ကိုရီးယားလုပ်ငန်းရှင်များ အနေဖြင့်မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် စိတ်ဝင်စား

255

သက်ပိုင်(NP News) - အောက်တိုဘာ ၃၀
ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် စိတ်ဝင်စားလျက်ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝါဝါမောင် နှင့် တွေ့ဆုံစဉ် မြန်မာ - ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ ဥက္ကဋ္ဌ Mr. Choi Shin-iL က ပြောကြားခဲ့ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝါဝါမောင် နှင့် ကိုရီးယားနိုင်ငံအခြေစိုက် မြန်မာ- ကိုရီးယား စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ Mr. Choi Shin-iL ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သည် အောက်တိုဘာ (၂၉)ရက်က နေပြည်တော်ရှိ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ်(၁) တွင်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် စိတ်ဝင်စားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိမည့်အကျိုးကျေးဇူးများနှင့် ဥပဒေ၊ နည်းဥပဒေအရ ကူညီပံ့ပိုးပေးမည့် အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ် များကိုလည်း စိတ်ဝင်စားပါကြောင်းနှင့် မကြာမီကာလတွင် ကိုရီးယားနိုင်ငံမှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများနှင့် စပ်လျဉ်း၍ ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံသို့စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းတံတား၊ လျှပ်စစ်မီး စသည့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် ကိုရီးယားနိုင်ငံမှ ODA ချေးငွေနှင့် အကူအညီအထောက်အပံ့များရရှိခဲ့ကြောင်းနှင့် ကိုရီးယားနိုင်ငံ၏ ဆယ်မားအူးလ်အွန်ဒုန် (Saemaul Undong) စံပြကျေးရွာဖွံ့ဖြိုးမှု စီမံကိန်း သည် မိမိတို့နိုင်ငံအတွက် လိုက်ပါဆောင်ရွက်နိုင်သည့် ပုံစံကောင်းတစ်ခုဖြစ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိတ်ဆွေ ဟောင်းနိုင်ငံများနှင့်သာမက မိတ်ဆွေသစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၆) နှင့် ကုန်သွယ်မှုတွင် အဆင့် (၉) နေရာတွင်ရှိကြောင်းနှင့် ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကာ အထူးသဖြင့် CMP အထည်ချုပ် လုပ်ငန်းများတွင် ကိုရီးယားနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြုကြေင်း ပြည်ထောင်စုဝန်ကြီးမှ ပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
==================================
Zawgyi version
သက္ပိုင္(NP News) - ေအာက္တိုဘာ ၃၀
ကိုရီးယားစီးပြားေရးလုပ္ငန္းရွင္မ်ား အေနျဖင့္ ျမန္မာႏိုင္ငံတြင္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား တိုးခ်ဲ႕ရန္ စိတ္ဝင္စားလ်က္ရွိေနေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ဒုတိယဥကၠ႒ ေဒါက္တာ ဝါဝါေမာင္ ႏွင့္ ေတြ႕ဆုံစဥ္ ျမန္မာ - ကိုရီးယား စီးပြားေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ သုေတသနအဖြဲ႕အစည္းမွ ဥကၠ႒ Mr. Choi Shin-iL က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ ဒုတိယဥကၠ႒ ေဒါက္တာ ဝါဝါေမာင္ ႏွင့္ ကိုရီးယားႏိုင္ငံအေျခစိုက္ ျမန္မာ- ကိုရီးယား စီးပြားေရးႏွင့္လုံၿခဳံေရးဆိုင္ရာ သုေတသနအဖြဲ႕အစည္းမွ Mr. Choi Shin-iL ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တို႔ သည္ ေအာက္တိုဘာ (၂၉)ရက္က ေနျပည္ေတာ္ရွိ ရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီး ဌာန ႐ုံးအမွတ္(၁) တြင္ေတြ႕ဆုံခဲ့ျခင္း ျဖစ္သည္။
ကိုရီးယားစီးပြားေရးလုပ္ငန္းရွင္မ်ားသည္ ျမန္မာႏိုင္ငံတြင္ စီးပြားေရး လုပ္ငန္းမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတိုးခ်ဲ႕ရန္ စိတ္ဝင္စားလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ေဆာင္႐ြက္ႏိုင္မည့္ အခြင့္အလမ္းမ်ား၊ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရ ရရွိမည့္အက်ိဳးေက်းဇူးမ်ားႏွင့္ ဥပေဒ၊ နည္းဥပေဒအရ ကူညီပံ့ပိုးေပးမည့္ အေျခအေနမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ လုပ္ငန္းစဥ္ မ်ားကိုလည္း စိတ္ဝင္စားပါေၾကာင္းႏွင့္ မၾကာမီကာလတြင္ ကိုရီးယားႏိုင္ငံမွ ဝင္ေရာက္လာမည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ က႑မ်ားႏွင့္ စပ္လ်ဥ္း၍ ေျပာဆိုေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသို႔စိုက္ပ်ိဳးေရး၊ က်န္းမာေရး၊ ပညာေရး၊ လူ႔စြမ္းအား အရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လမ္းတံတား၊ လွ်ပ္စစ္မီး စသည့္အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳး တိုးတက္ေရးက႑မ်ားတြင္ ကိုရီးယားႏိုင္ငံမွ ODA ေခ်းေငြႏွင့္ အကူအညီအေထာက္အပံ့မ်ားရရွိခဲ့ေၾကာင္းႏွင့္ ကိုရီးယားႏိုင္ငံ၏ ဆယ္မားအူးလ္အြန္ဒုန္ (Saemaul Undong) စံျပေက်း႐ြာဖြံ႕ၿဖိဳးမႈ စီမံကိန္း သည္ မိမိတို႔ႏိုင္ငံအတြက္ လိုက္ပါေဆာင္႐ြက္ႏိုင္သည့္ ပုံစံေကာင္းတစ္ခုျဖစ္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ျပန္လည္ေျပာၾကားခဲ့သည္ဟု သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ေရးကိစၥရပ္မ်ား ေဆာင္႐ြက္ရာတြင္ မိတ္ေဆြ ေဟာင္းႏိုင္ငံမ်ားႏွင့္သာမက မိတ္ေဆြသစ္ႏိုင္ငံမ်ားႏွင့္ပါ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာႏိုင္ငံတြင္ ကိုရီးယားႏိုင္ငံသည္ ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ အဆင့္ (၆) ႏွင့္ ကုန္သြယ္မႈတြင္ အဆင့္ (၉) ေနရာတြင္ရွိေၾကာင္းႏွင့္ ခရီးစဥ္အတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာကိစၥရပ္မ်ားကို ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ကူညီေဆာင္႐ြက္ေပးသြားမည္ ျဖစ္ကာ အထူးသျဖင့္ CMP အထည္ခ်ဳပ္ လုပ္ငန္းမ်ားတြင္ ကိုရီးယားႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အသိအမွတ္ျပဳေၾကင္း ျပည္ေထာင္စုဝန္ႀကီးမွ ေျပာၾကားခဲ့သည္ဟုလည္း ထုတ္ျပန္ခ်က္အရ သိရသည္။