နိုင်ငံရေးပါတီအများစု အင်တာနက် ဆိုရှယ်မီဒီယာကို အသုံးပြုကာ စည်းရုံးရေး ဆင်းရန် ပြင်ဆင်နေ

182

သက်ပိုင်(NP News)- အောက်တိုဘာ ၂၇
လာမည့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ အများစုက အင်တာနက် ဆိုရှယ်မီဒီ ယာများကိုအသုံးပြုကာ မဲဆွယ်စည်းရုံးရေးလုပ် ဆောင်သွားမည်ဖြစ်ကြောင်း NP News မှ စုံစမ်းမေးမြန်းချက်များအရ သိရသည်။
ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများအတွက် မဲဆွယ် စည်းရုံးခွင့် ကာလကို အောက်တိုဘာလ (၂၈) ရက် နံနက်(၆) နာရီမှ ဒီဇင်ဘာလ (၂၆) ရက် ည (၁၂)နာရီအထိ (ရက်ပေါင်း၆၀) အတွင်း ပြုလုပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ (၁၅) ရက်တွင် ထုတ်ပြန်ထား သည်။
အဆိုပါ မဲဆွယ်စည်းရုံးရေးကာလအတွင်း မည်သို့ မဲဆွယ်စည်းရုံးမည်ကို NP News မှ နိုင်ငံရေးပါတီများကို လိုက်လံမေးမြန်းခဲ့ရာ ပါတီအများစုမှာ ဆိုရှယ်မီဒီယာများဖြစ်သည့် Face- book , Telegram , YouTube, TikTok စသည်တို့ကိုအသုံးပြုကာ မဲဆွဲစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မကြာမီကျင်းပတော့မည့်ရွေးကောက်ပွဲသည် ယခင်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲများနှင့် ခြားနားသည့် အခြေအနေတွင် ရှိနေရာ မဲဆွယ်စည်းရုံးမှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏စည်းကမ်းများနှင့်အညီ အခြေအနေအရ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းနှင့် ဆိုရှယ်မီဒီယာကိုအသုံးပြုကာ မဲဆွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ) အထွေထွေအတွင်း ရေးမှူး ဦးစိုင်းအောင်မြင့်ခိုင်က ပြောသည်။
“အခြေအနေပေးတာချင်းကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ အခြေအနေချင်းကလည်း မတူဘူး ဖြစ်နေ တယ်။ တော်တော်လေးခြားနားတာပေါ့။ လုံခြုံရေးပိုင်းရော၊ တိုင်းပြည်ရဲ့ နိုင်ငံရေး အပေါ်ကို စိတ်ဝင် စားမှုအပိုင်း တွေရောဆိုတော့ တော်တော်လေးထူးခြားတဲ့အတွက် အသွင်သစ်တစ်ခုလို ဖြစ်သွားတဲ့အတွက် အခြေနေအရပဲ လုပ် သွားရမှာပေါ့။ စိတ်လက်ပေါ့ပါးစွာနဲ့ လုပ်ရမယ့် သဘောမျိုး မဖြစ်နေဘူး။ နောက်ပြီး ဆိုရှယ်မီဒီယာ ကိုသုံးပြီး မဲဆွယ်ဖို့အတွက်လည်း လုပ်နေပါတယ်။ မဲဆွယ်စည်းရုံးရေး ရက်စတာနဲ့ ဒါတွေကိုစဖို့ စီစဉ်ထားပါတယ်။ TV ကနေ တောင် မဲဆွယ်စည်းရုံး ခွင့်ပေးထားတာဆိုတော့ ဒါတွေက တရားဝင်တယ်လို့ မြင်ပါတယ် ”ဟု ၎င်းက ဆိုသည်။
ထို့အတူ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့်လည်း မဲဆွယ်စည်းရုံးရေးကာလ စတင်သည်နှင့် မြေပြင်ကွင်းဆင်း စည်းရုံးခြင်းများကို လုပ်ဆောင်မည် ဖြစ်သကဲ့သို့ လုံခြုံရေးအရ သွားလာရန်အခက်အခဲရှိသော နယ်မြေများတွင် ဆိုရှယ်မီဒီယာမှတစ်ဆင့် မဲဆွယ်စည်းရုံးခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပါတီဗဟိုဥက္ကဋ္ဌ ဦးစော ဟန်အေးက ပြောသည်။
“စည်းရုံးရေးတရားဝင် စလို့ရတာနဲ့ ပါတီအောင်နိုင်ရေးဆိုင်းပုဒ်တွေထောင်တာတွေ၊ သတ်မှတ်နေရာအလိုက် လက်ကမ်းစာစောင်ဝေတာတွေကိုလုပ်သွားမှာပါ။ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ပါတီက လုပ်နေတာတွေရှိပါတယ်။ တကယ်လို့ မြေပြင်အခြေအနေမှာ လုံခြုံရေးအရ ကွင်းဆင်းတာတွေမလုပ်နိုင်ရင်တော့ Facebook, TikTok တို့ကနေတစ်ဆင့် မဲဆွယ်တာ တွေကို လုပ်သွားဖို့လည်း ရှိပါတယ် ” ဟု ၎င်းက ဆိုသည်။
အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်လည်း အောက်တိုဘာလ (၂၈) ရက်တွင် တစ်နိုင်ငံလုံးရှိ ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်တိုင်းတွင် အောင်နိုင်ရေးဆိုင်းဘုတ်များကို တစ်ပြိုင်တည်း ထောင်သွားမည်ဖြစ်ပြီး ဆိုင်းဘုတ် ထောင်ပြီးနောက်တွင်လည်း UEC မှ သတ်မှတ်ထားသည့် မဲဆွယ်စည်းရုံးခွင့်အရ ဆိုရှယ်မီဒီများမှ မဲ ဆွယ်ခြင်းနှင့် ပြည်သူလူထုနှင့် ထိတွေ့မဲဆွယ်ခြင်း တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီပြော ရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
“Facebook , Telegram , YouTube , Tik Tok စတဲ့ ဆိုရှယ်မီဒီယာတွေအားလုံးမှာ လုပ်သွားမယ်။ ဒီအထဲကမှ TikTok ကဟော့နေတော့ အဲဒီမှာ ရုပ်ထွက်ဆောင်ရွက်မှုတွေကို များစွာလုပ်သွားမှာပါ။ UEC က လုပ်ရမယ်၊ မလုပ်ရ ဘူးဆိုတာကို သတ်မှတ်ထားတဲ့အတိုင်း အောင်နိုင်ရေးမဲဆွယ်မှုအားလုံးကို လုပ်သွားမှာပါ ” ဟု ၎င်းကပြောသည်။
UEC အနေဖြင့် ဆိုရှယ်မီဒီယာများမှ တစ်ဆင့် မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ တိကျရှင်း လင်းသည့် ပြောဆိုမှု များကို မထုတ်ပြန်သည့်အတွက် မဲဆွယ်ရေးကာလတွင် ဆိုရှယ်မီဒီယာအသုံးပြုမဲဆွယ်ခြင်းကို သုံးသင့်မသင့် စဉ်းစား နေရကြောင်း နိုင်ငံရေး ပါတီအချို့ကလည်း ဆိုသည်။
“ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေလုပ်သွားမယ်။ ပြီးရင် လူထုကြားမှာ ဟောပြောတာတွေကို တိုးမြှင့် လုပ်ဆောင်သွားမယ်။ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ဗီနိုင်းတွေ ထောင်သွားမယ်။ ကော်မရှင်က ဖွင့်ပေး ထားတဲ့လမ်းကြောင်းပေါ်မှာတော့ လုပ်လို့ရတာ အကုန်လုပ်သွားမယ်။ ဆိုရှယ်မီဒီယာ အသုံးပြု ခွင့်ကျတော့ ပေးမယ်မပေးဘူးဆိုတာကို ပြတ်ပြတ်သား သားပြောတာကိုမတွေ့ရသေးဘူး။ UEC က ဥပဒေ ပုဒ်မ တွေနဲ့ပဲဖြေတယ်။ ယတိပြတ်ပြောတာမျိုးတွေ မရှိသေးတော့ ဒါတွေက တရားဝင်မှာလား၊ မဝင်ဘူး လားဆိုတာကို ကျွန်တော်တို့လည်း လေ့လာတုန်းပဲရှိသေးတယ်။ တစ်ဖက်က တရားဝင်ခွင့်ပြုတယ်ဆိုတော့ ကျွန်တော်တို့လည်း လုပ်မှာပေါ့” ဟု ပြည်သူ့ ပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အတူ ဒီမိုကရက်တစ်ပါတီအနေဖြင့်လည်း မဲဆွယ်စည်းရုံးရေးကာလတွင် ပြည်သူလူထုနှင့် တွေ့ဆုံကာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်ရှိကာလတွင် ဆိုရှယ်မီဒီများကို လူငယ်အများအပြား အသုံးပြုလာသည့် အတွက် ဆိုရှယ်မီဒီယာကိုအသုံးပြုကာ မဲဆွယ်ခြင်းမှာ ကောင်းမွန်သော်လည်း မိမိတို့ပါတီအနေဖြင့်မူ ယင်းအပိုင်းတွင် အားနည်းချက်များရှိကြောင်း ပါတီဒုဥက္ကဋ္ဌဖြစ်သူ ဦးတင်ဆွေက ဆိုသည်။

Zawgyi Version:
ႏိုင္ငံေရးပါတီအမ်ားစု အင္တာနက္ ဆိုရွယ္မီဒီယာကို အသုံးျပဳကာ စည္း႐ုံးေရး ဆင္းရန္ ျပင္ဆင္ေန
သက္ပိုင္(NP News)- ေအာက္တိုဘာ ၂၇
လာမည့္ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးေရး ကာလတြင္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ႏိုင္ငံေရးပါတီ အမ်ားစုက အင္တာနက္ ဆိုရွယ္မီဒီ ယာမ်ားကိုအသုံးျပဳကာ မဲဆြယ္စည္း႐ုံးေရးလုပ္ ေဆာင္သြားမည္ျဖစ္ေၾကာင္း NP News မွ စုံစမ္းေမးျမန္းခ်က္မ်ားအရ သိရသည္။
ဒီဇင္ဘာလ (၂၈) ရက္တြင္ စတင္က်င္းပမည့္ အေထြေထြေ႐ြးေကာက္ပြဲမ်ားအတြက္ မဲဆြယ္ စည္း႐ုံးခြင့္ ကာလကို ေအာက္တိုဘာလ (၂၈) ရက္ နံနက္(၆) နာရီမွ ဒီဇင္ဘာလ (၂၆) ရက္ ည (၁၂)နာရီအထိ (ရက္ေပါင္း၆၀) အတြင္း ျပဳလုပ္ႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေအာက္တိုဘာလ (၁၅) ရက္တြင္ ထုတ္ျပန္ထား သည္။
အဆိုပါ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း မည္သို႔ မဲဆြယ္စည္း႐ုံးမည္ကို NP News မွ ႏိုင္ငံေရးပါတီမ်ားကို လိုက္လံေမးျမန္းခဲ့ရာ ပါတီအမ်ားစုမွာ ဆိုရွယ္မီဒီယာမ်ားျဖစ္သည့္ Face- book , Telegram , YouTube, TikTok စသည္တို႔ကိုအသုံးျပဳကာ မဲဆြဲစည္း႐ုံးေရးလုပ္ငန္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
မၾကာမီက်င္းပေတာ့မည့္ေ႐ြးေကာက္ပြဲသည္ ယခင္ကက်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲမ်ားႏွင့္ ျခားနားသည့္ အေျခအေနတြင္ ရွိေနရာ မဲဆြယ္စည္း႐ုံးမႈကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ၏စည္းကမ္းမ်ားႏွင့္အညီ အေျခအေနအရ လုပ္ေဆာင္သြားရမည္ျဖစ္ေၾကာင္းႏွင့္ ဆိုရွယ္မီဒီယာကိုအသုံးျပဳကာ မဲဆြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ စီစဥ္လ်က္ရွိေၾကာင္း ရွမ္းႏွင့္ တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ (က်ားျဖဴ) အေထြေထြအတြင္း ေရးမႉး ဦးစိုင္းေအာင္ျမင့္ခိုင္က ေျပာသည္။
“အေျခအေနေပးတာခ်င္းကလည္း ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြနဲ႔ အေျခအေနခ်င္းကလည္း မတူဘူး ျဖစ္ေန တယ္။ ေတာ္ေတာ္ေလးျခားနားတာေပါ့။ လုံၿခဳံေရးပိုင္းေရာ၊ တိုင္းျပည္ရဲ႕ ႏိုင္ငံေရး အေပၚကို စိတ္ဝင္ စားမႈအပိုင္း ေတြေရာဆိုေတာ့ ေတာ္ေတာ္ေလးထူးျခားတဲ့အတြက္ အသြင္သစ္တစ္ခုလို ျဖစ္သြားတဲ့အတြက္ အေျခေနအရပဲ လုပ္ သြားရမွာေပါ့။ စိတ္လက္ေပါ့ပါးစြာနဲ႔ လုပ္ရမယ့္ သေဘာမ်ိဳး မျဖစ္ေနဘူး။ ေနာက္ၿပီး ဆိုရွယ္မီဒီယာ ကိုသုံးၿပီး မဲဆြယ္ဖို႔အတြက္လည္း လုပ္ေနပါတယ္။ မဲဆြယ္စည္း႐ုံးေရး ရက္စတာနဲ႔ ဒါေတြကိုစဖို႔ စီစဥ္ထားပါတယ္။ TV ကေန ေတာင္ မဲဆြယ္စည္း႐ုံး ခြင့္ေပးထားတာဆိုေတာ့ ဒါေတြက တရားဝင္တယ္လို႔ ျမင္ပါတယ္ ”ဟု ၎က ဆိုသည္။
ထို႔အတူ ျပည္သူ႔ေရွ႕ေဆာင္ပါတီအေနျဖင့္လည္း မဲဆြယ္စည္း႐ုံးေရးကာလ စတင္သည္ႏွင့္ ေျမျပင္ကြင္းဆင္း စည္း႐ုံးျခင္းမ်ားကို လုပ္ေဆာင္မည္ ျဖစ္သကဲ့သို႔ လုံၿခဳံေရးအရ သြားလာရန္အခက္အခဲရွိေသာ နယ္ေျမမ်ားတြင္ ဆိုရွယ္မီဒီယာမွတစ္ဆင့္ မဲဆြယ္စည္း႐ုံးျခင္းမ်ားကို လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ပါတီဗဟိုဥကၠ႒ ဦးေစာ ဟန္ေအးက ေျပာသည္။
“စည္း႐ုံးေရးတရားဝင္ စလို႔ရတာနဲ႔ ပါတီေအာင္ႏိုင္ေရးဆိုင္းပုဒ္ေတြေထာင္တာေတြ၊ သတ္မွတ္ေနရာအလိုက္ လက္ကမ္းစာေစာင္ေဝတာေတြကိုလုပ္သြားမွာပါ။ ဆိုရွယ္မီဒီယာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ကြၽန္ေတာ္တို႔ပါတီက လုပ္ေနတာေတြရွိပါတယ္။ တကယ္လို႔ ေျမျပင္အေျခအေနမွာ လုံၿခဳံေရးအရ ကြင္းဆင္းတာေတြမလုပ္ႏိုင္ရင္ေတာ့ Facebook, TikTok တို႔ကေနတစ္ဆင့္ မဲဆြယ္တာ ေတြကို လုပ္သြားဖို႔လည္း ရွိပါတယ္ ” ဟု ၎က ဆိုသည္။
အလားတူ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္လည္း ေအာက္တိုဘာလ (၂၈) ရက္တြင္ တစ္ႏိုင္ငံလုံးရွိ ေ႐ြးေကာက္ပြဲ က်င္းပမည့္ ၿမိဳ႕နယ္တိုင္းတြင္ ေအာင္ႏိုင္ေရးဆိုင္းဘုတ္မ်ားကို တစ္ၿပိဳင္တည္း ေထာင္သြားမည္ျဖစ္ၿပီး ဆိုင္းဘုတ္ ေထာင္ၿပီးေနာက္တြင္လည္း UEC မွ သတ္မွတ္ထားသည့္ မဲဆြယ္စည္း႐ုံးခြင့္အရ ဆိုရွယ္မီဒီမ်ားမွ မဲ ဆြယ္ျခင္းႏွင့္ ျပည္သူလူထုႏွင့္ ထိေတြ႕မဲဆြယ္ျခင္း တို႔ကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ပါတီေျပာ ေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။
“Facebook , Telegram , YouTube , Tik Tok စတဲ့ ဆိုရွယ္မီဒီယာေတြအားလုံးမွာ လုပ္သြားမယ္။ ဒီအထဲကမွ TikTok ကေဟာ့ေနေတာ့ အဲဒီမွာ ႐ုပ္ထြက္ေဆာင္႐ြက္မႈေတြကို မ်ားစြာလုပ္သြားမွာပါ။ UEC က လုပ္ရမယ္၊ မလုပ္ရ ဘူးဆိုတာကို သတ္မွတ္ထားတဲ့အတိုင္း ေအာင္ႏိုင္ေရးမဲဆြယ္မႈအားလုံးကို လုပ္သြားမွာပါ ” ဟု ၎ကေျပာသည္။
UEC အေနျဖင့္ ဆိုရွယ္မီဒီယာမ်ားမွ တစ္ဆင့္ မဲဆြယ္စည္း႐ုံးခြင့္ႏွင့္ပတ္သက္၍ တိက်ရွင္း လင္းသည့္ ေျပာဆိုမႈ မ်ားကို မထုတ္ျပန္သည့္အတြက္ မဲဆြယ္ေရးကာလတြင္ ဆိုရွယ္မီဒီယာအသုံးျပဳမဲဆြယ္ျခင္းကို သုံးသင့္မသင့္ စဥ္းစား ေနရေၾကာင္း ႏိုင္ငံေရး ပါတီအခ်ိဳ႕ကလည္း ဆိုသည္။
“ကြၽန္ေတာ္တို႔ကေတာ့ ထုံးစံအတိုင္း ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးတာေတြလုပ္သြားမယ္။ ၿပီးရင္ လူထုၾကားမွာ ေဟာေျပာတာေတြကို တိုးျမႇင့္ လုပ္ေဆာင္သြားမယ္။ သက္ဆိုင္ရာ မဲဆႏၵနယ္ေတြမွာ ဗီႏိုင္းေတြ ေထာင္သြားမယ္။ ေကာ္မရွင္က ဖြင့္ေပး ထားတဲ့လမ္းေၾကာင္းေပၚမွာေတာ့ လုပ္လို႔ရတာ အကုန္လုပ္သြားမယ္။ ဆိုရွယ္မီဒီယာ အသုံးျပဳ ခြင့္က်ေတာ့ ေပးမယ္မေပးဘူးဆိုတာကို ျပတ္ျပတ္သား သားေျပာတာကိုမေတြ႕ရေသးဘူး။ UEC က ဥပေဒ ပုဒ္မ ေတြနဲ႔ပဲေျဖတယ္။ ယတိျပတ္ေျပာတာမ်ိဳးေတြ မရွိေသးေတာ့ ဒါေတြက တရားဝင္မွာလား၊ မဝင္ဘူး လားဆိုတာကို ကြၽန္ေတာ္တို႔လည္း ေလ့လာတုန္းပဲရွိေသးတယ္။ တစ္ဖက္က တရားဝင္ခြင့္ျပဳတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔လည္း လုပ္မွာေပါ့” ဟု ျပည္သူ႔ ပါတီ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထို႔အတူ ဒီမိုကရက္တစ္ပါတီအေနျဖင့္လည္း မဲဆြယ္စည္း႐ုံးေရးကာလတြင္ ျပည္သူလူထုႏွင့္ ေတြ႕ဆုံကာ မဲဆြယ္စည္း႐ုံးေရးလုပ္ငန္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ၿပီး လက္ရွိကာလတြင္ ဆိုရွယ္မီဒီမ်ားကို လူငယ္အမ်ားအျပား အသုံးျပဳလာသည့္ အတြက္ ဆိုရွယ္မီဒီယာကိုအသုံးျပဳကာ မဲဆြယ္ျခင္းမွာ ေကာင္းမြန္ေသာ္လည္း မိမိတို႔ပါတီအေနျဖင့္မူ ယင္းအပိုင္းတြင္ အားနည္းခ်က္မ်ားရွိေၾကာင္း ပါတီဒုဥကၠ႒ျဖစ္သူ ဦးတင္ေဆြက ဆိုသည္။