အကြောက်တရားကို အရှုံးပေးလိုက်ရင် အကြမ်းဖက်ဝါဒကို အရှုံးပေးတာ ဖြစ်သွားလိမ့်မယ်

102

သက်ပိုင် (NP News) - အောက်တိုဘာ ၂၈
ဒေါက်တာအောင်မျိုးသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် မည့်သူတစ်ဦးဖြစ်သည်။ ဒေါက်တာ အောင်မျိုး၏ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်းရည်ရွယ်ချက် များ၊ အနာဂတ်ရည်မှန်းချက်များနှင့် ရွေးကောက်ပွဲအပေါ်ထားရှိသော ခံယူချက်၊ ရပ်တည်ချက်များနှင့် ပတ်သက်၍ ၎င်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး- ရွေးကောက်ပွဲအပေါ်မှာထားရှိတဲ့ သဘောထား ရပ်တည်ချက်နဲ့စပြီး မိတ်ဆက်ပေးပါ။
ဖြေ- ရွေးကောက်ပွဲဆိုတာကတော့ ဒီမိုကရေစီ စနစ်မှာ မဖြစ်မနေဖြတ်သန်းရမယ့်အရာတစ်ခုပေါ့နော်။ ဒီတော့ ဒီမိုကရေစီနိုင်ငံရေးကိုလုပ်မယ့်သူတိုင်းဟာ ဘယ်သူပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို ဖြတ်သန်းရ မယ်။ လူထုကနေပြီးတော့ ရွေးချယ်တင်မြှောက်ဖို့လိုတာပေါ့နော်။ ဒါကြောင့် ဒီမိုကရေစီနိုင်ငံရေးမှာ ရွေး ကောက်ပွဲဟာ အရေးကြီးဆုံးဖြစ်တယ်။ လူထုရဲ့ ကိုယ်စားပြုမှုဖြစ်တယ်။ ဒါကြောင့် ဒီလမ်းစဉ်ဟာ သွား ကိုသွားမှရမယ့်အရာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ အပြည့်အဝခံယူတယ်ပေါ့နော်။
မေး- လာမယ့်ရွေးကောက်ပွဲကို ဘယ်လိုမြင်မိပါသလဲ။
ဖြေ- ပထမတစ်ချက်ကတော့ Free and Fair ပေါ့နော်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ် မယ်လို့ ကျွန်တော်ကယုံကြည်တယ်။ တစ်ခုတော့ ရှိတယ်။ ဥပမာ ရွေးကောက်ပွဲရဲ့အခင်းအကျင်းလို့ ခေါ် တာပေါ့နော်။ ရွေးကောက်ပွဲရဲ့အခင်းအကျင်းကတော့ ဘယ်လိုပြောရမလဲဆိုရင် ဒီရွေးကောက်ပွဲမှာက တော့ ပညာမတတ်ရင်၊ ဆယ်တန်းအထိမှမတတ်ရင် မဝင်နိုင်ဘူးပေါ့။ ဒီလိုအချက်အလက်လေးတွေကို တော့ ကျွန်တော်က သိပ်ပြီး ဘဝင်တော့မကျလှဘူး။ တကယ့်တကယ်တော့ ဆယ်တန်းရောက်ရောက် မ ရောက်ရောက်ပေါ့နော် နိုင်ငံရေးဝါသနာပါရင်တော့ လုပ်စေချင်ပါတယ်။ သို့သော် ကျွန်တော်တို့က ဒါနဲ့ ပတ်သက်လို့ လက်ရှိအမိန့်ထုတ်တဲ့သူတွေအပေါ်မှာ မကျေနပ်တာ ဘာညာတွေတော့ စိတ်ထဲမှာလုံးဝမရှိ ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာက ရွေးကောက်ပွဲလုပ်ပေးတာကိုပဲ ကျေနပ်နေတာပေါ့နော်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လုပ်ပေးတာကိုပဲ ကျွန်တော် တို့ကကျေနပ်နေတာ။ အဲဒီတော့ တရားမျှတမှု အပိုင်းမှာဆိုရင်လည်းပဲ တချို့ပါတီတွေကဝင်ရတယ်၊ တချို့ပါတီတွေကမဝင်ရဘူး။ ဒီလိုတွေဖြစ်နေ တယ်။ သို့သော်လည်းပဲ အဲဒီအပိုင်းမှာလည်းပဲ ကျွန်တော် တို့က အဲဒါကို အဓိကမထားဘူး။ သေချာတာ ကတော့ ကျင်းပမှုပုံစံမှာကတော့ အပြည့်အဝကို မျှတလိမ့်မယ် လို့ ကျွန်တော်ကတော့ယုံကြည်တယ်။ ဥပမာ မဲစာရင်းအရ ပြီးခဲ့တဲ့ရွေးကောက်ပွဲလိုပေါ့နော်။ အာဏာရပါတီကနေပြီးတော့ မသမာမှုဖြစ်အောင် အကွက်ချ ပြီးစီစဉ်သွားတာမျိုးပေါ့ဗျာ။ ပြောရရင် ကိုဗစ်ကိုအ ကြောင်းပြုပြီးတော့ အကွက်ချပြီးတော့ ကိုဗစ်ချေးငွေတွေကအစ ပါတီရန်ပုံငွေထဲကို မဲဆွယ်တဲ့အထဲမှာ သူတို့က ထင်ယောင်ထင်မှားသုံးခဲ့တာ ပေါ့နော်။ ဒါမျိုးတွေက လက်ရှိအစိုးရလက်ထက်မှာတော့လုံးဝမရှိဘူး။
အဲဒီအပိုင်းမှာတော့ လုံးဝ Free and Fair ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဘာလို့ယုံကြည် သလဲဆိုတော့ တစ်အချက်ကတော့ ပထမအစိုးရသည် မဲနဲ့ပတ်သက်ပြီးတော့ မဲမသမာမှုဖြစ်တယ်။ အဲဒါ ကိုမကြိုက်လို့ ကျွန်တော်တို့က ဖြုတ်ချလိုက်တယ်။ အခုဦးဆောင်ပြီး လုပ်ပေးမယ်ဆိုတာနဲ့ပတ်သက်ပြီး တော့ ကမ္ဘာကိုသက်သေပြဖို့လည်းလိုတယ်။ သူတို့ကိုယ်တိုင်ကလည်း တိုက်ရိုက်အကျိုးစီးပွားရှိတဲ့ သူ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကနေပြီးတော့ပေါ့ နော်။ တပ်မတော်ဆိုတော့ ကြားအဖွဲ့အစည်းပဲ။ သူ့မိတ် ဖက်တော့ရှိမှာပေါ့ဗျာ။ ကြံ့ခိုင်ရေး ဘာညာ တော့ရှိမှာပေါ့။ သို့သော် ဒီကိစ္စမှာ သူက တိုက်ရိုက်ပါဝင်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့အခါကျတော့ အရင်က လုပ်ခဲ့တာထက်တော့ ပိုပြီးတော့မျှတမယ်။ တချို့အခင်း အကျင်းပိုင်းမှာတော့ ပြောစရာတွေရှိကောင်းရှိ မယ်။ သို့သော် ဒါတွေကပြဿနာမဟုတ်ဘူး။ တကယ် ကျင်းပလိုက်တဲ့ပွဲကြီးမှာတော့ လုပ်နေတဲ့အချိန်မှာ ဘယ်သူမှ မဲခိုး၊ မဲလိမ်တာတွေကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူး။ မျှမျှတတနဲ့တန်းတူခြင်းဆိုတဲ့ အသွင် သဏ္ဌာန်နဲ့ဆောင်ပြီး ဒီမိုကရေစီကိုအကောင်အထည် ဖော်တယ်။ အစကတည်းကိုက ငါတို့က ဒါကိုလုပ်ဖို့ ရည်ရွယ်ခဲ့တယ်။ အခုငါတို့ သေသေချာချာ အကောင်အထည်ဖော်ပြီဆိုတဲ့ပုံစံမျိုးကို ပြောမှာဖြစ်တဲ့အတွက်ကြောင့် ဒီအပိုင်းမှာ ကျွန်တော် လုံးဝ သံသယ မရှိဘူး။ ဒီအခင်းအကျင်းဟာကောင်းတယ်။ ကျွန်တော်တို့အ တွက်ကျတော့ ဘယ်လိုပုံစံနဲ့ ဖြစ် ဖြစ် ရွေးကောက်ပွဲဝင်ရတာနဲ့တင်ကို ကျွန်တော်တို့ကလက်ခံတယ်၊ ကျေနပ်တယ်ပေါ့ဗျာ။
မေး- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့စည်းကမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။
ဖြေ- ကျွန်တော်တို့အတွက်ကျတော့ UEC ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေက စိန်ခေါ်မှုမဖြစ်တဲ့အပြင် ပြောရရင် တချို့အပိုင်းတွေမှာကျတော့ ပိုတောင်ကောင်းသွားတာပေါ့နော်။ ဒီရွေးကောက်ပွဲ မဲဆွယ် စည်းရုံးတဲ့အခါ စီတန်းလှည့်လည်မှုနဲ့ပတ်သက်ပြီးတော့ ပြောရရင် ကျွန်တော်တို့က ဘယ်လောက်လှည့် လည်မှာလဲ။ ကျွန်တော်က တစ်သီးပုဂ္ဂလဆိုတော့ ကျွန်တော်ကားတစ်စီးပေါ့။ ဟိုပါတီကြီးတွေလို ကား တွေ ငါးဆယ်၊ တစ်ရာလုပ်တာမျိုးတွေ မလုပ်နိုင်ဘူးလေ။ ဒီတော့ ကျွန်တော်တို့အတွက်ကောင်းတာက ကျွန်တော်တို့အတွက် အကုန်သက်သာတာပေါ့ဗျာ။ ဒါက တစ်ချက်ကောင်းတာပေါ့နော်။ နောက်တစ်ခု ကတော့ ဒီစီတန်းလှည့်လည်မှုတွေမပြုဘူး၊ ဘာညာဆိုတာကလည်း လုံခြုံရေးဆိုင်ရာ အကြောင်းပြ ချက်တွေ ပါတာပေါ့ဗျာ။ ဒါ့ပြင် နောက်တစ်ခုကလည်း ဒါကိုအကြောင်းပြုပြီးတော့ အခွင့်ကောင်းယူပြီး လုပ်လာမယ်ဆိုရင်လည်း စီတန်းလှည့်လည်နေတုန်း ဒီအဖွဲ့တွေရဲ့လုံခြုံရေးကိုတာဝန်ယူနေတဲ့သူတွေ က လိုက်ပါလုပ်မပေးနိုင်တော့ဘူးပေါ့နော်။ ဒီတော့ ကျွန်တော်တို့ကတော့မပြောပါဘူး။ ကန့်သတ်ချက် တွေလည်း ရှိနေမှာပဲ။ အဲဒီကန့်သတ်ချက်ရှိလည်း ကန့်သတ်ချက်ကို ကိုယ်ကလည်းလိုက်နာရမှာပဲ။ ဒီတော့ ဘယ်လိုပဲ ပြောပြောဗျာ ကျွန်တော်နိုင်ရင်လည်းနိုင်၊ ကျွန်တော် မနိုင်ရင်လည်း တခြားသူနိုင်မှာ ပေါ့ဗျာ။ တစ်ယောက်တော့နိုင်မှာပဲလေ။ အဲဒီတော့ ဒါကတော့ ရွေးကောက်ပွဲဖြစ်ပြီဆိုရင် သူ့တာဝန် ကျေတယ်။ ကျွန်တော်တို့လည်း ကျေနပ်တယ်လို့ပဲပြောရမှာပေါ့နော်။
မေး- လာမယ့်ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်တွေကို ဝင်ပြိုင်သွားမှာပါလဲ။
ဖြေ- ကျွန်တော်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ ဇမ္ဗူသီရိမဲဆန္ဒနယ်မှာ ဝင်ပြိုင်သွားမှာပါ။ ဇမ္ဗူသီရိက ဝန်ထမ်း ဦးရေများတယ်လေ၊ အရမ်းများတယ်။ ကျွန်တော်ကိုယ်တိုင်က အရပ်ဘက်ဝန်ထမ်းအနေနဲ့ (၁၃) နှစ်ပေါ့နော်။ ညွှန်ကြားရေးမှူးချုပ်အနေနဲ့ (၁၃)နှစ် လုပ်လာတယ်။ တပ်မတော်သား ဝန်ထမ်း ဘဝ ကတော့ အနှစ်(၂၀)ပေါ့ဗျာ။ အဲဒီတော့ ဝန်ထမ်းတွေရဲ့ နစ်နာချက်တွေ၊ ဝန်ထမ်းတွေရဲ့အားသာချက်တွေ၊ ဒါ တွေကိုလည်းသိတယ်။ ဝန်ထမ်းတွေရဲ့အခက်အခဲကိုလည်း ကိုယ်တွေကနားလည်တယ်။ ဒါကြောင့်မို့ လို့ ဝန်ထမ်းတွေရဲ့ပတ်သက်ပြီးတော့ ဝန်ထမ်းတွေဘက်က ရပ်တည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော် က ဇမ္ဗူသီရိမှာပြိုင်တာပေါ့နော်။ (၂၀၂၀) တုန်းကတော့ ရှုံးခဲ့ပါတယ်။ အဲဒီအရင်တုန်းကလည်း (၂၀၁၅၊ ၂၀၁၇) တုန်းကလည်းပြိုင်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ပေါ့နော်။ အဲဒီမှာ တော့ နှစ်ခါ ပြိုင်ခဲ့ပါတယ်။ အခု ဇမ္ဗူသီရိမှာလည်း ဒါနဲ့ဆိုရင် နှစ်ခါပေါ့နော်။ စုစုပေါင်း ဝင်ပြိုင်တာ လေးခါရှိပြီပေါ့နော်။ ဒီတော့ ဇမ္ဗူသီရိကတော့ ဝန်ထမ်းတွေအများစုဖြစ်တဲ့အတွက်ကြောင့် အဲဒီဝန်ထမ်း တွေ ကျွန်တော့်ကိုရွေးလိုက်ရင် တိုင်းပြည်မှာ ဝန်ထမ်းတွေအတွက် အဓိ ကအောင်ပွဲတစ်ရပ်လိုဖြစ်သွား ပါလိမ့်မယ်လို့ ကျွန်တော်ကခံယူပါတယ်။ ဝန်ထမ်းတွေအဲဒီလိုခံစားရအောင် ကျွန်တော်က ကြိုးစားသွား မှာပေါ့နော်။ ဒီလိုပဲ မျှော်လင့်ပါတယ်။
မေး- ဒါဆိုရင် ရွေးကောက်ပွဲမှာအနိုင်ရခဲ့လို့ လွှတ်တော်ထဲရောက်ခဲ့ရင် ပထမဆုံးလုပ်မယ့်အရာက ဘာ ဖြစ်မလဲ။
ဖြေ- ကျွန်တော်ကတော့ အရင်ဆုံး ဝန်ထမ်းဥပဒေကို ပြင်မှာပေါ့နော်။ အရင်တုန်းကတော့ ဝန်ထမ်း ဥပဒေနဲ့ ပတ်သက်ပြီးပြောတာပေါ့နော်။ အခုကျတော့ ဥပဒေနဲ့ငြိမှာစိုးလို့ သိပ်ပြီးတော့မပြောတော့ဘူး ပေါ့။ ဒါပေမဲ့ အရင်တုန်းကပြောဖူးတဲ့ ပန်းဖလက်လေးတွေ မှာတော့ပါပါတယ်။ အဓိက ဘာလဲဆိုတော့ ဝန်ထမ်း ဥပဒေရဲ့တချို့အချက်အလက်တွေက ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ဆန့်ကျင်နေတာတွေရှိတာပေါ့ နော်။ ဝန်ထမ်းတွေကို Control ထဲကိုထည့်တာ နည်းနည်းတော့များတာပေါ့နော်။ အဲဒါကို ကျွန်တော် တို့က လျှော့ရမယ်။ ဝန်ထမ်းတွေဟာ တရားဥပဒေရဲ့အကာအကွယ်ပေးမှုကို ဒီထက်ပိုပြီးရရမယ်။ ဒါက ကျွန်တော်ရဲ့ ပထမဦးဆုံးအလုပ်ပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲစပြီးမပြိုင်ခင်ကတည်းက (၂၀၁၄)ကတည်းက ဦးသိန်းစိန်အစိုးရကို ဆောင်းပါး ရေးပြီးသတိပေးဖူးတယ်။ ဝန်ထမ်းဖြစ်တော့ ဗြောင် ရေးလို့မရတော့ ကလောင်နာမည်တစ်ခုပေးပြီးတော့ ရေးရတာပေါ့။ ဝန်ထမ်းတွေရဲ့အခက်အခဲတွေပေါ့။ ဥပဒေနဲ့ ပတ်သက်လို့ ကျွန်တော် တန်းစီထားတာကတော့ အများကြီးပေါ့နော်။ ကျွန်တော် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ရင်လည်း ကြည့်နေပေါ့ဗျာ။ ဘာတွေတွေ့ရမလဲဆိုတာကိုပေါ့။
မေး- မဲဆန္ဒရှင်ပြည်သူတွေကိုကော ဘယ်လိုကတိက ဝတ်တွေပေးသွားမှာလဲ။
ဖြေ- ကျွန်တော်ပေးချင်တဲ့ ကတိကဝတ်ကတော့ “ရပိုင်ခွင့်နဲ့တရားမျှတမှုအတွက် ဒေါက်တာအောင် မျိုးကို မဲပေးစို့”ဆိုတဲ့ဟာကိုပေးချင်တာပေါ့နော်။ ရပိုင်ခွင့်နဲ့တရားမျှတမှုအတွက်ပေါ့နော်။ ပြည်သူတွေ မှာ မြေသိမ်း၊ ယာသိမ်းကိစ္စ မတရားမှုတွေဖြစ်ခဲ့တာတွေအများကြီးပေါ့နော်။ စီမံခန့်ခွဲမှု အလွဲတွေပေါ့ နော်။ အဲဒါမျိုးတွေက တစ်တိုင်းပြည်လုံးမှာရှိတယ်။ ဒါတွေကို ကျွန်တော်တို့က တရားမျှတမှုကို ဖော် ဆောင်မယ်။ နောက်တစ်ခုက ရပိုင်ခွင့်တွေရှိတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေအတွက်ပေါ့နော်။ အဲဒီ တော့ အဲဒီရပိုင်ခွင့်တွေကို ကျွန်တော်ရအောင်လုပ်မယ်။ ဒါတွေကို ဖော်ထုတ်မယ်ပေါ့နော်။ ဒီရည်ရွယ် ချက်ပေါ့။ ဒါတွေကတော့ မဲဆန္ဒရှင်တွေကိုပေးမယ့်ကတိကဝတ်တွေပါပဲ။
မေး- လာမယ့်ရွေးကောက်ပွဲမှာ PR နဲ့ FPTP ရောထားတဲ့စနစ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ- ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ အကြံပေးစရာတော့မရှိပါဘူး။ ကျွန်တော်ဖြစ်စေချင်တာ ကတော့ အကုန်လုံးကို PR လုပ်လိုက်စေချင်တာ ပေါ့နော်။ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ် တော်ရော အကုန်လုံးကို PR လုပ်လိုက်စေချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက နိုင်ငံရေး ပါတီတွေလည်း များတယ်။ နောက်တစ်ခုက မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုကလည်း အပိုင်းပိုင်းအကွဲကွဲ အ ပြားပြား တယ်။ ဒီလိုရှိနေတော့ ဥပမာဆိုပါတော့ဗျာ နာမည်မကြီးတဲ့ ပါတီလေးတစ်ခုပဲဖြစ်ဖြစ်ပေါ့နော်။ သူ့ကိုကြိုက်တဲ့သူက ဒီမြို့နယ်မှာ အနည်းစုလေးပဲ။ ဟိုမြို့နယ်မှာလည်း အနည်းစုလေးပဲဆိုတဲ့အခါကျ တော့ ဘယ်မြို့နယ်မှမနိုင်ဘူးဆိုပါတော့။ ဒါပေမဲ့ သူ့ကိုကြိုက်တဲ့သူတွေက မြို့နယ်ပေါင်း (၃၀ဝ) လောက် စုလိုက်ရင်တော့ တော်တော်များသွားမှာလေ။ ဒါက သူ့အတွက်ကိုယ်စားပြုခွင့်ပေးလိုက်တာ။ ဒါဟာ (PR) လေ။ (PR) က နယ်မြေကျယ်လေ ပိုပီပြင်လေပဲ။ ဒီတော့ မြန်မာတစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် တစ်ခုတည်း ဆိုပါတော့။ ဒီအထဲမှာ လူ(၃၀ဝ)ကျော်ရွေးမယ်။ ကျွန်တော်လည်းပြိုင်မယ်၊ ကျွန်တော် လည်း ပြိုင်မယ်ဆိုပြီး အားလုံးကပြိုင်လိုက်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက (၃၀ဝဝ) ကျော်လောက် ရှိမှာပေါ့ဗျာ။ အဲဒီသုံးထောင်ကျော်လောက်ရှိတယ် ဆိုရင် အဲဒီ (၃၀ဝဝ)ကျော်က မြန်မာ တစ်နိုင်ငံလုံးကို မြို့နယ်ပေါင်း (၃၀ဝ)ကျော်မှာရှိတဲ့သူတွေက ကြိုက်တဲ့သူမဲထည့်ကြရင် ကျွန်တော့်ကို ကြိုက်တဲ့သူတွေကို သေချာတာတော့ တစ်မြို့နယ်စာလောက်တော့ ရနိုင် တာပေါ့နော်။ ဒီသဘောပေါ့ ဗျာ။ ဒီဟာက သေချာပေါက်ရမှာ။ အဲဒီအခါကျတော့ ကိုယ်စားပြုမှုက ပိုပြီး ပီပြင်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့က PR ကို ပိုပြီးဖြစ်စေချင်တာပေါ့နော်။ တကယ်တော့ FPTP ဆိုတာကတော့ အင်အားကြီး ပါတီတွေရဲ့အကြိုက်ပေါ့ဗျာ။ မြန်မာပြည်မှာက ကိုယ်စားပြုမှုတွေကများပြီးတော့ ကွဲပြားမှုတွေရှိတဲ့ အတွက်ကြောင့် PR လူထုအကြိုက်ဖြစ်စေမှာပါ။ လူထုကိုသွားပြီးတော့ ခင်ဗျားတို့က အဲဒီဟာကို မကြိုက်နဲ့၊ ခင်ဗျားတို့က ပါတီကြီးနှစ်ခုလောက်ပဲ အဓိကထားဦးစားပေးဆိုတာမျိုးကျတော့ ပြောလို့ မရ ဘူးလေနော်။ လူထုရဲ့ဆန္ဒနဲ့ကိုက် ညီတာကိုပဲ ကျွန်တော်တို့ကလုပ်ပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်ကတော့ PR ကိုပဲ ဖြစ်စေချင်တယ်။ တစ်နိုင်ငံလုံးစာကို ဖြစ်နိုင်ရင် အစ္စရေးလို လုပ်လိုက် စေချင်တယ်လို့ ခံယူတယ်ပေါ့နော်။
မေး- တစ်သီးပုဂ္ဂလအနေနဲ့ဝင်ပြိုင်မှာဆိုတော့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ- ကျွန်တော့်အတွက် အဓိကစိန်ခေါ်မှုကတော့ တစ်သီးပုဂ္ဂလဖြစ်နေတော့ ကျွန်တော့်မှာ ရပ်ကွက် တွေထဲမှာ ဆဲလ်မရှိဘူးလေ။ ကျွန်တော့်ကို မဲဆွယ်ပေးမယ့်သူမရှိဘူး။ မရှိတော့ ကျွန်တော်က နယ်ကျဉ်း လေကောင်းလေပေါ့နော်။ ကျွန်တော်ကိုယ်တိုင် လုပ်ရမှာပေါ့။ ဒီတော့ အရင် NLD က ဒေါ်စန္ဒာမင်းက တော့ သူက ဇမ္ဗူသီရိမှာ ကြားဖြတ်နိုင်ခဲ့တာကိုး။ သူ လည်းအသက်က ကျွန်တော့်ထက်ငယ်ပေမယ့် နိုင်ငံ ရေးအလုပ်မှာတော့ ဝါရင့်နေပြီပေါ့နော်။ လွှတ်တော် နိုင်ငံရေးမှာတော့ ဝါရင့်သွားပြီပေါ့။ သူက ကျွန် တော် ပြိုင်မယ်ဆိုတာသိတော့ ဇမ္ဗူသီရိကဖယ်ပေးတယ်။သူက လသာကိုသွားယူတာပေါ့။ သူရဲ့ရွေးချယ် မှုက အရမ်းမှန်ကန်တာပေါ့နော်။ လသာမြို့နယ်က တကယ့်တကယ်ကျတော့ မြောက်ဥက္ကလာက ရပ်ကွက်ကြီးတစ်ကွက်စာလောက်ရှိတယ်လေ။ တစ်သီးပုဂ္ဂလ အနေနဲ့ကျတော့ အကောင်းဆုံးပေါ့။ ကျွန်တော်တို့အတွက်ကျတော့ မြို့နယ်ကျယ်လေ တစ်သီးပုဂ္ဂလအတွက်ကခက်လေပဲလေ။ အခုဇမ္ဗူ သီရိလောက်က ကျွန်တော်တော်သေးတယ်။ ဟင်္သာတမြို့နယ်လိုဟာ မျိုးဆိုရင် အဲဒီနှစ်လတည်းနဲ့ ကျွန်တော်ဘယ်လိုမှ မရောက်နိုင်ဘူး။ မသွားနိုင်တော့ဘူးပေါ့။ တစ်သီး ပုဂ္ဂလတွေအတွက် အဓိက စိန်ခေါ်မှုက အဲဒါပဲ။ ဆဲလ်တွေမရှိတော့ ကိုယ်တိုင်လုပ်ရတယ်။ (၂၀၂၀) တုန်းကလည်း အိမ်ပေါက်စေ့ အကုန်လုံးကို ကျွန်တော်သွားခဲ့တယ်။ တိုက်ပေါ်တွေသာမရောက်တာ တိုက်အောက်ခြေတွေအထိ ကျွန်တော်အကုန်ရောက်ခဲ့တယ်။ တစ်မြို့နယ်လုံးပေါ့နော်။ အခုလည်း ကျွန်တော် ခြေကျင် လျှောက် ရတော့မှာပေါ့နော့။ အဲဒီရက် (၆၀)ကို ကျွန်တော် မနားမနေချရတော့မယ်။
မေး- လာမယ့်ရွေးကောက်ပွဲမှာ ကိုယ်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ဘာတွေပြင်ဆင်ထားလဲ။
ဖြေ- ဘာမှမရှိပါဘူး။ မရှိဘူးဆိုတာက ကိုယ့်မှာ လက်နက်မရှိဘူးလေ။ ပြောရရင်တော့ တချို့သတင်း ဌာနကသူတွေနဲ့လည်းပြောဖြစ်ပါတယ်။ လက်နက် မကိုင်တဲ့သူတစ်ယောက်ကို ဘာအကြောင်းပြချက် နဲ့မဆို ပစ်ခတ်လုပ်ကြံသတ်ဖြတ်တယ်ဆိုတာက ဘာအ ကြောင်းပြချက်နဲ့မှ တရားပါတယ်လို့ ပြလို့ မရ ဘူးပေါ့နော်။ ဒလန်ကြောင့်မို့လို့၊ ဘာတွေသတင်းပေးထား လို့ဆိုပြီး အခု PDF တွေလုပ်နေတဲ့ သတ်တာ ဖြတ်တာတွေဆိုတာက ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်စရာအကြောင်းမရှိဘူးဆိုတာကို ကမ္ဘာတစ်ခုလုံး လက်ခံထားတာလေ။ အဲဒီအတွက် ကျွန်တော်ကလည်း လက်နက်မကိုင်ဘူး။ လက်နက်ရှိတယ်ထင်ရင် ကျွန်တော့်ကိုလာပစ်လို့ရှိရင် လက်နက်ကိုင်ထားလို့ ပစ်တယ်ဆိုတာမျိုးဖြစ်နေဦးမယ်။ ကျွန်တော်က လက်နက် မကိုင်ဘူး။ တခြား ဘာအစီအစဉ်မှလည်းမရှိဘူး။ ကျွန်တော်တို့နိုင်ငံရေးလုပ်တာ ကြောက်နေ လို့ မဖြစ်ဘူးလေ။ အကြောက်တရားကိုအရှုံးပေးလိုက်ရင် အကြမ်းဖက် ဝါဒကိုအရှုံးပေးတာဖြစ်သွားလိမ့် မယ်လေ။ ဒီမိုကရေစီကို ခုခံကာကွယ်နေတဲ့သူအတွက်က ဒီမိုကရေစီအစစ်က ဒါဆိုတာကို ပြည်သူကိုပြ ရမယ်လေ။ တို့ကအ ကြမ်းမဖက်ဘူး။ တို့က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာ။ မင်းတို့ တောထဲက နေပြီး ဒီမိုကရေစီလို့ ပြောပြီးတော့ ဒီမိုကရေစီကိုဆန့်ကျင်နေတာ။ ဒါက ဒီမိုကရေစီသမားအစစ်လား၊ အကြမ်းဖက်သမားလား ဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ဖို့ကောင်းပြီ ဆို ပြီး ကျွန်တော်က စိန်ခေါ် ချင်တာပေါ့နော်။ အဲဒီတော့ ကျွန်တော် သေနတ်မကိုင်ပါဘူး။
မေး- ဝင်ရောက်ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်က လူထု ရဲ့သဘောထားကကော ဘယ်လိုရှိတယ်လို့သိထားပါ သလဲ။
ဖြေ- အဲဒါကတော့ (၂၀၂၀)မှာတော့ လူတွေက NLD ကိုပဲမဲပေးခဲ့ကြတာပေါ့နော်။ အခု ဒီပွဲမှာကျတော့ အဲဒီလူအုပ်ကြီးကအများစုဖြစ်တယ်။ အဲဒီမှာ ကြံ့ခိုင်ရေးကိုထောက်ခံတဲ့လူအုပ်လည်းရှိတယ်။ သူ က တော့ လူနည်းစုလို့ပြောလို့ရပေမယ့် လူနည်းစု သေးသေးလေးတော့မဟုတ်ဘူး။ အင်မတန်ကြီးမားတဲ့ လူနည်းစုကြီးပေါ့။ အဲဒီတော့ ကျွန်တော်တို့အတွက်တော့ အဲဒီသဘောမျိုးရှိနေတယ်။ NLD ဆိုတာ လည်း ဒေါ်အောင်ဆန်းစုကြည်ကို သံယောဇဉ် ရှိတဲ့ မဲဆန္ဒရှင်အုပ်စုကများပြီးတော့ ကြံ့ခိုင်ရေးပါတီ ကိုထောက်ခံတဲ့လူအုပ်စုကတော့ အဲဒီလောက် မရှိဘူးပေါ့နော်။ သို့သော် အဲဒီနှစ်ခုကွဲပြားနေတယ်ဆို တာကိုတော့ ဒါကို ရှင်းရှင်းလင်းလင်းသိရတယ်။ ကြံ့ခိုင်ရေးမဟုတ်သော ကျန်တဲ့ပါတီတွေအပေါ်မှာ လူ ထုရပ်တည်ချက်ဘယ်လိုရှိသလဲဆိုတာကိုတော့ မဲပေးပြီးမှသိရမှာပါ။
မေး- ရွေးကောက်ပွဲကျင်းပတဲ့ကာလမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်မယ်ထင်ပါသလဲ။
ဖြေ- စိန်ခေါ်မှုကတော့ အခုလုပ်ထားတဲ့ စက်စနစ်အရလည်း မဲရေတာတွေ၊ ဘာတွေမှာ သိပ်ပြီးတော့ ပြဿနာမရှိတော့ဘူးပေါ့နော်။ ဒါကြီးကို တစ်ယောက်က (၁၀)နဲ့ရေထားတာကို (၅)ဆိုပြီး လုပ်လို့ရမှာမ ဟုတ်ဘူး။ လုပ်လိုက်ရင်လည်း ပေါက်ကြားမှာပဲလေ။ မကောင်းတာဆိုရင် ဖုံးဖိလို့လည်းမရဘူး။ ဒီတော့ အဲဒီအခက်အခဲတွေကတော့ မရှိလောက်တော့ဘူး။ မဲပေးတဲ့စက်နဲ့ဖြေရှင်းဖို့ကတော့ ရလဒ်ကိုမသိရသေး ပေမယ့် လက်ရှိမြင်နေရသလောက်တော့ ကြိုက်တယ်ပေါ့နော်။ ဒီလိုပဲပြောရတော့မှာပေါ့။ တခြားသော ပြည်နယ်တွေမှာဆိုရင်လည်း UEC က လုံခြုံမှုမရှိတဲ့ နေရာတွေမှာ မဲပေးခိုင်းမှာမဟုတ်ပါဘူး။ ဘာလိုလဲ ဆိုတော့ သွားလို့မှမရတာ။ သွားလို့ရတဲ့နေရာတွေမှာ ပဲ မဲဆွယ်ခိုင်းတယ်ဆိုတော့ သိပ်ကြီးကြီးမားမား တော့ ရှိဟန်မတူပါဘူး။
မေး- ရွေးကောက်ပွဲကို ကန့်ကွက်နေကြတဲ့သူတွေအတွက် ဘာပြောချင်လဲ။
ဖြေ- ကျွန်တော်ပြောချင်တာကတော့ အဲဒီလူတွေ အနေနဲ့ ခင်ဗျားတို့အဲဒီလိုမျိုး ရွေးကောက်ပွဲကို နှောင့် ယှက်ဖို့၊ လူတွေကိုမဲမထည့်ဖို့ ကြည့်ကြပ်လုပ်လို့။ ဒီလို ကြပ်ကြပ်လုပ်လေ တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနိုင်လေပဲ။ ဒါကတော့ အကြိုက်ဆုံးဖြစ်သွား မှာပေါ့နော်။ ကျန်တဲ့သူတွေမဲပေးဖို့မလာရင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာက သူ့လူအုပ်ရှိ တယ်။ သူ့ကိုထောက်ခံတဲ့လူအုပ်ကြီးနဲ့ဆိုတော့ အဲဒီလူအုပ်ကြီးက မဲလာထည့်ပြီးတော့ အနိုင်ယူသွားမှာပေါ့။ အဲဒါကို သူတို့ နားလည်ပုံမပေါ်လောက်ဘူး။
မေး- ဒီတော့ ပြည်သူတွေကို ဘာများပြောချင်လဲ။
ဖြေ- ပြည်သူတွေကိုပြောချင်တာက မဲလာထည့်ကြပါ။ မဲလာထည့်မှ ကိုယ်ကြိုက်တဲ့လူကို ကိုယ်မဲထည့် တော့မှ အများစုမဲရတဲ့မဲဆန္ဒရှင်က ကိုယ့်ကို မဲထည့်တဲ့အရပ်ဒေသမှာရှိတဲ့လူတွေရဲ့ နစ်နာမှုတွေ၊ ဆန္ဒ တွေ၊ ဖြစ်ချင်တာတွေကို ရှေ့တန်းတင်ပြီးတော့ တိုင်း ပြည်မှာ စီမံခန့်ခွဲရမှာပေါ့နော်။ ဒါကြောင့် မဲလာ ထည့်ကြပါ။ မဲလာမထည့်ရင် လူနည်းစုကပဲ ထောက်ခံတဲ့ ကိုယ်စားလှယ်ပဲရသွားလိမ့်မယ်။ အဲဒီလူနည်း စုက ထောက်ခံတဲ့သူတွေက အုပ်ချုပ်သမျှကို (၅)နှစ် လုံးလုံးခံပေတော့လို့ပဲပြောရတော့မှာပေါ့။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawygi Version:
အေၾကာက္တရားကို အရႈံးေပးလိုက္ရင္ အၾကမ္းဖက္ဝါဒကို အရႈံးေပးတာ ျဖစ္သြားလိမ့္မယ္
သက္ပိုင္ (NP News) - ေအာက္တိုဘာ ၂၈
ေဒါက္တာေအာင္မ်ိဳးသည္ တစ္သီးပုဂၢလကိုယ္စားလွယ္အျဖစ္ လာမည့္ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ ပြဲတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဇမၺဴသီရိၿမိဳ႕နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ မည့္သူတစ္ဦးျဖစ္သည္။ ေဒါက္တာ ေအာင္မ်ိဳး၏ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ရျခင္းရည္႐ြယ္ခ်က္ မ်ား၊ အနာဂတ္ရည္မွန္းခ်က္မ်ားႏွင့္ ေ႐ြးေကာက္ပြဲအေပၚထားရွိေသာ ခံယူခ်က္၊ ရပ္တည္ခ်က္မ်ားႏွင့္ ပတ္သက္၍ ၎ႏွင့္ ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး- ေ႐ြးေကာက္ပြဲအေပၚမွာထားရွိတဲ့ သေဘာထား ရပ္တည္ခ်က္နဲ႔စၿပီး မိတ္ဆက္ေပးပါ။
ေျဖ- ေ႐ြးေကာက္ပြဲဆိုတာကေတာ့ ဒီမိုကေရစီ စနစ္မွာ မျဖစ္မေနျဖတ္သန္းရမယ့္အရာတစ္ခုေပါ့ေနာ္။ ဒီေတာ့ ဒီမိုကေရစီႏိုင္ငံေရးကိုလုပ္မယ့္သူတိုင္းဟာ ဘယ္သူပဲျဖစ္ျဖစ္ ေ႐ြးေကာက္ပြဲကို ျဖတ္သန္းရ မယ္။ လူထုကေနၿပီးေတာ့ ေ႐ြးခ်ယ္တင္ေျမႇာက္ဖို႔လိုတာေပါ့ေနာ္။ ဒါေၾကာင့္ ဒီမိုကေရစီႏိုင္ငံေရးမွာ ေ႐ြး ေကာက္ပြဲဟာ အေရးႀကီးဆုံးျဖစ္တယ္။ လူထုရဲ႕ ကိုယ္စားျပဳမႈျဖစ္တယ္။ ဒါေၾကာင့္ ဒီလမ္းစဥ္ဟာ သြား ကိုသြားမွရမယ့္အရာျဖစ္တယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ အျပည့္အဝခံယူတယ္ေပါ့ေနာ္။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲကို ဘယ္လိုျမင္မိပါသလဲ။
ေျဖ- ပထမတစ္ခ်က္ကေတာ့ Free and Fair ေပါ့ေနာ္။ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ မယ္လို႔ ကြၽန္ေတာ္ကယုံၾကည္တယ္။ တစ္ခုေတာ့ ရွိတယ္။ ဥပမာ ေ႐ြးေကာက္ပြဲရဲ႕အခင္းအက်င္းလို႔ ေခၚ တာေပါ့ေနာ္။ ေ႐ြးေကာက္ပြဲရဲ႕အခင္းအက်င္းကေတာ့ ဘယ္လိုေျပာရမလဲဆိုရင္ ဒီေ႐ြးေကာက္ပြဲမွာက ေတာ့ ပညာမတတ္ရင္၊ ဆယ္တန္းအထိမွမတတ္ရင္ မဝင္ႏိုင္ဘူးေပါ့။ ဒီလိုအခ်က္အလက္ေလးေတြကို ေတာ့ ကြၽန္ေတာ္က သိပ္ၿပီး ဘဝင္ေတာ့မက်လွဘူး။ တကယ့္တကယ္ေတာ့ ဆယ္တန္းေရာက္ေရာက္ မ ေရာက္ေရာက္ေပါ့ေနာ္ ႏိုင္ငံေရးဝါသနာပါရင္ေတာ့ လုပ္ေစခ်င္ပါတယ္။ သို႔ေသာ္ ကြၽန္ေတာ္တို႔က ဒါနဲ႔ ပတ္သက္လို႔ လက္ရွိအမိန႔္ထုတ္တဲ့သူေတြအေပၚမွာ မေက်နပ္တာ ဘာညာေတြေတာ့ စိတ္ထဲမွာလုံးဝမရွိ ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအခ်ိန္မွာက ေ႐ြးေကာက္ပြဲလုပ္ေပးတာကိုပဲ ေက်နပ္ေနတာေပါ့ေနာ္။ ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ လုပ္ေပးတာကိုပဲ ကြၽန္ေတာ္ တို႔ကေက်နပ္ေနတာ။ အဲဒီေတာ့ တရားမွ်တမႈ အပိုင္းမွာဆိုရင္လည္းပဲ တခ်ိဳ႕ပါတီေတြကဝင္ရတယ္၊ တခ်ိဳ႕ပါတီေတြကမဝင္ရဘူး။ ဒီလိုေတြျဖစ္ေန တယ္။ သို႔ေသာ္လည္းပဲ အဲဒီအပိုင္းမွာလည္းပဲ ကြၽန္ေတာ္ တို႔က အဲဒါကို အဓိကမထားဘူး။ ေသခ်ာတာ ကေတာ့ က်င္းပမႈပုံစံမွာကေတာ့ အျပည့္အဝကို မွ်တလိမ့္မယ္ လို႔ ကြၽန္ေတာ္ကေတာ့ယုံၾကည္တယ္။ ဥပမာ မဲစာရင္းအရ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲလိုေပါ့ေနာ္။ အာဏာရပါတီကေနၿပီးေတာ့ မသမာမႈျဖစ္ေအာင္ အကြက္ခ် ၿပီးစီစဥ္သြားတာမ်ိဳးေပါ့ဗ်ာ။ ေျပာရရင္ ကိုဗစ္ကိုအ ေၾကာင္းျပဳၿပီးေတာ့ အကြက္ခ်ၿပီးေတာ့ ကိုဗစ္ေခ်းေငြေတြကအစ ပါတီရန္ပုံေငြထဲကို မဲဆြယ္တဲ့အထဲမွာ သူတို႔က ထင္ေယာင္ထင္မွားသုံးခဲ့တာ ေပါ့ေနာ္။ ဒါမ်ိဳးေတြက လက္ရွိအစိုးရလက္ထက္မွာေတာ့လုံးဝမရွိဘူး။
အဲဒီအပိုင္းမွာေတာ့ လုံးဝ Free and Fair ျဖစ္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္။ ဘာလို႔ယုံၾကည္ သလဲဆိုေတာ့ တစ္အခ်က္ကေတာ့ ပထမအစိုးရသည္ မဲနဲ႔ပတ္သက္ၿပီးေတာ့ မဲမသမာမႈျဖစ္တယ္။ အဲဒါ ကိုမႀကိဳက္လို႔ ကြၽန္ေတာ္တို႔က ျဖဳတ္ခ်လိုက္တယ္။ အခုဦးေဆာင္ၿပီး လုပ္ေပးမယ္ဆိုတာနဲ႔ပတ္သက္ၿပီး ေတာ့ ကမာၻကိုသက္ေသျပဖို႔လည္းလိုတယ္။ သူတို႔ကိုယ္တိုင္ကလည္း တိုက္႐ိုက္အက်ိဳးစီးပြားရွိတဲ့ သူ မဟုတ္ဘူး။ ဒီေ႐ြးေကာက္ပြဲကေနၿပီးေတာ့ေပါ့ ေနာ္။ တပ္မေတာ္ဆိုေတာ့ ၾကားအဖြဲ႕အစည္းပဲ။ သူ႔မိတ္ ဖက္ေတာ့ရွိမွာေပါ့ဗ်ာ။ ႀကံ့ခိုင္ေရး ဘာညာ ေတာ့ရွိမွာေပါ့။ သို႔ေသာ္ ဒီကိစၥမွာ သူက တိုက္႐ိုက္ပါဝင္တဲ့ အဖြဲ႕အစည္းမဟုတ္တဲ့အခါက်ေတာ့ အရင္က လုပ္ခဲ့တာထက္ေတာ့ ပိုၿပီးေတာ့မွ်တမယ္။ တခ်ိဳ႕အခင္း အက်င္းပိုင္းမွာေတာ့ ေျပာစရာေတြရွိေကာင္းရွိ မယ္။ သို႔ေသာ္ ဒါေတြကျပႆနာမဟုတ္ဘူး။ တကယ္ က်င္းပလိုက္တဲ့ပြဲႀကီးမွာေတာ့ လုပ္ေနတဲ့အခ်ိန္မွာ ဘယ္သူမွ မဲခိုး၊ မဲလိမ္တာေတြကိုေတာ့ ခြင့္ျပဳမွာ မဟုတ္ဘူး။ မွ်မွ်တတနဲ႔တန္းတူျခင္းဆိုတဲ့ အသြင္ သဏၭာန္နဲ႔ေဆာင္ၿပီး ဒီမိုကေရစီကိုအေကာင္အထည္ ေဖာ္တယ္။ အစကတည္းကိုက ငါတို႔က ဒါကိုလုပ္ဖို႔ ရည္႐ြယ္ခဲ့တယ္။ အခုငါတို႔ ေသေသခ်ာခ်ာ အေကာင္အထည္ေဖာ္ၿပီဆိုတဲ့ပုံစံမ်ိဳးကို ေျပာမွာျဖစ္တဲ့အတြက္ေၾကာင့္ ဒီအပိုင္းမွာ ကြၽန္ေတာ္ လုံးဝ သံသယ မရွိဘူး။ ဒီအခင္းအက်င္းဟာေကာင္းတယ္။ ကြၽန္ေတာ္တို႔အ တြက္က်ေတာ့ ဘယ္လိုပုံစံနဲ႔ ျဖစ္ ျဖစ္ ေ႐ြးေကာက္ပြဲဝင္ရတာနဲ႔တင္ကို ကြၽန္ေတာ္တို႔ကလက္ခံတယ္၊ ေက်နပ္တယ္ေပါ့ဗ်ာ။
ေမး- ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ရဲ႕စည္းကမ္းေတြနဲ႔ပတ္သက္ၿပီး ဘယ္လိုျမင္လဲ။
ေျဖ- ကြၽန္ေတာ္တို႔အတြက္က်ေတာ့ UEC ရဲ႕ စည္းကမ္းသတ္မွတ္ခ်က္ေတြက စိန္ေခၚမႈမျဖစ္တဲ့အျပင္ ေျပာရရင္ တခ်ိဳ႕အပိုင္းေတြမွာက်ေတာ့ ပိုေတာင္ေကာင္းသြားတာေပါ့ေနာ္။ ဒီေ႐ြးေကာက္ပြဲ မဲဆြယ္ စည္း႐ုံးတဲ့အခါ စီတန္းလွည့္လည္မႈနဲ႔ပတ္သက္ၿပီးေတာ့ ေျပာရရင္ ကြၽန္ေတာ္တို႔က ဘယ္ေလာက္လွည့္ လည္မွာလဲ။ ကြၽန္ေတာ္က တစ္သီးပုဂၢလဆိုေတာ့ ကြၽန္ေတာ္ကားတစ္စီးေပါ့။ ဟိုပါတီႀကီးေတြလို ကား ေတြ ငါးဆယ္၊ တစ္ရာလုပ္တာမ်ိဳးေတြ မလုပ္ႏိုင္ဘူးေလ။ ဒီေတာ့ ကြၽန္ေတာ္တို႔အတြက္ေကာင္းတာက ကြၽန္ေတာ္တို႔အတြက္ အကုန္သက္သာတာေပါ့ဗ်ာ။ ဒါက တစ္ခ်က္ေကာင္းတာေပါ့ေနာ္။ ေနာက္တစ္ခု ကေတာ့ ဒီစီတန္းလွည့္လည္မႈေတြမျပဳဘူး၊ ဘာညာဆိုတာကလည္း လုံၿခဳံေရးဆိုင္ရာ အေၾကာင္းျပ ခ်က္ေတြ ပါတာေပါ့ဗ်ာ။ ဒါ့ျပင္ ေနာက္တစ္ခုကလည္း ဒါကိုအေၾကာင္းျပဳၿပီးေတာ့ အခြင့္ေကာင္းယူၿပီး လုပ္လာမယ္ဆိုရင္လည္း စီတန္းလွည့္လည္ေနတုန္း ဒီအဖြဲ႕ေတြရဲ႕လုံၿခဳံေရးကိုတာဝန္ယူေနတဲ့သူေတြ က လိုက္ပါလုပ္မေပးႏိုင္ေတာ့ဘူးေပါ့ေနာ္။ ဒီေတာ့ ကြၽန္ေတာ္တို႔ကေတာ့မေျပာပါဘူး။ ကန႔္သတ္ခ်က္ ေတြလည္း ရွိေနမွာပဲ။ အဲဒီကန႔္သတ္ခ်က္ရွိလည္း ကန႔္သတ္ခ်က္ကို ကိုယ္ကလည္းလိုက္နာရမွာပဲ။ ဒီေတာ့ ဘယ္လိုပဲ ေျပာေျပာဗ်ာ ကြၽန္ေတာ္ႏိုင္ရင္လည္းႏိုင္၊ ကြၽန္ေတာ္ မႏိုင္ရင္လည္း တျခားသူႏိုင္မွာ ေပါ့ဗ်ာ။ တစ္ေယာက္ေတာ့ႏိုင္မွာပဲေလ။ အဲဒီေတာ့ ဒါကေတာ့ ေ႐ြးေကာက္ပြဲျဖစ္ၿပီဆိုရင္ သူ႔တာဝန္ ေက်တယ္။ ကြၽန္ေတာ္တို႔လည္း ေက်နပ္တယ္လို႔ပဲေျပာရမွာေပါ့ေနာ္။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲမွာ ဘယ္မဲဆႏၵနယ္ေတြကို ဝင္ၿပိဳင္သြားမွာပါလဲ။
ေျဖ- ကြၽန္ေတာ္ကေတာ့ လာမယ့္ေ႐ြးေကာက္ပြဲမွာ ဇမၺဴသီရိမဲဆႏၵနယ္မွာ ဝင္ၿပိဳင္သြားမွာပါ။ ဇမၺဴသီရိက ဝန္ထမ္း ဦးေရမ်ားတယ္ေလ၊ အရမ္းမ်ားတယ္။ ကြၽန္ေတာ္ကိုယ္တိုင္က အရပ္ဘက္ဝန္ထမ္းအေနနဲ႔ (၁၃) ႏွစ္ေပါ့ေနာ္။ ၫႊန္ၾကားေရးမႉးခ်ဳပ္အေနနဲ႔ (၁၃)ႏွစ္ လုပ္လာတယ္။ တပ္မေတာ္သား ဝန္ထမ္း ဘဝ ကေတာ့ အႏွစ္(၂၀)ေပါ့ဗ်ာ။ အဲဒီေတာ့ ဝန္ထမ္းေတြရဲ႕ နစ္နာခ်က္ေတြ၊ ဝန္ထမ္းေတြရဲ႕အားသာခ်က္ေတြ၊ ဒါ ေတြကိုလည္းသိတယ္။ ဝန္ထမ္းေတြရဲ႕အခက္အခဲကိုလည္း ကိုယ္ေတြကနားလည္တယ္။ ဒါေၾကာင့္မို႔ လို႔ ဝန္ထမ္းေတြရဲ႕ပတ္သက္ၿပီးေတာ့ ဝန္ထမ္းေတြဘက္က ရပ္တည္ဖို႔ဆိုတဲ့ရည္႐ြယ္ခ်က္နဲ႔ ကြၽန္ေတာ္ က ဇမၺဴသီရိမွာၿပိဳင္တာေပါ့ေနာ္။ (၂၀၂၀) တုန္းကေတာ့ ရႈံးခဲ့ပါတယ္။ အဲဒီအရင္တုန္းကလည္း (၂၀၁၅၊ ၂၀၁၇) တုန္းကလည္းၿပိဳင္ခဲ့ပါတယ္။ အဲဒီတုန္းကေတာ့ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္ေပါ့ေနာ္။ အဲဒီမွာ ေတာ့ ႏွစ္ခါ ၿပိဳင္ခဲ့ပါတယ္။ အခု ဇမၺဴသီရိမွာလည္း ဒါနဲ႔ဆိုရင္ ႏွစ္ခါေပါ့ေနာ္။ စုစုေပါင္း ဝင္ၿပိဳင္တာ ေလးခါရွိၿပီေပါ့ေနာ္။ ဒီေတာ့ ဇမၺဴသီရိကေတာ့ ဝန္ထမ္းေတြအမ်ားစုျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီဝန္ထမ္း ေတြ ကြၽန္ေတာ့္ကိုေ႐ြးလိုက္ရင္ တိုင္းျပည္မွာ ဝန္ထမ္းေတြအတြက္ အဓိ ကေအာင္ပြဲတစ္ရပ္လိုျဖစ္သြား ပါလိမ့္မယ္လို႔ ကြၽန္ေတာ္ကခံယူပါတယ္။ ဝန္ထမ္းေတြအဲဒီလိုခံစားရေအာင္ ကြၽန္ေတာ္က ႀကိဳးစားသြား မွာေပါ့ေနာ္။ ဒီလိုပဲ ေမွ်ာ္လင့္ပါတယ္။
ေမး- ဒါဆိုရင္ ေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့လို႔ လႊတ္ေတာ္ထဲေရာက္ခဲ့ရင္ ပထမဆုံးလုပ္မယ့္အရာက ဘာ ျဖစ္မလဲ။
ေျဖ- ကြၽန္ေတာ္ကေတာ့ အရင္ဆုံး ဝန္ထမ္းဥပေဒကို ျပင္မွာေပါ့ေနာ္။ အရင္တုန္းကေတာ့ ဝန္ထမ္း ဥပေဒနဲ႔ ပတ္သက္ၿပီးေျပာတာေပါ့ေနာ္။ အခုက်ေတာ့ ဥပေဒနဲ႔ၿငိမွာစိုးလို႔ သိပ္ၿပီးေတာ့မေျပာေတာ့ဘူး ေပါ့။ ဒါေပမဲ့ အရင္တုန္းကေျပာဖူးတဲ့ ပန္းဖလက္ေလးေတြ မွာေတာ့ပါပါတယ္။ အဓိက ဘာလဲဆိုေတာ့ ဝန္ထမ္း ဥပေဒရဲ႕တခ်ိဳ႕အခ်က္အလက္ေတြက ဖြဲ႕စည္းပုံအ ေျခခံဥပေဒနဲ႔ဆန႔္က်င္ေနတာေတြရွိတာေပါ့ ေနာ္။ ဝန္ထမ္းေတြကို Control ထဲကိုထည့္တာ နည္းနည္းေတာ့မ်ားတာေပါ့ေနာ္။ အဲဒါကို ကြၽန္ေတာ္ တို႔က ေလွ်ာ့ရမယ္။ ဝန္ထမ္းေတြဟာ တရားဥပေဒရဲ႕အကာအကြယ္ေပးမႈကို ဒီထက္ပိုၿပီးရရမယ္။ ဒါက ကြၽန္ေတာ္ရဲ႕ ပထမဦးဆုံးအလုပ္ပဲ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ေ႐ြးေကာက္ပြဲစၿပီးမၿပိဳင္ခင္ကတည္းက (၂၀၁၄)ကတည္းက ဦးသိန္းစိန္အစိုးရကို ေဆာင္းပါး ေရးၿပီးသတိေပးဖူးတယ္။ ဝန္ထမ္းျဖစ္ေတာ့ ေျဗာင္ ေရးလို႔မရေတာ့ ကေလာင္နာမည္တစ္ခုေပးၿပီးေတာ့ ေရးရတာေပါ့။ ဝန္ထမ္းေတြရဲ႕အခက္အခဲေတြေပါ့။ ဥပေဒနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္ တန္းစီထားတာကေတာ့ အမ်ားႀကီးေပါ့ေနာ္။ ကြၽန္ေတာ္ လႊတ္ေတာ္ ကိုယ္စားလွယ္ျဖစ္ခဲ့ရင္လည္း ၾကည့္ေနေပါ့ဗ်ာ။ ဘာေတြေတြ႕ရမလဲဆိုတာကိုေပါ့။
ေမး- မဲဆႏၵရွင္ျပည္သူေတြကိုေကာ ဘယ္လိုကတိက ဝတ္ေတြေပးသြားမွာလဲ။
ေျဖ- ကြၽန္ေတာ္ေပးခ်င္တဲ့ ကတိကဝတ္ကေတာ့ “ရပိုင္ခြင့္နဲ႔တရားမွ်တမႈအတြက္ ေဒါက္တာေအာင္ မ်ိဳးကို မဲေပးစို႔”ဆိုတဲ့ဟာကိုေပးခ်င္တာေပါ့ေနာ္။ ရပိုင္ခြင့္နဲ႔တရားမွ်တမႈအတြက္ေပါ့ေနာ္။ ျပည္သူေတြ မွာ ေျမသိမ္း၊ ယာသိမ္းကိစၥ မတရားမႈေတြျဖစ္ခဲ့တာေတြအမ်ားႀကီးေပါ့ေနာ္။ စီမံခန႔္ခြဲမႈ အလြဲေတြေပါ့ ေနာ္။ အဲဒါမ်ိဳးေတြက တစ္တိုင္းျပည္လုံးမွာရွိတယ္။ ဒါေတြကို ကြၽန္ေတာ္တို႔က တရားမွ်တမႈကို ေဖာ္ ေဆာင္မယ္။ ေနာက္တစ္ခုက ရပိုင္ခြင့္ေတြရွိတယ္။ ကြၽန္ေတာ္တို႔ ဝန္ထမ္းေတြအတြက္ေပါ့ေနာ္။ အဲဒီ ေတာ့ အဲဒီရပိုင္ခြင့္ေတြကို ကြၽန္ေတာ္ရေအာင္လုပ္မယ္။ ဒါေတြကို ေဖာ္ထုတ္မယ္ေပါ့ေနာ္။ ဒီရည္႐ြယ္ ခ်က္ေပါ့။ ဒါေတြကေတာ့ မဲဆႏၵရွင္ေတြကိုေပးမယ့္ကတိကဝတ္ေတြပါပဲ။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲမွာ PR နဲ႔ FPTP ေရာထားတဲ့စနစ္ကို ဘယ္လိုျမင္ပါသလဲ။
ေျဖ- ဒါနဲ႔ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္ကေတာ့ အႀကံေပးစရာေတာ့မရွိပါဘူး။ ကြၽန္ေတာ္ျဖစ္ေစခ်င္တာ ကေတာ့ အကုန္လုံးကို PR လုပ္လိုက္ေစခ်င္တာ ေပါ့ေနာ္။ ျပည္သူ႔လႊတ္ေတာ္ေရာ၊ အမ်ိဳးသားလႊတ္ ေတာ္ေရာ အကုန္လုံးကို PR လုပ္လိုက္ေစခ်င္တာ။ ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာျပည္မွာက ႏိုင္ငံေရး ပါတီေတြလည္း မ်ားတယ္။ ေနာက္တစ္ခုက မဲဆႏၵရွင္ေတြရဲ႕ေထာက္ခံမႈကလည္း အပိုင္းပိုင္းအကြဲကြဲ အ ျပားျပား တယ္။ ဒီလိုရွိေနေတာ့ ဥပမာဆိုပါေတာ့ဗ်ာ နာမည္မႀကီးတဲ့ ပါတီေလးတစ္ခုပဲျဖစ္ျဖစ္ေပါ့ေနာ္။ သူ႔ကိုႀကိဳက္တဲ့သူက ဒီၿမိဳ႕နယ္မွာ အနည္းစုေလးပဲ။ ဟိုၿမိဳ႕နယ္မွာလည္း အနည္းစုေလးပဲဆိုတဲ့အခါက် ေတာ့ ဘယ္ၿမိဳ႕နယ္မွမႏိုင္ဘူးဆိုပါေတာ့။ ဒါေပမဲ့ သူ႔ကိုႀကိဳက္တဲ့သူေတြက ၿမိဳ႕နယ္ေပါင္း (၃၀ဝ) ေလာက္ စုလိုက္ရင္ေတာ့ ေတာ္ေတာ္မ်ားသြားမွာေလ။ ဒါက သူ႔အတြက္ကိုယ္စားျပဳခြင့္ေပးလိုက္တာ။ ဒါဟာ (PR) ေလ။ (PR) က နယ္ေျမက်ယ္ေလ ပိုပီျပင္ေလပဲ။ ဒီေတာ့ ျမန္မာတစ္ႏိုင္ငံလုံးမွာ မဲဆႏၵနယ္ တစ္ခုတည္း ဆိုပါေတာ့။ ဒီအထဲမွာ လူ(၃၀ဝ)ေက်ာ္ေ႐ြးမယ္။ ကြၽန္ေတာ္လည္းၿပိဳင္မယ္၊ ကြၽန္ေတာ္ လည္း ၿပိဳင္မယ္ဆိုၿပီး အားလုံးကၿပိဳင္လိုက္ေတာ့ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းက (၃၀ဝဝ) ေက်ာ္ေလာက္ ရွိမွာေပါ့ဗ်ာ။ အဲဒီသုံးေထာင္ေက်ာ္ေလာက္ရွိတယ္ ဆိုရင္ အဲဒီ (၃၀ဝဝ)ေက်ာ္က ျမန္မာ တစ္ႏိုင္ငံလုံးကို ၿမိဳ႕နယ္ေပါင္း (၃၀ဝ)ေက်ာ္မွာရွိတဲ့သူေတြက ႀကိဳက္တဲ့သူမဲထည့္ၾကရင္ ကြၽန္ေတာ့္ကို ႀကိဳက္တဲ့သူေတြကို ေသခ်ာတာေတာ့ တစ္ၿမိဳ႕နယ္စာေလာက္ေတာ့ ရႏိုင္ တာေပါ့ေနာ္။ ဒီသေဘာေပါ့ ဗ်ာ။ ဒီဟာက ေသခ်ာေပါက္ရမွာ။ အဲဒီအခါက်ေတာ့ ကိုယ္စားျပဳမႈက ပိုၿပီး ပီျပင္တာေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က PR ကို ပိုၿပီးျဖစ္ေစခ်င္တာေပါ့ေနာ္။ တကယ္ေတာ့ FPTP ဆိုတာကေတာ့ အင္အားႀကီး ပါတီေတြရဲ႕အႀကိဳက္ေပါ့ဗ်ာ။ ျမန္မာျပည္မွာက ကိုယ္စားျပဳမႈေတြကမ်ားၿပီးေတာ့ ကြဲျပားမႈေတြရွိတဲ့ အတြက္ေၾကာင့္ PR လူထုအႀကိဳက္ျဖစ္ေစမွာပါ။ လူထုကိုသြားၿပီးေတာ့ ခင္ဗ်ားတို႔က အဲဒီဟာကို မႀကိဳက္နဲ႔၊ ခင္ဗ်ားတို႔က ပါတီႀကီးႏွစ္ခုေလာက္ပဲ အဓိကထားဦးစားေပးဆိုတာမ်ိဳးက်ေတာ့ ေျပာလို႔ မရ ဘူးေလေနာ္။ လူထုရဲ႕ဆႏၵနဲ႔ကိုက္ ညီတာကိုပဲ ကြၽန္ေတာ္တို႔ကလုပ္ေပးရမွာ ျဖစ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္ကေတာ့ PR ကိုပဲ ျဖစ္ေစခ်င္တယ္။ တစ္ႏိုင္ငံလုံးစာကို ျဖစ္ႏိုင္ရင္ အစၥေရးလို လုပ္လိုက္ ေစခ်င္တယ္လို႔ ခံယူတယ္ေပါ့ေနာ္။
ေမး- တစ္သီးပုဂၢလအေနနဲ႔ဝင္ၿပိဳင္မွာဆိုေတာ့ ဘယ္လိုစိန္ေခၚမႈေတြရွိေနလဲ။
ေျဖ- ကြၽန္ေတာ့္အတြက္ အဓိကစိန္ေခၚမႈကေတာ့ တစ္သီးပုဂၢလျဖစ္ေနေတာ့ ကြၽန္ေတာ့္မွာ ရပ္ကြက္ ေတြထဲမွာ ဆဲလ္မရွိဘူးေလ။ ကြၽန္ေတာ့္ကို မဲဆြယ္ေပးမယ့္သူမရွိဘူး။ မရွိေတာ့ ကြၽန္ေတာ္က နယ္က်ဥ္း ေလေကာင္းေလေပါ့ေနာ္။ ကြၽန္ေတာ္ကိုယ္တိုင္ လုပ္ရမွာေပါ့။ ဒီေတာ့ အရင္ NLD က ေဒၚစႏၵာမင္းက ေတာ့ သူက ဇမၺဴသီရိမွာ ၾကားျဖတ္ႏိုင္ခဲ့တာကိုး။ သူ လည္းအသက္က ကြၽန္ေတာ့္ထက္ငယ္ေပမယ့္ ႏိုင္ငံ ေရးအလုပ္မွာေတာ့ ဝါရင့္ေနၿပီေပါ့ေနာ္။ လႊတ္ေတာ္ ႏိုင္ငံေရးမွာေတာ့ ဝါရင့္သြားၿပီေပါ့။ သူက ကြၽန္ ေတာ္ ၿပိဳင္မယ္ဆိုတာသိေတာ့ ဇမၺဴသီရိကဖယ္ေပးတယ္။သူက လသာကိုသြားယူတာေပါ့။ သူရဲ႕ေ႐ြးခ်ယ္ မႈက အရမ္းမွန္ကန္တာေပါ့ေနာ္။ လသာၿမိဳ႕နယ္က တကယ့္တကယ္က်ေတာ့ ေျမာက္ဥကၠလာက ရပ္ကြက္ႀကီးတစ္ကြက္စာေလာက္ရွိတယ္ေလ။ တစ္သီးပုဂၢလ အေနနဲ႔က်ေတာ့ အေကာင္းဆုံးေပါ့။ ကြၽန္ေတာ္တို႔အတြက္က်ေတာ့ ၿမိဳ႕နယ္က်ယ္ေလ တစ္သီးပုဂၢလအတြက္ကခက္ေလပဲေလ။ အခုဇမၺဴ သီရိေလာက္က ကြၽန္ေတာ္ေတာ္ေသးတယ္။ ဟသၤာတၿမိဳ႕နယ္လိုဟာ မ်ိဳးဆိုရင္ အဲဒီႏွစ္လတည္းနဲ႔ ကြၽန္ေတာ္ဘယ္လိုမွ မေရာက္ႏိုင္ဘူး။ မသြားႏိုင္ေတာ့ဘူးေပါ့။ တစ္သီး ပုဂၢလေတြအတြက္ အဓိက စိန္ေခၚမႈက အဲဒါပဲ။ ဆဲလ္ေတြမရွိေတာ့ ကိုယ္တိုင္လုပ္ရတယ္။ (၂၀၂၀) တုန္းကလည္း အိမ္ေပါက္ေစ့ အကုန္လုံးကို ကြၽန္ေတာ္သြားခဲ့တယ္။ တိုက္ေပၚေတြသာမေရာက္တာ တိုက္ေအာက္ေျခေတြအထိ ကြၽန္ေတာ္အကုန္ေရာက္ခဲ့တယ္။ တစ္ၿမိဳ႕နယ္လုံးေပါ့ေနာ္။ အခုလည္း ကြၽန္ေတာ္ ေျခက်င္ ေလွ်ာက္ ရေတာ့မွာေပါ့ေနာ့။ အဲဒီရက္ (၆၀)ကို ကြၽန္ေတာ္ မနားမေနခ်ရေတာ့မယ္။
ေမး- လာမယ့္ေ႐ြးေကာက္ပြဲမွာ ကိုယ္ရဲ႕လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီးေတာ့ဘာေတြျပင္ဆင္ထားလဲ။
ေျဖ- ဘာမွမရွိပါဘူး။ မရွိဘူးဆိုတာက ကိုယ့္မွာ လက္နက္မရွိဘူးေလ။ ေျပာရရင္ေတာ့ တခ်ိဳ႕သတင္း ဌာနကသူေတြနဲ႔လည္းေျပာျဖစ္ပါတယ္။ လက္နက္ မကိုင္တဲ့သူတစ္ေယာက္ကို ဘာအေၾကာင္းျပခ်က္ နဲ႔မဆို ပစ္ခတ္လုပ္ႀကံသတ္ျဖတ္တယ္ဆိုတာက ဘာအ ေၾကာင္းျပခ်က္နဲ႔မွ တရားပါတယ္လို႔ ျပလို႔ မရ ဘူးေပါ့ေနာ္။ ဒလန္ေၾကာင့္မို႔လို႔၊ ဘာေတြသတင္းေပးထား လို႔ဆိုၿပီး အခု PDF ေတြလုပ္ေနတဲ့ သတ္တာ ျဖတ္တာေတြဆိုတာက ဘယ္လိုနည္းနဲ႔မွ ခြင့္လႊတ္စရာအေၾကာင္းမရွိဘူးဆိုတာကို ကမာၻတစ္ခုလုံး လက္ခံထားတာေလ။ အဲဒီအတြက္ ကြၽန္ေတာ္ကလည္း လက္နက္မကိုင္ဘူး။ လက္နက္ရွိတယ္ထင္ရင္ ကြၽန္ေတာ့္ကိုလာပစ္လို႔ရွိရင္ လက္နက္ကိုင္ထားလို႔ ပစ္တယ္ဆိုတာမ်ိဳးျဖစ္ေနဦးမယ္။ ကြၽန္ေတာ္က လက္နက္ မကိုင္ဘူး။ တျခား ဘာအစီအစဥ္မွလည္းမရွိဘူး။ ကြၽန္ေတာ္တို႔ႏိုင္ငံေရးလုပ္တာ ေၾကာက္ေန လို႔ မျဖစ္ဘူးေလ။ အေၾကာက္တရားကိုအရႈံးေပးလိုက္ရင္ အၾကမ္းဖက္ ဝါဒကိုအရႈံးေပးတာျဖစ္သြားလိမ့္ မယ္ေလ။ ဒီမိုကေရစီကို ခုခံကာကြယ္ေနတဲ့သူအတြက္က ဒီမိုကေရစီအစစ္က ဒါဆိုတာကို ျပည္သူကိုျပ ရမယ္ေလ။ တို႔ကအ ၾကမ္းမဖက္ဘူး။ တို႔က ဒီမိုကေရစီအတြက္ တိုက္ပြဲဝင္ေနတာ။ မင္းတို႔ ေတာထဲက ေနၿပီး ဒီမိုကေရစီလို႔ ေျပာၿပီးေတာ့ ဒီမိုကေရစီကိုဆန႔္က်င္ေနတာ။ ဒါက ဒီမိုကေရစီသမားအစစ္လား၊ အၾကမ္းဖက္သမားလား ဆိုတာ ကိုယ့္ကိုယ္ကိုယ္ေမးခြန္းထုတ္ဖို႔ေကာင္းၿပီ ဆို ၿပီး ကြၽန္ေတာ္က စိန္ေခၚ ခ်င္တာေပါ့ေနာ္။ အဲဒီေတာ့ ကြၽန္ေတာ္ ေသနတ္မကိုင္ပါဘူး။
ေမး- ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္မဲဆႏၵနယ္က လူထု ရဲ႕သေဘာထားကေကာ ဘယ္လိုရွိတယ္လို႔သိထားပါ သလဲ။
ေျဖ- အဲဒါကေတာ့ (၂၀၂၀)မွာေတာ့ လူေတြက NLD ကိုပဲမဲေပးခဲ့ၾကတာေပါ့ေနာ္။ အခု ဒီပြဲမွာက်ေတာ့ အဲဒီလူအုပ္ႀကီးကအမ်ားစုျဖစ္တယ္။ အဲဒီမွာ ႀကံ့ခိုင္ေရးကိုေထာက္ခံတဲ့လူအုပ္လည္းရွိတယ္။ သူ က ေတာ့ လူနည္းစုလို႔ေျပာလို႔ရေပမယ့္ လူနည္းစု ေသးေသးေလးေတာ့မဟုတ္ဘူး။ အင္မတန္ႀကီးမားတဲ့ လူနည္းစုႀကီးေပါ့။ အဲဒီေတာ့ ကြၽန္ေတာ္တို႔အတြက္ေတာ့ အဲဒီသေဘာမ်ိဳးရွိေနတယ္။ NLD ဆိုတာ လည္း ေဒၚေအာင္ဆန္းစုၾကည္ကို သံေယာဇဥ္ ရွိတဲ့ မဲဆႏၵရွင္အုပ္စုကမ်ားၿပီးေတာ့ ႀကံ့ခိုင္ေရးပါတီ ကိုေထာက္ခံတဲ့လူအုပ္စုကေတာ့ အဲဒီေလာက္ မရွိဘူးေပါ့ေနာ္။ သို႔ေသာ္ အဲဒီႏွစ္ခုကြဲျပားေနတယ္ဆို တာကိုေတာ့ ဒါကို ရွင္းရွင္းလင္းလင္းသိရတယ္။ ႀကံ့ခိုင္ေရးမဟုတ္ေသာ က်န္တဲ့ပါတီေတြအေပၚမွာ လူ ထုရပ္တည္ခ်က္ဘယ္လိုရွိသလဲဆိုတာကိုေတာ့ မဲေပးၿပီးမွသိရမွာပါ။
ေမး- ေ႐ြးေကာက္ပြဲက်င္းပတဲ့ကာလမွာ ဘယ္လိုစိန္ေခၚမႈေတြ ရွိလာႏိုင္မယ္ထင္ပါသလဲ။
ေျဖ- စိန္ေခၚမႈကေတာ့ အခုလုပ္ထားတဲ့ စက္စနစ္အရလည္း မဲေရတာေတြ၊ ဘာေတြမွာ သိပ္ၿပီးေတာ့ ျပႆနာမရွိေတာ့ဘူးေပါ့ေနာ္။ ဒါႀကီးကို တစ္ေယာက္က (၁၀)နဲ႔ေရထားတာကို (၅)ဆိုၿပီး လုပ္လို႔ရမွာမ ဟုတ္ဘူး။ လုပ္လိုက္ရင္လည္း ေပါက္ၾကားမွာပဲေလ။ မေကာင္းတာဆိုရင္ ဖုံးဖိလို႔လည္းမရဘူး။ ဒီေတာ့ အဲဒီအခက္အခဲေတြကေတာ့ မရွိေလာက္ေတာ့ဘူး။ မဲေပးတဲ့စက္နဲ႔ေျဖရွင္းဖို႔ကေတာ့ ရလဒ္ကိုမသိရေသး ေပမယ့္ လက္ရွိျမင္ေနရသေလာက္ေတာ့ ႀကိဳက္တယ္ေပါ့ေနာ္။ ဒီလိုပဲေျပာရေတာ့မွာေပါ့။ တျခားေသာ ျပည္နယ္ေတြမွာဆိုရင္လည္း UEC က လုံၿခဳံမႈမရွိတဲ့ ေနရာေတြမွာ မဲေပးခိုင္းမွာမဟုတ္ပါဘူး။ ဘာလိုလဲ ဆိုေတာ့ သြားလို႔မွမရတာ။ သြားလို႔ရတဲ့ေနရာေတြမွာ ပဲ မဲဆြယ္ခိုင္းတယ္ဆိုေတာ့ သိပ္ႀကီးႀကီးမားမား ေတာ့ ရွိဟန္မတူပါဘူး။
ေမး- ေ႐ြးေကာက္ပြဲကို ကန႔္ကြက္ေနၾကတဲ့သူေတြအတြက္ ဘာေျပာခ်င္လဲ။
ေျဖ- ကြၽန္ေတာ္ေျပာခ်င္တာကေတာ့ အဲဒီလူေတြ အေနနဲ႔ ခင္ဗ်ားတို႔အဲဒီလိုမ်ိဳး ေ႐ြးေကာက္ပြဲကို ေႏွာင့္ ယွက္ဖို႔၊ လူေတြကိုမဲမထည့္ဖို႔ ၾကည့္ၾကပ္လုပ္လို႔။ ဒီလို ၾကပ္ၾကပ္လုပ္ေလ တပ္မေတာ္နဲ႔ ဆက္ဆံေရး ေကာင္းမြန္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီကႏိုင္ေလပဲ။ ဒါကေတာ့ အႀကိဳက္ဆုံးျဖစ္သြား မွာေပါ့ေနာ္။ က်န္တဲ့သူေတြမဲေပးဖို႔မလာရင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီမွာက သူ႔လူအုပ္ရွိ တယ္။ သူ႔ကိုေထာက္ခံတဲ့လူအုပ္ႀကီးနဲ႔ဆိုေတာ့ အဲဒီလူအုပ္ႀကီးက မဲလာထည့္ၿပီးေတာ့ အႏိုင္ယူသြားမွာေပါ့။ အဲဒါကို သူတို႔ နားလည္ပုံမေပၚေလာက္ဘူး။
ေမး- ဒီေတာ့ ျပည္သူေတြကို ဘာမ်ားေျပာခ်င္လဲ။
ေျဖ- ျပည္သူေတြကိုေျပာခ်င္တာက မဲလာထည့္ၾကပါ။ မဲလာထည့္မွ ကိုယ္ႀကိဳက္တဲ့လူကို ကိုယ္မဲထည့္ ေတာ့မွ အမ်ားစုမဲရတဲ့မဲဆႏၵရွင္က ကိုယ့္ကို မဲထည့္တဲ့အရပ္ေဒသမွာရွိတဲ့လူေတြရဲ႕ နစ္နာမႈေတြ၊ ဆႏၵ ေတြ၊ ျဖစ္ခ်င္တာေတြကို ေရွ႕တန္းတင္ၿပီးေတာ့ တိုင္း ျပည္မွာ စီမံခန႔္ခြဲရမွာေပါ့ေနာ္။ ဒါေၾကာင့္ မဲလာ ထည့္ၾကပါ။ မဲလာမထည့္ရင္ လူနည္းစုကပဲ ေထာက္ခံတဲ့ ကိုယ္စားလွယ္ပဲရသြားလိမ့္မယ္။ အဲဒီလူနည္း စုက ေထာက္ခံတဲ့သူေတြက အုပ္ခ်ဳပ္သမွ်ကို (၅)ႏွစ္ လုံးလုံးခံေပေတာ့လို႔ပဲေျပာရေတာ့မွာေပါ့။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။