BLACKPINK အဖွဲ့ဝင် လီဆာ၊ ကမ္ဘာတစ်ဝှမ်း တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေအတွက် Wasserman Music နဲ့ စာချုပ်ချုပ်

 91

ရောင်နီ (NP News) - အောက်တိုဘာ ၂၇

တောင်ကိုရီးယား အမျိုးသမီး K Pop အဖွဲ့ BLACKPINK ရဲ့အဖွဲ့ဝင် လီဆာ ဟာ တစ်ကိုယ်တော် ကမ္ဘာလုံးဆိုင်ရာ ဖျော်ဖြေပွဲ ခရီးစဉ်အတွက် ဂီတလောကမှာ ဂုဏ်သိက္ခာအရှိဆုံး အေဂျင်စီတစ်ခုဖြစ်တဲ့ Wasserman Music နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ထိုင်းစူပါစတား တစ်ယောက်အနေနဲ့ တစ်ကိုယ်တော်အနုပညာရှင် တစ်ယောက်အဖြစ် သူမရဲ့နောက်ထပ်ခြေလှမ်းပြင်ဆင်နေပြီလို့ ဆိုနိုင်ပါတယ်။
ဒီစာချုပ်ဟာ အဆင့်မြင့်ထုတ်လုပ်ရေးတွေ၊ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးတွေနဲ့ လီဆာရဲ့ ထူးခြား တဲ့အရည်အချင်းတွေကို ကမ္ဘာတစ်ဝှမ်းက စင်မြင့်တွေဆီ ယူဆောင်ပေးနိုင်မယ့် အခွင့်အလမ်းတွေနဲ့အတူ နိုင်ငံတကာ ပရိသတ်တွေဆီ ပိုမိုတိုးချဲ့နိုင်ဖို့ တံခါးဖွင့်ပေးနိုင်ပါတယ်။ ဒီစာချုပ်ချုပ်ဆိုမှုဟာ လီဆာအတွက် နိုင်ငံတကာ ဂီတဖြန့်ဖြူးရေးအတွက် RCA Records၊ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလောကမှာ သူမရဲ့သရုပ်ဆောင် ပရောဂျက်တွေအတွက် WME (William Morris Endeavor) နဲ့လည်း ချိတ်ဆက်ထားပြီးဖြစ်စေပါတယ်။ အေဂျင်စီ တွေရဲ့ပေါင်းစပ်မှုနဲ့အတူ လီဆာအတွက် လာမယ့်ပရောဂျက်တွေမှာ ခိုင်မာတဲ့လုပ်ငန်းပိုင်းဆိုင်ရာပံ့ပိုးမှုတွေ ရရှိ နိုင်မယ်လို့ မျှော်လင့်ရပါတယ်။
လီဆာဟာ တစ်ကိုယ်တော်လှုပ်ရှားမှုတွေအတွက် လုပ်ဆောင်နေချိန်မှာပဲ လက်ရှိ Blackpink အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး၊ ဂျင်းနီ၊ ရိုစ်တို့နဲ့အတူ DEADLINE World Tour ကို ကမ္ဘာတစ်ဝှမ်းက မြို့အများအပြားမှာ ဖျော်ဖြေလျက်ရှိနေပါတယ်။

Zawgyi Version:
BLACKPINK အဖြဲ႕ဝင္ လီဆာ၊ ကမာၻတစ္ဝွမ္း တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေတြအတြက္ Wasserman Music နဲ႔ စာခ်ဳပ္ခ်ဳပ္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၇
ေတာင္ကိုရီးယား အမ်ိဳးသမီး K Pop အဖြဲ႕ BLACKPINK ရဲ႕အဖြဲ႕ဝင္ လီဆာ ဟာ တစ္ကိုယ္ေတာ္ ကမာၻလုံးဆိုင္ရာ ေဖ်ာ္ေျဖပြဲ ခရီးစဥ္အတြက္ ဂီတေလာကမွာ ဂုဏ္သိကၡာအရွိဆုံး ေအဂ်င္စီတစ္ခုျဖစ္တဲ့ Wasserman Music နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။ ဒါဟာ ထိုင္းစူပါစတား တစ္ေယာက္အေနနဲ႔ တစ္ကိုယ္ေတာ္အႏုပညာရွင္ တစ္ေယာက္အျဖစ္ သူမရဲ႕ေနာက္ထပ္ေျခလွမ္းျပင္ဆင္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။
ဒီစာခ်ဳပ္ဟာ အဆင့္ျမင့္ထုတ္လုပ္ေရးေတြ၊ ကမာၻလုံးဆိုင္ရာေထာက္ပံ့ပို႔ေဆာင္ေရးေတြနဲ႔ လီဆာရဲ႕ ထူးျခား တဲ့အရည္အခ်င္းေတြကို ကမာၻတစ္ဝွမ္းက စင္ျမင့္ေတြဆီ ယူေဆာင္ေပးႏိုင္မယ့္ အခြင့္အလမ္းေတြနဲ႔အတူ ႏိုင္ငံတကာ ပရိသတ္ေတြဆီ ပိုမိုတိုးခ်ဲ႕ႏိုင္ဖို႔ တံခါးဖြင့္ေပးႏိုင္ပါတယ္။ ဒီစာခ်ဳပ္ခ်ဳပ္ဆိုမႈဟာ လီဆာအတြက္ ႏိုင္ငံတကာ ဂီတျဖန႔္ျဖဴးေရးအတြက္ RCA Records၊ ႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကားေလာကမွာ သူမရဲ႕သ႐ုပ္ေဆာင္ ပေရာဂ်က္ေတြအတြက္ WME (William Morris Endeavor) နဲ႔လည္း ခ်ိတ္ဆက္ထားၿပီးျဖစ္ေစပါတယ္။ ေအဂ်င္စီ ေတြရဲ႕ေပါင္းစပ္မႈနဲ႔အတူ လီဆာအတြက္ လာမယ့္ပေရာဂ်က္ေတြမွာ ခိုင္မာတဲ့လုပ္ငန္းပိုင္းဆိုင္ရာပံ့ပိုးမႈေတြ ရရွိ ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
လီဆာဟာ တစ္ကိုယ္ေတာ္လႈပ္ရွားမႈေတြအတြက္ လုပ္ေဆာင္ေနခ်ိန္မွာပဲ လက္ရွိ Blackpink အဖြဲ႕ဝင္ေတြ ျဖစ္တဲ့ ဂ်ီဆိုး၊ ဂ်င္းနီ၊ ႐ိုစ္တို႔နဲ႔အတူ DEADLINE World Tour ကို ကမာၻတစ္ဝွမ္းက ၿမိဳ႕အမ်ားအျပားမွာ ေဖ်ာ္ေျဖလ်က္ရွိေနပါတယ္။

Related news

© 2021. All rights reserved.