ရွေးကောက်ပွဲတွင် မဲဆွယ်မည့် ကိုယ်စားလှယ်လောင်းများ၏အသုံးစရိတ်ကို တိုးမြှင့်သတ်မှတ်

 222

သန့်ဇင်(NP News)-အောက်တိုဘာ ၂၇
ရွေးကောက်ပွဲတွင် မဲဆွယ်မည့် ကိုယ်စားလှယ်လောင်းများ၏အသုံးစရိတ်ကို သက်ဆိုင်ရာ နည်းဥပဒေများ ကို ပြင်ဆင်ကာ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ယမန်နေ့(အောက်တိုဘာ ၂၆ရက်)က ထုတ်ပြန်ထားကြောင်း သိရသည်။
ယင်းသို့ ပြင်ဆင်ရာတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို တတိယ အကြိမ် ပြင်ဆင်ရာတွင် ပုဒ်မ (၂၁) ၌ မူလက ပါတီတစ်ခုသည် အထွေထွေ ရွေးကောက်ပွဲ၌ဖြစ်စေ၊ ကြားဖြတ်ရွေးကောက်ပွဲ၌ဖြစ်စေ ရွေးကောက်ပွဲ အသုံးစရိတ်ငွေကို မိမိပါတီအား ကိုယ်စားပြု၍ ရွေးကောက်ခံသော ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ဦးစီအတွက်ငွေကျပ်သိန်း (၁၅၀) အထိလည်းကောင်း၊ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် လောင်းတစ်ဦး စီအတွက် ငွေကျပ်သိန်း (၃၀၀) အထိလည်းကောင်း သုံးစွဲနိုင်ကြောင်းပြဌာန်းထားခြင်း ဖြစသည်။
ယင်း ဥပဒေ တွင် ကျပ်သိန်း (၁၅၀)ဆိုသည့် စကားရပ်ကို ငွေကျပ်သိန်း (၃၀၀) ဆိုသည့် စကားရပ်အဖြစ်လည်းကောင်း၊ ငွေကျပ်သိန်း (၃၀၀)ဆိုသည့် စကားရပ်ကို ငွေကျပ်သိန်း(၅၀၀)ဆိုသည့် စကားရပ်အဖြစ်လည်းကောင်း အသီးသီးအစားထိုးရမည်ဖြစ်ကြောင်း အမိန့် ကြော်ငြာစာအမှတ် ၈၃ /၂၀၂၅ ဖြင့် (UEC)က ထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ နည်းဥပဒေ ၉၉ ပါ သိန်း(၁၅၀) ဆိုသည့်စကားရပ်ကို သိန်း(၃၀၀)ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ နည်းဥပဒေ ၉၉ပါ ကျပ်သိန်း (၁၅၀) ဆိုသည့် စကားရပ်များကို ကျပ်သိန်း (၃၀၀) ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်ကြောင်း ပြန်ဆင်ပြဋ္ဌာန်းထားကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ နည်းဥပဒေ ၉၇ နည်းဥပဒေခွဲ(က) နည်းဥပဒေခွဲငယ်(၃) နည်းဥပဒေခွဲငယ်စိတ်(ငင)တွင် ခြွင်းချက်အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါဝင်သော မဲဆန္ဒနယ်အတွင်းရှိ မြို့နယ်များအတွက်ဖြစ်လျှင် ရွေးကောက် တင်မြှောက်ခံရသည့် သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာမြို့နယ်၏ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးစားပေး သတ်မှတ်ပေးရမည်ဖြစ်ကြောင်းလည်း ပြင်ဆင်ပြဋ္ဌာန်းထုတ်ပြန်ထားသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ နည်းဥပဒေ ၉၉ နည်းဥပဒေခွဲ(က) ပါ သိန်း(၁၅၀) ဆိုသည့်စကားရပ်ကို သိန်း (၃၀၀) ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ နည်းဥပဒေခွဲ(ခ)ပါ သိန်း (၃၀၀) ဆိုသည့်စကားရပ်ကို သိန်း (၅၀၀) ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးရမည်ဖြစ်ကြောင်းလည်း ပြင်ဆင်ပြဋ္ဌာန်းထားကြောင်း သိရသည်။
“UECရဲ့အသုံးစရိတ်တိုးမြှင့်မှုကတော့ ခေတ်စနစ်နဲ့လျှော်ညီစွာ ဆောင်ရွက်ပေးတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ကိုယ်စားလှယ်တွေ တကယ်သုံးစွဲတဲ့ ကုန်ကျစရိတ်ပေါ့နော်။ ကုန်ကျစရိတ်ကို ယခင်က ၂၀၁၀-၂၀၁၅၊ ၂၀၁၅-၂၀၂၀ကာလတွေမှာတော့ သိန်း(၁၀၀)ထင်တယ်။ နောက်ပိုင်းကျတော့ သိန်း (၁၅၀)ပေါ့။ အခုက (၃၀၀)ဆိုတဲ့အခါကျတော့ စည်းရုံးရေးစရိတ်ကို ပိုပြီးတိုးမြှင့်ပြီးတော့ လုပ်ပေးလိုက် တဲ့ဟာသည် သဘာဝပိုကျတယ်လို့မြင်ပါတယ်။ အမှန်တကယ်ကုန်ဈေးနှုန်းနဲ့တွက်မယ်ဆိုရင် သိန်း(၁၀၀)နဲ့ ဆိုတဲ့ဟာက ပန့်ဖလပ်ရိုက် တာတို့။ ကျွန်တော်တို့ ပို့စတာတွေလုပ်တာတို့ အင်္ကျီဝေမယ်ဆိုရင်လည်းပဲရှိကောင်းရှိနိုင်တာပေါ့။ ပါတီဝင်တွေကိုပြောတာပေါ့နော်။ ပြည်သူတွေကိုတော့ ဘာလက်ဆောင်မှပေးလို့မှမရတာကိုး။ အဲဒါကြောင့် UECရဲ့ တိုးမြှင့်ပေးလိုက်မှုက ခေတ်စနစ်နဲ့လျှော်ညီစွာ ဆောင်ရွက် ပေးတယ်လို့ ဒီလိုပဲမြင်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက NP News ကိုပြောသည်။
မဲဆွယ်စည်းရုံးရေးကာလတွင် ကိုယ်စားလှယ်လောင်းအများစုအနေဖြင့် ကျပ်သိန်း (၃၀၀)အထိ သုံးစွဲနိုင်ခြေမရှိကြောင်းလည်း ပြည်သူ့ရှေ့ဆောင်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အများစုကတော့ သုံးနိုင်တဲ့အခြေအနေမရှိပါဘူး။ တချို့သုံးနိုင်တဲ့လူကျတော့လည်း (၁၅၀)ကန့်သက်ထားတာနည်းနေတာပေါ့လေ။ သုံးနိုင်တဲ့လူအတွက်ပဲ ပြန်ပြီးတော့ ပြင်ပေးလိုက်တယ်လို့ပဲထင်ပါတယ်။ နိုင်ငံရေးပါတီတော်တော်များများက အဲဒီလောက် ပမာဏအထိ သုံးနိုင်ဖို့ အစီစဉ်မရှိဘူး။ အများဆုံး တစ်ချို့ကိုယ်စားလှယ်တွေဆိုရင် သိန်း (၃၀)၊ (၄၀)လောက်ပဲသုံးနိုင်မယ်။ တချို့ကိုယ်စားလှယ်တွေ ကျတော့လည်း (၁၀၀)ပတ်ဝန်းကျင်အဲဒီလောက်ပဲသုံးနိုင်ကျမယ်။ အများဆုံးပေါ့လေ။ သုံးနိုင်တဲ့အခြေဆိုတာလည်း ကိုယ်စားလှယ် လောင်းရဲ့ စီးပွားရေးပေါ်မှာပဲ မူတည်တာပေါ့”ဟု ပြည်သူ့ရှေ့ဆောင်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲတြင္ မဲဆြယ္မည့္ ကိုယ္စားလွယ္ေလာင္းမ်ား၏အသုံးစရိတ္ကို တိုးျမႇင့္သတ္မွတ္
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၂၇
ေ႐ြးေကာက္ပြဲတြင္ မဲဆြယ္မည့္ ကိုယ္စားလွယ္ေလာင္းမ်ား၏အသုံးစရိတ္ကို သက္ဆိုင္ရာ နည္းဥပေဒမ်ား ကို ျပင္ဆင္ကာ တိုးျမႇင့္သတ္မွတ္လိုက္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC)က ယမန္ေန႔(ေအာက္တိုဘာ ၂၆ရက္)က ထုတ္ျပန္ထားေၾကာင္း သိရသည္။
ယင္းသို႔ ျပင္ဆင္ရာတြင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒမ်ားကို တတိယ အႀကိမ္ ျပင္ဆင္ရာတြင္ ပုဒ္မ (၂၁) ၌ မူလက ပါတီတစ္ခုသည္ အေထြေထြ ေ႐ြးေကာက္ပြဲ၌ျဖစ္ေစ၊ ၾကားျဖတ္ေ႐ြးေကာက္ပြဲ၌ျဖစ္ေစ ေ႐ြးေကာက္ပြဲ အသုံးစရိတ္ေငြကို မိမိပါတီအား ကိုယ္စားျပဳ၍ ေ႐ြးေကာက္ခံေသာ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသား လႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္း တစ္ဦးစီအတြက္ေငြက်ပ္သိန္း (၁၅၀) အထိလည္းေကာင္း၊ တိုင္းရင္းသားလူမ်ိဳးလႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္းတစ္ဦး စီအတြက္ ေငြက်ပ္သိန္း (၃၀၀) အထိလည္းေကာင္း သုံးစြဲႏိုင္ေၾကာင္းျပဌာန္းထားျခင္း ျဖစသည္။
ယင္း ဥပေဒ တြင္ က်ပ္သိန္း (၁၅၀)ဆိုသည့္ စကားရပ္ကို ေငြက်ပ္သိန္း (၃၀၀) ဆိုသည့္ စကားရပ္အျဖစ္လည္းေကာင္း၊ ေငြက်ပ္သိန္း (၃၀၀)ဆိုသည့္ စကားရပ္ကို ေငြက်ပ္သိန္း(၅၀၀)ဆိုသည့္ စကားရပ္အျဖစ္လည္းေကာင္း အသီးသီးအစားထိုးရမည္ျဖစ္ေၾကာင္း အမိန႔္ ေၾကာ္ျငာစာအမွတ္ ၈၃ /၂၀၂၅ ျဖင့္ (UEC)က ထုတ္ျပန္ထားေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္သူ႔လႊတ္ေတာ္ေ႐ြးေကာက္ပြဲနည္းဥပေဒမ်ား နည္းဥပေဒ ၉၉ ပါ သိန္း(၁၅၀) ဆိုသည့္စကားရပ္ကို သိန္း(၃၀၀)ဆိုသည့္ စကားရပ္ျဖင့္လည္းေကာင္း၊ အမ်ိဳးသားလႊတ္ေတာ္ေ႐ြးေကာက္ပြဲ နည္းဥပေဒမ်ား နည္းဥပေဒ ၉၉ပါ က်ပ္သိန္း (၁၅၀) ဆိုသည့္ စကားရပ္မ်ားကို က်ပ္သိန္း (၃၀၀) ဆိုသည့္ စကားရပ္ျဖင့္ အစားထိုးရမည္ျဖစ္ေၾကာင္း ျပန္ဆင္ျပ႒ာန္းထားေၾကာင္း သိရသည္။
အလားတူ တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ေ႐ြးေကာက္ပြဲနည္းဥပေဒမ်ား နည္းဥပေဒ ၉၇ နည္းဥပေဒခြဲ(က) နည္းဥပေဒခြဲငယ္(၃) နည္းဥပေဒခြဲငယ္စိတ္(ငင)တြင္ ႁခြင္းခ်က္အျဖစ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသပါဝင္ေသာ မဲဆႏၵနယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားအတြက္ျဖစ္လွ်င္ ေ႐ြးေကာက္ တင္ေျမႇာက္ခံရသည့္ သက္ဆိုင္ရာ ေဒသခံတိုင္းရင္းသားလူမ်ိဳးလႊတ္ေတာ္ကိုယ္စားလွယ္အား သက္ဆိုင္ရာၿမိဳ႕နယ္၏ ကိုယ္စားျပဳလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဦးစားေပး သတ္မွတ္ေပးရမည္ျဖစ္ေၾကာင္းလည္း ျပင္ဆင္ျပ႒ာန္းထုတ္ျပန္ထားသည္။
တိုင္းေဒသႀကီးလႊတ္ေတာ္ သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္ေ႐ြးေကာက္ပြဲနည္းဥပေဒမ်ား နည္းဥပေဒ ၉၉ နည္းဥပေဒခြဲ(က) ပါ သိန္း(၁၅၀) ဆိုသည့္စကားရပ္ကို သိန္း (၃၀၀) ဆိုသည့္စကားရပ္ျဖင့္လည္းေကာင္း၊ နည္းဥပေဒခြဲ(ခ)ပါ သိန္း (၃၀၀) ဆိုသည့္စကားရပ္ကို သိန္း (၅၀၀) ဆိုသည့္စကားရပ္ျဖင့္လည္းေကာင္း အသီးသီးအစားထိုးရမည္ျဖစ္ေၾကာင္းလည္း ျပင္ဆင္ျပ႒ာန္းထားေၾကာင္း သိရသည္။
“UECရဲ႕အသုံးစရိတ္တိုးျမႇင့္မႈကေတာ့ ေခတ္စနစ္နဲ႔ေလွ်ာ္ညီစြာ ေဆာင္႐ြက္ေပးတယ္လို႔ ကြၽန္ေတာ္တို႔ျမင္ပါတယ္။ ကိုယ္စားလွယ္ေတြ တကယ္သုံးစြဲတဲ့ ကုန္က်စရိတ္ေပါ့ေနာ္။ ကုန္က်စရိတ္ကို ယခင္က ၂၀၁၀-၂၀၁၅၊ ၂၀၁၅-၂၀၂၀ကာလေတြမွာေတာ့ သိန္း(၁၀၀)ထင္တယ္။ ေနာက္ပိုင္းက်ေတာ့ သိန္း (၁၅၀)ေပါ့။ အခုက (၃၀၀)ဆိုတဲ့အခါက်ေတာ့ စည္း႐ုံးေရးစရိတ္ကို ပိုၿပီးတိုးျမႇင့္ၿပီးေတာ့ လုပ္ေပးလိုက္ တဲ့ဟာသည္ သဘာဝပိုက်တယ္လို႔ျမင္ပါတယ္။ အမွန္တကယ္ကုန္ေဈးႏႈန္းနဲ႔တြက္မယ္ဆိုရင္ သိန္း(၁၀၀)နဲ႔ ဆိုတဲ့ဟာက ပန႔္ဖလပ္႐ိုက္ တာတို႔။ ကြၽန္ေတာ္တို႔ ပို႔စတာေတြလုပ္တာတို႔ အက်ႌေဝမယ္ဆိုရင္လည္းပဲရွိေကာင္းရွိႏိုင္တာေပါ့။ ပါတီဝင္ေတြကိုေျပာတာေပါ့ေနာ္။ ျပည္သူေတြကိုေတာ့ ဘာလက္ေဆာင္မွေပးလို႔မွမရတာကိုး။ အဲဒါေၾကာင့္ UECရဲ႕ တိုးျမႇင့္ေပးလိုက္မႈက ေခတ္စနစ္နဲ႔ေလွ်ာ္ညီစြာ ေဆာင္႐ြက္ ေပးတယ္လို႔ ဒီလိုပဲျမင္ပါတယ္”ဟု ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက NP News ကိုေျပာသည္။
မဲဆြယ္စည္း႐ုံးေရးကာလတြင္ ကိုယ္စားလွယ္ေလာင္းအမ်ားစုအေနျဖင့္ က်ပ္သိန္း (၃၀၀)အထိ သုံးစြဲႏိုင္ေျခမရွိေၾကာင္းလည္း ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။
“အမ်ားစုကေတာ့ သုံးႏိုင္တဲ့အေျခအေနမရွိပါဘူး။ တခ်ိဳ႕သုံးႏိုင္တဲ့လူက်ေတာ့လည္း (၁၅၀)ကန႔္သက္ထားတာနည္းေနတာေပါ့ေလ။ သုံးႏိုင္တဲ့လူအတြက္ပဲ ျပန္ၿပီးေတာ့ ျပင္ေပးလိုက္တယ္လို႔ပဲထင္ပါတယ္။ ႏိုင္ငံေရးပါတီေတာ္ေတာ္မ်ားမ်ားက အဲဒီေလာက္ ပမာဏအထိ သုံးႏိုင္ဖို႔ အစီစဥ္မရွိဘူး။ အမ်ားဆုံး တစ္ခ်ိဳ႕ကိုယ္စားလွယ္ေတြဆိုရင္ သိန္း (၃၀)၊ (၄၀)ေလာက္ပဲသုံးႏိုင္မယ္။ တခ်ိဳ႕ကိုယ္စားလွယ္ေတြ က်ေတာ့လည္း (၁၀၀)ပတ္ဝန္းက်င္အဲဒီေလာက္ပဲသုံးႏိုင္က်မယ္။ အမ်ားဆုံးေပါ့ေလ။ သုံးႏိုင္တဲ့အေျခဆိုတာလည္း ကိုယ္စားလွယ္ ေလာင္းရဲ႕ စီးပြားေရးေပၚမွာပဲ မူတည္တာေပါ့”ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.