ဂျပန်မှာ ဝက်ဝံတိုက်ခိုက်ခံရမှုနှုန်း မြင့်တက်လာခြင်းကြောင့် ဝက်ဝံတွေကို သုတ်သင်ရှင်းလင်းပစ်ဖို့ စစ်တပ်ကို တောင်းဆို

 97

ရောင်နီ (NP News) - အောက်တိုဘာ ၂၉
ဂျပန်နိုင်ငံမြောက်ပိုင်းရှိ တောင်တန်းထူထပ်တဲ့ အာကီတာစီရင်စုအုပ်ချုပ်ရေးမှူးဟာ မကြုံစဖူး ဝက်ဝံတိုက်ခိုက်ခံမှုတွေမှ ဒေသခံတွေကို ကာကွယ်ဖို့အတွက် စစ်တပ်အကူအညီတောင်းဆိုဖို့ စီစဉ်နေပါတယ်။
"မြေပြင်ပေါ်က ဒေသခံတွေ အဆုံးစွန်ထိ မောပန်းနွမ်းနယ်နေပြီ" လို့ အုပ်ချုပ်ရေးမှူး ကန်တာဆူဇူကီးက အင်စတာဂရမ်ပိုစ့်တစ်ခုနဲ့အတူ အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ ဝက်ဝံတွေကို သတ်ဖြတ်ပစ်ဖို့လည်း အကူအညီတောင်းခံဖို့ စီစဉ်ထားတယ်လို့ ၄င်းက ပြောကြားပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးသစ် ရှင်ဂျီရို ကိုအိဇုမိဟာ အောက်တိုဘာ ၂၈ ရက်မှာ ဆူဇူကီးနဲ့တွေ့ဆုံမယ်လို့ ဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့အချိန်ဇယားအရ သိရပါတယ်။ ဆူဇူကီးရဲ့တောင်းဆိုချက်ဟာ အောက်တိုဘာ ၂၄ ရက်က အာကီတာမှာ လူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကာ ယခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း စံချိန်တင် ဝက်ဝံတိုက်ခိုက်ခံရမှုတွေ ရှိလာနေခြင်းကြောင့် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အာကီတာရှိ ဒေသခံအာဏာပိုင်တွေက ယခုနှစ်မှာ ဝက်ဝံကြောင့် လူ ၅၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ယမန်နှစ်က ၁၁ ဦးထက် မြင့်တက်လာခဲ့ကာ ဝက်ဝံနဲ့ထိပ်တိုက်တွေ့တဲ့အရေအတွက်ဟာ ခြောက်ဆခန့် တိုးလာကာ ၈၀၀၀ ကျော်အထိ ရှိလာတယ်လို့ ပြောကြားပါတယ်။

ကျေးလက်ဒေသတွေမှာ ဝက်ဝံအရေအတွက် မြင့်တက်လာပြီး လူဦးရေ လျော့နည်းလာခြင်းကြောင့် တစ်ခါတစ်ရံ အိမ်တွေထဲနဲ့ စူပါမားကတ်စ်တွေမှာပါ ဝက်ဝံတွေ ဝင်ရောက်လာနေတာ တွေ့ရပါတယ်။ ဂျပန်ဝက်ဝံညိုတွေဟာ ကိုယ်အလေးချိန် ၁၄၀ ကီလိုဂရမ်အထိ ရှိကြပြီး မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရှိ အညိုရောင်ဝက်ဝံတွေကတော့ ၄၀၀ ကီလိုဂရမ်အထိ အလေးချိန်ရှိနိုင်တယ်လို့ သိရပါတယ်။

Zawygi Version:
ဂ်ပန္မွာ ဝက္ဝံတိုက္ခိုက္ခံရမႈႏႈန္း ျမင့္တက္လာျခင္းေၾကာင့္ ဝက္ဝံေတြကို သုတ္သင္ရွင္းလင္းပစ္ဖို႔ စစ္တပ္ကို ေတာင္းဆို
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၉
ဂ်ပန္ႏိုင္ငံေျမာက္ပိုင္းရွိ ေတာင္တန္းထူထပ္တဲ့ အာကီတာစီရင္စုအုပ္ခ်ဳပ္ေရးမႉးဟာ မႀကဳံစဖူး ဝက္ဝံတိုက္ခိုက္ခံမႈေတြမွ ေဒသခံေတြကို ကာကြယ္ဖို႔အတြက္ စစ္တပ္အကူအညီေတာင္းဆိုဖို႔ စီစဥ္ေနပါတယ္။
"ေျမျပင္ေပၚက ေဒသခံေတြ အဆုံးစြန္ထိ ေမာပန္းႏြမ္းနယ္ေနၿပီ" လို႔ အုပ္ခ်ဳပ္ေရးမႉး ကန္တာဆူဇူကီးက အင္စတာဂရမ္ပိုစ့္တစ္ခုနဲ႔အတူ ေအာက္တိုဘာ ၂၆ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ဝက္ဝံေတြကို သတ္ျဖတ္ပစ္ဖို႔လည္း အကူအညီေတာင္းခံဖို႔ စီစဥ္ထားတယ္လို႔ ၄င္းက ေျပာၾကားပါတယ္။

ဂ်ပန္ကာကြယ္ေရးဝန္ႀကီးသစ္ ရွင္ဂ်ီ႐ို ကိုအိဇုမိဟာ ေအာက္တိုဘာ ၂၈ ရက္မွာ ဆူဇူကီးနဲ႔ေတြ႕ဆုံမယ္လို႔ ဝန္ႀကီးဌာနမွ ထုတ္ျပန္တဲ့အခ်ိန္ဇယားအရ သိရပါတယ္။ ဆူဇူကီးရဲ႕ေတာင္းဆိုခ်က္ဟာ ေအာက္တိုဘာ ၂၄ ရက္က အာကီတာမွာ လူတစ္ဦးေသဆုံးၿပီး သုံးဦးဒဏ္ရာ ရရွိခဲ့ကာ ယခုႏွစ္အတြင္း ႏိုင္ငံတစ္ဝွမ္း စံခ်ိန္တင္ ဝက္ဝံတိုက္ခိုက္ခံရမႈေတြ ရွိလာေနျခင္းေၾကာင့္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ အာကီတာရွိ ေဒသခံအာဏာပိုင္ေတြက ယခုႏွစ္မွာ ဝက္ဝံေၾကာင့္ လူ ၅၄ ဦး ဒဏ္ရာရရွိခဲ့ၿပီး ယမန္ႏွစ္က ၁၁ ဦးထက္ ျမင့္တက္လာခဲ့ကာ ဝက္ဝံနဲ႔ထိပ္တိုက္ေတြ႕တဲ့အေရအတြက္ဟာ ေျခာက္ဆခန႔္ တိုးလာကာ ၈၀၀၀ ေက်ာ္အထိ ရွိလာတယ္လို႔ ေျပာၾကားပါတယ္။

ေက်းလက္ေဒသေတြမွာ ဝက္ဝံအေရအတြက္ ျမင့္တက္လာၿပီး လူဦးေရ ေလ်ာ့နည္းလာျခင္းေၾကာင့္ တစ္ခါတစ္ရံ အိမ္ေတြထဲနဲ႔ စူပါမားကတ္စ္ေတြမွာပါ ဝက္ဝံေတြ ဝင္ေရာက္လာေနတာ ေတြ႕ရပါတယ္။ ဂ်ပန္ဝက္ဝံညိဳေတြဟာ ကိုယ္အေလးခ်ိန္ ၁၄၀ ကီလိုဂရမ္အထိ ရွိၾကၿပီး ေျမာက္ပိုင္း ေဟာ့ကိုင္းဒိုးကြၽန္းရွိ အညိဳေရာင္ဝက္ဝံေတြကေတာ့ ၄၀၀ ကီလိုဂရမ္အထိ အေလးခ်ိန္ရွိႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.