“သူခိုးကိုပါအားပေးမိသလိုဖြစ်နေတဲ့ မြန်မာတို့ရဲ့သဒ္ဓါစိတ်’’

 414

The Statesman Journal ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် ‘‘လွှမ်းပိုင် 12.Diss Track ရဲ့ ဇာတ်လိုက်၊ သူခိုးအားပေးမိနေတဲ့ မြန်မာတို့ရဲ့သဒ္ဓါစိတ်” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

လွှမ်းပိုင် 12.Diss Track ရဲ့ ဇာတ်လိုက်
အဆိုတော်လွှမ်းပိုင်နဲ့ ပြည်ပြေးဒါရိုက်တာ ပြည်ဟိန်းသီဟတို့ရဲ့ အောက်ဖဲလှန်မှုဇာတ်လမ်းကနေ အနုပညာရှင် ဆိုသူတို့ရဲ့ လူမှုရေးအရှုပ်တော်ပုံကိစ္စတွေကို အများပြည်သူ ပရိသတ်များအားလုံး သိရှိခွင့်ရခဲ့ပြန်ပါပြီ။ သူတို့နှစ်ဦးရဲ့ စကားနိုင်လုရန်ပွဲက အောက်တိုဘာလ တတိယပတ်အတွင်း လူစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ဆိုရှယ်အသုံးပြုသူများကြား နှစ်ဖက်ပြောစကားများကို နားထောင်/ဖတ်ရှုရင်း အတင်းအဖျင်း ဖျော်ဖြေမှုတစ်ခုအဖြစ် ကြည့်ခွင့်ရရှိခဲ့ပါတယ်။
အနုပညာလောကသားတွေဟာ ၎င်းတို့အချင်းချင်း အကျိုးတူ ပူးပေါင်းစားသောက်နေကြစဉ် သတင်းစကား တစ်စုံတစ်ရာ မထွက်ရှိခဲ့ကြပေမယ့်လည်း ခွာပြဲကြချိန်မှာတော့ တစ်ဦးရဲ့အကြောင်းကို တစ်ဦးက အပုပ်ချပြောဆို ဖို့ ဝန်မလေးကြသူတွေသာဖြစ်ကြောင်းကို လက်ရှိဖြစ်စဉ်တွေက သက်သေအဖြစ်ရှုမြင်နိုင်ပါတယ်။ တစ်ပါးသူရဲ့ ပုဂ္ဂိုလ်‌ရေး ကိစ္စတွေကို အတင်းအဖျင်းဆန်စွာ အပုပ်ချပြောရင်း ဆိုရှယ်ပလက်ဖောင်းမှာ ဗီဒီယိုရုပ်သံတင်ရင်း Youtube Monetization မှ ဝင်ငွေရှာနေသူ ဒါရိုက်တာ ပြည်ဟိန်းသီဟရဲ့လုပ်ရပ်က မြန်မာနိုင်ငံက နာမည်ကြီး မင်းသားမြင့်မြတ်ပါ မကျန် နော်ဖောအယ်ထားအပါအဝင် မင်းသမီးအများစုလည်း ကုန်သလောက်နီးပါးဖြစ်လို့နေပါပြီ။ ၎င်းရဲ့ပြောဆိုမှုကို ခံရတဲ့အနုပညာရှင်တွေအနက် ဘယ်သူကမှ မတုံ့ပြန်မဖြေရှင်းခဲ့ပေမယ့် အဆိုတော်လွှမ်းပိုင်ကတော့ Rapper အဆို တော်တစ်ဦးပီသစွာ ‘‘12.Diss Track” အမည်နဲ့ သီချင်းထွက်ရှိခဲ့တာဖြစ်ပါတယ်။ ‘‘12.Diss Track” ထဲမှာ ဒါရိုက်တာ ပြည် ဟိန်းသီဟရဲ့နာမည်ကို ထည့်သွင်းသီဆိုခဲ့ရုံမက ‘‘ဝါရင့်ဟာသလူရွှင်တော်ကြီးတွေဆီက အနုပညာကြေး ခေါင်းပုံ ဖြတ် အမြတ်ကြီးစားပုံ အပါအဝင် အိမ်ထောင်ရေးဖောက်ပြားမှုနဲ့ အနုပညာသည်အချင်းချင်းကြား ကုန်းချော ကုန်းတိုက် စကားပြောဆိုမှုများ၊ မြင့်မြတ်ထံမှ ငွေချေးပြီး ပြန်မဆပ်မှုများ” စတဲ့ အကြောင်းအရာများကို By Name တပ်ကာ တိုက်ရိုက်ရေးသား သီဆိုခဲ့ခြင်းဖြစ်ပါတယ်။
ပြည်ဟိန်းသီဟကလည်း လွှမ်းပိုင်ရဲ့အချစ်ရေးအရှုပ်တော်ပုံများ ထုတ်ဖော်ရုံမက နိုင်ငံရေးဖြစ်စဉ်များနဲ့ ရောယှက်ကာ အဆိုတော်လွှမ်းပိုင်ရဲ့မိဘနောက်ခံများကိုပါမချန် ပြောဆိုခဲ့တာပါ။ လက်ရှိမှာတော့ အများပြည်သူ ပရိသတ်တွေက ပြည်ဟိန်းသီဟရဲ့အကျင့်/စိတ်ဓာတ်နဲ့ လွှမ်းပိုင်ရဲ့အကျင့်စရိုက်တို့ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ရပြီးဖြစ်ပါတယ်။ လက်ရှိမှာ ပြည်ဟိန်းသီဟရဲ့ပြောဆိုမှုတွေကို ခံခဲ့ရတဲ့ အနုပညာသမားတိုင်းက အဆိုတော်လွှမ်းပိုင်ရဲ့ ယောကျာ်းဆန်စွာ တဲ့တိုးတုံ့ပြန်ပြောဆိုမှုကို ထောက်ခံအားပေးလျက်ရှိပြီး ပြည်ဟိန်းသီဟရဲ့အပြောလုပ်ရပ်တိုင်းကို ရှုတ်ချခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဆိုရှယ် လူမှုကွန်ရက်တစ်ခွင်မှာတော့ ၎င်းတို့ရဲ့ကြမ်းတမ်းတဲ့အပြောအဆိုတွေက မှတ်တမ်းတစ်ခုဖြစ်လို့နေပြီဖြစ်ပါတယ်။

သူခိုးကိုပါ အားပေးမိသလိုဖြစ်နေတဲ့ မြန်မာတို့ရဲ့သဒ္ဓါစိတ်

အောက်တိုဘာလ (၂၀) ရက် ညပိုင်းက ဆိုရှယ်ပလက်ဖောင်းများထက် ပျံ့နှံ့လာတဲ့ ကလေးချီရင်း ပစ္စည်းခိုးခဲ့သူ အမျိုးသမီး အဖမ်းခံခဲ့ရတဲ့ ရုပ်သံကို အွန်လိုင်းအသုံးပြုသူတိုင်း ကြည့်ရှုပြီးဖြစ်ပါလိမ့်မယ်။
အဲဒီဖြစ်စဉ်မှာ ကလေးကို ကရုဏာသက်မှုတစ်ခုကြောင့် မဖြစ်အပ်တဲ့ဖြစ်စဉ်တွေဖြစ်ပေါ်ခဲ့ကြပြီး မြန်မာတို့ရဲ့ သဒ္ဓါတရားစိတ် လွဲမှားနေကြပုံတွေကို တွေ့မြင်ခဲ့ကြရပြန်ပါတယ်။ ကလေးငယ်ကို ဟန်ပြရင်း ခိုးယူမှု ကျူးလွန်ခဲ့တာ အမှန်ဖြစ်ခဲ့ပေမယ့် ဆိုင်ပိုင်ရှင်ဖြစ်သူရဲ့ ဒေါသစိတ်ကြောင့် တုံ့ပြန်ခဲ့မှုအပြုအမူတွေကြောင့် “သူခိုးကလူပြန်ဟစ်” ဆိုတဲ့စကားအတိုင်း ခိုးယူသူက အသာစီးပြန်ရရှိသွားသလို ဖြစ်ခဲ့ရတာပါ။ ဒီဖြစ်စဉ်ထဲ သရုပ်ဆောင်ခိုင်နှင်းဝေကလည်း ပါဝင်လာခဲ့ပြီး ‘ကလေးနဲ့ပတ်သက်ပြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့မရဲစခန်းမှာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် နေပြီ ဖြစ်ပါတယ်’လို့ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာပေ့ချ်နဲ့ Khine Hnin Wai ပေ့ချ်က ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံ မြို့ကြီးတွေရဲ့ လူစည်ကားရာနေရာတွေမှာ ကလေးဗန်းပြကာ တောင်းရမ်းစားသောက်သူတွေ၊ ခိုးဝှက်သူတွေက ပေါများလွန်းလှတာ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။
ပစ္စည်းအခိုးခံခဲ့ရသူ အမျိုးသမီးက ရဲစခန်းရောက်ရှိနေပြီး ပစ္စည်းခိုးယူသူက အလှူငွေလက်ခံနေတဲ့မြင် ကွင်း ပုံရိပ်တွေကြောင့် လွဲမှားမှုလမ်းကြောင်းကိုဦးတည်နေကြောင်း ဥညူငညန အသုံးပြုသူတိုင်းက ထောက်ပြခဲ့ကြ တာပါ။ ဒါ့အပြင် တရားမျှတမှု ရရှိဖို့လို့ဆိုရာမှာ ဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့ကိုယ်ထိလက်ရောက်ကျူးလွန်မှုလုပ်ရပ်နဲ့ ပစ္စည်းခိုးယူ သူရဲ့ပြစ်မှုကျူးလွန်မှုတို့ကို ဥပဒေအတိုင်းသာ ဆုံးဖြတ်ပေးဖို့လိုအပ်ပြီး သူခိုးအားပေးမဖြစ်ကြစေဖို့လိုအပ်ကြောင်း လူတိုင်းက ထောက်ပြခဲ့ကြပါတယ်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၅၉) အရ သူတစ်ပါးပစ္စည်းခိုးမှုကျူးလွန်သူကို အရပ်သားပြည်သူက ဝိုင်းဝန်း ဖမ်းဆီးခွင့်ရှိပြီး၊ အကြောင်းမဲ့နှောင့် နှေးကြန့်ကြာခြင်းမရှိဘဲ သက်ဆိုင်ရာရဲစခန်းထံ အပ်နှံရမှာဖြစ်ကြောင်း၊ တရားခံကို အရပ်သားပြည်သူတွေက ထိခိုက်အောင် ရိုက်နှက်မှုဖြစ်ပေါ်ခဲ့ပါက တစ်ဖက်သားအပေါ် ရိုက်နှက်တဲ့လက်နက်၊ ရရှိတဲ့ ဒဏ်ရာအပေါ်မူတည်ပြီး ရိုက်နှက်ခံရသူက ပြုလုပ်သူကို အရေးယူ အမှုဖွင့်နိုင်ကြောင်း၊ ဒါတင်မက နှိပ်စက်တဲ့ဗီဒီယိုကို ဆိုရှယ်ပလက်ဖောင်းပေါ် ထပ်မံတင်လိုက်ပါက ဂုဏ်သိက္ခာကျဆင်းစေမှုမြောက်တဲ့အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အရေးယူလို့ရကြောင်း၊ ကလေးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်နှိပ်စက်ခြင်းတွေကြောင့်လည်း ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပုဒ်မ(၁၀ဝ-က) အရ အရေးယူလို့ ရမှာဖြစ်ကြောင်း ရှေ့နေအကြံပေးတစ်ဦးက အွန်လိုင်းကတစ်ဆင့် အသိပညာ ပေး ဝေမျှပြောပြခဲ့ပါတယ်။
“ဉာဏ်မပါတဲ့ ပရဟိတကြောင့် လောကကြီး မပျက်စီးပါစေနဲ့” လို့ Ashin Sanda Zawti က ဖေ့စ်ဘွတ် လူမှုကွန်ရက် အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာ တစ်ပါးသူရဲ့အမှားက မိမိအမှားဖြစ်သွားတတ် ပြီး၊ ကိုယ်ပိုင်ပစ္စည်းကို တစ်ပါးသူက ခိုးဝှက်ပါက သက်ဆိုင်ရာရဲစခန်းထံ သွားရောက် တိုင်တန်းလို့ရပြီး၊ ကိုယ်တိုင်က ဖမ်းဆီးထားပါက ရဲလက်အပ်နှံလို့ ရပေမယ့် ကိုယ်တိုင်က ထပ်ဆင့်ကျူးလွန်သူဖြစ်သွားနိုင်ကြောင်းကို သတိပြုဖို့ လိုအပ် ကြောင်းကို ခိုင်နှင်းဝေ ပိုစ့်ကွန်မန့် အပါအဝင် ၎င်းတို့ရဲ့ကိုယ်ပိုင်အကောင့်များမှာပါ ထောက်ပြရေးသားခဲ့ကြပါတယ်။

သဘင်နှစ်ဖွဲ့ကြားက ပဋိပက္ခများ ပြေလည်မှုရ
(၂၀၂၅) ခုနှစ် အောက်တိုဘာ လဆန်းပိုင်းက သဘင်နှစ်ဖွဲ့ကြား မူပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုတစ်ချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့်ပဲ သဘင်ဇာတ်မင်းသားတစ်ဦးနဲ့ နာမည်ကြီး ပွဲစီစဉ်သူ တစ်ဦးတို့ရဲ့ အိမ်ထောင် ရေးအရှုပ်တော်ပုံဇာတ်လမ်းတစ်ပုဒ် ပွင့်ထွက်လာခဲ့တာပါ။ ၎င်းတို့နှစ်ဦးသား အိမ်ထောင်ရေးဖောက်ပြန်မှု ဇာတ်ရှုပ်ထွက် ပေါ်ခဲ့မှုကြောင့် မူလဇစ်မြစ်ပြဿနာက တိမ်မြုပ်သွားခဲ့ရပြီး အောက်တိုဘာလ နောက်ဆုံးအပတ်မှသာ သဘင်နှစ်ဖွဲ့ ကြား ပဋိပက္ခများ ပြန်လည် ညှိနှိုင်းမှု အဆင်ပြေသွားပြီဖြစ်ကြောင်း သတင်းသဲ့သဲ့သာ ထွက်ရှိခဲ့ပါတယ်။
ဖြစ်စဉ်အရ အောက်တိုဘာလ ပထမပတ်က မြန်အောင်မြို့မှာ ကပြခဲ့တဲ့ လင်္ကာဒီပ ဦးအောင်ကျော်ထွန်း တည် ထောင်သော စမ်းရေမိုး ဇာတ်သဘင်အဖွဲ့မှ စိန်မဟာသဘင် ဇာတ်သဘင်မိသားစုပြုလုပ်ခဲ့တဲ့ သဘင့်ဥသျှောင် ဂရိတ်ဦးဘိုးစိန် နှစ် (၁၃၀) ပြည့်ပွဲကြီးမှာပါဝင်ခဲ့တဲ့ တောင်ပြုံးမင်းညီနောင် ဇာတ်ထုပ် တင်ဆက်မှုရဲ့ မူလ အရုပ်/ အသံများကို ခွင့်ပြုချက်မတောင်းခံဘဲအသုံးပြုခဲ့ကြောင်းသိရှိရပါတယ်။ ကွယ်လွန်သူ ဇာတ်မင်းသားကြီး ဦးညီဝင်းစိန်ရဲ့ အရုပ်+အသံတွေကိုပါ ဇာတ်ထဲမှ ကပြသူတွေနဲ့ပေါင်းစပ်ကာ ပရိသတ်အား ဖျော်ဖြေတင်ဆက်ခိုင်းခဲ့ခြင်းအတွက် ညှိနှိုင်းဖြေရှင်းပေးဖို့ကို ကာယကံရှင် မိသားစုဝင်တွေက တောင်းဆိုခဲ့ခြင်းဖြစ်တာကြောင့် အောက်တိုဘာလ၊ (၂၀) ရက်မှာ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ နှစ်ဦးနှစ်ဖက် ခေါ်ယူတွေ့ဆုံ ညှိနှိုင်းပေးခဲ့ခြင်းဖြစ်တယ် လို့သိရှိရပါ တယ်။ ဦးအောင်ကျော်ထွန်းကလည်း ခွင့်ပြုချက် မရယူဘဲ အသုံးပြုမိခဲ့ခြင်းအတွက် တောင်းပန်ခဲ့ပြီး အနုပညာကို တန်ဖိုးထားတဲ့အနေနဲ့ မူပိုင်ခွင့်အနုပညာကြေးအဖြစ် တန်ဖိုး ငွေကျပ် (၅) သိန်းတိတိပေးအပ်ဖို့ကမ်းလှမ်းခဲ့ရာ စိန်မဟာ သဘင်မိသားစုမှ နားလည်လက်ခံခဲ့တယ်လို့ သိရှိရပါတယ်။ စိန်မဟာသဘင်မိသားစုဘက်ကလည်း အဆိုပါ မူပိုင်ခွင့် တန်ဖိုး ငွေကျပ် (၅) သိန်းကို သဘင်သက်ကြီးဘိုးဘွားများ ရန်ပုံငွေ ပဒေသာပင်အဖြစ် ပြန်လည်လှုဒါန်းခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဒီဖြစ်စဉ်မှာတော့ မူပိုင်ခွင့်ကိစ္စပြဿနာထုတ်ဖော်ရင်း မိမိတို့ရဲ့လူမှုရေးဖောက်ပြားခဲ့မှုကိစ္စတွေပါ ထွက်ပေါ်ခဲ့တဲ့ အနုပညာ‌လောကထဲက အတွင်းရေးသတင်းတွေပဲဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“သူခိုးကိုပါအားေပးမိသလိုျဖစ္ေနတဲ့ ျမန္မာတို႔ရဲ႕သဒၶါစိတ္’’

The Statesman Journal ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ ‘‘လႊမ္းပိုင္ 12.Diss Track ရဲ႕ ဇာတ္လိုက္၊ သူခိုးအားေပးမိေနတဲ့ ျမန္မာတို႔ရဲ႕သဒၶါစိတ္” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

လႊမ္းပိုင္ 12.Diss Track ရဲ႕ ဇာတ္လိုက္
အဆိုေတာ္လႊမ္းပိုင္နဲ႔ ျပည္ေျပးဒါ႐ိုက္တာ ျပည္ဟိန္းသီဟတို႔ရဲ႕ ေအာက္ဖဲလွန္မႈဇာတ္လမ္းကေန အႏုပညာရွင္ ဆိုသူတို႔ရဲ႕ လူမႈေရးအရႈပ္ေတာ္ပုံကိစၥေတြကို အမ်ားျပည္သူ ပရိသတ္မ်ားအားလုံး သိရွိခြင့္ရခဲ့ျပန္ပါၿပီ။ သူတို႔ႏွစ္ဦးရဲ႕ စကားႏိုင္လုရန္ပြဲက ေအာက္တိုဘာလ တတိယပတ္အတြင္း လူစိတ္ဝင္စားမႈျမင့္တက္ခဲ့ၿပီး ဆိုရွယ္အသုံးျပဳသူမ်ားၾကား ႏွစ္ဖက္ေျပာစကားမ်ားကို နားေထာင္/ဖတ္ရႈရင္း အတင္းအဖ်င္း ေဖ်ာ္ေျဖမႈတစ္ခုအျဖစ္ ၾကည့္ခြင့္ရရွိခဲ့ပါတယ္။
အႏုပညာေလာကသားေတြဟာ ၎တို႔အခ်င္းခ်င္း အက်ိဳးတူ ပူးေပါင္းစားေသာက္ေနၾကစဥ္ သတင္းစကား တစ္စုံတစ္ရာ မထြက္ရွိခဲ့ၾကေပမယ့္လည္း ခြာၿပဲၾကခ်ိန္မွာေတာ့ တစ္ဦးရဲ႕အေၾကာင္းကို တစ္ဦးက အပုပ္ခ်ေျပာဆို ဖို႔ ဝန္မေလးၾကသူေတြသာျဖစ္ေၾကာင္းကို လက္ရွိျဖစ္စဥ္ေတြက သက္ေသအျဖစ္ရႈျမင္ႏိုင္ပါတယ္။ တစ္ပါးသူရဲ႕ ပုဂၢိဳလ္‌ေရး ကိစၥေတြကို အတင္းအဖ်င္းဆန္စြာ အပုပ္ခ်ေျပာရင္း ဆိုရွယ္ပလက္ေဖာင္းမွာ ဗီဒီယို႐ုပ္သံတင္ရင္း Youtube Monetization မွ ဝင္ေငြရွာေနသူ ဒါ႐ိုက္တာ ျပည္ဟိန္းသီဟရဲ႕လုပ္ရပ္က ျမန္မာႏိုင္ငံက နာမည္ႀကီး မင္းသားျမင့္ျမတ္ပါ မက်န္ ေနာ္ေဖာအယ္ထားအပါအဝင္ မင္းသမီးအမ်ားစုလည္း ကုန္သေလာက္နီးပါးျဖစ္လို႔ေနပါၿပီ။ ၎ရဲ႕ေျပာဆိုမႈကို ခံရတဲ့အႏုပညာရွင္ေတြအနက္ ဘယ္သူကမွ မတုံ႔ျပန္မေျဖရွင္းခဲ့ေပမယ့္ အဆိုေတာ္လႊမ္းပိုင္ကေတာ့ Rapper အဆို ေတာ္တစ္ဦးပီသစြာ ‘‘12.Diss Track” အမည္နဲ႔ သီခ်င္းထြက္ရွိခဲ့တာျဖစ္ပါတယ္။ ‘‘12.Diss Track” ထဲမွာ ဒါ႐ိုက္တာ ျပည္ ဟိန္းသီဟရဲ႕နာမည္ကို ထည့္သြင္းသီဆိုခဲ့႐ုံမက ‘‘ဝါရင့္ဟာသလူ႐ႊင္ေတာ္ႀကီးေတြဆီက အႏုပညာေၾကး ေခါင္းပုံ ျဖတ္ အျမတ္ႀကီးစားပုံ အပါအဝင္ အိမ္ေထာင္ေရးေဖာက္ျပားမႈနဲ႔ အႏုပညာသည္အခ်င္းခ်င္းၾကား ကုန္းေခ်ာ ကုန္းတိုက္ စကားေျပာဆိုမႈမ်ား၊ ျမင့္ျမတ္ထံမွ ေငြေခ်းၿပီး ျပန္မဆပ္မႈမ်ား” စတဲ့ အေၾကာင္းအရာမ်ားကို By Name တပ္ကာ တိုက္႐ိုက္ေရးသား သီဆိုခဲ့ျခင္းျဖစ္ပါတယ္။
ျပည္ဟိန္းသီဟကလည္း လႊမ္းပိုင္ရဲ႕အခ်စ္ေရးအရႈပ္ေတာ္ပုံမ်ား ထုတ္ေဖာ္႐ုံမက ႏိုင္ငံေရးျဖစ္စဥ္မ်ားနဲ႔ ေရာယွက္ကာ အဆိုေတာ္လႊမ္းပိုင္ရဲ႕မိဘေနာက္ခံမ်ားကိုပါမခ်န္ ေျပာဆိုခဲ့တာပါ။ လက္ရွိမွာေတာ့ အမ်ားျပည္သူ ပရိသတ္ေတြက ျပည္ဟိန္းသီဟရဲ႕အက်င့္/စိတ္ဓာတ္နဲ႔ လႊမ္းပိုင္ရဲ႕အက်င့္စ႐ိုက္တို႔ကို မ်က္ဝါးထင္ထင္ေတြ႕ျမင္ခဲ့ ရၿပီးျဖစ္ပါတယ္။ လက္ရွိမွာ ျပည္ဟိန္းသီဟရဲ႕ေျပာဆိုမႈေတြကို ခံခဲ့ရတဲ့ အႏုပညာသမားတိုင္းက အဆိုေတာ္လႊမ္းပိုင္ရဲ႕ ေယာက်ာ္းဆန္စြာ တဲ့တိုးတုံ႔ျပန္ေျပာဆိုမႈကို ေထာက္ခံအားေပးလ်က္ရွိၿပီး ျပည္ဟိန္းသီဟရဲ႕အေျပာလုပ္ရပ္တိုင္းကို ရႈတ္ခ်ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ဆိုရွယ္ လူမႈကြန္ရက္တစ္ခြင္မွာေတာ့ ၎တို႔ရဲ႕ၾကမ္းတမ္းတဲ့အေျပာအဆိုေတြက မွတ္တမ္းတစ္ခုျဖစ္လို႔ေနၿပီျဖစ္ပါတယ္။


သူခိုးကိုပါ အားေပးမိသလိုျဖစ္ေနတဲ့ ျမန္မာတို႔ရဲ႕သဒၶါစိတ္

ေအာက္တိုဘာလ (၂၀) ရက္ ညပိုင္းက ဆိုရွယ္ပလက္ေဖာင္းမ်ားထက္ ပ်ံ႕ႏွံ႔လာတဲ့ ကေလးခ်ီရင္း ပစၥည္းခိုးခဲ့သူ အမ်ိဳးသမီး အဖမ္းခံခဲ့ရတဲ့ ႐ုပ္သံကို အြန္လိုင္းအသုံးျပဳသူတိုင္း ၾကည့္ရႈၿပီးျဖစ္ပါလိမ့္မယ္။
အဲဒီျဖစ္စဥ္မွာ ကေလးကို က႐ုဏာသက္မႈတစ္ခုေၾကာင့္ မျဖစ္အပ္တဲ့ျဖစ္စဥ္ေတြျဖစ္ေပၚခဲ့ၾကၿပီး ျမန္မာတို႔ရဲ႕ သဒၶါတရားစိတ္ လြဲမွားေနၾကပုံေတြကို ေတြ႕ျမင္ခဲ့ၾကရျပန္ပါတယ္။ ကေလးငယ္ကို ဟန္ျပရင္း ခိုးယူမႈ က်ဴးလြန္ခဲ့တာ အမွန္ျဖစ္ခဲ့ေပမယ့္ ဆိုင္ပိုင္ရွင္ျဖစ္သူရဲ႕ ေဒါသစိတ္ေၾကာင့္ တုံ႔ျပန္ခဲ့မႈအျပဳအမူေတြေၾကာင့္ “သူခိုးကလူျပန္ဟစ္” ဆိုတဲ့စကားအတိုင္း ခိုးယူသူက အသာစီးျပန္ရရွိသြားသလို ျဖစ္ခဲ့ရတာပါ။ ဒီျဖစ္စဥ္ထဲ သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝကလည္း ပါဝင္လာခဲ့ၿပီး ‘ကေလးနဲ႔ပတ္သက္ၿပီး လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕မရဲစခန္းမွာ ဥပေဒအတိုင္း ဆက္လက္ေဆာင္႐ြက္ ေနၿပီ ျဖစ္ပါတယ္’လို႔ ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာေပ့ခ်္နဲ႔ Khine Hnin Wai ေပ့ခ်္က ေဖာ္ျပခဲ့တာပါ။ ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီးေတြရဲ႕ လူစည္ကားရာေနရာေတြမွာ ကေလးဗန္းျပကာ ေတာင္းရမ္းစားေသာက္သူေတြ၊ ခိုးဝွက္သူေတြက ေပါမ်ားလြန္းလွတာ ျဖစ္ရပ္မွန္ေတြပဲျဖစ္ပါတယ္။
ပစၥည္းအခိုးခံခဲ့ရသူ အမ်ိဳးသမီးက ရဲစခန္းေရာက္ရွိေနၿပီး ပစၥည္းခိုးယူသူက အလႉေငြလက္ခံေနတဲ့ျမင္ ကြင္း ပုံရိပ္ေတြေၾကာင့္ လြဲမွားမႈလမ္းေၾကာင္းကိုဦးတည္ေနေၾကာင္း ဥညဴငညန အသုံးျပဳသူတိုင္းက ေထာက္ျပခဲ့ၾက တာပါ။ ဒါ့အျပင္ တရားမွ်တမႈ ရရွိဖို႔လို႔ဆိုရာမွာ ဆိုင္ပိုင္ရွင္အမ်ိဳးသမီးရဲ႕ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈလုပ္ရပ္နဲ႔ ပစၥည္းခိုးယူ သူရဲ႕ျပစ္မႈက်ဴးလြန္မႈတို႔ကို ဥပေဒအတိုင္းသာ ဆုံးျဖတ္ေပးဖို႔လိုအပ္ၿပီး သူခိုးအားေပးမျဖစ္ၾကေစဖို႔လိုအပ္ေၾကာင္း လူတိုင္းက ေထာက္ျပခဲ့ၾကပါတယ္။
ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ (၅၉) အရ သူတစ္ပါးပစၥည္းခိုးမႈက်ဴးလြန္သူကို အရပ္သားျပည္သူက ဝိုင္းဝန္း ဖမ္းဆီးခြင့္ရွိၿပီး၊ အေၾကာင္းမဲ့ေႏွာင့္ ေႏွးၾကန႔္ၾကာျခင္းမရွိဘဲ သက္ဆိုင္ရာရဲစခန္းထံ အပ္ႏွံရမွာျဖစ္ေၾကာင္း၊ တရားခံကို အရပ္သားျပည္သူေတြက ထိခိုက္ေအာင္ ႐ိုက္ႏွက္မႈျဖစ္ေပၚခဲ့ပါက တစ္ဖက္သားအေပၚ ႐ိုက္ႏွက္တဲ့လက္နက္၊ ရရွိတဲ့ ဒဏ္ရာအေပၚမူတည္ၿပီး ႐ိုက္ႏွက္ခံရသူက ျပဳလုပ္သူကို အေရးယူ အမႈဖြင့္ႏိုင္ေၾကာင္း၊ ဒါတင္မက ႏွိပ္စက္တဲ့ဗီဒီယိုကို ဆိုရွယ္ပလက္ေဖာင္းေပၚ ထပ္မံတင္လိုက္ပါက ဂုဏ္သိကၡာက်ဆင္းေစမႈေျမာက္တဲ့အတြက္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ) နဲ႔ အေရးယူလို႔ရေၾကာင္း၊ ကေလးကို စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္ျခင္း၊ ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ႏွိပ္စက္ျခင္းေတြေၾကာင့္လည္း ကေလးသူငယ္အခြင့္အေရးမ်ား ဆိုင္ရာဥပေဒပုဒ္မ(၁၀ဝ-က) အရ အေရးယူလို႔ ရမွာျဖစ္ေၾကာင္း ေရွ႕ေနအႀကံေပးတစ္ဦးက အြန္လိုင္းကတစ္ဆင့္ အသိပညာ ေပး ေဝမွ်ေျပာျပခဲ့ပါတယ္။
“ဉာဏ္မပါတဲ့ ပရဟိတေၾကာင့္ ေလာကႀကီး မပ်က္စီးပါေစနဲ႔” လို႔ Ashin Sanda Zawti က ေဖ့စ္ဘြတ္ လူမႈကြန္ရက္ အေကာင့္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ အဆိုပါျဖစ္စဥ္မွာ တစ္ပါးသူရဲ႕အမွားက မိမိအမွားျဖစ္သြားတတ္ ၿပီး၊ ကိုယ္ပိုင္ပစၥည္းကို တစ္ပါးသူက ခိုးဝွက္ပါက သက္ဆိုင္ရာရဲစခန္းထံ သြားေရာက္ တိုင္တန္းလို႔ရၿပီး၊ ကိုယ္တိုင္က ဖမ္းဆီးထားပါက ရဲလက္အပ္ႏွံလို႔ ရေပမယ့္ ကိုယ္တိုင္က ထပ္ဆင့္က်ဴးလြန္သူျဖစ္သြားႏိုင္ေၾကာင္းကို သတိျပဳဖို႔ လိုအပ္ ေၾကာင္းကို ခိုင္ႏွင္းေဝ ပိုစ့္ကြန္မန႔္ အပါအဝင္ ၎တို႔ရဲ႕ကိုယ္ပိုင္အေကာင့္မ်ားမွာပါ ေထာက္ျပေရးသားခဲ့ၾကပါတယ္။

သဘင္ႏွစ္ဖြဲ႕ၾကားက ပဋိပကၡမ်ား ေျပလည္မႈရ
(၂၀၂၅) ခုႏွစ္ ေအာက္တိုဘာ လဆန္းပိုင္းက သဘင္ႏွစ္ဖြဲ႕ၾကား မူပိုင္ခြင့္ကိစၥနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈတစ္ခ်ိဳ႕ ျဖစ္ေပၚခဲ့ပါတယ္။ အဲဒီျဖစ္စဥ္ေၾကာင့္ပဲ သဘင္ဇာတ္မင္းသားတစ္ဦးနဲ႔ နာမည္ႀကီး ပြဲစီစဥ္သူ တစ္ဦးတို႔ရဲ႕ အိမ္ေထာင္ ေရးအရႈပ္ေတာ္ပုံဇာတ္လမ္းတစ္ပုဒ္ ပြင့္ထြက္လာခဲ့တာပါ။ ၎တို႔ႏွစ္ဦးသား အိမ္ေထာင္ေရးေဖာက္ျပန္မႈ ဇာတ္ရႈပ္ထြက္ ေပၚခဲ့မႈေၾကာင့္ မူလဇစ္ျမစ္ျပႆနာက တိမ္ျမဳပ္သြားခဲ့ရၿပီး ေအာက္တိုဘာလ ေနာက္ဆုံးအပတ္မွသာ သဘင္ႏွစ္ဖြဲ႕ ၾကား ပဋိပကၡမ်ား ျပန္လည္ ညႇိႏႈိင္းမႈ အဆင္ေျပသြားၿပီျဖစ္ေၾကာင္း သတင္းသဲ့သဲ့သာ ထြက္ရွိခဲ့ပါတယ္။
ျဖစ္စဥ္အရ ေအာက္တိုဘာလ ပထမပတ္က ျမန္ေအာင္ၿမိဳ႕မွာ ကျပခဲ့တဲ့ လကၤာဒီပ ဦးေအာင္ေက်ာ္ထြန္း တည္ ေထာင္ေသာ စမ္းေရမိုး ဇာတ္သဘင္အဖြဲ႕မွ စိန္မဟာသဘင္ ဇာတ္သဘင္မိသားစုျပဳလုပ္ခဲ့တဲ့ သဘင့္ဥေသွ်ာင္ ဂရိတ္ဦးဘိုးစိန္ ႏွစ္ (၁၃၀) ျပည့္ပြဲႀကီးမွာပါဝင္ခဲ့တဲ့ ေတာင္ၿပဳံးမင္းညီေနာင္ ဇာတ္ထုပ္ တင္ဆက္မႈရဲ႕ မူလ အ႐ုပ္/ အသံမ်ားကို ခြင့္ျပဳခ်က္မေတာင္းခံဘဲအသုံးျပဳခဲ့ေၾကာင္းသိရွိရပါတယ္။ ကြယ္လြန္သူ ဇာတ္မင္းသားႀကီး ဦးညီဝင္းစိန္ရဲ႕ အ႐ုပ္+အသံေတြကိုပါ ဇာတ္ထဲမွ ကျပသူေတြနဲ႔ေပါင္းစပ္ကာ ပရိသတ္အား ေဖ်ာ္ေျဖတင္ဆက္ခိုင္းခဲ့ျခင္းအတြက္ ညႇိႏႈိင္းေျဖရွင္းေပးဖို႔ကို ကာယကံရွင္ မိသားစုဝင္ေတြက ေတာင္းဆိုခဲ့ျခင္းျဖစ္တာေၾကာင့္ ေအာက္တိုဘာလ၊ (၂၀) ရက္မွာ ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး (ဗဟို)မွ ႏွစ္ဦးႏွစ္ဖက္ ေခၚယူေတြ႕ဆုံ ညႇိႏႈိင္းေပးခဲ့ျခင္းျဖစ္တယ္ လို႔သိရွိရပါ တယ္။ ဦးေအာင္ေက်ာ္ထြန္းကလည္း ခြင့္ျပဳခ်က္ မရယူဘဲ အသုံးျပဳမိခဲ့ျခင္းအတြက္ ေတာင္းပန္ခဲ့ၿပီး အႏုပညာကို တန္ဖိုးထားတဲ့အေနနဲ႔ မူပိုင္ခြင့္အႏုပညာေၾကးအျဖစ္ တန္ဖိုး ေငြက်ပ္ (၅) သိန္းတိတိေပးအပ္ဖို႔ကမ္းလွမ္းခဲ့ရာ စိန္မဟာ သဘင္မိသားစုမွ နားလည္လက္ခံခဲ့တယ္လို႔ သိရွိရပါတယ္။ စိန္မဟာသဘင္မိသားစုဘက္ကလည္း အဆိုပါ မူပိုင္ခြင့္ တန္ဖိုး ေငြက်ပ္ (၅) သိန္းကို သဘင္သက္ႀကီးဘိုးဘြားမ်ား ရန္ပုံေငြ ပေဒသာပင္အျဖစ္ ျပန္လည္လႈဒါန္းခဲ့ၾကတယ္လို႔ သိရွိရပါတယ္။ ဒီျဖစ္စဥ္မွာေတာ့ မူပိုင္ခြင့္ကိစၥျပႆနာထုတ္ေဖာ္ရင္း မိမိတို႔ရဲ႕လူမႈေရးေဖာက္ျပားခဲ့မႈကိစၥေတြပါ ထြက္ေပၚခဲ့တဲ့ အႏုပညာ‌ေလာကထဲက အတြင္းေရးသတင္းေတြပဲျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.