မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်မှာ ၂ဝဝ ကီလိုဂရမ် အလေးချိန်ရှိ မိကျောင်းတစ်ကောင် ဖမ်းဆီးရမိ

 118

ရောင်နီ (NP News) - အောက်တိုဘာ ၂၉
မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်၊ ကမ်ပွန်ဆွန်ဂိုင်း အိုဘာကျေးရွာမှာ အောက်တိုဘာ ၂၈ ရက် အစောပိုင်း က အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့က အလေးချိန် ၂၀၀ ကီလိုဂရမ်ရှိမိကျောင်းတစ်ကောင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ခွေးတစ်ကောင်ကို လိုက်ဖမ်းရင်းနဲ့ အိမ်အောက်မှ မိကျောင်းတစ်ကောင် တွေ့ရှိခဲ့တယ်ဆိုတဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုကို ခရိုင်စစ်ဆင်ရေးထိန်းချုပ်ရေးစင်တာမှ လက်ခံရရှိပြီးနောက် နံနက် ၁ နာရီ ၄၂ မိနစ်မှာ မိကျောင်းဖမ်းဖို့ စစ်ဆင်ရေးစတင်ခဲ့တယ်လို့ ခရိုင်အရပ်ဘက် ကာကွယ်ရေးအရာရှိ ဗိုလ်ကြီး ဆူလိုင်မန် ဆာလာမာ က ပြောကြားပါတယ်။
"ကျွန်တော်တို့အဖွဲ့ဟာ အစီရင်ခံစာရရှိပြီး မကြာခင်မှာပဲ အဲဒီနေရာကို ရောက်ရှိခဲ့ပြီး မိကျောင်းရဲ့မေးရိုးကို ချည်နှောင်၊ မျက်လုံးတွေကို စောင်နဲ့ အလျင်အမြန် ဖုံးအုပ်ပြီး ဖမ်းဆီးခဲ့တယ်လို့ ကြေညာချက်တစ်စောင်နဲ့အတူ ပြောကြားခဲ့ပါတယ်။ စစ်ဆင်ရေးဟာ နံနက် ၂ နာရီ ၅၃ မိနစ်မှာ ပြီးဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု (သို့) မတော်တဆ ဖြစ်ရပ်တွေမရှိခဲ့ဘူးလို့ ပြောကြားပါတယ်။ စစ်ဆင်ရေးမှာ အရာရှိတစ်ဦး အပါအဝင် ဝန်ထမ်းရှစ်ဦး နဲ့ အပေါ့စား ကယ်ဆယ်ရေးယာဉ်နှစ်စီး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေအနေနဲ့ အထူးသဖြင့် မြစ်နဲ့နီးတဲ့နေရာတွေမှာ သတိရှိရှိနေထိုင်ဖို့နဲ့ အန္တရာယ်ရှိ တိရစ္ဆာန်တွေကို တွေ့ရှိရင်လည်း ကာကွယ်ရေးအဖွဲ့ကို ဖုန်းခေါ်ဆို အကြောင်းကြားဖို့ အကြံပြုခဲ့ပါတယ်။

Zawgyi Version:
မေလးရွားႏိုင္ငံ၊ ဆာဘားျပည္နယ္မွာ ၂ဝဝ ကီလိုဂရမ္ အေလးခ်ိန္ရွိ မိေက်ာင္းတစ္ေကာင္ ဖမ္းဆီးရမိ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၉
မေလးရွားႏိုင္ငံ၊ ဆာဘားျပည္နယ္၊ ကမ္ပြန္ဆြန္ဂိုင္း အိုဘာေက်း႐ြာမွာ ေအာက္တိုဘာ ၂၈ ရက္ အေစာပိုင္း က အရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕က အေလးခ်ိန္ ၂၀၀ ကီလိုဂရမ္ရွိမိေက်ာင္းတစ္ေကာင္ကို ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။
ေခြးတစ္ေကာင္ကို လိုက္ဖမ္းရင္းနဲ႔ အိမ္ေအာက္မွ မိေက်ာင္းတစ္ေကာင္ ေတြ႕ရွိခဲ့တယ္ဆိုတဲ့ အေရးေပၚ ဖုန္းေခၚဆိုမႈကို ခ႐ိုင္စစ္ဆင္ေရးထိန္းခ်ဳပ္ေရးစင္တာမွ လက္ခံရရွိၿပီးေနာက္ နံနက္ ၁ နာရီ ၄၂ မိနစ္မွာ မိေက်ာင္းဖမ္းဖို႔ စစ္ဆင္ေရးစတင္ခဲ့တယ္လို႔ ခ႐ိုင္အရပ္ဘက္ ကာကြယ္ေရးအရာရွိ ဗိုလ္ႀကီး ဆူလိုင္မန္ ဆာလာမာ က ေျပာၾကားပါတယ္။
"ကြၽန္ေတာ္တို႔အဖြဲ႕ဟာ အစီရင္ခံစာရရွိၿပီး မၾကာခင္မွာပဲ အဲဒီေနရာကို ေရာက္ရွိခဲ့ၿပီး မိေက်ာင္းရဲ႕ေမး႐ိုးကို ခ်ည္ေႏွာင္၊ မ်က္လုံးေတြကို ေစာင္နဲ႔ အလ်င္အျမန္ ဖုံးအုပ္ၿပီး ဖမ္းဆီးခဲ့တယ္လို႔ ေၾကညာခ်က္တစ္ေစာင္နဲ႔အတူ ေျပာၾကားခဲ့ပါတယ္။ စစ္ဆင္ေရးဟာ နံနက္ ၂ နာရီ ၅၃ မိနစ္မွာ ၿပီးဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈ (သို႔) မေတာ္တဆ ျဖစ္ရပ္ေတြမရွိခဲ့ဘူးလို႔ ေျပာၾကားပါတယ္။ စစ္ဆင္ေရးမွာ အရာရွိတစ္ဦး အပါအဝင္ ဝန္ထမ္းရွစ္ဦး နဲ႔ အေပါ့စား ကယ္ဆယ္ေရးယာဥ္ႏွစ္စီး ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။
ေဒသခံေတြအေနနဲ႔ အထူးသျဖင့္ ျမစ္နဲ႔နီးတဲ့ေနရာေတြမွာ သတိရွိရွိေနထိုင္ဖို႔နဲ႔ အႏၲရာယ္ရွိ တိရစာၦန္ေတြကို ေတြ႕ရွိရင္လည္း ကာကြယ္ေရးအဖြဲ႕ကို ဖုန္းေခၚဆို အေၾကာင္းၾကားဖို႔ အႀကံျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.