ဖိလစ်ပိုင် တအားလ်မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာမြေကြီးရဲ့ ဘူမိဗေဒဆိုင်ရာ ထူးဆန်း အံ့သြစရာများ

 762

HtayOung #OungMarine(NP News)-Oct 28
လွန်ခဲ့တဲ့ အောက်တိုဘာ ၂၆-ရက် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တောင်ဘက် မိုင် ၃၀ ခန့်အကွာမှာ “တအားလ် မီးတောင်” ပေါက်ကွဲမှုဖြစ်ပွားတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကမ္ဘာကြီးရဲ့ ဘူမိသိပ္ပံ- ပထဝီနိုင်ငံရေးဆိုင်ရာ ဆက်စပ်မှုများဟာ အလွန်စိတ်ဝင်စား မှတ်သား စရာကောင်းလှပါတယ်။

တအားလ်မီးတောင်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ လူစည်ကားတဲ့ မနီလာ- ဘတ်တန်ဂတ်စ်မြို့များအကြားမှာ တည်ရှိ တယ်။ ဘတ်တန်ဂတ်စ်မြို့တည်နေပုံက မြောက်ပိုင်းကို တဖြည်းဖြည်း မြင့်တက်သွားတဲ့ ဆင်ခြေလျော မြေပြင် ပေါ်မှာ ဖြစ်တဲ့အတွက် အလွန်လှပပါတယ်။ အသက်မွေး အလုပ်အရ နှစ်မြို့စလုံးကို အကြိမ်ကြိမ် ရောက်ဖူးပေမယ့် တအားလ်မီးတောင်ကတော့ အတွင်းပိုင်းအတော်ရောက်နေလို့ တကူးတက သွား မကြည့်နိုင်ခဲ့ပါ။

ယခုပေါက်ကွဲတဲ့ မီးတောင်ဟာ ဖိလစ်ပိုင် အမျိုးသားဥယျာဉ် တအားလ်ရေကန်ကြီးရဲ့ အလည်မှာ သနပ်ခါးေ ကျာက်ပျဉ်ပမာ တည်ရှိတယ်။ သြဂုတ်-စက်တင်ဘာလများမှာ ပေါက်ကွဲမှုများ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ အဲ့ဒီရက်မှာ အသေးစားလို့ သတ်မှတ်တဲ့ ပေါက်ကွဲမှု ၃-ကြိမ် ရှိခဲ့တယ်။ သို့ပေမယ့် မီးတောင်ပေါက်ကွဲမှုက ပွင့်ထွက်လာတဲ့ ပြာမှုန်မှိုပွင့်ကြီးဟာ အမြင့် တစ်မိုင်ခွဲလောက် ရှိပါတယ်။

၁၉၉၁-ခုနှစ် မနီလာမြို့မြောက်ဘက် “ပင်နာဘူတို မီးတောင်” ပေါက်ကွဲမှုဟာ ကမ္ဘာ့ ပထဝီနိုင်ငံရေးမှာ ကြီးမား တဲ့ အပြောင်းအလဲကြီး တစ်ခုဖြစ်ခဲ့ရတယ်။ ၂၀-ရာစုရဲ့ ဒုတိယမြောက်အပြင်းထန်ဆုံး မီးတောင်ပေါက်ကွဲမှု အ ဖြစ် သမိုင်းဝင်ခဲ့သလို ဖိလစ်ပိုင်နိုင်ငံ ဆူးဗစ်ပင်လယ်အော်မှာ နှစ်ပေါင်း ၉၀ ကျော် တပ်စွဲထားတဲ့ အမေရိကန် ရေတပ်နဲ့ လေတပ်အခြေစိုက်စခန်းများအားလုံး ရုတ်သိမ်းသွားခဲ့ရလို့ဖြစ်ပါတယ်။ အမှန်တော့ ဖိလစ်ပိုင်ရဲ့ ကို လိုနီအရှင်သခင် စပိန်တို့ရဲ့ သင်္ဘောကျင်းကို အရှင်အခင်သစ် အမေရိကန်က လက်လွှဲယူခဲ့ခြင်းဖြစ်တယ်။

ပင်နာဘူတို မီးတောင်ပေါက်ကွဲမှု အစအဆုံးဟာ ဧပြီလမှ စက်တင်ဘာအထိ ၅-လခန့်ကြာမြင့်တယ်။ အဲ့ဒီအ တောအတွင်း အမေရိကန်စစ်အခြေစိုက်စခန်းမှ အရာရှိစစ်သည်များ၊ မှီခိုသူ မိသားစုဝင်များ၊ အရေးကြီးပစ္စည်း များကို လေယာဉ်တင်သင်္ဘောကြီးများ-စစ်သင်္ဘောများနဲ့ အကြိမ်ကြိမ် သယ်ထုတ်ခဲ့ပုံများကို နာရီအနည်း ငယ်စီ အဝေးမှ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပါတယ်။

မနီလာနဲ့ ဘတ်တန်ဂတ်စ်မြို့များရဲ့ အနောက်တောင်ဘက် အဝါရောင် အဝိုင်းပြထားတဲ့ စပရက်လီကျွန်းများ နေရာဟာ ယနေ့ကမ္ဘာမှာ တရုတ်နဲ့ အနောက်အုပ်စုတို့အကြား စစ်ရေးတင်းမာမှုအဖြစ် အသွင်ပြောင်း လဲလာ တဲ့ “တောင်တရုတ်ပင်လယ်” ရေပိုင်နက်အငြင်းပွားမှု အဓိက နေရာဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်မှ စတင်ကာ ဖိလစ်ပိုင်ရေတပ်နဲ့ တရုတ်ကမ်းခြေစောင့်သင်္ဘောများ ထိပ်တိုက်တွေ့နေကြတဲ့ ရေပြင်ဖြစ်တယ်။ နိုင်ငံတကာ ကုန်သွယ်ရေကြောင်း သွားလာမှုမှာ အလွန်အရေးပါတဲ့ “စကားဘရောက် သောင်ခုံစည်းတိမ်” Scarborough Shoal ၊ ဖိလစ်ပ်ုင်ရေတပ်က ရှေ့တန်းကင်းစခန်း လုပ်ထားတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် “ ဘီအာရ်ပီဆီရာရာ မက်ဒရီ” သံချေးတက် ထောက်ပို့သင်္ဘောဟောင်းကြီး တည်ရှိရာ “စက္ကင်းသောမတ်စ် သောင်ခုံ စည်းတိမ်” အနီးမှ အကြိမ်ဖြတ်သန်းသွားလာဖူးပါတယ်။

ယခု တအားလ်မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကမ္ဘာမြေကြီးရဲ့ ဘူမိဗေဒဆိုင်ရာ ထူးဆန်း အံ့သြစရာများ ရှိနေတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၆ ဘီလီယံခန့်က စင်္ကြာဝဠာတစ်နေရာမှာ စူပါနိုဗာ ကြယ် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့တယ်။ Solar Nebula လို့ ခေါ်တဲ့ ဧရာမဓါတ်ငွေ့နဲ့ တိမ်တိုက်ကြီးများမှ ဓါတ်ငွေ့နဲ့ အာကာသဖုန်မှုန်များ အချင်းချင်း ဒြပ်ဆွဲအားကြောင့် စုစည်းလာပြီး အလယ်ဗဟိုမှာ “နေ” စတင်ဖြစ်ပေါ် လာခဲ့ တယ်။ လှည့်ပတ်နေဆဲ ကျန်တဲ့ အာကာသအမှုန်တွေက ကျွန်တော်တို့ ကမ္ဘာကြီးနဲ့ ဂြိုလ်များပါဝင်တဲ့ “နေ မိသားစု” ဖြစ်ပေါ်လာခဲ့တယ်။

ကျွန်တော်တို့ကမ္ဘာကြီးဟာ မူလအစမှာ မီးဟုန်းဟုန်းတောက်လောင်နေရာမှ မီးငြိမ်းပြီးနှစ်ပေါင်းများစွာ ကြာတဲ့ အခါ ကျောက်လွှာမြေသားထု ဖြစ်ပေါ်လာခဲ့တယ်။ မီးဖုတ်ထားတဲ့ ခရမ်းသီး တစ်လုံးလို အက်ကြောင်းများ ဖြစ် နေတဲ့ ကမ္ဘာမြေရဲ့ တစ်နေရာမှ ပဲ့ထွက်သွားတဲ့ ဧရာမ အစိတ်အပိုင်းကြီး တစ်ခုဟာ ဆွဲငင်အားကြောင့် အဝေး ကို လွင့်မသွားပဲ ကမ္ဘာကို လှည့်ပတ်နေတဲ့ “လ” ဖြစ်သွားတယ်လို့ ဆိုကြပါတယ်။

“လ” ပဲ့ထွက်သွားတဲ့ နေရာမှာ ဧရာမ ချောက်ကြီး တစ်ခုဖြစ်ကျန်ခဲ့တယ်။ ကမ္ဘာ့အပူချိန်ကျဆင်း လာမှုကြောင့် ရေငွေ့တိမ်တိုက်များ မိုးအဖြစ် နှစ်ပေါင်း သန်းချီရာသွန်းတဲ့အတွက် သမုဒ္ဒရာရေများ ဖုံးလွှမ်းသွားပေမယ့် အဲ့ဒီ နေရာဟာ ကမ္ဘာ့အနက်ရှိုင်းဆုံး သမုဒ္ဒရာချောက်ကြီးဖြစ်သွားတယ်။ “မာရီယာနာ သမုဒ္ဒရာ ချောက်” လို့ ခေါ်တဲ့ အဲဒီနေရာဟာ ယခုတိုင် မီးတောင်ပေါက်ကွဲမှုများ ဖြစ်နေဆဲ ဖိလစ်ပိုင်နိုင်ငံ လူဇုန်ကျွန်းရဲ့ အရှေ့ဖက်မှာ တည် ရှိတယ်။

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကို အဲ့ဒီ ချောက်ကြီးထဲ ချကြည့်လိုက်ရင် စုံးစုံး မြုပ်သွားယုံမက ၁.၂ မိုင်ခန့် ရေဖုံးလွှမ်းနေလိမ့်မယ်ဆိုတဲ့ အဲ့ဒီချောက်ကြီးဟာ ပေပေါင်း ၃၆,၀၀၀ ကျော် နက်ရှိုင်းတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်အောင် မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများဖြစ်စေတဲ့ တောင်တရုတ်ပင်လယ် စူပါတိုက်ဖွန်း မုန်တိုင်းများဟာ အဲ့ဒီ မာရီယာနာချောက်ကြီးတည်ရှိရာ ပစိတ်သမုဒ္ဒရာအနောက်ပိုင်းမှာ စတင် သန္ဓေတည်လေ့ရှိတယ်။
.

===

Zawgyi Version:
ဖိလစ္ပိုင္ တအားလ္မီးေတာင္ေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး ကမာၻေျမႀကီးရဲ႕ ဘူမိေဗဒဆိုင္ရာ ထူးဆန္း အံ့ၾသစရာမ်ား
HtayOung #OungMarine(NP News)-Oct 28
လြန္ခဲ့တဲ့ ေအာက္တိုဘာ ၂၆-ရက္ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ေတာ္ေတာင္ဘက္ မိုင္ ၃၀ ခန႔္အကြာမွာ “တအားလ္ မီးေတာင္” ေပါက္ကြဲမႈျဖစ္ပြားတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ကမာၻႀကီးရဲ႕ ဘူမိသိပၸံ- ပထဝီႏိုင္ငံေရးဆိုင္ရာ ဆက္စပ္မႈမ်ားဟာ အလြန္စိတ္ဝင္စား မွတ္သား စရာေကာင္းလွပါတယ္။

တအားလ္မီးေတာင္ဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ လူစည္ကားတဲ့ မနီလာ- ဘတ္တန္ဂတ္စ္ၿမိဳ႕မ်ားအၾကားမွာ တည္ရွိ တယ္။ ဘတ္တန္ဂတ္စ္ၿမိဳ႕တည္ေနပုံက ေျမာက္ပိုင္းကို တျဖည္းျဖည္း ျမင့္တက္သြားတဲ့ ဆင္ေျခေလ်ာ ေျမျပင္ ေပၚမွာ ျဖစ္တဲ့အတြက္ အလြန္လွပပါတယ္။ အသက္ေမြး အလုပ္အရ ႏွစ္ၿမိဳ႕စလုံးကို အႀကိမ္ႀကိမ္ ေရာက္ဖူးေပမယ့္ တအားလ္မီးေတာင္ကေတာ့ အတြင္းပိုင္းအေတာ္ေရာက္ေနလို႔ တကူးတက သြား မၾကည့္ႏိုင္ခဲ့ပါ။

ယခုေပါက္ကြဲတဲ့ မီးေတာင္ဟာ ဖိလစ္ပိုင္ အမ်ိဳးသားဥယ်ာဥ္ တအားလ္ေရကန္ႀကီးရဲ႕ အလည္မွာ သနပ္ခါးေ က်ာက္ပ်ဥ္ပမာ တည္ရွိတယ္။ ၾသဂုတ္-စက္တင္ဘာလမ်ားမွာ ေပါက္ကြဲမႈမ်ား စတင္ခဲ့ၿပီး ၿပီးခဲ့တဲ့ အဲ့ဒီရက္မွာ အေသးစားလို႔ သတ္မွတ္တဲ့ ေပါက္ကြဲမႈ ၃-ႀကိမ္ ရွိခဲ့တယ္။ သို႔ေပမယ့္ မီးေတာင္ေပါက္ကြဲမႈက ပြင့္ထြက္လာတဲ့ ျပာမႈန္မႈိပြင့္ႀကီးဟာ အျမင့္ တစ္မိုင္ခြဲေလာက္ ရွိပါတယ္။

၁၉၉၁-ခုႏွစ္ မနီလာၿမိဳ႕ေျမာက္ဘက္ “ပင္နာဘူတို မီးေတာင္” ေပါက္ကြဲမႈဟာ ကမာၻ႔ ပထဝီႏိုင္ငံေရးမွာ ႀကီးမား တဲ့ အေျပာင္းအလဲႀကီး တစ္ခုျဖစ္ခဲ့ရတယ္။ ၂၀-ရာစုရဲ႕ ဒုတိယေျမာက္အျပင္းထန္ဆုံး မီးေတာင္ေပါက္ကြဲမႈ အ ျဖစ္ သမိုင္းဝင္ခဲ့သလို ဖိလစ္ပိုင္ႏိုင္ငံ ဆူးဗစ္ပင္လယ္ေအာ္မွာ ႏွစ္ေပါင္း ၉၀ ေက်ာ္ တပ္စြဲထားတဲ့ အေမရိကန္ ေရတပ္နဲ႔ ေလတပ္အေျခစိုက္စခန္းမ်ားအားလုံး ႐ုတ္သိမ္းသြားခဲ့ရလို႔ျဖစ္ပါတယ္။ အမွန္ေတာ့ ဖိလစ္ပိုင္ရဲ႕ ကို လိုနီအရွင္သခင္ စပိန္တို႔ရဲ႕ သေဘၤာက်င္းကို အရွင္အခင္သစ္ အေမရိကန္က လက္လႊဲယူခဲ့ျခင္းျဖစ္တယ္။

ပင္နာဘူတို မီးေတာင္ေပါက္ကြဲမႈ အစအဆုံးဟာ ဧၿပီလမွ စက္တင္ဘာအထိ ၅-လခန႔္ၾကာျမင့္တယ္။ အဲ့ဒီအ ေတာအတြင္း အေမရိကန္စစ္အေျခစိုက္စခန္းမွ အရာရွိစစ္သည္မ်ား၊ မွီခိုသူ မိသားစုဝင္မ်ား၊ အေရးႀကီးပစၥည္း မ်ားကို ေလယာဥ္တင္သေဘၤာႀကီးမ်ား-စစ္သေဘၤာမ်ားနဲ႔ အႀကိမ္ႀကိမ္ သယ္ထုတ္ခဲ့ပုံမ်ားကို နာရီအနည္း ငယ္စီ အေဝးမွ ကိုယ္တိုင္ မ်က္ျမင္ေတြ႕ခဲ့ရပါတယ္။

မနီလာနဲ႔ ဘတ္တန္ဂတ္စ္ၿမိဳ႕မ်ားရဲ႕ အေနာက္ေတာင္ဘက္ အဝါေရာင္ အဝိုင္းျပထားတဲ့ စပရက္လီကြၽန္းမ်ား ေနရာဟာ ယေန႔ကမာၻမွာ တ႐ုတ္နဲ႔ အေနာက္အုပ္စုတို႔အၾကား စစ္ေရးတင္းမာမႈအျဖစ္ အသြင္ေျပာင္း လဲလာ တဲ့ “ေတာင္တ႐ုတ္ပင္လယ္” ေရပိုင္နက္အျငင္းပြားမႈ အဓိက ေနရာျဖစ္ပါတယ္။ အထူးသျဖင့္ လြန္ခဲ့တဲ့ ႏွစ္မွ စတင္ကာ ဖိလစ္ပိုင္ေရတပ္နဲ႔ တ႐ုတ္ကမ္းေျခေစာင့္သေဘၤာမ်ား ထိပ္တိုက္ေတြ႕ေနၾကတဲ့ ေရျပင္ျဖစ္တယ္။ ႏိုင္ငံတကာ ကုန္သြယ္ေရေၾကာင္း သြားလာမႈမွာ အလြန္အေရးပါတဲ့ “စကားဘေရာက္ ေသာင္ခုံစည္းတိမ္” Scarborough Shoal ၊ ဖိလစ္ပ္ုင္ေရတပ္က ေရွ႕တန္းကင္းစခန္း လုပ္ထားတဲ့ ဒုတိယကမာၻစစ္လက္က်န္ “ ဘီအာရ္ပီဆီရာရာ မက္ဒရီ” သံေခ်းတက္ ေထာက္ပို႔သေဘၤာေဟာင္းႀကီး တည္ရွိရာ “စကၠင္းေသာမတ္စ္ ေသာင္ခုံ စည္းတိမ္” အနီးမွ အႀကိမ္ျဖတ္သန္းသြားလာဖူးပါတယ္။

ယခု တအားလ္မီးေတာင္ေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ကမာၻေျမႀကီးရဲ႕ ဘူမိေဗဒဆိုင္ရာ ထူးဆန္း အံ့ၾသစရာမ်ား ရွိေနတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄.၆ ဘီလီယံခန႔္က စၾကၤာဝဠာတစ္ေနရာမွာ စူပါႏိုဗာ ၾကယ္ ေပါက္ကြဲမႈႀကီး ျဖစ္ပြားခဲ့တယ္။ Solar Nebula လို႔ ေခၚတဲ့ ဧရာမဓါတ္ေငြ႕နဲ႔ တိမ္တိုက္ႀကီးမ်ားမွ ဓါတ္ေငြ႕နဲ႔ အာကာသဖုန္မႈန္မ်ား အခ်င္းခ်င္း ျဒပ္ဆြဲအားေၾကာင့္ စုစည္းလာၿပီး အလယ္ဗဟိုမွာ “ေန” စတင္ျဖစ္ေပၚ လာခဲ့ တယ္။ လွည့္ပတ္ေနဆဲ က်န္တဲ့ အာကာသအမႈန္ေတြက ကြၽန္ေတာ္တို႔ ကမာၻႀကီးနဲ႔ ၿဂိဳလ္မ်ားပါဝင္တဲ့ “ေန မိသားစု” ျဖစ္ေပၚလာခဲ့တယ္။

ကြၽန္ေတာ္တို႔ကမာၻႀကီးဟာ မူလအစမွာ မီးဟုန္းဟုန္းေတာက္ေလာင္ေနရာမွ မီးၿငိမ္းၿပီးႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့ အခါ ေက်ာက္လႊာေျမသားထု ျဖစ္ေပၚလာခဲ့တယ္။ မီးဖုတ္ထားတဲ့ ခရမ္းသီး တစ္လုံးလို အက္ေၾကာင္းမ်ား ျဖစ္ ေနတဲ့ ကမာၻေျမရဲ႕ တစ္ေနရာမွ ပဲ့ထြက္သြားတဲ့ ဧရာမ အစိတ္အပိုင္းႀကီး တစ္ခုဟာ ဆြဲငင္အားေၾကာင့္ အေဝး ကို လြင့္မသြားပဲ ကမာၻကို လွည့္ပတ္ေနတဲ့ “လ” ျဖစ္သြားတယ္လို႔ ဆိုၾကပါတယ္။

“လ” ပဲ့ထြက္သြားတဲ့ ေနရာမွာ ဧရာမ ေခ်ာက္ႀကီး တစ္ခုျဖစ္က်န္ခဲ့တယ္။ ကမာၻ႔အပူခ်ိန္က်ဆင္း လာမႈေၾကာင့္ ေရေငြ႕တိမ္တိုက္မ်ား မိုးအျဖစ္ ႏွစ္ေပါင္း သန္းခ်ီရာသြန္းတဲ့အတြက္ သမုဒၵရာေရမ်ား ဖုံးလႊမ္းသြားေပမယ့္ အဲ့ဒီ ေနရာဟာ ကမာၻ႔အနက္ရႈိင္းဆုံး သမုဒၵရာေခ်ာက္ႀကီးျဖစ္သြားတယ္။ “မာရီယာနာ သမုဒၵရာ ေခ်ာက္” လို႔ ေခၚတဲ့ အဲဒီေနရာဟာ ယခုတိုင္ မီးေတာင္ေပါက္ကြဲမႈမ်ား ျဖစ္ေနဆဲ ဖိလစ္ပိုင္ႏိုင္ငံ လူဇုန္ကြၽန္းရဲ႕ အေရွ႕ဖက္မွာ တည္ ရွိတယ္။

ကမာၻ႔အျမင့္ဆုံး ဧဝရတ္ေတာင္ကို အဲ့ဒီ ေခ်ာက္ႀကီးထဲ ခ်ၾကည့္လိုက္ရင္ စုံးစုံး ျမဳပ္သြားယုံမက ၁.၂ မိုင္ခန႔္ ေရဖုံးလႊမ္းေနလိမ့္မယ္ဆိုတဲ့ အဲ့ဒီေခ်ာက္ႀကီးဟာ ေပေပါင္း ၃၆,၀၀၀ ေက်ာ္ နက္ရႈိင္းတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံတိုင္ေအာင္ မိုးသည္းထန္ၿပီး ေရႀကီးေျမၿပိဳမႈမ်ားျဖစ္ေစတဲ့ ေတာင္တ႐ုတ္ပင္လယ္ စူပါတိုက္ဖြန္း မုန္တိုင္းမ်ားဟာ အဲ့ဒီ မာရီယာနာေခ်ာက္ႀကီးတည္ရွိရာ ပစိတ္သမုဒၵရာအေနာက္ပိုင္းမွာ စတင္ သေႏၶတည္ေလ့ရွိတယ္။
.

===

Related news

© 2021. All rights reserved.