မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့တွေ့ဆုံလိုတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပြော

 81

Pika (NP News) - အောက်တိုဘာလ ၂၉

အာရှခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့တွေ့ဆုံလိုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ကင်ဂျုံအန်းနဲ့ ၎င်းကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေး တစ်ခုရှိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ပထမဆုံးသမ္မတသက်တမ်းအတွင်း မြောက်ကိုရီးယားကို ခြေချခဲ့တဲ့ ပထမဆုံး တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်နဲ့ ကင်ဂျုံအန်း တို့ဟာ (၂၀၁၈)ခုနှစ်ကနေ (၂၀၁၉)ခုနှစ်အထိ စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာလှုံ့ဆော်မှုတွေအတွက် အပြန်အလှန် အနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိုဆွေးနွေးဖို့ သုံးကြိမ်တွေ့ဆုံခဲ့ပေမယ့်လည်း သဘောတူညီချက် ရခဲ့တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ခရီးတစ်ထောက်နားစဉ်အချိန်အတွင်း ကင်ဂျုံအန်းနဲ့တွေ့ဆုံမှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ Gyeongju မြို့မှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး (APEC) ကို တက်ရောက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့် က “ကင်ဂျုံအန်းနဲ့ တွေ့ဆုံလိုပါတယ်။ သူနဲ့ကျွန်တော့်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပါတယ်။ ကင်ဂျုံအန်းကသာ တွေ့ချင်တယ်ဆိုရင် ကျွန်တော်တောင်ကိုရီးယားမှာရှိနေမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံလိုတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေအာက္တိုဘာလ ၂၉
အာရွခရီးစဥ္အတြင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံလိုတယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ကင္ဂ်ဳံအန္းနဲ႔ ၎ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရး တစ္ခုရွိတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္ဟာ ၎ရဲ႕ပထမဆုံးသမၼတသက္တမ္းအတြင္း ေျမာက္ကိုရီးယားကို ေျခခ်ခဲ့တဲ့ ပထမဆုံး တာဝန္ထမ္းေဆာင္ဆဲ အေမရိကန္သမၼတတစ္ဦးျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္နဲ႔ ကင္ဂ်ဳံအန္း တို႔ဟာ (၂၀၁၈)ခုႏွစ္ကေန (၂၀၁၉)ခုႏွစ္အထိ စီးပြားေရးနဲ႔လုံၿခဳံေရးဆိုင္ရာလႈံ႕ေဆာ္မႈေတြအတြက္ အျပန္အလွန္ အေနနဲ႔ န်ဴကလီးယားလက္နက္ဖ်က္သိမ္းေရးကိုေဆြးေႏြးဖို႔ သုံးႀကိမ္ေတြ႕ဆုံခဲ့ေပမယ့္လည္း သေဘာတူညီခ်က္ ရခဲ့တာမ်ိဳးေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာ ခရီးတစ္ေထာက္နားစဥ္အခ်ိန္အတြင္း ကင္ဂ်ဳံအန္းနဲ႔ေတြ႕ဆုံမႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ရွိေနတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ဟာ Gyeongju ၿမိဳ႕မွာက်င္းပမယ့္ အာရွ-ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ ထိပ္သီး အစည္းအေဝး (APEC) ကို တက္ေရာက္ဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္ က “ကင္ဂ်ဳံအန္းနဲ႔ ေတြ႕ဆုံလိုပါတယ္။ သူနဲ႔ကြၽန္ေတာ့္ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးေတြရွိပါတယ္။ ကင္ဂ်ဳံအန္းကသာ ေတြ႕ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္ေတာင္ကိုရီးယားမွာရွိေနမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.