မြန်မာ့ပထမဆုံး ဖိနပ်လုပ်ငန်းစက်မှုရပ်ကွက်အတွက် မြေနေရာရှာဖွေမှု အဆင်မပြေသေး

 274

Pearl (NP News) - အောက်တိုဘာလ ၂၉

မြန်မာ့ပထမဆုံး ဖိနပ်လုပ်ငန်းစက်မှုရပ် ကွက်ဖော်ဆောင်ရန်မြေနေရာရရှိသော်လည်း အဆင်မပြေသည့် အတွက် ထပ်မံတင်ပြထားကြောင်း ဖိနပ်လုပ်ငန်းရှင်များထံ NP News မှ ဆက်သွယ် မေးမြန်းထားချက်များအရ သိရသည်။
ပြည်တွင်း၌ ဖိနပ်လုပ်ငန်းရှင် (၄)သောင်း ကျော်ခန့်ရှိပြီး ၎င်းတို့အနက် နေရာအခက်အခဲဖြစ်နေ သည့်လုပ်ငန်းရှင်များအတွက် စက်မှုရပ်ကွက်ဖော် ဆောင်ပေးရန် နိုင်ငံတော်ထံတင်ပြခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်အနီးတွင် မြေဧကများရရှိခဲ့ ကြောင်းသိရသည်။
" မြို့တော်ဝန်ကခေါ်တွေ့တယ် ပြီးခဲ့တဲ့ လက။ တရုတ်ပြည်ကပြန်လာတဲ့အချိန်ခေါ်တွေ့ပြီး တော့ တွံတေးနဲ့ကော့မှူး တစ်ခုယူပေါ့။ မယူလိုက် ဘူး။ ဖိနပ်လုပ်ငန်းက လုပ်ငန်းအသေးလေးတွေ။ အဲဒီမှာသွားလုပ်ရရင် ကျွန်တော်တို့က ရန်ကုန်စက်မှု ဇုန်ကသယ်ရတာ။ သယ်ရတဲ့အခါကျတော့ မိုင်ကအ များကြီးပဲဆိုတော့ သယ်ယူစရိတ်ကများတယ်။ နောက် သူတို့ပေးတဲ့နေရာက တောကြီးထဲမှာ။ အဲဒီ ကနေထုတ်လုပ်ပြီးတော့ ကုန်ချောဖြန့်ရမယ့် နေရာ က ဗိုလ်ချုပ်ဈေးတို့၊ သိမ်ကြီးဈေးတို့က လက်ကား တွေလေ။ အဲဒီကိုပြန်ပြီးပို့ရရင် သယ်ယူစရိတ်က ထပ်တက်မယ်လေ။ နောက်တစ်ခုက မိသားစုလုပ်ငန်း တွေဖြစ်တဲ့အတွက် တချို့က အမျိုးသမီးတွေ အိမ်မှာ သဲကြိုးလုပ်တာတို့ဘာတို့က လုပ်ငန်းရှင်လေးတွေ ဆီကလာယူပြီးတော့ ကိုယ့်အိမ်မှာ ကလေးထိန်းရင်းနဲ့ ထမင်းချက်ရင်းလုပ်ကြတာလေ။ အဲဒီလူတွေက ဘယ်လိုလုပ် တွံတေးအထိလာယူတော့မလဲ။ နောက် ထပ် ဖိနပ်လုပ်တဲ့စက်တွေက လူနဲ့ မ လို့မရဘူး။ မီး စက်တွေဘာတွေ။ အဲဒါတွေပျက်ရင်လည်း ဘယ်သူမှ တောကြီးထဲလာမပြင်ဘူးလို့။ ဒါတွေကို ကရိန်းနဲ့ မ ပြီးလာသယ်ရင်လည်း သယ်ယူစရိတ်ကတက်မယ်။ နောက် အလုပ်ဆင်းတဲ့လူတွေကလည်း လာဖို့အဆင် မပြေဘူးလို့။ အဲဒါတွေကိုရေးပြီး ဝန်ကြီးချုပ်ဆီတင် လိုက်ဆိုလို့ထပ်တင်ထားတယ် " ဟု ဖိနပ်လုပ်ငန်းရှင် များနှင့်နီးစပ်သူတစ်ဦးက NP News ဂျာနယ် သို့ပြောသည်။
လက်ရှိတွင် ဖိနပ်လုပ်ငန်းရှင်များအတွက် စက်မှုရပ်ကွက်ဖော်ဆောင်ပေးရန် ဒဂုံမြို့သစ်(၄)မြို့ နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အဆင် ပြေသည့်မြေနေရာပေးရန်အတွက် ထပ်မံတင်ပြထား ကြောင်းသိရသည်။
" တောင်းထားတာက ဒဂုံမြို့သစ်(၄)မြို့နယ်ရယ် ဒါမှမဟုတ်ရင်လည်း မြောက် ဥက္ကလာပ၊ ရွှေပေါက်ကံ၊ ဝေဘာဂီ ကြိုက်တဲ့နေရာပေး ပါဆိုပြီး (၅)နေရာရေးတင်ပေးလိုက်တယ်။ သူတို့ဆီ က ဘာရမလဲမသိသေးဘူး။ ဖိနပ်လုပ်ငန်းရှင်က (၄)‌သောင်းကျော်ရှိတယ်။ (၄)သောင်းထဲမှာ တကယ် ကိုဒုက္ခရောက်တဲ့လူတွေချည်းပဲကို အိမ်ငှားနေရတဲ့ (၁၃၂)ဦးစာပဲတောင်းထားတာ။ ဧကနဲ့ဆိုရင် (၈)ဧက လောက်ပါပဲ။ ပိုက်ဆံသွင်းရမယ်လို့ပြောတယ်။ သွင်း မှာပေါ့။ ပိုက်ဆံသွင်းပြီးတော့ယူမှာလို့။ မြေကွက်ချ ပေးပြီး မြေကွက်ရရင် သတ်မှတ်ပေးထားတဲ့အကွက် အလိုက်ငွေသွင်းပြီး အဆောက်အအုံဆောက်တာတို့ ဆက်လုပ်မှာပေါ့ " ဟု ၎င်းက ဆက်လက်ပြောသည်။
ပြည်တွင်း၌ ဖိနပ်ဝယ်လိုအားမှာ သန်း (၄၀)ကျော်ဖြစ်ပြီး လက်ရှိတွင်(၂၅)ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်သေးကြောင်းသိရပြီး စက်မှုရပ်ကွက် ဖော်ဆောင်နိုင်ပါက ပြည်တွင်းလိုအပ်ချက်အတွက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Zawgyi Version:
ျမန္မာ့ပထမဆုံး ဖိနပ္လုပ္ငန္းစက္မႈရပ္ကြက္အတြက္ ေျမေနရာရွာေဖြမႈ အဆင္မေျပေသး
Pearl (NP News) - ေအာက္တိုဘာလ ၂၉
ျမန္မာ့ပထမဆုံး ဖိနပ္လုပ္ငန္းစက္မႈရပ္ ကြက္ေဖာ္ေဆာင္ရန္ေျမေနရာရရွိေသာ္လည္း အဆင္မေျပသည့္ အတြက္ ထပ္မံတင္ျပထားေၾကာင္း ဖိနပ္လုပ္ငန္းရွင္မ်ားထံ NP News မွ ဆက္သြယ္ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ျပည္တြင္း၌ ဖိနပ္လုပ္ငန္းရွင္ (၄)ေသာင္း ေက်ာ္ခန႔္ရွိၿပီး ၎တို႔အနက္ ေနရာအခက္အခဲျဖစ္ေန သည့္လုပ္ငန္းရွင္မ်ားအတြက္ စက္မႈရပ္ကြက္ေဖာ္ ေဆာင္ေပးရန္ ႏိုင္ငံေတာ္ထံတင္ျပခဲ့ရာ ရန္ကုန္တိုင္း ေဒသႀကီး တြံေတးၿမိဳ႕နယ္အနီးတြင္ ေျမဧကမ်ားရရွိခဲ့ ေၾကာင္းသိရသည္။
" ၿမိဳ႕ေတာ္ဝန္ကေခၚေတြ႕တယ္ ၿပီးခဲ့တဲ့ လက။ တ႐ုတ္ျပည္ကျပန္လာတဲ့အခ်ိန္ေခၚေတြ႕ၿပီး ေတာ့ တြံေတးနဲ႔ေကာ့မႉး တစ္ခုယူေပါ့။ မယူလိုက္ ဘူး။ ဖိနပ္လုပ္ငန္းက လုပ္ငန္းအေသးေလးေတြ။ အဲဒီမွာသြားလုပ္ရရင္ ကြၽန္ေတာ္တို႔က ရန္ကုန္စက္မႈ ဇုန္ကသယ္ရတာ။ သယ္ရတဲ့အခါက်ေတာ့ မိုင္ကအ မ်ားႀကီးပဲဆိုေတာ့ သယ္ယူစရိတ္ကမ်ားတယ္။ ေနာက္ သူတို႔ေပးတဲ့ေနရာက ေတာႀကီးထဲမွာ။ အဲဒီ ကေနထုတ္လုပ္ၿပီးေတာ့ ကုန္ေခ်ာျဖန႔္ရမယ့္ ေနရာ က ဗိုလ္ခ်ဳပ္ေဈးတို႔၊ သိမ္ႀကီးေဈးတို႔က လက္ကား ေတြေလ။ အဲဒီကိုျပန္ၿပီးပို႔ရရင္ သယ္ယူစရိတ္က ထပ္တက္မယ္ေလ။ ေနာက္တစ္ခုက မိသားစုလုပ္ငန္း ေတြျဖစ္တဲ့အတြက္ တခ်ိဳ႕က အမ်ိဳးသမီးေတြ အိမ္မွာ သဲႀကိဳးလုပ္တာတို႔ဘာတို႔က လုပ္ငန္းရွင္ေလးေတြ ဆီကလာယူၿပီးေတာ့ ကိုယ့္အိမ္မွာ ကေလးထိန္းရင္းနဲ႔ ထမင္းခ်က္ရင္းလုပ္ၾကတာေလ။ အဲဒီလူေတြက ဘယ္လိုလုပ္ တြံေတးအထိလာယူေတာ့မလဲ။ ေနာက္ ထပ္ ဖိနပ္လုပ္တဲ့စက္ေတြက လူနဲ႔ မ လို႔မရဘူး။ မီး စက္ေတြဘာေတြ။ အဲဒါေတြပ်က္ရင္လည္း ဘယ္သူမွ ေတာႀကီးထဲလာမျပင္ဘူးလို႔။ ဒါေတြကို ကရိန္းနဲ႔ မ ၿပီးလာသယ္ရင္လည္း သယ္ယူစရိတ္ကတက္မယ္။ ေနာက္ အလုပ္ဆင္းတဲ့လူေတြကလည္း လာဖို႔အဆင္ မေျပဘူးလို႔။ အဲဒါေတြကိုေရးၿပီး ဝန္ႀကီးခ်ဳပ္ဆီတင္ လိုက္ဆိုလို႔ထပ္တင္ထားတယ္ " ဟု ဖိနပ္လုပ္ငန္းရွင္ မ်ားႏွင့္နီးစပ္သူတစ္ဦးက NP News ဂ်ာနယ္ သို႔ေျပာသည္။
လက္ရွိတြင္ ဖိနပ္လုပ္ငန္းရွင္မ်ားအတြက္ စက္မႈရပ္ကြက္ေဖာ္ေဆာင္ေပးရန္ ဒဂုံၿမိဳ႕သစ္(၄)ၿမိဳ႕ နယ္ႏွင့္ ေျမာက္ဥကၠလာပၿမိဳ႕နယ္အတြင္းရွိ အဆင္ ေျပသည့္ေျမေနရာေပးရန္အတြက္ ထပ္မံတင္ျပထား ေၾကာင္းသိရသည္။
" ေတာင္းထားတာက ဒဂုံၿမိဳ႕သစ္(၄)ၿမိဳ႕နယ္ရယ္ ဒါမွမဟုတ္ရင္လည္း ေျမာက္ ဥကၠလာပ၊ ေ႐ႊေပါက္ကံ၊ ေဝဘာဂီ ႀကိဳက္တဲ့ေနရာေပး ပါဆိုၿပီး (၅)ေနရာေရးတင္ေပးလိုက္တယ္။ သူတို႔ဆီ က ဘာရမလဲမသိေသးဘူး။ ဖိနပ္လုပ္ငန္းရွင္က (၄)‌ေသာင္းေက်ာ္ရွိတယ္။ (၄)ေသာင္းထဲမွာ တကယ္ ကိုဒုကၡေရာက္တဲ့လူေတြခ်ည္းပဲကို အိမ္ငွားေနရတဲ့ (၁၃၂)ဦးစာပဲေတာင္းထားတာ။ ဧကနဲ႔ဆိုရင္ (၈)ဧက ေလာက္ပါပဲ။ ပိုက္ဆံသြင္းရမယ္လို႔ေျပာတယ္။ သြင္း မွာေပါ့။ ပိုက္ဆံသြင္းၿပီးေတာ့ယူမွာလို႔။ ေျမကြက္ခ် ေပးၿပီး ေျမကြက္ရရင္ သတ္မွတ္ေပးထားတဲ့အကြက္ အလိုက္ေငြသြင္းၿပီး အေဆာက္အအုံေဆာက္တာတို႔ ဆက္လုပ္မွာေပါ့ " ဟု ၎က ဆက္လက္ေျပာသည္။
ျပည္တြင္း၌ ဖိနပ္ဝယ္လိုအားမွာ သန္း (၄၀)ေက်ာ္ျဖစ္ၿပီး လက္ရွိတြင္(၂၅)ရာခိုင္ႏႈန္းသာ ထုတ္လုပ္ႏိုင္ေသးေၾကာင္းသိရၿပီး စက္မႈရပ္ကြက္ ေဖာ္ေဆာင္ႏိုင္ပါက ျပည္တြင္းလိုအပ္ခ်က္အတြက္ ပိုမိုထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.