မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်

 64

Pika (NP News) - အောက်တိုဘာ ၂၇

မြောက်ကိုရီးယားအစိုးရက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီး ယားစစ်တပ်က ထုတ်ပြန်ပြော ကြားခဲ့သည်။ တောင်ကိုရီးယားတွင်ကျင်းပမည့် အာရှ-ပစိဖိတ်ခေါင်းဆောင်များ၏ အရေးပါသည့်အစည်း အဝေးမတိုင်မီ မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်း ဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ် ခဲ့ခြင်းဖြစ်သည်။
အဆိုပါပစ်လွှတ်မှုသည် ပြီးခဲ့သည့် မေလ နောက်ပိုင်း မြောက်ကိုရီးယားက ပထမဆုံးအကြိမ်လုပ် ဆောင်ခဲ့သော ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ် မှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည်လာမည့် သီတင်းပတ်အတွင်း တောင်ကိုရီးယားတွင်ကျင်းပမည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် (APEC) ၏ ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံသွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ထို့ပြင် ဒေါ်နယ်ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံရန်မျှော်လင့်ထားကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့အနီးရှိ ဧရိယာတစ်ခုမှ အရှေ့မြောက်ဘက်သို့ပစ်လွှတ်ခဲ့ သော တာတိုပစ်ပဲ့ထိန်း ဒုံးကျည်ဟုယူဆရသည့် ဒုံးကျည်အများအပြားကို ခြေရာခံတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန် ချက်တွင် ရေးသားဖော်ပြထားသည်။ မြောက်ကိုရီးယားကပစ်လွှတ် လိုက်သောတာတိုပစ်ပဲ့ထိန်းဒုံးကျည်များသည် အကွာအဝေး(၃၅၀)ကီလိုမီတာခန့် ပျံသန်းသွားခဲ့ပြီး ကုန်းတွင်းပိုင်းသို့ ကျရောက်သွားခဲ့ပုံပေါ်ကြောင်း တောင်ကိုရီး ယားစစ်တပ်က ထုတ်ပြန်‌ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား၏ တာတိုပစ်ပဲ့ထိန်း ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကို အမေရိကန်၊ ဂျပန်တို့ နှင့်မျှဝေခဲ့ကြောင်း တောင်ကိုရီး ယားစစ်တပ်က ပြောကြားခဲ့သည်။

Zawgyi Version:
ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္လႊတ္
Pika (NP News) - ေအာက္တိုဘာ ၂၇
ေျမာက္ကိုရီးယားအစိုးရက တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီး ယားစစ္တပ္က ထုတ္ျပန္ေျပာ ၾကားခဲ့သည္။ ေတာင္ကိုရီးယားတြင္က်င္းပမည့္ အာရွ-ပစိဖိတ္ေခါင္းေဆာင္မ်ား၏ အေရးပါသည့္အစည္း အေဝးမတိုင္မီ ေျမာက္ကိုရီးယားက တာတိုပစ္ပဲ့ထိန္း ဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္လႊတ္ ခဲ့ျခင္းျဖစ္သည္။
အဆိုပါပစ္လႊတ္မႈသည္ ၿပီးခဲ့သည့္ ေမလ ေနာက္ပိုင္း ေျမာက္ကိုရီးယားက ပထမဆုံးအႀကိမ္လုပ္ ေဆာင္ခဲ့ေသာ ပဲ့ထိန္းဒုံးက်ည္မ်ား စမ္းသပ္ပစ္လႊတ္ မႈတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ေတာင္ကိုရီးယားသမၼတ လီေဂ်းေျမာင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔သည္လာမည့္ သီတင္းပတ္အတြင္း ေတာင္ကိုရီးယားတြင္က်င္းပမည့္ အာရွ-ပစိဖိတ္စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဖိုရမ္ (APEC) ၏ ထိပ္သီးအစည္းအေဝးတြင္ ေတြ႕ဆုံသြားႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ ေဒၚနယ္ထရမ့္သည္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္လည္း ေတြ႕ဆုံရန္ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕အနီးရွိ ဧရိယာတစ္ခုမွ အေရွ႕ေျမာက္ဘက္သို႔ပစ္လႊတ္ခဲ့ ေသာ တာတိုပစ္ပဲ့ထိန္း ဒုံးက်ည္ဟုယူဆရသည့္ ဒုံးက်ည္အမ်ားအျပားကို ေျခရာခံေတြ႕ရွိခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္၏ ထုတ္ျပန္ ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။ ေျမာက္ကိုရီးယားကပစ္လႊတ္ လိုက္ေသာတာတိုပစ္ပဲ့ထိန္းဒုံးက်ည္မ်ားသည္ အကြာအေဝး(၃၅၀)ကီလိုမီတာခန႔္ ပ်ံသန္းသြားခဲ့ၿပီး ကုန္းတြင္းပိုင္းသို႔ က်ေရာက္သြားခဲ့ပုံေပၚေၾကာင္း ေတာင္ကိုရီး ယားစစ္တပ္က ထုတ္ျပန္‌ေျပာၾကားခဲ့သည္။ ထို႔ျပင္ ေျမာက္ကိုရီးယား၏ တာတိုပစ္ပဲ့ထိန္း ဒုံးက်ည္မ်ား စမ္းသပ္ ပစ္လႊတ္မႈႏွင့္ပတ္သက္ၿပီး သတင္းအခ်က္အလက္မ်ားကို အေမရိကန္၊ ဂ်ပန္တို႔ ႏွင့္မွ်ေဝခဲ့ေၾကာင္း ေတာင္ကိုရီး ယားစစ္တပ္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.