မန္တလေး တွင် အမျိုးသမီး နှစ်ဦးကို တူဖြင့် ထု ရိုက်သတ်ဖြတ်ပြီး ရွှေ နှင့် ငွေများ ယူဆောင်သော ဖြစ်စဥ်ကို အမျိုးအရင်းက ကျူးလွန်ခြင်း ဖြစ်

1126

(NP News) - အောက်တိုဘာလ ၂၇
မန္တလေး တွင် အမျိုးသမီး နှစ်ဦးကို တူဖြင့် ထု ရိုက်သတ်ဖြတ်ပြီး ရွှေ နှင့် ငွေများ ယူဆောင်သော ဖြစ်စဥ်ကို အမျိုးအရင်းက ကျူးလွန်သွားခြင်း ဖြစ်ကြောင်း နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာ စည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်းသတင်းအရ ချမ်းမြသာစည် မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်စား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် (၈၄)နှစ်ကို နေအိမ်မြေညီထပ် ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အတူနေ ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆)နှစ်အား မြေညီထပ်ဧည့်ခန်း ခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက် ရရှိထားသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ချမ်းမြသာ စည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ မစိုးစိုးထွန်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းအား အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စိုးစိုးထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသဖြင့် ငွေကြေး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ၂၀၂၅ ဇူလိုင်လတွင် ၎င်း၏အဒေါ်တော်စပ်ပြီး မိသားစုကဲ့သို့ ရင်းနှီး၍ ဝင်ထွက်သွားလာနေသည့် ဒေါ်ခင်စိုးမြင့်မှ မန္တလေးမြို့၊ မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်အား ရောင်းချသည်ကို သိရှိရသဖြင့် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်မှ အိမ်ရောင်းရငွေ အကျေအလည် ရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား ပြန်လည်ဝယ်ယူ ပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ၎င်း၏အခက်အခဲအား ဆောင်ရွက်ပေးမှု မရှိကြောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်မှ ၎င်းအား ဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါ်ခင်စိုးမြင့်၊ တူမတော်စပ်သူ မအေးအေးခိုင်တို့နှင့်အတူ ဈေးဝယ်ထွက်ပြီးနောက် နံနက် ၁၁ နာရီခန့် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ နေ့လယ်စာ စားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ် အိပ်ပျော်နေစဉ် နေအိမ်ဝင်ပေါက်အနီး သစ်သားသေတ္တာ အတွင်းမှ သံရိုက်တူအား ယူဆောင်ကာ မအေးအေးခိုင်အား ၃ ချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ် ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်း ထားသည့် “အောင်သမာဓိ"တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံး၊ အိပ်ယာပေါ်ရှိ ငွေကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့သို့ ပြန်လာခဲ့ကြောင်း၊ အောက်တိုဘာ ရက်တွင် ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးအား ရောင်းချကာ ၎င်းချေးငှားထားသည့် ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်။
ထိုသို့ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့အား သံရိုက်တူဖြင့် ထုရိုက်ခဲ့သည့် စိုးစိုးထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် သိမ်းဆည်း ရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။
zawgyi version
မႏၲေလး တြင္ အမ်ိဳးသမီး ႏွစ္ဦးကို တူျဖင့္ ထု ႐ိုက္သတ္ျဖတ္ၿပီး ေ႐ႊ ႏွင့္ ေငြမ်ား ယူေဆာင္ေသာ ျဖစ္စဥ္ကို အမ်ိဳးအရင္းက က်ဴးလြန္ျခင္း ျဖစ္
(NP News) - ေအာက္တိုဘာလ ၂၇
မႏၲေလး တြင္ အမ်ိဳးသမီး ႏွစ္ဦးကို တူျဖင့္ ထု ႐ိုက္သတ္ျဖတ္ၿပီး ေ႐ႊ ႏွင့္ ေငြမ်ား ယူေဆာင္ေသာ ျဖစ္စဥ္ကို အမ်ိဳးအရင္းက က်ဴးလြန္သြားျခင္း ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ေအာက္တိုဘာ ၂၆ ရက္ နံနက္ ၉ နာရီက မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာ စည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၂)ရပ္ကြက္၊ လမ္း ၇၀ (ေအ)၊ ၁၀၇ လမ္းႏွင့္ ၁၀၈ လမ္းၾကားရွိ အိမ္အမွတ္ (၁၇၂)ေနအိမ္၌ အမ်ိဳးသမီးတစ္ဦး အသတ္ခံရေၾကာင္းသတင္းအရ ခ်မ္းျမသာစည္ ၿမိဳ႕နယ္၊ အမွတ္(၁၁)နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္ စစ္ေဆးခဲ့ရာ အဆိုပါေနအိမ္ပိုင္ရွင္ အၿငိမ္စား စာၾကည့္တိုက္မႉး ေဒၚခင္စိုးျမင့္ (၈၄)ႏွစ္ကို ေနအိမ္ေျမညီထပ္ ဧည့္ခန္းအတြင္းရွိ ထိုင္ခုံေပၚတြင္ ဦးေခါင္းေပါက္ၿပဲဒဏ္ရာတစ္ခ်က္ျဖင့္ ေသဆုံးေနၿပီး အတူေန ၎၏ေျမးျဖစ္သူ ေဒၚေအးေအးခိုင္ (၃၆)ႏွစ္အား ေျမညီထပ္ဧည့္ခန္း ခုတင္ေပၚတြင္ ဦးေခါင္း၊ ဝဲနားထင္တို႔၌ ေပါက္ၿပဲဒဏ္ရာႏွစ္ခ်က္ ရရွိထားသည္ကို စစ္ေဆး ေတြ႕ရွိရသျဖင့္ ခ်မ္းျမသာ စည္ၿမိဳ႕နယ္၊ အမွတ္(၁၁)နယ္ေျမရဲစခန္း(ပ) ၁၈၉/၂၀၂၅၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၃၂၆ ျဖင့္ အမႈေရးဖြင့္ စစ္ေဆးေဆာင္႐ြက္ခဲ့သည္။
ျပစ္မႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးအတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းေဖာ္ထုတ္ျခင္းမ်ားေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမွာ ေသဆုံးသူ၏ တူမေတာ္စပ္သူ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၃) အမွတ္(၄) အေျခခံပညာအလယ္တန္းေက်ာင္း၌ တြဲဘက္ တာဝန္ထမ္းေဆာင္ေနသည့္ အလယ္တန္းျပဆရာမ မစိုးစိုးထြန္း ျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသျဖင့္ ဖမ္းဆီးရမိႏိုင္ေရး ေဆာင္႐ြက္ခဲ့ရာ ၎အား ေအာက္တိုဘာ ၂၆ ရက္ ညေန ၅ နာရီေက်ာ္တြင္ အခင္းျဖစ္ေနအိမ္သို႔ ျပန္လည္ေရာက္ရွိလာစဥ္ ဖမ္းဆီးရမိခဲ့သည္။
ဖမ္းဆီးရမိတရားခံ စိုးစိုးထြန္း၏ ထြက္ဆိုခ်က္အရ ၎သည္ ၂၀၂၃ ခုႏွစ္ ဇူလိုင္လခန႔္မွစ၍ ႏြားထိုးႀကီးၿမိဳ႕နယ္မွ ယာယီေနရပ္စြန႔္ခြာ၍ ျပင္ဦးလြင္ၿမိဳ႕၌ အိမ္ငွားရမ္းေနထိုင္ခဲ့ရသျဖင့္ ေငြေၾကး အခက္အခဲမ်ားစြာရွိခဲ့ေၾကာင္း၊ ၂၀၂၅ ဇူလိုင္လတြင္ ၎၏အေဒၚေတာ္စပ္ၿပီး မိသားစုကဲ့သို႔ ရင္းႏွီး၍ ဝင္ထြက္သြားလာေနသည့္ ေဒၚခင္စိုးျမင့္မွ မႏၲေလးၿမိဳ႕၊ ၿမိဳ႕သစ္(၅)ရပ္ကြက္ရွိ ေနအိမ္အား ေရာင္းခ်သည္ကို သိရွိရသျဖင့္ ေငြေခ်းယူခဲ့ရာ ေဒၚခင္စိုးျမင့္မွ အိမ္ေရာင္းရေငြ အေက်အလည္ ရရွိပါက စီစဥ္ေပးမည္ဟုေျပာၾကားခဲ့ၿပီး ေငြအေက်အလည္ရရွိၿပီး အခင္းျဖစ္ပြားခဲ့သည့္ ေနအိမ္အား ျပန္လည္ဝယ္ယူ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ေသာ္လည္း ၎၏အခက္အခဲအား ေဆာင္႐ြက္ေပးမႈ မရွိေၾကာင္း၊ ေအာက္တိုဘာ ၂၄ ရက္တြင္ ေဒၚခင္စိုးျမင့္မွ ၎အား ဖုန္းဆက္ေခၚ၍ အခင္းျဖစ္ေနအိမ္သို႔ ထပ္မံေရာက္ရွိေနထိုင္ခဲ့ၿပီး ေအာက္တိုဘာ ၂၅ ရက္ နံနက္ပိုင္းတြင္ ေဒၚခင္စိုးျမင့္၊ တူမေတာ္စပ္သူ မေအးေအးခိုင္တို႔ႏွင့္အတူ ေဈးဝယ္ထြက္ၿပီးေနာက္ နံနက္ ၁၁ နာရီခန႔္ ေနအိမ္သို႔ျပန္လည္ေရာက္ရွိခဲ့ေၾကာင္း၊ ေန႔လယ္စာ စားၿပီးခ်ိန္တြင္ မေအးေအးခိုင္မွာ ေျမညီထပ္ဧည့္ခန္းအတြင္းရွိ ခုတင္ေပၚ အိပ္ေပ်ာ္ေနစဥ္ ေနအိမ္ဝင္ေပါက္အနီး သစ္သားေသတၱာ အတြင္းမွ သံ႐ိုက္တူအား ယူေဆာင္ကာ မေအးေအးခိုင္အား ၃ ခ်က္ခန႔္ထု႐ိုက္ၿပီး ထိုင္ခုံေပၚ ထိုင္ေနသည့္ ေဒၚခင္စိုးျမင့္၏ ဦးေခါင္းငယ္ထိပ္အား တစ္ခ်က္ထု႐ိုက္ခဲ့ေၾကာင္း၊ ထို႔ေနာက္ ေဒၚခင္စိုးျမင့္ အိပ္ခန္းအတြင္းရွိ သံေသတၱာအား တူျဖင့္႐ိုက္ဖ်က္ကာ ေသတၱာအတြင္းသိမ္းဆည္း ထားသည့္ “ေအာင္သမာဓိ"တံဆိပ္ပါ ေ႐ႊ ၁၀ က်ပ္သားတုံး ၁ တုံး၊ အိပ္ယာေပၚရွိ ေငြက်ပ္သိန္း ၁၀၀ တို႔ကို ယူေဆာင္ကာ ျပင္ဦးလြင္ၿမိဳ႕သို႔ ျပန္လာခဲ့ေၾကာင္း၊ ေအာက္တိုဘာ ရက္တြင္ ေဒၚခင္စိုးျမင့္ ေနအိမ္မွ ယူေဆာင္လာသည့္ ေ႐ႊတုံးအား ေရာင္းခ်ကာ ၎ေခ်းငွားထားသည့္ ေငြေၾကးမ်ား ျပန္လည္ေပးဆပ္သုံးစြဲခဲ့ေၾကာင္း စစ္ေဆးေဖာ္ထုတ္သိရွိရသည္။
ထိုသို႔ ေငြေၾကးအခက္အခဲေၾကာင့္ အေဒၚျဖစ္သူႏွင့္ တူမျဖစ္သူတို႔အား သံ႐ိုက္တူျဖင့္ ထု႐ိုက္ခဲ့သည့္ စိုးစိုးထြန္းအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရးႏွင့္ သိမ္းဆည္း ရန္က်န္ သက္ေသခံပစၥည္းမ်ား ျပန္လည္သိမ္းဆည္းရရွိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သက္ဆိုင္ရာမွ သိရသည္။