ရွေးကောက်ပွဲအပိုင်း(၂ )တွင် မြို့နယ် (၁၀၀) ပါဝင်ပြီး လာမည့်နှစ် ဇန်နဝါရီ (၁၁)ရက်တွင် ကျင်းပမည်

289

သန့်ဇင် (NP News) - အောက်တိုဘာ ၂၈
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)ကို လာမည် ၂၀၂၆ ခုနှစ်၊(ဇန်နဝါရီလ ၁၁ ရက် ) တနင်္ဂနွေနေ့ ၌ မြို့နယ်ပေါင်း ( ၁၀၀ )တွင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့ (အောက်တိုဘာ ၂၈ ရက်) တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ်များစာရင်းတွင် ကချင်ပြည်နယ်က မချမ်းဘော၊ မိုးကောင်း နှင့် ဝိုင်းမော်မြို့နယ်တို့ပါဝင်ပြီး ကယားပြည်နယ်တွင် ဒီးမော့ဆိုနှင့် ဖရူဆိုတို့ပါဝင်ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် ဖာပွန်နှင့် လှိုင်းဘွဲ့မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေးဝ၊ မင်းကင်းနှင့်ဝန်းသို အပါအဝင် (၁၁)မြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် ရေဖြူ၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် ဒိုက်ဦး၊ ရွှေကျင် နှင့် ထန်းတပင် အပါအဝင် (၁၂မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် စလင်း၊ စေတုတ္တရာနှင့် ကံမ အပါအဝင် (၁၁)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် စဉ့်ကိုင်၊ ကျောက်ပန်းတောင်းနှင့် တံတားဦး အပါအဝင် (၉) မြို့နယ်၊ မွန်ပြည်နယ်တွင် ဘီးလင်း ၊ မုဒုံ နှင့် သံဖြူဇရပ်အပါအဝင် (၅) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဗဟန်း၊ ပန်းဘဲတန်းနှင့် လသာမြို့နယ် အပါအဝင် (၁၆) မြို့နယ်ပါဝင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် ရွာငံ၊ ဆီဆိုင်နှင့် ကလော အပါအဝင် (၁၉) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းကုန်း၊ ကန်ကြီးထောင့်နှင့် သာပေါင်းမြို့နယ်တို့အပါအဝင် (၉) မြို့နယ်ပါဝင်ကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲ့အပိုင်း (၂) တွင် ချင်းပြည်နယ်မှ မြို့နယ်အချို့နှင့် ရခိုင်ပြည်မှ မြို့နယ်အချို့ မပါဝင်သေး ကြောင်း သိရသည်။

Zawygi Version:
ေ႐ြးေကာက္ပြဲအပိုင္း(၂ )တြင္ ၿမိဳ႕နယ္ (၁၀၀) ပါဝင္ၿပီး လာမည့္ႏွစ္ ဇန္နဝါရီ (၁၁)ရက္တြင္ က်င္းပမည္
သန္႔ဇင္ (NP News) - ေအာက္တိုဘာ ၂၈
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း (၂)ကို လာမည္ ၂၀၂၆ ခုႏွစ္၊(ဇန္နဝါရီလ ၁၁ ရက္ ) တနဂၤေႏြေန႔ ၌ ၿမိဳ႕နယ္ေပါင္း ( ၁၀၀ )တြင္က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ယေန႔ (ေအာက္တိုဘာ ၂၈ ရက္) တြင္ ထုတ္ျပန္ထားေၾကာင္း သိရသည္။
ေ႐ြးေကာက္ပြဲအပိုင္း(၂)တြင္ ပါဝင္သည့္ ၿမိဳ႕နယ္မ်ားစာရင္းတြင္ ကခ်င္ျပည္နယ္က မခ်မ္းေဘာ၊ မိုးေကာင္း ႏွင့္ ဝိုင္းေမာ္ၿမိဳ႕နယ္တို႔ပါဝင္ၿပီး ကယားျပည္နယ္တြင္ ဒီးေမာ့ဆိုႏွင့္ ဖ႐ူဆိုတို႔ပါဝင္ေၾကာင္း သိရသည္။
ကရင္ျပည္နယ္တြင္ ဖာပြန္ႏွင့္ လႈိင္းဘြဲ႕ၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ကေလးဝ၊ မင္းကင္းႏွင့္ဝန္းသို အပါအဝင္ (၁၁)ၿမိဳ႕နယ္၊ တနသၤာရီတိုင္း ေဒသႀကီးတြင္ ေရျဖဴ၊ ကြၽန္းစုႏွင့္ တနသၤာရီၿမိဳ႕နယ္တို႔ ပါဝင္ေၾကာင္း သိရသည္။
ပဲခူးတိုင္းေဒသႀကီးတြင္ ဒိုက္ဦး၊ ေ႐ႊက်င္ ႏွင့္ ထန္းတပင္ အပါအဝင္ (၁၂ၿမိဳ႕နယ္၊ မေကြးတိုင္းေဒသႀကီးတြင္ စလင္း၊ ေစတုတၱရာႏွင့္ ကံမ အပါအဝင္ (၁၁)ၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီးတြင္ စဥ့္ကိုင္၊ ေက်ာက္ပန္းေတာင္းႏွင့္ တံတားဦး အပါအဝင္ (၉) ၿမိဳ႕နယ္၊ မြန္ျပည္နယ္တြင္ ဘီးလင္း ၊ မုဒုံ ႏွင့္ သံျဖဴဇရပ္အပါအဝင္ (၅) ၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီးတြင္ ဗဟန္း၊ ပန္းဘဲတန္းႏွင့္ လသာၿမိဳ႕နယ္ အပါအဝင္ (၁၆) ၿမိဳ႕နယ္ပါဝင္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္တြင္ ႐ြာငံ၊ ဆီဆိုင္ႏွင့္ ကေလာ အပါအဝင္ (၁၉) ၿမိဳ႕နယ္၊ ဧရာဝတီတိုင္းေဒသႀကီးတြင္ ေက်ာင္းကုန္း၊ ကန္ႀကီးေထာင့္ႏွင့္ သာေပါင္းၿမိဳ႕နယ္တို႔အပါအဝင္ (၉) ၿမိဳ႕နယ္ပါဝင္ေၾကာင္း သိရသည္။
အေထြေထြေ႐ြးေကာက္ပြဲ႕အပိုင္း (၂) တြင္ ခ်င္းျပည္နယ္မွ ၿမိဳ႕နယ္အခ်ိဳ႕ႏွင့္ ရခိုင္ျပည္မွ ၿမိဳ႕နယ္အခ်ိဳ႕ မပါဝင္ေသး ေၾကာင္း သိရသည္။