင္း) ဟာ ယဥ္ေက်းမႈဆိုင္ရာ ပံ့ပိုးကူညီမႈအတြက္ ေပးအပ္တဲ့ ေတာင္ကိုရီးယားရဲ႕ အျမင့္ဆုံး ဂုဏ္ထူးေဆာင္ဆုေတြထဲက တစ္ခုျဖစ္တဲ့ Okgwan ယဥ္ေက်းမႈဆိုင္ရာ ဂုဏ္ထူးေဆာင္ဆုရရွိတဲ့ ပထမဆုံး idol၊ အသက္အငယ္ဆုံးဆုရရွိသူျဖစ္လာၿပီး သမိုင္းမွာ မွတ္တမ္းတင္ခဲ့ပါတယ္။
ေအာက္တိုဘာ ၂၃ ရက္က ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္မွာ က်င္းပခဲ့တဲ့ (၁၆) ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ ကိုရီးယားယဥ္ေက်းမႈနဲ႔ အႏုပညာဆုေပးပြဲမွာ G Dragon အျပင္ အသံသ႐ုပ္ေဆာင္ ဘဲ့ဟန္ဆုန္း၊ ကြယ္လြန္သူ ဟာသသ႐ုပ္ေဆာင္ ဂြၽန္ယူေဆာင္းလည္း ဆုရရွိခဲ့တယ္လို႔ သိရပါတယ္။ G-DRAGON က ဆုလက္ခံယူၿပီးေနာက္ ေက်းဇူးတင္ေၾကာင္း ေျပာၾကားရာမွာ "အသက္ေျခာက္ႏွစ္အ႐ြယ္မွစ မိခင္ရဲ႕လက္ကို ကိုင္ၿပီး ေတးဂီတေဖ်ာ္ေျဖပြဲ ကို သြားေရာက္ခဲ့တယ္၊ အဲဒီေန႔ကစ ကြၽန္ေတာ္ အိပ္မက္တစ္ခုတည္းကိုပဲ သိမ္းထားခဲ့ပါတယ္” "အိမ္မက္ေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္မွာ အဆိုေတာ္ျဖစ္လာခဲ့ၿပီး အသက္ႏွစ္ဆယ္ေက်ာ္မွာ ပရိသတ္ အသိအမွတ္ျပဳ ခံခဲ့ရကာ ယခု အသက္သုံးဆယ္ေက်ာ္မွာ ယဥ္ေက်းမႈဆိုင္ရာ ဂုဏ္ထူးေဆာင္ဆုကို ရရွိေနၿပီျဖစ္လို႔ အသက္ေလးဆယ္ေက်ာ္ မွာ ရရွိလာမယ့္ အရာေတြအတြက္လည္း စိတ္လႈပ္ရွားေနပါတယ္" လို႔ ေျပာခဲ့ပါတယ္။
အဆိုေတာ္တစ္ဦးျဖစ္ရျခင္းအေပၚဂုဏ္ယူၿပီး ၂၀၂၆ ခုႏွစ္ဟာ BIGBANG ရဲ႕ ႏွစ္ (၂၀) ျပည့္အထိမ္းအမွတ္ျဖစ္တာ ေၾကာင့္ ဒီဂုဏ္ျပဳမႈကို သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္အဖြဲ႕ဝင္ေတြနဲ႔ မွ်ေဝခ်င္ပါတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
Okgwan ယဥ္ေက်းမႈ ထူးခြၽန္ဆုကို ေဖ်ာ္ေျဖေရး၊ ႐ုပ္သံထုတ္လႊင့္မႈနဲ႔ အႏုပညာလို နယ္ပယ္ေတြမွာ ထူးခြၽန္တဲ့ အမ်ိဳးသားေရး ၾသဇာလႊမ္းမိုးမႈနဲ႔ လူမႈေရး ပံ့ပိုးကူညီမႈေတြ ရွိသူေတြကို ခ်ီးျမႇင့္ေပးတဲ့ ဆုျဖစ္ပါတယ္။ G-DRAGON ရဲ႕ဆုလက္ခံရရွိမႈဟာ သူ႔ရဲ႕ ကိုယ္ပိုင္ေအာင္ျမင္မႈနဲ႔ ကိုရီးယားေပါ့ပ္ယဥ္ေက်းမႈရဲ႕တိုးတက္မႈအေပၚ အသိအမွတ္ျပဳမႈ ႏွစ္ခုစလုံးကို အမွတ္အသားျပဳတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.