ပြင်သစ်နိုင်ငံရှိ နောက်ထပ်ပြတိုက်တစ်ခု ထပ်မံဖောက်ထွင်းခံရ

 287

Pika (NP News) - အောက်တိုဘာ ၂၇

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Louvre ပြတိုက်မှ တော်ဝင်လက်ဝတ်ရတနာများ ဓားပြတိုက်ခံရပြီး နောက်ရက်ပိုင်း အကြာတွင် နောက်ထပ် ပြတိုက်တစ်ခု ထပ်မံဖောက်ထွင်းခံခဲ့ရကြောင်းသိရသည်။ အဆိုပါ ဖောက်ထွင်းမှုအတွင်း ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Langres အသိုင်းအဝိုင်းရှိ Denis Diderot House of Enlightenment ပြတိုက် တွင်ရှိသော တန်ဖိုးကြီး ဒင်္ဂါးပြား(၂၀ဝဝ)နီးပါး ခိုးယူခံခဲ့ရကြောင်း သိရသည်။ ယခုကဲ့သို့ ပြတိုက်ဖောက်ထွင်းခံရမှုများ နှင့်ပတ်သက်ပြီး အစိုးရ၏ ယဉ်ကျေးမှုအမွေအနှစ် လုံခြုံရေးကိုကိုင်တွယ်မှုအပေါ် ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ ကြောင်းလည်း သိရသည်။ Denis Diderot House of Enlightenment ပြတိုက်၏ ရှေ့တံခါးမှာချိုးဖျက်ခံထားရပြီး ရှေးဟောင်းပစ္စည်း များပြသထားသည့် မှန်များကွဲနေသည်ကို ပြတိုက်ဝန်ထမ်းများက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တန်ဖိုး ကြီး ရွှေနှင့်ငွေဒင်္ဂါးပြားများခိုးယူခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ခိုးယူခံရမှုအတွင်း (၁၈)ရာစုနှင့် (၁၉)ရာ စုမှ ငွေဒင်္ဂါးပြား(၁၆၃၃)ပြားနှင့် ရွှေဒင်္ဂါးပြား(၃၁၉)ပြားပါသွားခဲ့ပြီး ခန့်မှန်းခြေတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၁၀၄၀ဝဝ)ခန့်ရှိကြောင်း အာဏာပိုင် များက ထုတ်ပြန်ပြောကြားခဲ့သည်။ ခိုးယူခံရသော ဒင်္ဂါးပြားများသည် Denis Diderot House of Enlightenment ပြတိုက်၏ ရတနာစုဆောင်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး (၂၀၁၁)ခုနှစ်တွင် အဆောက်အအုံပြန်လည်ပြုပြင်မှုများအတွင်း ဆောက်လုပ်ရေး အလုပ်သမား များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ခသိရသည်။ အဆိုပါဖောက်ထွင်းဝင်ရောက်မှုသည် ကြိုတင်ပြင်ဆင်ထားပုံပေါ် ပြီး အခြားရှေးဟောင်းပစ္စည်း များကိုထိခြင်းမျိုးမရှိဘဲချန်ထားခဲ့ကာ ရွေးချယ်ထားသော အဖိုးတန်ပစ္စည်းများကိုသာ ယူ ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမြို့တော်ဝန်ရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် Denis Diderot House of Enlightenment ပြတိုက်ရှိ လုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်နေပြီး ညလုံးပေါက် စောင့်ကြည့်မှုများ လုပ်ဆောင်ရန် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုကို တာဝန်ပေးအပ်ထားကြောင်း ဒေသတွင်းအာဏာပိုင်များက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
ျပင္သစ္ႏိုင္ငံရွိ ေနာက္ထပ္ျပတိုက္တစ္ခု ထပ္မံေဖာက္ထြင္းခံရ
Pika (NP News) - ေအာက္တိုဘာ ၂၇
ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ရွိ Louvre ျပတိုက္မွ ေတာ္ဝင္လက္ဝတ္ရတနာမ်ား ဓားျပတိုက္ခံရၿပီး ေနာက္ရက္ပိုင္း အၾကာတြင္ ေနာက္ထပ္ ျပတိုက္တစ္ခု ထပ္မံေဖာက္ထြင္းခံခဲ့ရေၾကာင္းသိရသည္။ အဆိုပါ ေဖာက္ထြင္းမႈအတြင္း ျပင္သစ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Langres အသိုင္းအဝိုင္းရွိ Denis Diderot House of Enlightenment ျပတိုက္ တြင္ရွိေသာ တန္ဖိုးႀကီး ဒဂၤါးျပား(၂၀ဝဝ)နီးပါး ခိုးယူခံခဲ့ရေၾကာင္း သိရသည္။ ယခုကဲ့သို႔ ျပတိုက္ေဖာက္ထြင္းခံရမႈမ်ား ႏွင့္ပတ္သက္ၿပီး အစိုးရ၏ ယဥ္ေက်းမႈအေမြအႏွစ္ လုံၿခဳံေရးကိုကိုင္တြယ္မႈအေပၚ ျပစ္တင္ေဝဖန္မႈမ်ား ထြက္ေပၚလာခဲ့ ေၾကာင္းလည္း သိရသည္။ Denis Diderot House of Enlightenment ျပတိုက္၏ ေရွ႕တံခါးမွာခ်ိဳးဖ်က္ခံထားရၿပီး ေရွးေဟာင္းပစၥည္း မ်ားျပသထားသည့္ မွန္မ်ားကြဲေနသည္ကို ျပတိုက္ဝန္ထမ္းမ်ားက ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ တန္ဖိုး ႀကီး ေ႐ႊႏွင့္ေငြဒဂၤါးျပားမ်ားခိုးယူခံခဲ့ရေၾကာင္း သတင္းမ်ား ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။
ခိုးယူခံရမႈအတြင္း (၁၈)ရာစုႏွင့္ (၁၉)ရာ စုမွ ေငြဒဂၤါးျပား(၁၆၃၃)ျပားႏွင့္ ေ႐ႊဒဂၤါးျပား(၃၁၉)ျပားပါသြားခဲ့ၿပီး ခန႔္မွန္းေျခတန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ(၁၀၄၀ဝဝ)ခန႔္ရွိေၾကာင္း အာဏာပိုင္ မ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ခိုးယူခံရေသာ ဒဂၤါးျပားမ်ားသည္ Denis Diderot House of Enlightenment ျပတိုက္၏ ရတနာစုေဆာင္းမႈမ်ား၏ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး (၂၀၁၁)ခုႏွစ္တြင္ အေဆာက္အအုံျပန္လည္ျပဳျပင္မႈမ်ားအတြင္း ေဆာက္လုပ္ေရး အလုပ္သမား မ်ားက ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ခသိရသည္။ အဆိုပါေဖာက္ထြင္းဝင္ေရာက္မႈသည္ ႀကိဳတင္ျပင္ဆင္ထားပုံေပၚ ၿပီး အျခားေရွးေဟာင္းပစၥည္း မ်ားကိုထိျခင္းမ်ိဳးမရွိဘဲခ်န္ထားခဲ့ကာ ေ႐ြးခ်ယ္ထားေသာ အဖိုးတန္ပစၥည္းမ်ားကိုသာ ယူ ေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသတြင္းၿမိဳ႕ေတာ္ဝန္႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့သည္။ လက္ရွိအခ်ိန္တြင္ Denis Diderot House of Enlightenment ျပတိုက္ရွိ လုံၿခဳံေရးစနစ္ကို အဆင့္ျမႇင့္တင္ေနၿပီး ညလုံးေပါက္ ေစာင့္ၾကည့္မႈမ်ား လုပ္ေဆာင္ရန္ ပုဂၢလိကလုံၿခဳံေရးကုမၸဏီတစ္ခုကို တာဝန္ေပးအပ္ထားေၾကာင္း ေဒသတြင္းအာဏာပိုင္မ်ားက ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.