၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိ တက္ကသိုလ်ဝင်တန်းဖြေဆိုသော်လည်း မအောင်သူ (၅) သန်းခန့်ရှိ

188

သန့်ဇင်(NP News)-အောက်တိုဘာ ၂၈
၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိကာလအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသော်လည်း မအောင်သူ (၅) သန်းခန့်ရှိကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (အောက်တိုဘာ ၂၈ ရက်)မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မိမိတို့နိုင်ငံ၌ အသက် (၂၅) နှစ်အထက်လူဦးရေ၏ (၄၆) ရာခိုင်နှုန်းခန့်သည် ပညာရေးအားနည်းသဖြင့် ပညာရေးကို အလေးပေးမြှင့်တင်ဆောင်ရွက်သွားရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး ပညာရေးအားကောင်းလာမှသာလျှင် လူသားအရင်းအမြစ်ကောင်းများကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့နိုင်ငံတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ များစွာရှိကြောင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
မိမိတို့တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိကာလအတွင်း၌ပင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ပြီး အောင်မြင်ခြင်းမရှိခဲ့သူ လူဦးရေ (၅) သန်းခန့်ရှိကြောင်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
၎င်းတို့အနေဖြင့် နိုင်ငံတော်အတွက် မည်ကဲ့သို့ အသုံးချနိုင်မည်ကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ကြောင့် မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များနှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ကွန်ပြူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ပြီး အကျိုးရလာဒ်များကို တွေ့မြင်ခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
မိမိတို့အနေဖြင့် ပညာရေးနှင့်ပတ်သက်ပါက ရေရှည်အနာဂတ်အကျိုးကိုကြည့်၍ စီမံဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆိုသည်။
အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုများလည်းရှိနေကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာသင်အထက်တန်းကျောင်းများကို ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အောင်မြင်မှုများ အထိုက်အလျောက်ရရှိခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆိုသည်။
မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၌လည်း ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ရေးနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို အလေးထားဆောင်ရွက်သွားကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version:
၂၀၂၁ ခုႏွစ္မွ ယခုအခ်ိန္အထိ တကၠသိုလ္ဝင္တန္းေျဖဆိုေသာ္လည္း မေအာင္သူ (၅) သန္းခန႔္ရွိ
သန္႔ဇင္(NP News)-ေအာက္တိုဘာ ၂၈
၂၀၂၁ ခုႏွစ္မွ ယခုအခ်ိန္အထိကာလအတြင္း တကၠသိုလ္ဝင္တန္းေျဖဆိုေသာ္လည္း မေအာင္သူ (၅) သန္းခန႔္ရွိေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ (ေအာက္တိုဘာ ၂၈ ရက္)မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္၌ က်င္းပေသာ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီး/ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံ့စီးပြားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စီးပြားေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ အရည္အေသြးျပည့္ဝသည့္ လူသားအရင္းအျမစ္ေကာင္းမ်ား လိုအပ္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
မိမိတို႔ႏိုင္ငံ၌ အသက္ (၂၅) ႏွစ္အထက္လူဦးေရ၏ (၄၆) ရာခိုင္ႏႈန္းခန႔္သည္ ပညာေရးအားနည္းသျဖင့္ ပညာေရးကို အေလးေပးျမႇင့္တင္ေဆာင္႐ြက္သြားရန္ မျဖစ္မေနလိုအပ္မည္ျဖစ္ၿပီး ပညာေရးအားေကာင္းလာမွသာလွ်င္ လူသားအရင္းအျမစ္ေကာင္းမ်ားကိုလည္း ရရွိႏိုင္မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ မိမိတို႔ႏိုင္ငံတြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲဝင္ေရာက္ေျဖဆိုခဲ့ၿပီး ေအာင္ျမင္မႈမရွိခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား မ်ားစြာရွိေၾကာင္းဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
မိမိတို႔တာဝန္ယူခဲ့သည့္ ၂၀၂၁ ခုႏွစ္မွ ယခုအခ်ိန္အထိကာလအတြင္း၌ပင္ တကၠသိုလ္ဝင္တန္းေျဖဆိုခဲ့ၿပီး ေအာင္ျမင္ျခင္းမရွိခဲ့သူ လူဦးေရ (၅) သန္းခန႔္ရွိေၾကာင္းဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
၎တို႔အေနျဖင့္ ႏိုင္ငံေတာ္အတြက္ မည္ကဲ့သို႔ အသုံးခ်ႏိုင္မည္ကို စဥ္းစားေဆာင္႐ြက္ရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ မိမိတို႔အေနျဖင့္ တာဝန္ရွိသူမ်ား၊ ပညာရွင္မ်ားႏွင့္တိုင္ပင္၍ သက္ဆိုင္ရာပညာရပ္မ်ားအလိုက္ လုပ္ငန္းခြင္ဝင္ေရာက္ႏိုင္သည့္ Polytechnic ေက်ာင္းမ်ား ဖြင့္လွစ္သင္ၾကားႏိုင္ေရး စီစဥ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ကြန္ျပဴတာႏွင့္ နည္းပညာကို ေပါင္းစပ္ထားသည့္ Polytechnic University မ်ားကို ဖြင့္လွစ္ေဆာင္႐ြက္ခဲ့ရာတြင္ ေအာင္ျမင္မႈရွိခဲ့ၿပီး အက်ိဳးရလာဒ္မ်ားကို ေတြ႕ျမင္ခဲ့ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
မိမိတို႔အေနျဖင့္ ပညာေရးႏွင့္ပတ္သက္ပါက ေရရွည္အနာဂတ္အက်ိဳးကိုၾကည့္၍ စီမံေဆာင္႐ြက္သြားရန္လိုအပ္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ဆိုသည္။
အမ်ားစုအေနျဖင့္ အလယ္တန္းအဆင့္တြင္ပင္ ပညာေရးဆုံးခန္းတိုင္မႈမ်ားလည္းရွိေနေၾကာင္း၊ ထို႔ေၾကာင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ စက္မႈပညာသင္အထက္တန္းေက်ာင္းမ်ားကို ဖြင့္လွစ္ႏိုင္ေရး စီမံေဆာင္႐ြက္ခဲ့ၿပီး ယခုအခ်ိန္တြင္ ေအာင္ျမင္မႈမ်ား အထိုက္အေလ်ာက္ရရွိခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဆိုသည္။
မိမိတို႔ႏိုင္ငံအေနျဖင့္ စိုက္ပ်ိဳးေမြးျမဴေရးနယ္ပယ္ႏွင့္ စက္မႈနယ္ပယ္တို႔တြင္ ကြၽမ္းက်င္သူမ်ား ေမြးထုတ္ေပးႏိုင္ရန္ မျဖစ္မေန လိုအပ္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္၌လည္း ပညာတတ္လူသားအရင္းအျမစ္ေကာင္းမ်ား ေမြးထုတ္ေရးႏွင့္ပတ္သက္၍ လုပ္သင့္လုပ္ထိုက္သည္မ်ားကို အေလးထားေဆာင္႐ြက္သြားၾကရန္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။