NCA ဘာလဲ၊ ဘယ်လဲ..?

 213

သံလွင်ဝေ (NP News) - အောက်တိုဘာလ ၂၉
NCA ဘာလဲ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(Nation Wide Ceasefire Agree­ment)သည် ကျွန်တော်တို့နိုင်ငံအတွက် မရှိမဖြစ်လို အပ်သည့် ငြိမ်းချမ်းရေးကိုရရှိနိုင်ရန် မြန်မာနိုင်ငံ၏သမိုင်းတစ်လျှောက် မရှိခဲ့ဖူးသည့် လိုက်လျောမှု၊ သ ဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနှင့် ငြိမ်းချမ်းရေး ကိုလိုလားမှုအတွက် ပြယုဂ် သမိုင်းမှတ်တိုင်တစ်ခုဖြစ် သည်။ NCA စာချုပ်သည် နိုင်ငံတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)အကြား သဘောတူညီချက်၊ သဘောတူစာချုပ်ဖြစ်ပါသည်။
NCA စာချုပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် အဓိကအကျဆုံး အခြေခံအုတ်မြစ်ကောင်း တစ်ရပ်ဖြစ်ခဲ့ရုံသာမက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကိုအခြေခံသော နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါသည့် နိုင်ငံရေးမူဘောင်များပါဝင်နေသည့် စာချုပ်ဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားချုပ်ဆိုထား သည့် ကတိကဝတ်လည်းဖြစ်ပါသည်။ NCA စာချုပ် သည် လူတစ်ဦးတစ်ယောက်တစ်ဖွဲ့တည်းက ရေးဆွဲ ခဲ့ခြင်းမဟုတ်ဘဲ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုများ ဖြစ်ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများ၏ ကနဦးအဆိုပြုချက်များအပေါ်အခြေခံ ပြီး အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနီးပါး အသေးစိတ် အကျေအလည် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်း သ ဘောတူရေးဆွဲခဲ့ခြင်းဖြစ်သည်။ ပထမဒီမိုကရေစီ အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင် ဖိတ်ခေါ်ခဲ့သည့်နေ့မှစကာ NCA စာချုပ်ရရှိသည်အ ထိ ရက်ပေါင်း(၁၄၅၀)ကြာမြင့်ခဲ့သည့်ကာလအတွင်း အစည်းအဝေးများ တွေ့ဆုံညှိနှိုင်းမှုများ စုစုပေါင်း အကြိမ် ၅၀ဝ၀ ကျော်အထိ ပြုလုပ်ခဲ့ကြရသည်။
NCA စာချုပ်ကို (၂၀၁၅) ခုနှစ် အောက်တိုဘာ လ (၁၅)ရက်နေ့တွင် အစိုးရနှင့်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့ (KNU၊ DKBA၊ KNU/KNLA-PC၊ CNF ၊ PNLO၊ ABSDF၊ ALP၊ RCSS) တို့လက်မှတ်ရေးထိုးခဲ့ကြရာတွင် ကမ္ဘာ့ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU) အပါအ ဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံတို့မှ သံတမန် များ ပြည်တွင်းအသိသက်သေများရှေ့တွင် ခမ်းနား ထည်ဝါစွာလက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုလွှတ် တော်ကအတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ် တစ်ရပ်ဖြစ်သည်။ (၂၀၁၈)ခုနှစ် ဖေဖော်ဝါရီလ(၁၃) ရက်တွင် နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့(၂)ဖွဲ့(LDU နှင့် NMSP) ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြသည့်အတွက် NCA တွင် ပါဝင်လက်မှတ်ရေးထိုး သည့်အဖွဲ့ (၁၀)ဖွဲ့ရှိခဲ့ပါသည်။
ဃြဗ တွင် အခန်း(၇)ခန်းပါဝင်ပြီး အပိုဒ်ပေါင်း (၃၃)ပိုဒ်၊ အပိုဒ်ခွဲ(၈၆)ခုနှင့် စုစုပေါင်း ပြဋ္ဌာန်းချက် (၁၀၄)ချက်ရှိသည်။ အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ခိုင် မာအောင်လုပ်ဆောင်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင် ရာအာမခံချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ် ငန်းစဉ်များနှင့် အထွေထွေဟူ၍ပါဝင်သည်ကို လေ့ လာတွေ့ရှိနိုင်ပါသည်။
NCA ၏အခြေခံမူမှာ " ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အ ခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုရှေးရရှု၍ လွတ် လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံ ပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး များ၊ အာမခံချက်များအပြည့်အဝရှိသော ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင် စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီတည် ဆောက်သွားရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်ဖြေ ရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည်။ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ထူထောင်ပြီး လက်နက် ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်" ဖြစ်ပါ သည်။
NCA လက်မှတ်ရေးထိုးပြီးနောက် စာချုပ်တွင် ပါဝင်သောပြဋ္ဌာန်းချက်များအတိုင်း တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) များကိုကျင်းပခဲ့ကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နှင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တို့ကိုဖွဲ့စည်းခဲ့ပြီး ကော်မတီအ လိုက် လုပ်ငန်းလမ်းညွှန် (ToR) များ၊ လုပ်ထုံးလုပ် နည်း (SOP) များနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များကိုလည်း ရေးဆွဲဆောင်ရွက်ခဲ့ကြပါ သည်။
(၂၀၂၁)ခုနှစ် ဇန်နဝါရီလကုန်အထိ JICM အ စည်းအဝေး(၉)ကြိမ်၊ UPDJC အစည်းအဝေး အကြိမ်(၂၀)၊ JMC(U)အစည်းအဝေး (၁၉) ကြိမ် ဆောင်ရွက်ခဲ့ကြသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)သည် နိုင်ငံရေး ဆိုင်ရာအခြေခံမူများဖြစ်သော နိုင်ငံရေးကဏ္ဍ၊ စီး ပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေ ယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍတို့ကို ဆွေးနွေးခဲ့ ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၅)ကြိမ် ကျင်းပနိုင်ခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံများမှသဘောတူညီချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူပြီး ပြည် ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂)၊ (၃)တို့ဖြင့် သဘောတူညီချက်(၇၂)ချက်ရရှိခဲ့သည်။ သဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
NCA အပေါ် လေ့လာသုံးသပ်ခြင်း
NCA သည် တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲနိုင်ရေး နိုင်ငံရေးသဘောတူစာချုပ်တစ်ခုသာမက နိုင်ငံရေး ဆိုင်ရာများကိုဆွေးနွေးနိုင်ရန် လမ်းကြောင်းအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးစာချုပ်တစ်ခု ဖြစ်သည်။ NCA တွင် တပ်ဖွဲ့ ဖြန့်ထားရှိမှု၊ နယ်နိမိတ်သတ် မှတ်မှုနှင့် စိစစ်အတည်ပြုမှုကဲ့သို့သော စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ရှင်းလင်းကွဲပြားမှုမရှိခြင်း၊ ထည့် သွင်းထားမှုမရှိခြင်းများ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို သက်ဆိုင်ရာဒေသများတွင် ကျင်း ပပြုလုပ်ခြင်းနှင့်ပတ်သက်၍ မရှင်းလင်းသည့်ကန့် သတ်မှုများဖြစ်ပေါ်လာခဲ့ပြီး NCA အပေါ် သဘော ထားအချို့ ပြောင်းလဲလာကြောင်း တွေ့ရှိခဲ့ရပါသည်။
NCA လက်မှတ်ရေးထိုးပြီးနောက်USDP အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပနိုင်ခဲ့သော်လည်း ရလဒ်များ အကျိုးဖြစ်ထွန်း မှုနည်းခဲ့သည်။ NLD အစိုးရတက်လာပြီးနောက် ထင်သာမြင်သာရှိသည့် ငြိမ်းချမ်းရေးပြုပြင်ပြောင်းလဲ မှု၊ တိုးတက်မှုများကိုမဖော်ဆောင်နိုင်ခဲ့မှုအပေါ် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)အချို့မှ NCA အပေါ် သံသယအချို့ရှိလာခဲ့ကြပါသည်။ နှစ်ဖက် တပ်မတော်နှင့် EAOs များအကြား အငြင်းပွားဖွယ် ကိစ္စရပ်များအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး၊ ဖက်ဒရယ်တပ်မတော်ထူထောင်ရေး၊ ခွဲမထွက် ရေး၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများဖော်ဆောင်ရေးတို့တွင် ရှေ့ဆက်ရန် အခက်အခဲများတွေ့ကြုံခဲ့ကြပါသည်။
ဒုတိယဒီမိုကရေစီအစိုးရလက်ထက် (၂၀၁၅-၂၀၂၀)ကာလတွင် ငြိမ်းချမ်းရေးကို ဆက်လက် အ ကောင်အထည်ဖော်ဆောင်ရွက်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုသာ ဦးစားပေးဆောင် ရွက်ခဲ့ခြင်းကြောင့် NCA လက်မှတ်ရေးထိုးထားသည့် EAOs များအနေဖြင့် စိုးရိမ်မှုများနှင့်အတူ သံသယ များ ဖြစ်ပေါ်မှုမြင့်တက်လာပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းစဉ် အရှိန်အဟုန် လျော့ကျလာ ခဲ့သည်။ လွှတ်တော်အတွင်းတွင်လည်း ဥပဒေပြုရေး တာဝန်များရယူထားသည့် အများစု ပြည်သူ့ကိုယ် စားလှယ်များသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အဓိကသက်ဆိုင်သော အရေးကြီးသည့် ဥပဒေများကိုပယ်ဖျက်ခြင်းများနှင့် ဒေသအရေးကိစ္စ ရပ်များ၊ ပြည်နယ်အရေးကိစ္စရပ်များကို ပြည်ထောင်စု လွှတ်တော်အတွင်း မဲဖြင့် အနိုင်ယူလွှမ်းမိုးလုပ်ဆောင် ခဲ့ကြမှုများကြောင့် အစိုးရအပေါ် တိုင်းရင်းသားပြည်သူ လူထု၏ ယုံကြည်မှုများကျဆင်းခဲ့ပါသည်။
(၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများဖောင်းပွခြင်း၊ ဥပဒေ နှင့်မညီသူများ မဲစာရင်းတွင်ပါဝင်ခြင်း၊ ဥပဒေနှင့်မညီ သည့် မဲပေးခြင်းများဆောင်ရွက်ခဲ့ခြင်း၊ ရပ်ကွက်ကျေး ရွာများတွင် ဥပဒေနှင့်မညီညွတ်သော ကြိုတင်မဲများ ကောက်ခံခြင်းစသည့် တရားမဲ့ဆောင်ရွက်မှုများ ကြောင့် မဲမသမာမှု (၁၁)သန်းကျော်ဖြစ်ပွားခဲ့သည်။ တပ်မတော်မှ မဲမသမာမှုကိုညှိနှိုင်းဖြေရှင်းပေးရန် အ ကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း (၂၀၂၁) ခုနှစ် ဇန် နဝါရီလ(၃၁)ရက် ညအချိန်အထိ ညှိနှိုင်းဖြေရှင်းရေး တောင်းဆိုမှုကို အစိုးရတာဝန်ရှိသူများက ငြင်းပယ်ခဲ့ သည်။ ဤကဲ့သို့သောအခြေအနေတွင် လွှတ်တော် ခေါ်ယူရေးကြိုးပမ်းမှု စသော နိုင်ငံရေးအခြေအနေများ အရ နိုင်ငံတော်ကို(၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေနှင့်အညီ တပ်မတော်က အရေးပေါ်အခြေအနေ ကြေညာ၍ (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်တွင် နိုင်ငံတော်တာဝန်များကိုထိန်းသိမ်းခဲ့ပါသည်။

NCA ဘယ်လဲ

(၂၀၂၁) ခုနှစ် မတ်လမှစတင်ကာ နိုင်ငံအတွင်း သာမန်ဆန္ဒပြမှုများမှတစ်ဆင့် လူစုလူဝေးနှင့် ဆူပူအုံ ကြွမှုများ၊ အကြမ်းဖက်မှုများ တစ်ဆင့်ချင်းလုပ်ဆောင် လာခဲ့ကြသည်။ နောက်ဆုံးတွင် နိုင်ငံတော်ကို လက် နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့ သည်။ အစွန်းရောက်NLD ပါတီဝင်အချို့၏ဦး ဆောင်မှုဖြင့် လူငယ်များကို စည်းရုံးသိမ်းသွင်း ဝါဒ မှိုင်းရိုက်သွင်း၍ နိုင်ငံအနှံ့ PDF အမည်ခံ အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းလာသည်။
NCA လက်မှတ်မရေးထိုးရသေးသော တိုင်း ရင်းသားလက်နက်ကိုင် EAOs များအပြင် NCA လက်မှတ်ရေးထိုးထားသည့် အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း အကြမ်းဖက် PDF များကိုအားပေး၍ စစ်သင်တန်းများပေးခြင်း ဆောင် ရွက်ခဲ့ကြသည်။ နိုင်ငံတော်အာဏာထိန်းသိမ်းမှုကို မကျေနပ်သူများ၊ ပြည်ပရောက်သူများက NUG ၊ CRPH စသည့် အဝေးရောက်စင်ပြိုင်အစိုးရဖွဲ့၍ PDF များကို သိမ်းသွင်းစည်းရုံးကာ အကြမ်းဖက်လက် နက်စွဲကိုင်တိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံဖြင့် ကူ ညီထောက်ပံ့ အားပေးလုပ်ဆောင်ခဲ့ကြသည်။ အရပ် သားအုပ်ချုပ်ရေးတာဝန်ရှိသူများကိုလည်း သတင်း ပေးဒလန်ဟုစွပ်စွဲကာ ရက်စက်သော လုပ်ကြံသတ် ဖြတ်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့၍ (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှ (၂၀၂၅)ခုနှစ် ဇူလိုင် လအထိ အရပ်သား ပြည်သူ၊ စစ်မှုထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဆရာ/မ၊ ကျန်းမာရေးဝန်ထမ်း၊ ဘုန်းကြီး၊ သီလရှင်များအပါအဝင် စုစုပေါင်း (၇၂၈၄) ဦး အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။
NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက ဖက်ဒရယ်အရေး ခေါင်းစဉ်နှင့် လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲလာ သကဲ့သို့NUG ၊ PDF များက ဒီမိုကရေစီအတွက် တော်လှန်ရေးကို ဆင်နွှဲခြင်းဟုခေါင်းစဉ်တပ်ကာ နိုင်ငံ၏နေရာအနှံ့အပြားတွင် လက်နက်ကိုင်တိုက်ပွဲ များကို ဖော်ဆောင်လာခဲ့ကြပါသည်။
NCA လက်မှတ်ရေးထိုးထားသော EAOs (၁၀)ဖွဲ့ထဲကလည်း KNU၊ CNF၊ ABSDF သုံးဖွဲ့ သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းများနှင့် NCA ကိုကျောခိုင်းခဲ့ကြသည်။ (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်တွင် PNLO အဖွဲ့မှလည်း ခွန်သူရိန် ဦးစီး လက်နက်ကိုင်တပ်ဖွဲ့များသည် PDF များကို အား ပေးကူညီကာ PNLO မှစွန့်ခွာ၍ NCA ကိုကျောခိုင်း ကာ တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက် မှုများဆောင်ရွက်လျက်ရှိသည်။ (၂၀၂၄) ခုနှစ် ဖေ ဖော်ဝါရီလ(၁၄)ရက်တွင် NMSP မွန်အဖွဲ့ကလည်း လက်နက်ကိုင်အချို့ခွဲထွက်၍NMSP(AD)အ မည်ခံကာ NCA ကို ကျောခိုင်းခဲ့ကြသည်။
(၂၀၂၃) ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့ တွင် ကျားဖျန့်အွန်လိုင်းလိမ်လည်မှုပပျောက်ရေး ခေါင်းစဉ်ဖြင့်စတင်ခဲ့သော ရှမ်းပြည်မြောက်ပိုင်းဒေသ တွင်MNDAA၊ AA၊ TNLA တို့က တစ်ပြိုင်တည်း လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကို (၁၀/၂၇)စစ်ဆင်ရေးဟုအမည်တပ်ကာ စတင် ဆောင်ရွက်ခဲ့ပါသည်။ အစောပိုင်းတွင် Drone နည်းပညာအသာစီးရယူအသုံးချကာ တပ်မတော်စစ် ကြောင်းများ၊ စခန်းများ၊ တပ်ဌာနချုပ်များကိုသိမ်းယူ ခဲ့ကြပြီး နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါး စော်ကားခံခဲ့ရသည်။ လောက်ကိုင်၊ ကွမ်းလုံမြို့တို့မှ တစ်ဆင့် လားရှိုး၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်ဒေ သများအထိ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ကာ အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် ဒေသအတွင်း မငြိမ်မ သက်ဖြစ်ကာ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများစွာ ပျက်စီးခြင်း၊ သေကျေခြင်းများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သည် လတ်တလော စစ်ရေးအခွင့်သာမှုကိုအသုံးချ၍ ကချင်ပြည်နယ်တွင် KIA နှင့် PDF များ၊ ချင်းပြည် နယ်တွင် CNF နှင့် CNF(PDF) များ၊ ကရင်ပြည် နယ်တွင် KNU၊ KNLA နှင့် PDF များ၊ ကယားပြည် နယ်တွင် KNPP နှင့် PDF များ၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင်KNU ၊ NMSP(ခွဲထွက်)၊ PDF များ၊ ရခိုင်ပြည်နယ်အတွင်း AA နှင့် PDF များ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင် ဒေသခံ PDF များ သည် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့ကြသည်။
မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ Interest အမျိုးမျိုး ဖြင့် အချို့သောပြည်ပနိုင်ငံများသည် လက်နက်ကိုင် သောင်းကျန်းသူများ၊ နိုင်ငံရေးသဘောထားကွဲလွဲ သူများ၊ အကြမ်းဖက်လမ်းစဉ် ဆောင်ရွက်နေကြသော အဖွဲ့အစည်းများကို လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအကြောင်းပြချက်ဖြင့် ငွေကြေး၊ ဆေးဝါး၊ လက် နက်ခဲယမ်း၊ နည်းပညာအကူအညီများ နည်းလမ်းမျိုး စုံနှင့်ထောက်ပံ့ခြင်း၊ ပြည်ဖျက်မီဒီယာများကိုလည်း ငွေကြေးထောက်ပံ့ကာ မီဒီယာစစ်ဆင်ရေးများကို အားပေးထောက်ပံ့ပေးခဲ့သည်။ EU နှင့် အနောက် အုပ်စုနိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် လူ့အခွင့် အရေးအကြောင်းပြချက်၊ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများစွာ ပြုလုပ်ခဲ့ကြသည်။
NCA လက်မှတ်မရေးထိုးထားသော EAOs အများစုကလည်း မီဒီယာကိုအသုံးပြု၍ NCA သည် အသက်ဝင်မှုမရှိတော့ကြောင်း၊ ပျက်ပြယ်သွားပြီဖြစ် ကြောင်း ဝါဒဖြန့်ပြောဆိုမှုများ ဆက်တိုက်ပြုလုပ် လာခဲ့သည်။ " NCA ပျက်သွားပြီ၊ မြန်မာနိုင်ငံ၏ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်သေသွားပြီ”ဟူသော ရေးသား မှုပြောဆိုမှုများသည် အချို့သောEAOs များ၊ သံတ မန်အသိုင်းအဝိုင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင် နေကြသော ပြည်ပအဖွဲ့အစည်းအချို့သို့ ရိုက်ခတ် မှုများစွာဖြစ်ပေါ်ခဲ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မပျက် ဆောင် ရွက်နိုင်ရန် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် " NCA ပါ သ ဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်"ဟူသောလုပ်ငန်းစဉ်ကိုချမှတ် ခဲ့ပြီး နိုင်ငံရေးဦးတည်ချက်တွင်လည်း "တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA ပါအ တိုင်း အလေးထားလုပ်ဆောင်သွားမည်" ဟူသော ဦးတည်ချက်များချမှတ်ကာ NCA ကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မပျက် ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် အောက်ဖော်ပြ ငြိမ်း ချမ်းရေးကော်မတီ(၃)ရပ်ကို ဖွဲ့စည်းခဲ့သည်။
၁။ ။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ
(NSPCC)
၂။ ။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (NSPWC)
၃။ ။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)
(၂၀၂၂) ခုနှစ် ဧပြီလ (၂၂)ရက်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မိဘပြည်သူများသို့ ငြိမ်း ချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားကာ (၂၀၂၂)ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များကို လက်တွေ့ကျကျ ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ ရိုးသားပွင့်လင်းစွာဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ဖိတ်ခေါ်ချက်အရ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ လားဟူ ဒီမိုကရက် တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)တို့နှင့် NCA လက်မှတ်ရေးထိုးမှု မရှိသေးသည့် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အ ဖွဲ့-မိုင်းလား(NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) (၃)ဖွဲ့ စုစုပေါင်း EAOs (၁၀)ဖွဲ့သည် နေပြည်တော်သို့လာရောက်၍ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်ရာ ဆွေးနွေးဖက်EAOs(၁၀)ဖွဲ့ဖြင့် (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလမှ (၂၀၂၅) ခုနှစ် ဇူလိုင်လအထိ NCA လက်မှတ်ရေးထိုးပြီးသည့် EAOs များနှင့် ၉၃ ကြိမ်၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် EAOs များနှင့်(၂၆)ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် (၁၃) ကြိမ်၊ ငြိမ်းချမ်းရေးစကားဝိုင်း(၁)ကြိမ်၊ ငြိမ်းချမ်းရေးဖိုရမ် (၁)ကြိမ် စုစုပေါင်း တွေ့ဆုံဆွေးနွေးမှု (၁၅၆) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။
မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ရွေးချယ်ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် (၂၀၂၂)ခုနှစ်မှ (၂၀၂၅)ခုနှစ် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀ဝ၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သော အဆိုပြုချက်များ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ နိုင်ငံ ရေးပါတီအစုအဖွဲ့၏ အလုပ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေး မှုများအရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) ခုနှစ်မှ ပြင်ဆင်ဖြည့်စွက်ရန် သဘောတူညီချက်(၄၃) ချက် ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

(ဆက်လက်ဖော်ပြပါမည်)

Zawgyi Version:
NCA ဘာလဲ၊ ဘယ္လဲ..?
သံလြင္ေဝ (NP News) - ေအာက္တိုဘာလ ၂၉
NCA ဘာလဲ
တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသ ေဘာတူစာခ်ဳပ္(Nation Wide Ceasefire Agree­ment)သည္ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ မရွိမျဖစ္လို အပ္သည့္ ၿငိမ္းခ်မ္းေရးကိုရရွိႏိုင္ရန္ ျမန္မာႏိုင္ငံ၏သမိုင္းတစ္ေလွ်ာက္ မရွိခဲ့ဖူးသည့္ လိုက္ေလ်ာမႈ၊ သ ေဘာထားႀကီးမႈ၊ စိတ္ရွည္သည္းခံမႈႏွင့္ ၿငိမ္းခ်မ္းေရး ကိုလိုလားမႈအတြက္ ျပယုဂ္ သမိုင္းမွတ္တိုင္တစ္ခုျဖစ္ သည္။ NCA စာခ်ဳပ္သည္ ႏိုင္ငံေတာ္ႏွင့္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား(EAOs)အၾကား သေဘာတူညီခ်က္၊ သေဘာတူစာခ်ဳပ္ျဖစ္ပါသည္။
NCA စာခ်ဳပ္သည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အတြက္ အဓိကအက်ဆုံး အေျခခံအုတ္ျမစ္ေကာင္း တစ္ရပ္ျဖစ္ခဲ့႐ုံသာမက ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ ကိုအေျခခံေသာ ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္ အေရးပါသည့္ ႏိုင္ငံေရးမူေဘာင္မ်ားပါဝင္ေနသည့္ စာခ်ဳပ္ျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္အစိုးရႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအၾကားခ်ဳပ္ဆိုထား သည့္ ကတိကဝတ္လည္းျဖစ္ပါသည္။ NCA စာခ်ဳပ္ သည္ လူတစ္ဦးတစ္ေယာက္တစ္ဖြဲ႕တည္းက ေရးဆြဲ ခဲ့ျခင္းမဟုတ္ဘဲ မိမိတို႔ တိုင္းရင္းသား ညီအစ္ကိုမ်ား ျဖစ္ၾကသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အ စည္းမ်ား၏ ကနဦးအဆိုျပဳခ်က္မ်ားအေပၚအေျခခံ ၿပီး အစိုးရ၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလုံးနီးပါး အေသးစိတ္ အေက်အလည္ အႀကိမ္ႀကိမ္ေဆြးေႏြးညႇိႏႈိင္း သ ေဘာတူေရးဆြဲခဲ့ျခင္းျဖစ္သည္။ ပထမဒီမိုကေရစီ အစိုးရလက္ထက္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား စတင္ ဖိတ္ေခၚခဲ့သည့္ေန႔မွစကာ NCA စာခ်ဳပ္ရရွိသည္အ ထိ ရက္ေပါင္း(၁၄၅၀)ၾကာျမင့္ခဲ့သည့္ကာလအတြင္း အစည္းအေဝးမ်ား ေတြ႕ဆုံညႇိႏႈိင္းမႈမ်ား စုစုေပါင္း အႀကိမ္ ၅၀ဝ၀ ေက်ာ္အထိ ျပဳလုပ္ခဲ့ၾကရသည္။
NCA စာခ်ဳပ္ကို (၂၀၁၅) ခုႏွစ္ ေအာက္တိုဘာ လ (၁၅)ရက္ေန႔တြင္ အစိုးရႏွင့္တိုင္းရင္းသား လက္ နက္ကိုင္အဖြဲ႕အစည္း(၈)ဖြဲ႕ (KNU၊ DKBA၊ KNU/KNLA-PC၊ CNF ၊ PNLO၊ ABSDF၊ ALP၊ RCSS) တို႔လက္မွတ္ေရးထိုးခဲ့ၾကရာတြင္ ကမာၻ႔ကုလသမဂၢ(UN)၊ ဥေရာပသမဂၢ(EU) အပါအ ဝင္ တ႐ုတ္၊ အိႏၵိယ၊ ဂ်ပန္၊ ထိုင္းႏိုင္ငံတို႔မွ သံတမန္ မ်ား ျပည္တြင္းအသိသက္ေသမ်ားေရွ႕တြင္ ခမ္းနား ထည္ဝါစြာလက္မွတ္ေရးထိုးခဲ့ၿပီး ျပည္ေထာင္စုလႊတ္ ေတာ္ကအတည္ျပဳေပးထားသည့္ သမိုင္းဝင္စာခ်ဳပ္ တစ္ရပ္ျဖစ္သည္။ (၂၀၁၈)ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၃) ရက္တြင္ ေနာက္ထပ္ တိုင္းရင္းသားလက္နက္ကိုင္အ ဖြဲ႕(၂)ဖြဲ႕(LDU ႏွင့္ NMSP) ပါဝင္လက္မွတ္ေရးထိုး ခဲ့ၾကသည့္အတြက္ NCA တြင္ ပါဝင္လက္မွတ္ေရးထိုး သည့္အဖြဲ႕ (၁၀)ဖြဲ႕ရွိခဲ့ပါသည္။
ၾဃဗ တြင္ အခန္း(၇)ခန္းပါဝင္ၿပီး အပိုဒ္ေပါင္း (၃၃)ပိုဒ္၊ အပိုဒ္ခြဲ(၈၆)ခုႏွင့္ စုစုေပါင္း ျပ႒ာန္းခ်က္ (၁၀၄)ခ်က္ရွိသည္။ အေျခခံမူမ်ား၊ ဦးတည္ခ်က္ႏွင့္ ရည္႐ြယ္ခ်က္မ်ား၊ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ ရာကိစၥရပ္မ်ား၊ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးကို ခိုင္ မာေအာင္လုပ္ေဆာင္ျခင္း၊ ႏိုင္ငံေရးေဆြးေႏြးပြဲဆိုင္ ရာအာမခံခ်က္မ်ား၊ ေရွ႕ဆက္ေဆာင္႐ြက္ရမည့္လုပ္ ငန္းစဥ္မ်ားႏွင့္ အေထြေထြဟူ၍ပါဝင္သည္ကို ေလ့ လာေတြ႕ရွိႏိုင္ပါသည္။
NCA ၏အေျခခံမူမွာ " ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အား ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္း ရင္းသားစည္းလုံးညီၫြတ္မႈမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အ ျခာအာဏာတည္တံ့ခိုင္ၿမဲေရးတို႔ကိုေရွးရရႈ၍ လြတ္ လပ္မႈ၊ တန္းတူညီမွ်မႈႏွင့္ တရားမွ်တမႈတို႔ကိုအေျခခံ ၿပီး ပင္လုံစိတ္ဓာတ္ႏွင့္အညီ ဒီမိုကေရစီေရး၊ အမ်ိဳး သားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရး မ်ား၊ အာမခံခ်က္မ်ားအျပည့္အဝရွိေသာ ဒီမိုကေရစီ ႏွင့္ဖက္ဒရယ္စနစ္တို႔ကိုအေျခခံသည့္ ျပည္ေထာင္ စုကို ႏိုင္ငံေရးေဆြးေႏြးပြဲရလဒ္မ်ားႏွင့္အညီတည္ ေဆာက္သြားရန္၊ ႏိုင္ငံေရးျပႆနာကို စစ္ေရးျဖင့္ေျဖ ရွင္းျခင္းမျပဳဘဲ ႏိုင္ငံေရးနည္းျဖင့္ေျဖရွင္းမည္။ ႏိုင္ငံေရးယဥ္ေက်းမႈသစ္တစ္ရပ္ထူေထာင္ၿပီး လက္နက္ ကိုင္ပဋိပကၡအဆုံးသတ္ႏိုင္ရန္ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးကို ဦးစြာေဆာင္႐ြက္ရန္" ျဖစ္ပါ သည္။
NCA လက္မွတ္ေရးထိုးၿပီးေနာက္ စာခ်ဳပ္တြင္ ပါဝင္ေသာျပ႒ာန္းခ်က္မ်ားအတိုင္း တစ္ႏိုင္ငံလုံး ပစ္ ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး (JICM) မ်ားကိုက်င္းပခဲ့ကာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) ႏွင့္ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC) တို႔ကိုဖြဲ႕စည္းခဲ့ၿပီး ေကာ္မတီအ လိုက္ လုပ္ငန္းလမ္းၫႊန္ (ToR) မ်ား၊ လုပ္ထုံးလုပ္ နည္း (SOP) မ်ားႏွင့္ ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာ မူေဘာင္မ်ားကိုလည္း ေရးဆြဲေဆာင္႐ြက္ခဲ့ၾကပါ သည္။
(၂၀၂၁)ခုႏွစ္ ဇန္နဝါရီလကုန္အထိ JICM အ စည္းအေဝး(၉)ႀကိမ္၊ UPDJC အစည္းအေဝး အႀကိမ္(၂၀)၊ JMC(U)အစည္းအေဝး (၁၉) ႀကိမ္ ေဆာင္႐ြက္ခဲ့ၾကသည္။ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈပူးတြဲေကာ္မတီ(UPDJC)သည္ ႏိုင္ငံေရး ဆိုင္ရာအေျခခံမူမ်ားျဖစ္ေသာ ႏိုင္ငံေရးက႑၊ စီး ပြားေရးက႑၊ လူမႈေရးက႑၊ လုံၿခဳံေရးက႑၊ ေျမ ယာႏွင့္သဘာဝပတ္ဝန္းက်င္က႑တို႔ကို ေဆြးေႏြးခဲ့ ၾကၿပီး ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၅)ႀကိမ္ က်င္းပႏိုင္ခဲ့သည္။ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီ လာခံမ်ားမွသေဘာတူညီခ်က္မ်ားကို ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္သြင္းအတည္ျပဳခ်က္ရယူၿပီး ျပည္ ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၁)၊ (၂)၊ (၃)တို႔ျဖင့္ သေဘာတူညီခ်က္(၇၂)ခ်က္ရရွိခဲ့သည္။ သေဘာတူညီခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္အတြက္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို ဆက္လက္ေဆာင္႐ြက္ခဲ့ၾကပါသည္။
NCA အေပၚ ေလ့လာသုံးသပ္ျခင္း
NCA သည္ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္ နက္ကိုင္တပ္ဖြဲ႕မ်ားအၾကား အပစ္အခတ္ရပ္စဲႏိုင္ေရး ႏိုင္ငံေရးသေဘာတူစာခ်ဳပ္တစ္ခုသာမက ႏိုင္ငံေရး ဆိုင္ရာမ်ားကိုေဆြးေႏြးႏိုင္ရန္ လမ္းေၾကာင္းအတြက္ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲေရးစာခ်ဳပ္တစ္ခု ျဖစ္သည္။ NCA တြင္ တပ္ဖြဲ႕ ျဖန႔္ထားရွိမႈ၊ နယ္နိမိတ္သတ္ မွတ္မႈႏွင့္ စိစစ္အတည္ျပဳမႈကဲ့သို႔ေသာ စစ္ေရးဆိုင္ရာ ကိစၥရပ္မ်ားတြင္ ရွင္းလင္းကြဲျပားမႈမရွိျခင္း၊ ထည့္ သြင္းထားမႈမရွိျခင္းမ်ား၊ အမ်ိဳးသားအဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားကို သက္ဆိုင္ရာေဒသမ်ားတြင္ က်င္း ပျပဳလုပ္ျခင္းႏွင့္ပတ္သက္၍ မရွင္းလင္းသည့္ကန႔္ သတ္မႈမ်ားျဖစ္ေပၚလာခဲ့ၿပီး NCA အေပၚ သေဘာ ထားအခ်ိဳ႕ ေျပာင္းလဲလာေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။
NCA လက္မွတ္ေရးထိုးၿပီးေနာက္USDP အစိုးရလက္ထက္တြင္ ၿငိမ္းခ်မ္းေရးညီလာခံတစ္ရပ္ က်င္းပႏိုင္ခဲ့ေသာ္လည္း ရလဒ္မ်ား အက်ိဳးျဖစ္ထြန္း မႈနည္းခဲ့သည္။ NLD အစိုးရတက္လာၿပီးေနာက္ ထင္သာျမင္သာရွိသည့္ ၿငိမ္းခ်မ္းေရးျပဳျပင္ေျပာင္းလဲ မႈ၊ တိုးတက္မႈမ်ားကိုမေဖာ္ေဆာင္ႏိုင္ခဲ့မႈအေပၚ တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕(EAOs)အခ်ိဳ႕မွ NCA အေပၚ သံသယအခ်ိဳ႕ရွိလာခဲ့ၾကပါသည္။ ႏွစ္ဖက္ တပ္မေတာ္ႏွင့္ EAOs မ်ားအၾကား အျငင္းပြားဖြယ္ ကိစၥရပ္မ်ားအျဖစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ ေရး၊ ဖက္ဒရယ္တပ္မေတာ္ထူေထာင္ေရး၊ ခြဲမထြက္ ေရး၊ လုံၿခဳံေရးက႑ ျပဳျပင္ေျပာင္းလဲေရး၊ အမ်ိဳးသား အဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားေဖာ္ေဆာင္ေရးတို႔တြင္ ေရွ႕ဆက္ရန္ အခက္အခဲမ်ားေတြ႕ႀကဳံခဲ့ၾကပါသည္။
ဒုတိယဒီမိုကေရစီအစိုးရလက္ထက္ (၂၀၁၅-၂၀၂၀)ကာလတြင္ ၿငိမ္းခ်မ္းေရးကို ဆက္လက္ အ ေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရးထက္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးကိုသာ ဦးစားေပးေဆာင္ ႐ြက္ခဲ့ျခင္းေၾကာင့္ NCA လက္မွတ္ေရးထိုးထားသည့္ EAOs မ်ားအေနျဖင့္ စိုးရိမ္မႈမ်ားႏွင့္အတူ သံသယ မ်ား ျဖစ္ေပၚမႈျမင့္တက္လာၿပီး ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးျခင္းလုပ္ငန္းစဥ္ အရွိန္အဟုန္ ေလ်ာ့က်လာ ခဲ့သည္။ လႊတ္ေတာ္အတြင္းတြင္လည္း ဥပေဒျပဳေရး တာဝန္မ်ားရယူထားသည့္ အမ်ားစု ျပည္သူ႔ကိုယ္ စားလွယ္မ်ားသည္ ႏိုင္ငံေတာ္လုံၿခဳံေရး၊ တရားဥပေဒ စိုးမိုးေရးႏွင့္ အဓိကသက္ဆိုင္ေသာ အေရးႀကီးသည့္ ဥပေဒမ်ားကိုပယ္ဖ်က္ျခင္းမ်ားႏွင့္ ေဒသအေရးကိစၥ ရပ္မ်ား၊ ျပည္နယ္အေရးကိစၥရပ္မ်ားကို ျပည္ေထာင္စု လႊတ္ေတာ္အတြင္း မဲျဖင့္ အႏိုင္ယူလႊမ္းမိုးလုပ္ေဆာင္ ခဲ့ၾကမႈမ်ားေၾကာင့္ အစိုးရအေပၚ တိုင္းရင္းသားျပည္သူ လူထု၏ ယုံၾကည္မႈမ်ားက်ဆင္းခဲ့ပါသည္။
(၂၀၂၀)ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ မဲစာရင္းမ်ားေဖာင္းပြျခင္း၊ ဥပေဒ ႏွင့္မညီသူမ်ား မဲစာရင္းတြင္ပါဝင္ျခင္း၊ ဥပေဒႏွင့္မညီ သည့္ မဲေပးျခင္းမ်ားေဆာင္႐ြက္ခဲ့ျခင္း၊ ရပ္ကြက္ေက်း ႐ြာမ်ားတြင္ ဥပေဒႏွင့္မညီၫြတ္ေသာ ႀကိဳတင္မဲမ်ား ေကာက္ခံျခင္းစသည့္ တရားမဲ့ေဆာင္႐ြက္မႈမ်ား ေၾကာင့္ မဲမသမာမႈ (၁၁)သန္းေက်ာ္ျဖစ္ပြားခဲ့သည္။ တပ္မေတာ္မွ မဲမသမာမႈကိုညႇိႏႈိင္းေျဖရွင္းေပးရန္ အ ႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ေသာ္လည္း (၂၀၂၁) ခုႏွစ္ ဇန္ နဝါရီလ(၃၁)ရက္ ညအခ်ိန္အထိ ညႇိႏႈိင္းေျဖရွင္းေရး ေတာင္းဆိုမႈကို အစိုးရတာဝန္ရွိသူမ်ားက ျငင္းပယ္ခဲ့ သည္။ ဤကဲ့သို႔ေသာအေျခအေနတြင္ လႊတ္ေတာ္ ေခၚယူေရးႀကိဳးပမ္းမႈ စေသာ ႏိုင္ငံေရးအေျခအေနမ်ား အရ ႏိုင္ငံေတာ္ကို(၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပ ေဒႏွင့္အညီ တပ္မေတာ္က အေရးေပၚအေျခအေန ေၾကညာ၍ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလ(၁) ရက္တြင္ ႏိုင္ငံေတာ္တာဝန္မ်ားကိုထိန္းသိမ္းခဲ့ပါသည္။

NCA ဘယ္လဲ

(၂၀၂၁) ခုႏွစ္ မတ္လမွစတင္ကာ ႏိုင္ငံအတြင္း သာမန္ဆႏၵျပမႈမ်ားမွတစ္ဆင့္ လူစုလူေဝးႏွင့္ ဆူပူအုံ ႂကြမႈမ်ား၊ အၾကမ္းဖက္မႈမ်ား တစ္ဆင့္ခ်င္းလုပ္ေဆာင္ လာခဲ့ၾကသည္။ ေနာက္ဆုံးတြင္ ႏိုင္ငံေတာ္ကို လက္ နက္စြဲကိုင္အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ျဖစ္ေပၚလာခဲ့ သည္။ အစြန္းေရာက္NLD ပါတီဝင္အခ်ိဳ႕၏ဦး ေဆာင္မႈျဖင့္ လူငယ္မ်ားကို စည္း႐ုံးသိမ္းသြင္း ဝါဒ မႈိင္း႐ိုက္သြင္း၍ ႏိုင္ငံအႏွံ႔ PDF အမည္ခံ အၾကမ္း ဖက္လက္နက္ကိုင္အဖြဲ႕မ်ား ဖြဲ႕စည္းလာသည္။
NCA လက္မွတ္မေရးထိုးရေသးေသာ တိုင္း ရင္းသားလက္နက္ကိုင္ EAOs မ်ားအျပင္ NCA လက္မွတ္ေရးထိုးထားသည့္ အခ်ိဳ႕ေသာတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားကလည္း အၾကမ္းဖက္ PDF မ်ားကိုအားေပး၍ စစ္သင္တန္းမ်ားေပးျခင္း ေဆာင္ ႐ြက္ခဲ့ၾကသည္။ ႏိုင္ငံေတာ္အာဏာထိန္းသိမ္းမႈကို မေက်နပ္သူမ်ား၊ ျပည္ပေရာက္သူမ်ားက NUG ၊ CRPH စသည့္ အေဝးေရာက္စင္ၿပိဳင္အစိုးရဖြဲ႕၍ PDF မ်ားကို သိမ္းသြင္းစည္း႐ုံးကာ အၾကမ္းဖက္လက္ နက္စြဲကိုင္တိုက္ခိုက္မႈမ်ားကို နည္းလမ္းမ်ိဳးစုံျဖင့္ ကူ ညီေထာက္ပံ့ အားေပးလုပ္ေဆာင္ခဲ့ၾကသည္။ အရပ္ သားအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားကိုလည္း သတင္း ေပးဒလန္ဟုစြပ္စြဲကာ ရက္စက္ေသာ လုပ္ႀကံသတ္ ျဖတ္မႈမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ခဲ့၍ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလမွ (၂၀၂၅)ခုႏွစ္ ဇူလိုင္ လအထိ အရပ္သား ျပည္သူ၊ စစ္မႈထမ္းမ်ား၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး၊ ဆရာ/မ၊ က်န္းမာေရးဝန္ထမ္း၊ ဘုန္းႀကီး၊ သီလရွင္မ်ားအပါအဝင္ စုစုေပါင္း (၇၂၈၄) ဦး အၾကမ္းဖက္သတ္ျဖတ္ခံခဲ့ရသည္။
NCA လက္မွတ္မေရးထိုးထားသည့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕မ်ားက ဖက္ဒရယ္အေရး ေခါင္းစဥ္ႏွင့္ လက္နက္ကိုင္တိုက္ပြဲမ်ား ဆင္ႏႊဲလာ သကဲ့သို႔NUG ၊ PDF မ်ားက ဒီမိုကေရစီအတြက္ ေတာ္လွန္ေရးကို ဆင္ႏႊဲျခင္းဟုေခါင္းစဥ္တပ္ကာ ႏိုင္ငံ၏ေနရာအႏွံ႔အျပားတြင္ လက္နက္ကိုင္တိုက္ပြဲ မ်ားကို ေဖာ္ေဆာင္လာခဲ့ၾကပါသည္။
NCA လက္မွတ္ေရးထိုးထားေသာ EAOs (၁၀)ဖြဲ႕ထဲကလည္း KNU၊ CNF၊ ABSDF သုံးဖြဲ႕ သည္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲစားပြဲဝိုင္းမ်ားႏွင့္ NCA ကိုေက်ာခိုင္းခဲ့ၾကသည္။ (၂၀၂၄)ခုႏွစ္ ေဖေဖာ္ဝါရီ (၁၅)ရက္တြင္ PNLO အဖြဲ႕မွလည္း ခြန္သူရိန္ ဦးစီး လက္နက္ကိုင္တပ္ဖြဲ႕မ်ားသည္ PDF မ်ားကို အား ေပးကူညီကာ PNLO မွစြန႔္ခြာ၍ NCA ကိုေက်ာခိုင္း ကာ တပ္မေတာ္ႏွင့္လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို တိုက္ခိုက္ မႈမ်ားေဆာင္႐ြက္လ်က္ရွိသည္။ (၂၀၂၄) ခုႏွစ္ ေဖ ေဖာ္ဝါရီလ(၁၄)ရက္တြင္ NMSP မြန္အဖြဲ႕ကလည္း လက္နက္ကိုင္အခ်ိဳ႕ခြဲထြက္၍NMSP(AD)အ မည္ခံကာ NCA ကို ေက်ာခိုင္းခဲ့ၾကသည္။
(၂၀၂၃) ခုႏွစ္ ေအာက္တိုဘာလ (၂၇) ရက္ေန႔ တြင္ က်ားဖ်န႔္အြန္လိုင္းလိမ္လည္မႈပေပ်ာက္ေရး ေခါင္းစဥ္ျဖင့္စတင္ခဲ့ေသာ ရွမ္းျပည္ေျမာက္ပိုင္းေဒသ တြင္MNDAA၊ AA၊ TNLA တို႔က တစ္ၿပိဳင္တည္း လက္နက္ကိုင္အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကို (၁၀/၂၇)စစ္ဆင္ေရးဟုအမည္တပ္ကာ စတင္ ေဆာင္႐ြက္ခဲ့ပါသည္။ အေစာပိုင္းတြင္ Drone နည္းပညာအသာစီးရယူအသုံးခ်ကာ တပ္မေတာ္စစ္ ေၾကာင္းမ်ား၊ စခန္းမ်ား၊ တပ္ဌာနခ်ဳပ္မ်ားကိုသိမ္းယူ ခဲ့ၾကၿပီး ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာကို ထိပါး ေစာ္ကားခံခဲ့ရသည္။ ေလာက္ကိုင္၊ ကြမ္းလုံၿမိဳ႕တို႔မွ တစ္ဆင့္ လားရႈိး၊ သိႏၷီ၊ သီေပါ၊ ေက်ာက္မဲ၊ မိုးကုတ္ေဒ သမ်ားအထိ တိုက္ခိုက္မႈမ်ားျဖစ္ေပၚခဲ့ကာ အၾကမ္း ဖက္တိုက္ခိုက္မႈမ်ားေၾကာင့္ ေဒသအတြင္း မၿငိမ္မ သက္ျဖစ္ကာ ေဒသခံတိုင္းရင္းသားမ်ား၏ လူမႈစီးပြား ဘဝမ်ားစြာ ပ်က္စီးျခင္း၊ ေသေက်ျခင္းမ်ား ႀကီးမားစြာ ျဖစ္ေပၚခဲ့သည္။
ႏိုင္ငံတြင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား သည္ လတ္တေလာ စစ္ေရးအခြင့္သာမႈကိုအသုံးခ်၍ ကခ်င္ျပည္နယ္တြင္ KIA ႏွင့္ PDF မ်ား၊ ခ်င္းျပည္ နယ္တြင္ CNF ႏွင့္ CNF(PDF) မ်ား၊ ကရင္ျပည္ နယ္တြင္ KNU၊ KNLA ႏွင့္ PDF မ်ား၊ ကယားျပည္ နယ္တြင္ KNPP ႏွင့္ PDF မ်ား၊ မြန္ျပည္နယ္၊ တနသၤာရီတိုင္းတို႔တြင္KNU ၊ NMSP(ခြဲထြက္)၊ PDF မ်ား၊ ရခိုင္ျပည္နယ္အတြင္း AA ႏွင့္ PDF မ်ား၊ စစ္ကိုင္းတိုင္း၊ မေကြးတိုင္းတြင္ ေဒသခံ PDF မ်ား သည္ လက္နက္ကိုင္အၾကမ္းဖက္တိုက္ခိုက္မႈ မ်ား လုပ္ေဆာင္ခဲ့ၾကသည္။
ျမန္မာႏိုင္ငံအေပၚ ၎တို႔၏ Interest အမ်ိဳးမ်ိဳး ျဖင့္ အခ်ိဳ႕ေသာျပည္ပႏိုင္ငံမ်ားသည္ လက္နက္ကိုင္ ေသာင္းက်န္းသူမ်ား၊ ႏိုင္ငံေရးသေဘာထားကြဲလြဲ သူမ်ား၊ အၾကမ္းဖက္လမ္းစဥ္ ေဆာင္႐ြက္ေနၾကေသာ အဖြဲ႕အစည္းမ်ားကို လူ႔အခြင့္အေရး၊ ဒီမိုကေရစီအေရးအေၾကာင္းျပခ်က္ျဖင့္ ေငြေၾကး၊ ေဆးဝါး၊ လက္ နက္ခဲယမ္း၊ နည္းပညာအကူအညီမ်ား နည္းလမ္းမ်ိဳး စုံႏွင့္ေထာက္ပံ့ျခင္း၊ ျပည္ဖ်က္မီဒီယာမ်ားကိုလည္း ေငြေၾကးေထာက္ပံ့ကာ မီဒီယာစစ္ဆင္ေရးမ်ားကို အားေပးေထာက္ပံ့ေပးခဲ့သည္။ EU ႏွင့္ အေနာက္ အုပ္စုႏိုင္ငံမ်ားကလည္း ျမန္မာႏိုင္ငံအေပၚ လူ႔အခြင့္ အေရးအေၾကာင္းျပခ်က္၊ စြပ္စြဲခ်က္အမ်ိဳးမ်ိဳးျဖင့္ ဒဏ္ခတ္ပိတ္ဆို႔အေရးယူမႈမ်ားစြာ ျပဳလုပ္ခဲ့ၾကသည္။
NCA လက္မွတ္မေရးထိုးထားေသာ EAOs အမ်ားစုကလည္း မီဒီယာကိုအသုံးျပဳ၍ NCA သည္ အသက္ဝင္မႈမရွိေတာ့ေၾကာင္း၊ ပ်က္ျပယ္သြားၿပီျဖစ္ ေၾကာင္း ဝါဒျဖန႔္ေျပာဆိုမႈမ်ား ဆက္တိုက္ျပဳလုပ္ လာခဲ့သည္။ " NCA ပ်က္သြားၿပီ၊ ျမန္မာႏိုင္ငံ၏ ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္ေသသြားၿပီ”ဟူေသာ ေရးသား မႈေျပာဆိုမႈမ်ားသည္ အခ်ိဳ႕ေသာEAOs မ်ား၊ သံတ မန္အသိုင္းအဝိုင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေဖာ္ေဆာင္ ေနၾကေသာ ျပည္ပအဖြဲ႕အစည္းအခ်ိဳ႕သို႔ ႐ိုက္ခတ္ မႈမ်ားစြာျဖစ္ေပၚခဲ့ရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္မ်ား အရွိန္အဟုန္မပ်က္ ေဆာင္ ႐ြက္ႏိုင္ရန္ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္တြင္ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးရရွိရန္အတြက္ " NCA ပါ သ ေဘာတူညီခ်က္မ်ားအတိုင္း ျဖစ္ႏိုင္သမွ် အေလးထား လုပ္ေဆာင္သြားမည္"ဟူေသာလုပ္ငန္းစဥ္ကိုခ်မွတ္ ခဲ့ၿပီး ႏိုင္ငံေရးဦးတည္ခ်က္တြင္လည္း "တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ NCA ပါအ တိုင္း အေလးထားလုပ္ေဆာင္သြားမည္" ဟူေသာ ဦးတည္ခ်က္မ်ားခ်မွတ္ကာ NCA ကို အေလးထား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အရွိန္အဟုန္မပ်က္ ဆက္လက္ေဖာ္ေဆာင္ႏိုင္ရန္အတြက္ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၇)ရက္ေန႔တြင္ ေအာက္ေဖာ္ျပ ၿငိမ္း ခ်မ္းေရးေကာ္မတီ(၃)ရပ္ကို ဖြဲ႕စည္းခဲ့သည္။
၁။ ။ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈဗဟိုေကာ္မတီ
(NSPCC)
၂။ ။ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္း ေရးေဖာ္ေဆာင္မႈလုပ္ငန္းေကာ္မတီ (NSPWC)
၃။ ။ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ(NSPNC)
(၂၀၂၂) ခုႏွစ္ ဧၿပီလ (၂၂)ရက္တြင္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ မိဘျပည္သူမ်ားသို႔ ၿငိမ္း ခ်မ္းေရးႏွင့္ပတ္သက္၍ မိန႔္ခြန္းတစ္ရပ္ ေျပာၾကားကာ (၂၀၂၂)ခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္အျဖစ္သတ္မွတ္ၿပီး ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ားကို လက္ေတြ႕က်က် ထိထိ ေရာက္ေရာက္ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္မ်ားႏွင့္ ကိုယ္တိုင္ေတြ႕ဆုံ ႐ိုးသားပြင့္လင္းစြာေဆြးေႏြးရန္ ဖိတ္ေခၚခဲ့သည္။ ဖိတ္ေခၚခ်က္အရ NCA လက္မွတ္ ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၇)ဖြဲ႕ျဖစ္ေသာ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ (ALP)၊ ဒီမိုကေရစီအက်ိဳးျပဳကရင္တပ္မေတာ္ (DKBA) ၊ ကရင္အမ်ိဳးသားအစည္းအ႐ုံး/ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္-ၿငိမ္းခ်မ္းေရး ေကာင္စီ(KNU/KNLA-PC)၊ လားဟူ ဒီမိုကရက္ တစ္အစည္းအ႐ုံး(LDU)၊ မြန္ျပည္သစ္ပါတီ (NMSP)၊ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ ခ်ဳပ္(PNLO)ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ(RCSS)တို႔ႏွင့္ NCA လက္မွတ္ေရးထိုးမႈ မရွိေသးသည့္ 'ဝ' ျပည္ေသြးစည္းညီၫြတ္ေရးပါတီ (UWSP)၊ အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အ ဖြဲ႕-မိုင္းလား(NDAA) ႏွင့္ ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP) (၃)ဖြဲ႕ စုစုေပါင္း EAOs (၁၀)ဖြဲ႕သည္ ေနျပည္ေတာ္သို႔လာေရာက္၍ ၿငိမ္းခ်မ္းေရးေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကပါသည္။
ညႇိႏႈိင္းေရးေကာ္မတီအေနျဖင့္ သက္ဆိုင္ရာ ေဆြးေႏြးဖက္EAOs(၁၀)ဖြဲ႕ျဖင့္ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလမွ (၂၀၂၅) ခုႏွစ္ ဇူလိုင္လအထိ NCA လက္မွတ္ေရးထိုးၿပီးသည့္ EAOs မ်ားႏွင့္ ၉၃ ႀကိမ္၊ NCA လက္မွတ္ေရးထိုးျခင္းမရွိေသးသည့္ EAOs မ်ားႏွင့္(၂၆)ႀကိမ္၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ (၂၂) ႀကိမ္၊ ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖြဲ႕မ်ားႏွင့္ (၁၃) ႀကိမ္၊ ၿငိမ္းခ်မ္းေရးစကားဝိုင္း(၁)ႀကိမ္၊ ၿငိမ္းခ်မ္းေရးဖိုရမ္ (၁)ႀကိမ္ စုစုေပါင္း ေတြ႕ဆုံေဆြးေႏြးမႈ (၁၅၆) ႀကိမ္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။
မွတ္ပုံတင္ခြင့္ျပဳခဲ့ၿပီးေသာ ႏိုင္ငံေရးပါတီမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ ေ႐ြးခ်ယ္ဖြဲ႕စည္းထားသည့္ ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕၏ အလုပ္အဖြဲ႕ႏွင့္ (၂၀၂၂)ခုႏွစ္မွ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလအတြင္း ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ကာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ(၂၀ဝ၈ ခုႏွစ္)မွ ျပင္ဆင္ျဖည့္စြက္သင့္ေသာ အဆိုျပဳခ်က္မ်ား၊ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားကို ေဆြးေႏြးညႇိႏႈိင္းခဲ့ၾကသည္။ ႏိုင္ငံ ေရးပါတီအစုအဖြဲ႕၏ အလုပ္အဖြဲ႕ႏွင့္ေတြ႕ဆုံေဆြးေႏြး မႈမ်ားအရ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀ဝ၈) ခုႏွစ္မွ ျပင္ဆင္ျဖည့္စြက္ရန္ သေဘာတူညီခ်က္(၄၃) ခ်က္ ကို လက္မွတ္ေရးထိုးႏိုင္ခဲ့ၾကသည္။

(ဆက္လက္ေဖာ္ျပပါမည္)

Related news

© 2021. All rights reserved.