စစ်ပွဲမျိုးဆက်၊ စစ်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် မြန်မာနိုင်ငံ(၁)

 315

အောင်နိုင်သူ (ဇွဲကပင်) (NP News) - အောက်တိုဘာ ၂၈

(၂၀၂၁)ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေးကိုလေ့လာကြည့်သည့်အခါ အဓိကပြဿနာကြီး (၂) ရပ် နှင့် ရင်ဆိုင်ခဲ့ရသည်ကိုတွေ့ရသည်။ ယင်း ပြဿနာ (၂) ရပ်မှာ နိုင်ငံရေးတွင် အမျိုးသားစည်းလုံး ညီ ညွတ်မှုပြိုကွဲခဲ့ခြင်းနှင့် စစ်ရေးတွင် စစ်ပွဲမျိုးဆက်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းတို့ဖြစ် သည်။ နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသည့် အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲခြင်းက NLD ပါတီ က တပ်မတော်ကို ရန်ရှာပြီး နှစ်ကာလရှည်ကြာစွာဖြစ်ပေါ်ခဲ့သော အက်ကြောင်းများကြောင့်ဖြစ်သည်။
NLD ပါတီပေါ်ပေါက်ချိန်ကစ၍ လူထုအား တပ်မတော်ကိုရန်ရှာလျှင် နိုင်ငံရေးဖြစ်သည်ဟူသော အယူအဆကို သွတ်သွင်းပေးခဲ့သည်။ တစ်ဖန် NLD ပါတီအာဏာရချိန်တွင် တပ်နှင့်ပြည်သူအကြား ဆက်ဆံရေးကို ဝေးသထက်ဝေးအောင် မီဒီယာများကိုအသုံးချပြီး တွန်းပို့ပစ်ခဲ့သည်။ ထိုမျှမကသေးဘဲ (၂၀၂၀) ရွေးကောက်ပွဲ မဲမသမာမှု (၁၁ ဒသမ ၄) သန်းကျော်ပြုလုပ်ခဲ့ကာ နိုင်ငံတော်အာဏာကို မတရား သည့်နည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သဖြင့် တပ်မတော်ကို ဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို လွှဲပြောင်း ပေးခဲ့၍ နိုင်ငံ့တာဝန်များယူခဲ့သည်။
သာမန်အားဖြင့်တော့ တပ်မတော်က နိုင်ငံ့တာဝန်ယူခဲ့ခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သကဲ့သို့ သမိုင်းပေးတာဝန်အရ ဆောင်ရွက်ခဲ့ရခြင်းလည်းဖြစ်သည်။ ထူးဆန်းသည်ဟု ဆို၍မရပါ။
သို့သော် ထူးဆန်းသည်က GZ ဟူသောလူငယ်များကိုအသုံးချကာ ပုံစံမျိုးစုံဖြင့် တပ်မတော်၊ တပ်မတော်သား မိသားစုဝင်ဆွေမျိုးများ၊ စစ်မှုထမ်းဟောင်း များ၊ ဝန်ထမ်းများနှင့် တပ်မတော်ကို ထောက်ခံသူများ အား ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်လာကြခြင်း ပင်ဖြစ်သည်။ ဤသို့ဖြင့် မြန်မာ့ လူ့အဖွဲ့အစည်းသည် တပ်မတော်နှင့် တပ်မတော်ကိုထောက်ခံကြသူများက တစ်ဖွဲ့၊ အရပ်သုံး စကား ဖြင့်ဆိုလျှင် အစိမ်းအဖွဲ့နှင့် တပ်ကိုဆန့်ကျင်တိုက်ခိုက်ကြသည့် ယခင် NLD နှင့် NLD ကိုထောက်ခံ အားပေးသူများကတစ်ဖွဲ့၊ အရပ် သုံးစကားဖြင့်ဆိုရလျှင် အနီအဖွဲ့ဟူ၍ အဖွဲ့ (၂)ဖွဲ့ကွဲခဲ့ရ သည်။ ထို့ ကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး (Nation building) ပြိုကွဲခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။
NLD ၏ မဲမသမာမှုကစခဲ့သည့် နိုင်ငံရေးပဋိပက္ခသည် ပြည်တွင်းပြည်ပအဖျက်အမှောင့်မီဒီယာ များကြောင့် စစ်ရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခဆီသို့ တစ်နေ့တစ်ခြား ကူးပြောင်းလာခဲ့သည်။ မြန်မာ့နိုင်ငံရေးအားနည်းချက်မှာ လက်နက်ကိုင်ပဋိပက္ခဆီသို့ ကူးပြောင်းရန် ပြည်နယ်ဒေသများတွင် လူမျိုးစုအမည်ခံ လက်နက်အဖွဲ့များရှိနေခြင်းကြောင့် ကြီးမားသည့် လက်နက်ပဋိပက္ခဆီသို့ အလွယ် တကူ ကူးပြောင်းရန် ရေကန်အသင့်၊ ကြာအသင့် ရှိနေခြင်းပင်ဖြစ်သည်။
ပြည်တွင်အင်အားစုများ ပဋိပက္ခဖြစ်တိုင်း စစ်ရေးပဋိပက္ခဆီသို့ကူးပြောင်းခဲ့သည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးခါစ (၁၉၄၈-၄၉)တွင် ဗကပတို့ တော ခိုမှုကလည်းကောင်း (၁၉၈၈)ခုနှစ်တွင်လည်း ကျောင်းသားများတောခိုရာမှတစ်ဆင့် ABSDF ပေါ်လာစဉ်ကလည်းကောင်း ကြုံခဲ့ရပြီးဖြစ်သည်။ ယခု တစ်ကြိမ်တွင်လည်း GZ လူငယ်များကို PDF လက်နက်ကိုင်များအဖြစ်သို့ရောက်ရှိအောင် မီဒီယာများက အားပေးအားမြှောက်ပြုခဲ့ကြသလို ယခင် NLD ပါတီဝင်ခေါင်းဆောင်များက၊ NUG CRPH အဖွဲ့များက လည်း ပြည်ပသို့ထွက်ပြေး၍ မြှောက်ပေးခဲ့ကြသည်။ တစ်ဖန် GZ လူငယ်များကိုအသုံးချရန် အသင့် စောင့်ဆိုင်းနေကြသော EROs EAOs အဖွဲ့များက ၎င်းတို့အကျိုးစီးပွားအဖြစ် အမြတ်ထုတ်အသုံး ချခဲ့ကြ သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်ရေးပဋိပက္ခများ ကြီးထွား လာခဲ့ရသည်။
ကနဦးအစ လက်နက်ကိုင်ပဋိက္ခ၊ စစ်ရေးပဋိက္ခ များသည် အဖျက်အမှောင့်လုပ်ခြင်း၊ အနှောင့် အယှက်လုပ်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းမျှသာရှိခဲ့သဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ခဲ့ရုံမှ တစ်ပါး နိုင်ငံတော်အချုပ်အခြာအာဏာကို ခြိမ်းခြောက်နိုင်စွမ်းမရှိသေးပေ။ သို့သော် (၂၀၂၃) ခုနှစ် အောက်တိုဘာလ (၂၇)ရက်ကစ၍ ရှမ်းမြောက်ဒေသရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ် ချင်းရွှေ ဟော်ကို MNDAA TNLA AA အဖွဲ့များကတိုက်ခိုက်ပြီး (၁၀၂၇)စစ်ဆင်ရေးဟုကြေညာကာ နိုင်ငံတော် အချုပ်အခြာ အာဏာကို ထိပါးစော်ကားလာခဲ့သည်။
သာမန်အားဖြင့်တော့ ရှမ်းမြောက်ဒေသတွင် ယခုကဲ့သို့ စစ်ရေး အလစ်အငိုက်တိုက်ခိုက်မှုမျိုးကို မကြာခဏပြုလုပ်လေ့ရှိသော်လည်း တပ်မတော်က ချက်ချင်းတုံ့ပြန်နှိမ်နင်းနိုင်ခဲ့သည်။ သာဓကအချို့ကို ဖော်ပြရလျှင် (၂၀၁၅)ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သော လောက်ကိုင်တိုက်ပွဲသည်လည်းကောင်း၊ (၂၀၁၆) ခုနှစ် ဒီဇင်ဘာလတွင်ဖြစ်ပွားခဲ့သော မုံးကိုး ဒေသတိုက်ပွဲသည်လည်းကောင်း၊ (၂၀၁၉)ခုနှစ် ဇွန် လ၊ ဇူလိုင်လတို့တွင်ဖြစ်ပွားခဲ့သော ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမများတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲ များတွင်လည်းကောင်း တပ်မတော်သည် အချိန်တိုအ တွင်း သောင်းကျန်းသူများကို တန်ပြန် တုံ့ပြန် တိုက်ခိုက်၍ နှိမ်နင်းနိုင်ခဲ့သည်။ အချိန်တိုအတွင်း နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် ယခင်နှင့်မတူ စစ်ရေးအရ ထူးခြားမှုများစွာကိုကြုံတွေ့ရသကဲ့သို့ ရန်သူ၏တိုက်ခိုက်မှုကလည်း ပို၍ စနစ်ကျလာခဲ့သည်။ အထူးသဖြင့် ရန်သူသည် မောင်းသူမဲ့ဒရုန်းများကို စစ်ပွဲအတွင်း ဖောဖောသီသီသုံးကာ စစ်ရေးအရ ဖိအားပေးတိုက်ခိုက်လာခြင်းကပင်ဖြစ်သည်။ မောင်းသူ မဲ့ဒရုန်းများနှင့် ထိတွေ့ကျွမ်းဝင် ရင်းနှီးမှုမရှိသော မိမိတပ်များသည် ရေရှည်ခုခံရန် အခက်အခဲများ ရင် ဆိုင်ကြုံတွေ့လာရသဖြင့် တပ်စခန်းအချို့နှင့်မြို့ရွာအချို့ကို ယာယီဆုတ်ခွာပေးခဲ့ရသည်။
စာရေးသူသည် နိုင်ငံရေး၊ စစ်ရေးကို စိတ်ဝင်စားသူဖြစ်သဖြင့် ဤအခြေအနေသည် ပုံမှန်မဟုတ် သည့် စစ်ရေးပြောင်းလဲမှုဖြစ်ပြီဟု နားလည်လက်ခံခဲ့သည်။ အထူးသဖြင့် တပ်မတော်သည် စစ်ရေးဆိုင် ရာ၊ စစ်ပွဲမျိုးဆက်များ၏စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီးဟု နားလည်လက်ခံခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ စစ်ပွဲ မျိုးဆက်များပြောင်းလဲလာနိုင်ကြောင်းကို ကြိုတင်မျှော်တွေးပြီး မောင်းသူမဲ့ ဒရုန်းတော်လှန်ရေးခေတ် ကို ရောက်ရှိလာတော့မလားဆိုပြီး (၁၀၂၇)မတိုင်မီ (၈)လလောက်ကတည်းက ဆောင်းပါးတစ်ပုဒ်ရေးခဲ့ သည်။ အနာဂတ်ကိုကြိုတင်မျှော်တွေး ရေးသားမှုမျိုး ဖြစ်နေခြင်းနှင့် ပုံနှိပ်မီဒီယာအများစုသည် စစ်ရေး ထက် နိုင်ငံရေးကို ပို၍ အသားပေးဖော်ပြကြသဖြင့် ထိုဆောင်းပါးကို ပုံနှိပ်မီဒီယာများက အသုံးမပြုခဲ့ပေ။ ထို့ကြောင့် ခဏခဏပျက်တတ်သည့် စာရေးသူ၏ Facebook အကောင့်ကတစ်ဆင့် တင်ခဲ့ဖူးသည်။
စစ်ပွဲမျိုးဆက်များ အပြောင်းအလဲနှင့် စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှုများကိုသတိပြုမိခဲ့ သည်မှာ (၁၀၂၇)စချိန်မှမဟုတ်ပေ။ (၂၀၂၀)ပြည့်နှစ် စက်တင်ဘာ (၂၇)ရက်မှ နိုဝင်ဘာလ (၁၀)ရက် အထိ (၄၄)ရက်ကြာဖြစ်ပွားခဲ့သော အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့ဖြစ်ပွားခဲ့သော နိုဂိုရာ-ကာရာ ဘက်ဒေသစစ်ပွဲကတည်းကဖြစ်သည်။ ထိုစစ်ပွဲက စတင်ပြီး သတိပေးရေးသားခဲ့ဖူးသည်။ ထိုစစ်ပွဲအတွင်း အာမေးနီးယားဘက်ကဆုံးရှုံးမှုများမှာ စစ်သည် (၃,၈၀ဝ) ခန့်၊ အရပ်သား (၈၀)ခန့် သေဆုံးပြီး နယ်မြေ (၇၅%)ခန့်ဆုံးရှုံးခဲ့ရသည်။
ထို့ပြင် တင့်ကား (၁၈၅)စီး၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် (၄၄)စီး၊ ယာဉ်ဆွဲအမြောက် (၁၄၇) လက်၊ ယာဉ်တင်အမြောက် (၁၉)လက်၊ အတွဲလိုက် ဒုံးပစ်စင်(၇၂)စင်း၊ ခြေလျင်တပ်သုံးတိုက်ခိုက်ရေး ယာဉ် (၄၄)စီးနှင့် ရေဒါ (၁၂) စီးအထိ ဆုံးရှုံးမှုကြီးမားခဲ့သည်။ ရုရှားလုပ် တင့်၊ သံချပ်ကာကားများ က လည်း တူရကီမှ ထုတ်လုပ်သည့် Bayraktar TB2 ဒရုန်းများ အောက်တွင် ပြားပြားမှောက်ခဲ့ရသည်။
စင်စစ် အာမေနီးယားတို့သည်လည်း မျိုးချစ်စိတ်ဓာတ်အရာတွင် ထိပ်တန်းအဆင့်ရှိနိုင်ငံဖြစ် သည်။ ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပထမဆုံးပြဋ္ဌာန်းခဲ့သည့် တစ်ခု တည်းသော နိုင်ငံဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲစဉ်ကတည်းက ဆိုဗီယက်မှခွဲထွက်ခဲ့ကြသော ဤနိုင်ငံသည် နိုဂိုရာ-ကရာဘတ်ဒေသ အငြင်းပွားမှုကတစ်ဆင့် မကြာခဏဆိုသကဲ့သို့ စစ်ဖြစ်ပွားခဲ့ကြ သည်။ စစ်ဖြစ်ပွားတိုင်းလည်း အာမေးနီးယားတို့က အသာစီးရခဲ့၍ ဤနယ်မြေကို ကာလရှည်ကြာစွာ ထိန်းထားနိုင်ခဲ့ခြင်းဖြစ်သည်။ အာမေးနီးယားစစ်သားများသည် အဘိုးမှ အဖေ၊ အဖေမှသားဟူ၍ လက် ဆင့်ကမ်းအမွေဆက်ခံသူများအဖြစ် နာမည်ကြီးကြသည်။
သို့သော် ယခုစစ်ပွဲတွင်မူ ကြီးစွာသောဆုံးရှုံးမှုများ ကိုရင်ဆိုင်ခဲ့ရုံမကဘဲ (၂၀၂၃) ခုနှစ် စက်တင် ဘာလ (၁၉)ရက်မှ (၂၀)ရက်အထိ (၂၄)နာရီအကြာစစ်ပွဲ တွင် နိုဂိုရာ-ကာရာဘက် ဒေသကြီးတစ်ခုလုံး ကို လက်လွှတ်ဆုံးရှုံးခဲ့ရပေသည်။ အာမေးနီးယားတို့၏ စစ်ရှုံးခဲ့ရမှုနှင့်ပတ်သက်၍ ပြန်လည် ဆန်းစစ် လေ့လာကြည့်သည့်အခါ အဇာဘိုင်ဂျန်သည် တူရကီနှင့် အစ္စရေးလုပ်ဒရုန်းများကိုသုံးပြီး ခေတ်သစ်စစ်ပွဲ ကို နိဒါန်းဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤစစ်ပွဲ ကြောင့် စစ်မက်ရေးရာ တော်လှန်ပြောင်းလဲမှု ကြီးဖြစ်ပြီဟု သုံးသပ်မိခဲ့သော်လည်း ပြောရန်စောနေသေးခြင်း၊ မိမိကိုယ်တိုင်လည်း စစ်ပညာရှင်တစ် ယောက်မဟုတ်ခြင်းတို့ကြောင့် ထိုအချိန်က ဤကာလသည် စစ်မက်ရေးရာတော်လှန်ပြောင်းလဲမှုအရ သတင်း တော်လှန်ရေးခေတ်ကို မလွန်ဆန်နိုင်သေးလျှင် လည်း သတင်းတော်လှန်ရေးခေတ်နှင့် ဒရုန်းတော်လှန်ရေးခေတ်ပေါ်ပေါက်လာပြီဟု စာရေးသူ သုံးသပ်ရေးခဲ့ဖူးသည်။
စာရေးသူသုံးသပ်သကဲ့သို့ နောက်ပိုင်းထွက်ရှိသည့်ဒရုန်းစစ်ပွဲစာအုပ်များက ဒရုန်းတော်လှန်ရေး ခေတ်ကိုရောက်ပြီဟုရေးသားလာကြသည့်အပြင် (၁၀၂၇)စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတွင် နဖူး တွေ့ဒူးတွေ့ကြုံခဲ့ကြရသည်။
မည်သို့ပင်ဆိုစေကာ စစ်ရေးသည် နိုင်ငံရေးကို လွှမ်းမိုးသက်ရောက်နိုင်စွမ်းရှိသဖြင့် စစ်ရေးရလဒ် ကောင်းမွန်ရေးနှင့် အသာစီးရရေးက အလွန်အရေးကြီးလှပေသည်။ ထိုနည်းတူ စစ်ရေးစစ်ရာများနှင့် စစ် လက်နက်များသည်လည်း အလွန်လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသကဲ့သို့ ပျံ့နှံ့မှုလွယ်ကူနေ သည်ကို လည်းတွေ့ရသည်။ စစ်လက်နက်ပစ္စည်းများ တိုးတက်ပြောင်းလာသည်နှင့်အမျှ စစ်ပွဲမျိုးဆက် များနှင့် စစ်မက်ရေးရာတော်လှန်ပြောင်းလဲမှုများကလည်း အမြဲတစေပြောင်းလဲနေဦးမည်သာ ဖြစ်သည်။ ဤကဲ့သို့ ပြောင်းလဲမှုများသည် စစ်ပွဲမျိုးဆက်စိန်ခေါ်မှုများနှင့် စစ်ရေးဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည်ကို သတိပြုစောင့် ကြည့်ပြီး မိမိတို့ အမိမြန်မာနိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် ပြင်ဆင်ထားကြရမည် ဖြစ်သည်။

ကိုးကား
ရဲကျော်၏ မျက်မှောက်ခေတ်စစ်ပွဲများနှင့် ဒရုန်း၏ အခန်းကဏ္ဍ။
စိုးညွန့်၏ ဒရုန်းစစ်ပွဲ။
အောင်မျိုး၏ မျက်မှောက်ခေတ်စစ်မက်ရေးရာအယူအဆများ။
ဇာနည်(ဘူမိဗေဒ)၏ (၂၁)ရာစု စတုတ္ထမျိုးဆက်စစ်ပွဲ။

Zawygi Version:
စစ္ပြဲမ်ိဳးဆက္၊ စစ္ေရးဆိုင္ရာ စိန္ေခၚမႈမ်ားႏွင့္ ျမန္မာႏိုင္ငံ(၁)
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - ေအာက္တိုဘာ ၂၈

(၂၀၂၁)ခုႏွစ္ေနာက္ပိုင္း ျမန္မာ့ႏိုင္ငံေရးကိုေလ့လာၾကည့္သည့္အခါ အဓိကျပႆနာႀကီး (၂) ရပ္ ႏွင့္ ရင္ဆိုင္ခဲ့ရသည္ကိုေတြ႕ရသည္။ ယင္း ျပႆနာ (၂) ရပ္မွာ ႏိုင္ငံေရးတြင္ အမ်ိဳးသားစည္းလုံး ညီ ၫြတ္မႈၿပိဳကြဲခဲ့ျခင္းႏွင့္ စစ္ေရးတြင္ စစ္ပြဲမ်ိဳးဆက္မ်ား၏ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရျခင္းတို႔ျဖစ္ သည္။ ႏိုင္ငံေရးေၾကာင့္ျဖစ္ေပၚလာသည့္ အမ်ိဳးသားစည္းလုံးညီၫြတ္မႈၿပိဳကြဲျခင္းက NLD ပါတီ က တပ္မေတာ္ကို ရန္ရွာၿပီး ႏွစ္ကာလရွည္ၾကာစြာျဖစ္ေပၚခဲ့ေသာ အက္ေၾကာင္းမ်ားေၾကာင့္ျဖစ္သည္။
NLD ပါတီေပၚေပါက္ခ်ိန္ကစ၍ လူထုအား တပ္မေတာ္ကိုရန္ရွာလွ်င္ ႏိုင္ငံေရးျဖစ္သည္ဟူေသာ အယူအဆကို သြတ္သြင္းေပးခဲ့သည္။ တစ္ဖန္ NLD ပါတီအာဏာရခ်ိန္တြင္ တပ္ႏွင့္ျပည္သူအၾကား ဆက္ဆံေရးကို ေဝးသထက္ေဝးေအာင္ မီဒီယာမ်ားကိုအသုံးခ်ၿပီး တြန္းပို႔ပစ္ခဲ့သည္။ ထိုမွ်မကေသးဘဲ (၂၀၂၀) ေ႐ြးေကာက္ပြဲ မဲမသမာမႈ (၁၁ ဒသမ ၄) သန္းေက်ာ္ျပဳလုပ္ခဲ့ကာ ႏိုင္ငံေတာ္အာဏာကို မတရား သည့္နည္းျဖင့္ ရယူရန္ႀကိဳးပမ္းခဲ့သျဖင့္ တပ္မေတာ္ကို ဥပေဒႏွင့္အညီ ႏိုင္ငံေတာ္အာဏာကို လႊဲေျပာင္း ေပးခဲ့၍ ႏိုင္ငံ့တာဝန္မ်ားယူခဲ့သည္။
သာမန္အားျဖင့္ေတာ့ တပ္မေတာ္က ႏိုင္ငံ့တာဝန္ယူခဲ့ျခင္းသည္ ဥပေဒႏွင့္အညီ ေဆာင္႐ြက္ျခင္း ျဖစ္သကဲ့သို႔ သမိုင္းေပးတာဝန္အရ ေဆာင္႐ြက္ခဲ့ရျခင္းလည္းျဖစ္သည္။ ထူးဆန္းသည္ဟု ဆို၍မရပါ။
သို႔ေသာ္ ထူးဆန္းသည္က GZ ဟူေသာလူငယ္မ်ားကိုအသုံးခ်ကာ ပုံစံမ်ိဳးစုံျဖင့္ တပ္မေတာ္၊ တပ္မေတာ္သား မိသားစုဝင္ေဆြမ်ိဳးမ်ား၊ စစ္မႈထမ္းေဟာင္း မ်ား၊ ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္ကို ေထာက္ခံသူမ်ား အား ျပင္းျပင္းထန္ထန္ ထိုးႏွက္တိုက္ခိုက္လာၾကျခင္း ပင္ျဖစ္သည္။ ဤသို႔ျဖင့္ ျမန္မာ့ လူ႔အဖြဲ႕အစည္းသည္ တပ္မေတာ္ႏွင့္ တပ္မေတာ္ကိုေထာက္ခံၾကသူမ်ားက တစ္ဖြဲ႕၊ အရပ္သုံး စကား ျဖင့္ဆိုလွ်င္ အစိမ္းအဖြဲ႕ႏွင့္ တပ္ကိုဆန႔္က်င္တိုက္ခိုက္ၾကသည့္ ယခင္ NLD ႏွင့္ NLD ကိုေထာက္ခံ အားေပးသူမ်ားကတစ္ဖြဲ႕၊ အရပ္ သုံးစကားျဖင့္ဆိုရလွ်င္ အနီအဖြဲ႕ဟူ၍ အဖြဲ႕ (၂)ဖြဲ႕ကြဲခဲ့ရ သည္။ ထို႔ ေၾကာင့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရး (Nation building) ၿပိဳကြဲခဲ့ရသည္ဟု ဆိုရမည္ျဖစ္သည္။
NLD ၏ မဲမသမာမႈကစခဲ့သည့္ ႏိုင္ငံေရးပဋိပကၡသည္ ျပည္တြင္းျပည္ပအဖ်က္အေမွာင့္မီဒီယာ မ်ားေၾကာင့္ စစ္ေရးပဋိပကၡ၊ လက္နက္ကိုင္ပဋိပကၡဆီသို႔ တစ္ေန႔တစ္ျခား ကူးေျပာင္းလာခဲ့သည္။ ျမန္မာ့ႏိုင္ငံေရးအားနည္းခ်က္မွာ လက္နက္ကိုင္ပဋိပကၡဆီသို႔ ကူးေျပာင္းရန္ ျပည္နယ္ေဒသမ်ားတြင္ လူမ်ိဳးစုအမည္ခံ လက္နက္အဖြဲ႕မ်ားရွိေနျခင္းေၾကာင့္ ႀကီးမားသည့္ လက္နက္ပဋိပကၡဆီသို႔ အလြယ္ တကူ ကူးေျပာင္းရန္ ေရကန္အသင့္၊ ၾကာအသင့္ ရွိေနျခင္းပင္ျဖစ္သည္။
ျပည္တြင္အင္အားစုမ်ား ပဋိပကၡျဖစ္တိုင္း စစ္ေရးပဋိပကၡဆီသို႔ကူးေျပာင္းခဲ့သည္မွာ ျမန္မာႏိုင္ငံ လြတ္လပ္ေရးခါစ (၁၉၄၈-၄၉)တြင္ ဗကပတို႔ ေတာ ခိုမႈကလည္းေကာင္း (၁၉၈၈)ခုႏွစ္တြင္လည္း ေက်ာင္းသားမ်ားေတာခိုရာမွတစ္ဆင့္ ABSDF ေပၚလာစဥ္ကလည္းေကာင္း ႀကဳံခဲ့ရၿပီးျဖစ္သည္။ ယခု တစ္ႀကိမ္တြင္လည္း GZ လူငယ္မ်ားကို PDF လက္နက္ကိုင္မ်ားအျဖစ္သို႔ေရာက္ရွိေအာင္ မီဒီယာမ်ားက အားေပးအားေျမႇာက္ျပဳခဲ့ၾကသလို ယခင္ NLD ပါတီဝင္ေခါင္းေဆာင္မ်ားက၊ NUG CRPH အဖြဲ႕မ်ားက လည္း ျပည္ပသို႔ထြက္ေျပး၍ ေျမႇာက္ေပးခဲ့ၾကသည္။ တစ္ဖန္ GZ လူငယ္မ်ားကိုအသုံးခ်ရန္ အသင့္ ေစာင့္ဆိုင္းေနၾကေသာ EROs EAOs အဖြဲ႕မ်ားက ၎တို႔အက်ိဳးစီးပြားအျဖစ္ အျမတ္ထုတ္အသုံး ခ်ခဲ့ၾက သည္။ ဤသို႔ျဖင့္ ျမန္မာႏိုင္ငံတစ္ဝန္းတြင္ လက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ စစ္ေရးပဋိပကၡမ်ား ႀကီးထြား လာခဲ့ရသည္။
ကနဦးအစ လက္နက္ကိုင္ပဋိကၡ၊ စစ္ေရးပဋိကၡ မ်ားသည္ အဖ်က္အေမွာင့္လုပ္ျခင္း၊ အေႏွာင့္ အယွက္လုပ္ျခင္း၊ အၾကမ္းဖက္တိုက္ခိုက္ျခင္းမွ်သာရွိခဲ့သျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ခဲ့႐ုံမွ တစ္ပါး ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာကို ၿခိမ္းေျခာက္ႏိုင္စြမ္းမရွိေသးေပ။ သို႔ေသာ္ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၂၇)ရက္ကစ၍ ရွမ္းေျမာက္ေဒသရွိ တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္ ခ်င္းေ႐ႊ ေဟာ္ကို MNDAA TNLA AA အဖြဲ႕မ်ားကတိုက္ခိုက္ၿပီး (၁၀၂၇)စစ္ဆင္ေရးဟုေၾကညာကာ ႏိုင္ငံေတာ္ အခ်ဳပ္အျခာ အာဏာကို ထိပါးေစာ္ကားလာခဲ့သည္။
သာမန္အားျဖင့္ေတာ့ ရွမ္းေျမာက္ေဒသတြင္ ယခုကဲ့သို႔ စစ္ေရး အလစ္အငိုက္တိုက္ခိုက္မႈမ်ိဳးကို မၾကာခဏျပဳလုပ္ေလ့ရွိေသာ္လည္း တပ္မေတာ္က ခ်က္ခ်င္းတုံ႔ျပန္ႏွိမ္နင္းႏိုင္ခဲ့သည္။ သာဓကအခ်ိဳ႕ကို ေဖာ္ျပရလွ်င္ (၂၀၁၅)ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ျဖစ္ပြားခဲ့ေသာ ေလာက္ကိုင္တိုက္ပြဲသည္လည္းေကာင္း၊ (၂၀၁၆) ခုႏွစ္ ဒီဇင္ဘာလတြင္ျဖစ္ပြားခဲ့ေသာ မုံးကိုး ေဒသတိုက္ပြဲသည္လည္းေကာင္း၊ (၂၀၁၉)ခုႏွစ္ ဇြန္ လ၊ ဇူလိုင္လတို႔တြင္ျဖစ္ပြားခဲ့ေသာ ကြတ္ခိုင္ၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမမ်ားတြင္ျဖစ္ပြားခဲ့ေသာ တိုက္ပြဲ မ်ားတြင္လည္းေကာင္း တပ္မေတာ္သည္ အခ်ိန္တိုအ တြင္း ေသာင္းက်န္းသူမ်ားကို တန္ျပန္ တုံ႔ျပန္ တိုက္ခိုက္၍ ႏွိမ္နင္းႏိုင္ခဲ့သည္။ အခ်ိန္တိုအတြင္း နယ္ေျမမ်ားကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။
သို႔ေသာ္ ယခုတစ္ႀကိမ္တြင္ ယခင္ႏွင့္မတူ စစ္ေရးအရ ထူးျခားမႈမ်ားစြာကိုႀကဳံေတြ႕ရသကဲ့သို႔ ရန္သူ၏တိုက္ခိုက္မႈကလည္း ပို၍ စနစ္က်လာခဲ့သည္။ အထူးသျဖင့္ ရန္သူသည္ ေမာင္းသူမဲ့ဒ႐ုန္းမ်ားကို စစ္ပြဲအတြင္း ေဖာေဖာသီသီသုံးကာ စစ္ေရးအရ ဖိအားေပးတိုက္ခိုက္လာျခင္းကပင္ျဖစ္သည္။ ေမာင္းသူ မဲ့ဒ႐ုန္းမ်ားႏွင့္ ထိေတြ႕ကြၽမ္းဝင္ ရင္းႏွီးမႈမရွိေသာ မိမိတပ္မ်ားသည္ ေရရွည္ခုခံရန္ အခက္အခဲမ်ား ရင္ ဆိုင္ႀကဳံေတြ႕လာရသျဖင့္ တပ္စခန္းအခ်ိဳ႕ႏွင့္ၿမိဳ႕႐ြာအခ်ိဳ႕ကို ယာယီဆုတ္ခြာေပးခဲ့ရသည္။
စာေရးသူသည္ ႏိုင္ငံေရး၊ စစ္ေရးကို စိတ္ဝင္စားသူျဖစ္သျဖင့္ ဤအေျခအေနသည္ ပုံမွန္မဟုတ္ သည့္ စစ္ေရးေျပာင္းလဲမႈျဖစ္ၿပီဟု နားလည္လက္ခံခဲ့သည္။ အထူးသျဖင့္ တပ္မေတာ္သည္ စစ္ေရးဆိုင္ ရာ၊ စစ္ပြဲမ်ိဳးဆက္မ်ား၏စိန္ေခၚမႈႏွင့္ ရင္ဆိုင္ေနရၿပီးဟု နားလည္လက္ခံခဲ့ျခင္းျဖစ္သည္။ ဤကဲ့သို႔ စစ္ပြဲ မ်ိဳးဆက္မ်ားေျပာင္းလဲလာႏိုင္ေၾကာင္းကို ႀကိဳတင္ေမွ်ာ္ေတြးၿပီး ေမာင္းသူမဲ့ ဒ႐ုန္းေတာ္လွန္ေရးေခတ္ ကို ေရာက္ရွိလာေတာ့မလားဆိုၿပီး (၁၀၂၇)မတိုင္မီ (၈)လေလာက္ကတည္းက ေဆာင္းပါးတစ္ပုဒ္ေရးခဲ့ သည္။ အနာဂတ္ကိုႀကိဳတင္ေမွ်ာ္ေတြး ေရးသားမႈမ်ိဳး ျဖစ္ေနျခင္းႏွင့္ ပုံႏွိပ္မီဒီယာအမ်ားစုသည္ စစ္ေရး ထက္ ႏိုင္ငံေရးကို ပို၍ အသားေပးေဖာ္ျပၾကသျဖင့္ ထိုေဆာင္းပါးကို ပုံႏွိပ္မီဒီယာမ်ားက အသုံးမျပဳခဲ့ေပ။ ထို႔ေၾကာင့္ ခဏခဏပ်က္တတ္သည့္ စာေရးသူ၏ Facebook အေကာင့္ကတစ္ဆင့္ တင္ခဲ့ဖူးသည္။
စစ္ပြဲမ်ိဳးဆက္မ်ား အေျပာင္းအလဲႏွင့္ စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းလဲမႈမ်ားကိုသတိျပဳမိခဲ့ သည္မွာ (၁၀၂၇)စခ်ိန္မွမဟုတ္ေပ။ (၂၀၂၀)ျပည့္ႏွစ္ စက္တင္ဘာ (၂၇)ရက္မွ ႏိုဝင္ဘာလ (၁၀)ရက္ အထိ (၄၄)ရက္ၾကာျဖစ္ပြားခဲ့ေသာ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားတို႔ျဖစ္ပြားခဲ့ေသာ ႏိုဂိုရာ-ကာရာ ဘက္ေဒသစစ္ပြဲကတည္းကျဖစ္သည္။ ထိုစစ္ပြဲက စတင္ၿပီး သတိေပးေရးသားခဲ့ဖူးသည္။ ထိုစစ္ပြဲအတြင္း အာေမးနီးယားဘက္ကဆုံးရႈံးမႈမ်ားမွာ စစ္သည္ (၃,၈၀ဝ) ခန႔္၊ အရပ္သား (၈၀)ခန႔္ ေသဆုံးၿပီး နယ္ေျမ (၇၅%)ခန႔္ဆုံးရႈံးခဲ့ရသည္။
ထို႔ျပင္ တင့္ကား (၁၈၅)စီး၊ သံခ်ပ္ကာတိုက္ခိုက္ေရးယာဥ္ (၄၄)စီး၊ ယာဥ္ဆြဲအေျမာက္ (၁၄၇) လက္၊ ယာဥ္တင္အေျမာက္ (၁၉)လက္၊ အတြဲလိုက္ ဒုံးပစ္စင္(၇၂)စင္း၊ ေျခလ်င္တပ္သုံးတိုက္ခိုက္ေရး ယာဥ္ (၄၄)စီးႏွင့္ ေရဒါ (၁၂) စီးအထိ ဆုံးရႈံးမႈႀကီးမားခဲ့သည္။ ႐ုရွားလုပ္ တင့္၊ သံခ်ပ္ကာကားမ်ား က လည္း တူရကီမွ ထုတ္လုပ္သည့္ Bayraktar TB2 ဒ႐ုန္းမ်ား ေအာက္တြင္ ျပားျပားေမွာက္ခဲ့ရသည္။
စင္စစ္ အာေမနီးယားတို႔သည္လည္း မ်ိဳးခ်စ္စိတ္ဓာတ္အရာတြင္ ထိပ္တန္းအဆင့္ရွိႏိုင္ငံျဖစ္ သည္။ ကမာၻေပၚတြင္ ခရစ္ယာန္ဘာသာကို ႏိုင္ငံေတာ္ဘာသာအျဖစ္ ပထမဆုံးျပ႒ာန္းခဲ့သည့္ တစ္ခု တည္းေသာ ႏိုင္ငံျဖစ္သည္။ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲစဥ္ကတည္းက ဆိုဗီယက္မွခြဲထြက္ခဲ့ၾကေသာ ဤႏိုင္ငံသည္ ႏိုဂိုရာ-ကရာဘတ္ေဒသ အျငင္းပြားမႈကတစ္ဆင့္ မၾကာခဏဆိုသကဲ့သို႔ စစ္ျဖစ္ပြားခဲ့ၾက သည္။ စစ္ျဖစ္ပြားတိုင္းလည္း အာေမးနီးယားတို႔က အသာစီးရခဲ့၍ ဤနယ္ေျမကို ကာလရွည္ၾကာစြာ ထိန္းထားႏိုင္ခဲ့ျခင္းျဖစ္သည္။ အာေမးနီးယားစစ္သားမ်ားသည္ အဘိုးမွ အေဖ၊ အေဖမွသားဟူ၍ လက္ ဆင့္ကမ္းအေမြဆက္ခံသူမ်ားအျဖစ္ နာမည္ႀကီးၾကသည္။
သို႔ေသာ္ ယခုစစ္ပြဲတြင္မူ ႀကီးစြာေသာဆုံးရႈံးမႈမ်ား ကိုရင္ဆိုင္ခဲ့႐ုံမကဘဲ (၂၀၂၃) ခုႏွစ္ စက္တင္ ဘာလ (၁၉)ရက္မွ (၂၀)ရက္အထိ (၂၄)နာရီအၾကာစစ္ပြဲ တြင္ ႏိုဂိုရာ-ကာရာဘက္ ေဒသႀကီးတစ္ခုလုံး ကို လက္လႊတ္ဆုံးရႈံးခဲ့ရေပသည္။ အာေမးနီးယားတို႔၏ စစ္ရႈံးခဲ့ရမႈႏွင့္ပတ္သက္၍ ျပန္လည္ ဆန္းစစ္ ေလ့လာၾကည့္သည့္အခါ အဇာဘိုင္ဂ်န္သည္ တူရကီႏွင့္ အစၥေရးလုပ္ဒ႐ုန္းမ်ားကိုသုံးၿပီး ေခတ္သစ္စစ္ပြဲ ကို နိဒါန္းဖြင့္လွစ္ႏိုင္ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။ ဤစစ္ပြဲ ေၾကာင့္ စစ္မက္ေရးရာ ေတာ္လွန္ေျပာင္းလဲမႈ ႀကီးျဖစ္ၿပီဟု သုံးသပ္မိခဲ့ေသာ္လည္း ေျပာရန္ေစာေနေသးျခင္း၊ မိမိကိုယ္တိုင္လည္း စစ္ပညာရွင္တစ္ ေယာက္မဟုတ္ျခင္းတို႔ေၾကာင့္ ထိုအခ်ိန္က ဤကာလသည္ စစ္မက္ေရးရာေတာ္လွန္ေျပာင္းလဲမႈအရ သတင္း ေတာ္လွန္ေရးေခတ္ကို မလြန္ဆန္ႏိုင္ေသးလွ်င္ လည္း သတင္းေတာ္လွန္ေရးေခတ္ႏွင့္ ဒ႐ုန္းေတာ္လွန္ေရးေခတ္ေပၚေပါက္လာၿပီဟု စာေရးသူ သုံးသပ္ေရးခဲ့ဖူးသည္။
စာေရးသူသုံးသပ္သကဲ့သို႔ ေနာက္ပိုင္းထြက္ရွိသည့္ဒ႐ုန္းစစ္ပြဲစာအုပ္မ်ားက ဒ႐ုန္းေတာ္လွန္ေရး ေခတ္ကိုေရာက္ၿပီဟုေရးသားလာၾကသည့္အျပင္ (၁၀၂၇)စစ္ဆင္ေရးေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္ နဖူး ေတြ႕ဒူးေတြ႕ႀကဳံခဲ့ၾကရသည္။
မည္သို႔ပင္ဆိုေစကာ စစ္ေရးသည္ ႏိုင္ငံေရးကို လႊမ္းမိုးသက္ေရာက္ႏိုင္စြမ္းရွိသျဖင့္ စစ္ေရးရလဒ္ ေကာင္းမြန္ေရးႏွင့္ အသာစီးရေရးက အလြန္အေရးႀကီးလွေပသည္။ ထိုနည္းတူ စစ္ေရးစစ္ရာမ်ားႏွင့္ စစ္ လက္နက္မ်ားသည္လည္း အလြန္လ်င္ျမန္စြာ ေျပာင္းလဲတိုးတက္ေနသကဲ့သို႔ ပ်ံ႕ႏွံ႔မႈလြယ္ကူေန သည္ကို လည္းေတြ႕ရသည္။ စစ္လက္နက္ပစၥည္းမ်ား တိုးတက္ေျပာင္းလာသည္ႏွင့္အမွ် စစ္ပြဲမ်ိဳးဆက္ မ်ားႏွင့္ စစ္မက္ေရးရာေတာ္လွန္ေျပာင္းလဲမႈမ်ားကလည္း အၿမဲတေစေျပာင္းလဲေနဦးမည္သာ ျဖစ္သည္။ ဤကဲ့သို႔ ေျပာင္းလဲမႈမ်ားသည္ စစ္ပြဲမ်ိဳးဆက္စိန္ေခၚမႈမ်ားႏွင့္ စစ္ေရးဆိုင္ရာ စိန္ေခၚမႈမ်ားျဖစ္သည္ကို သတိျပဳေစာင့္ ၾကည့္ၿပီး မိမိတို႔ အမိျမန္မာႏိုင္ငံကို ကာကြယ္ေစာင့္ေရွာက္ရန္ ျပင္ဆင္ထားၾကရမည္ ျဖစ္သည္။

ကိုးကား
ရဲေက်ာ္၏ မ်က္ေမွာက္ေခတ္စစ္ပြဲမ်ားႏွင့္ ဒ႐ုန္း၏ အခန္းက႑။
စိုးၫြန႔္၏ ဒ႐ုန္းစစ္ပြဲ။
ေအာင္မ်ိဳး၏ မ်က္ေမွာက္ေခတ္စစ္မက္ေရးရာအယူအဆမ်ား။
ဇာနည္(ဘူမိေဗဒ)၏ (၂၁)ရာစု စတုတၳမ်ိဳးဆက္စစ္ပြဲ။

Related news

© 2021. All rights reserved.