သာစည်- တောင်ကြီးရထားခရီးစဉ် ကို ပြန်လည် ပြေးဆွဲမည့် အပြင် တောင်ကြီး-ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဉ်ကိုလည်း လေးရက် ပြေးဆွဲမည်

150

စော(NP News) - အောက်တိုဘာ ၃၀
သာစည်- တောင်ကြီးရထားခရီးစဉ်ကို မနက်ဖြန် (အောက်တိုဘာလ ၃၁ ရက်) မှစ၍ ပြေးဆွဲသွားမည့်အပြင် တောင်ကြီး-ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဉ်ကိုလည်း လာမည့် နိုဝင်ဘာ ၁ရက်မှ ၄ရက်အထိ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာက ဖြစ်ပေါ်ခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း သဘာဝဘေးဒဏ်ရေကြီး ရေလျှံမှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်းတို့ရှိ အချို့နေရာများတွင်ရထား လမ်းတာပေါင်များ၊ တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့ခြင်း၊ မြေပြိုကျ၍ ပျက်စီးခြင်းစသည်တို့ ကြုံတွေ့ခဲ့ရပြီး လမ်းပိုင်းအလိုက်ပြုပြင် နိုင်ခဲ့ကြောင်းသိရသည်။
ထို့ကြောင့် သာစည်-ရွှေညောင် လမ်းပိုင်းအား ယခုနှစ်၊ ဇန်နဝါရီလကုန်မှစ၍ အပတ်စဉ် အမှတ်(၁၄၁)အဆန် သာစည်-ရွှေညောင်ရထားကိုသောကြာနေ့နှင့် အမှတ်(၁၄၂)အစုန် ရွှေညောင်-သာစည်ရထားကို တနင်္လာနေ့များတွင် ပုံမှန် ပြေးဆွဲပေးလျက်ရှိရာ မနက်ဖြန် (အောက်တိုဘာ ၃၁) ရက်မှ စတင်၍ သာစည်မှ တောင်ကြီးအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှတ်(၁၄၁) အဆန်ရထားသည် သာစည်မှ နံနက် ၅ နာရီ ထွက်ခွာ၍ တောင်ကြီးသို့ ညနေ ၆ နာရီခွဲတွင်လည်းကောင်း၊ အမှတ်(၁၄၂) အစုန်ရထားသည် တောင်ကြီးမှ နံနက် ၆ နာရီ ထွက်ခွာ၍ သာစည်သို့ ည ၇ နာရီခွဲတွင် လည်းကောင်း ရောက်ရှိမည်ဖြစ်ပြီး ဘူတာစဉ်အလိုက် ရပ်တန့် ပေးသွားမည်ဖြစ်ကာ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ငွေကျပ် (၁၂၀၀၀)၊ အထက်တန်းငွေကျပ် (၁၄၀၀၀) ဖြစ်ကြောင်း သိရသည်။
အလားတူ ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း အတွင်း ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အေးသာယာ-ပေါမူ-ထီသိမ်ဘူတာအကြား ရထားလမ်းပိုင်းပြုပြင်ခြင်း၊ လမ်းအူကြောင်းအသစ် တည်ဆောက်ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ထီသိမ်ရထားလမ်းအဝိုင်းပတ်တာပေါင်ပြုပြင် ခြင်းများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ၂၇ ရက်အထိ ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်တွင် ဝန်ချိန်ပြည့်ရထား စမ်းသပ်မောင်းနှင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုသို့ ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့မှုကြောင့် တောင်ကြီးမြို့၏ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပမည့် ကာလအတွင်း ပြည်တွင်း၊ပြည်ပမှ ခရီးသွားပြည်သူများအနေဖြင့် တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများအား စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ရန် တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဉ်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် လာမည့် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ကြီး-ပေါမူခရီးစဉ် ကိုလည်း ယခင်အတိုင်း အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ရာ ယင်းခရီးစဉ်သည် ၁၁ ဒသမ ၄၁ မိုင်ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီခွဲခန့် ကြာမြင့်မည် ဖြစ်ပြီး တောင်ကြီးဘူတာမှ နံနက် ၉ နာရီစတင် ထွက်ခွာကာ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစား နိုင်ရန် ထီသိမ်ဘူတာ၌ မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်သည့်အပြင် ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
အဆိုပါရထားသည် ပေါမူဘူတာမှ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး တောင်ကြီး ဘူတာသို့ မွန်းလွဲ ၁၂ နာရီ ခွဲတွင် ပြန်လည်ရောက်ရှိ မည်ဖြစ်ပြီး ပြေးဆွဲမည့်ရထားတွဲဆိုင်းကို မြင်းကောင် ရေ ၂၀၀၀ အား စက်ခေါင်းဖြင့် အထက်တန်း တစ်တွဲ၊ ရိုးရိုးတန်းသုံးတွဲနှင့်ရထားထိန်းတွဲတစ်တွဲဖြင့် ပြေးဆွဲ သွားမည်ဖြစ်ကာ တောင်ကြီး-ပေါမူ အသွား၊ အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားသည် အထက်တန်းတွဲအတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ ဖြစ်ကြောင်း သိရသည်။
တောင်ကြီး-ပေါမူ ခရီးစဉ်လိုက်ပါစီးနင်းမည့် ခရီးသွားပြည်သူများသည် တောင်ကြီးမြို့မှ စတင် ထွက်ခွာသည်နှင့် တောင်ကြီးမြို့၏ အထင်ကရနေရာ မီးပုံးပျံကွင်းကို ရထားပေါ်မှနေ၍ ကြည့်ရှုခံစားရခြင်း၊ တောင်ကြီးမြို့၏ ခေတ်မီလှပသော မြို့ပြမြင်ကွင်း များကို ရထားပေါ်မှ ကောင်းစွာမြင်နိုင်ပြီး စိတ်လက်ကြည်လင်အေးချမ်းစေခြင်း၊ မြန်မာ့မီးရထား၏ ဒုတိယ ဘဝသံသရာတံတားအား ဖြတ်သန်းစဉ် အဝေးဆီမှ တောင်တန်းများ၊ ကွင်းပြင်ကျယ်များကို ရှုမျှော်ခံစားနိုင်ခြင်း၊ ထီသိမ်ဘူတာသို့ ရထား ဆိုက်ရောက်ရပ်နားချိန် မိနစ် ၃၀ အတွင်း ဘူတာ အထက်ဘက်ရှိ ရှုရပ်မှနေ၍ ထီသိမ်အဝိုင်းပတ်နှင့် ဘဝသံသရာတံတားအား အပေါ်စီးမှနေ၍ ကြည့်ရှု နိုင်ခြင်း၊ အဝေးဆီမှ ထီသိမ်ဘုရား၊ မြေပြိုဘုရားများ ကို ကြည်ညိုဖူးမြော်နိုင်ခြင်း၊ ရွှေညောင်ကန်နှင့် ကွင်းပြင်ကျယ်ကြီးများစသည့် တောင်တန်းနှင့် သဘာဝအလှအပရှုခင်းများကို ကြည့်ရှုခံစားနိုင်ခြင်း တို့ဖြင့် စိတ်လက်အေးချမ်းပျော်ရွှင်မှုရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားကဖော်ပြထားသည်။
===============
Zawgyi version
ေစာ(NP News) - ေအာက္တိုဘာ ၃၀
သာစည္- ေတာင္ႀကီးရထားခရီးစဥ္ကို မနက္ျဖန္ (ေအာက္တိုဘာလ ၃၁ ရက္) မွစ၍ ေျပးဆြဲသြားမည့္အျပင္ ေတာင္ႀကီး-ေပါမူ-ေတာင္ႀကီး Sight Seeing ရထားခရီးစဥ္ကိုလည္း လာမည့္ ႏိုဝင္ဘာ ၁ရက္မွ ၄ရက္အထိ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထား၏ထုတ္ျပန္ခ်က္အရ သိရသည္။
၂၀၂၄ ခုႏွစ္၊ စက္တင္ဘာက ျဖစ္ေပၚခဲ့ေသာ ရာဂီတိုင္ဖြန္းမုန္တိုင္း သဘာဝေဘးဒဏ္ေရႀကီး ေရလွ်ံမႈေၾကာင့္ သာစည္-ေ႐ႊေညာင္-ေတာင္ႀကီး ရထားလမ္းပိုင္းတို႔ရွိ အခ်ိဳ႕ေနရာမ်ားတြင္ရထား လမ္းတာေပါင္မ်ား၊ တံတားမ်ား ေရတိုက္စား၍ ပ်က္စီးခဲ့ျခင္း၊ ေျမၿပိဳက်၍ ပ်က္စီးျခင္းစသည္တို႔ ႀကဳံေတြ႕ခဲ့ရၿပီး လမ္းပိုင္းအလိုက္ျပဳျပင္ ႏိုင္ခဲ့ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ သာစည္-ေ႐ႊေညာင္ လမ္းပိုင္းအား ယခုႏွစ္၊ ဇန္နဝါရီလကုန္မွစ၍ အပတ္စဥ္ အမွတ္(၁၄၁)အဆန္ သာစည္-ေ႐ႊေညာင္ရထားကိုေသာၾကာေန႔ႏွင့္ အမွတ္(၁၄၂)အစုန္ ေ႐ႊေညာင္-သာစည္ရထားကို တနလၤာေန႔မ်ားတြင္ ပုံမွန္ ေျပးဆြဲေပးလ်က္ရွိရာ မနက္ျဖန္ (ေအာက္တိုဘာ ၃၁) ရက္မွ စတင္၍ သာစည္မွ ေတာင္ႀကီးအထိ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အမွတ္(၁၄၁) အဆန္ရထားသည္ သာစည္မွ နံနက္ ၅ နာရီ ထြက္ခြာ၍ ေတာင္ႀကီးသို႔ ညေန ၆ နာရီခြဲတြင္လည္းေကာင္း၊ အမွတ္(၁၄၂) အစုန္ရထားသည္ ေတာင္ႀကီးမွ နံနက္ ၆ နာရီ ထြက္ခြာ၍ သာစည္သို႔ ည ၇ နာရီခြဲတြင္ လည္းေကာင္း ေရာက္ရွိမည္ျဖစ္ၿပီး ဘူတာစဥ္အလိုက္ ရပ္တန႔္ ေပးသြားမည္ျဖစ္ကာ ခရီးစဥ္ အစအဆုံးအတြက္ လက္မွတ္ခအေနျဖင့္ ႐ိုး႐ိုးတန္း ေငြက်ပ္ (၁၂၀၀၀)၊ အထက္တန္းေငြက်ပ္ (၁၄၀၀၀) ျဖစ္ေၾကာင္း သိရသည္။
အလားတူ ေ႐ႊေညာင္-ေတာင္ႀကီးရထားလမ္းပိုင္း အတြင္း ရာဂီတိုင္ဖြန္းမုန္တိုင္းေၾကာင့္ ပ်က္စီးခဲ့သည့္ ေအးသာယာ-ေပါမူ-ထီသိမ္ဘူတာအၾကား ရထားလမ္းပိုင္းျပဳျပင္ျခင္း၊ လမ္းအူေၾကာင္းအသစ္ တည္ေဆာက္ျခင္း၊ ေျမထိန္းနံရံတည္ေဆာက္ျခင္းႏွင့္ ထီသိမ္ရထားလမ္းအဝိုင္းပတ္တာေပါင္ျပဳျပင္ ျခင္းမ်ားကို ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာ ၁ ရက္မွ ၂၀၂၅ ခုႏွစ္၊ ေအာက္တိုဘာ၂၇ ရက္အထိ ေဆာင္႐ြက္ခဲ့ၿပီး ေအာက္တိုဘာ ၂၈ ရက္တြင္ ဝန္ခ်ိန္ျပည့္ရထား စမ္းသပ္ေမာင္းႏွင္ျခင္းကို ေဆာင္႐ြက္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ထိုသို႔ ျပဳျပင္ေဆာင္႐ြက္ၿပီးစီးခဲ့မႈေၾကာင့္ ေတာင္ႀကီးၿမိဳ႕၏ တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ က်င္းပမည့္ ကာလအတြင္း ျပည္တြင္း၊ျပည္ပမွ ခရီးသြားျပည္သူမ်ားအေနျဖင့္ ေတာင္ႀကီးၿမိဳ႕၏ သာယာလွပေသာရႈခင္းမ်ားအား စိတ္ခ်မ္းေျမ့စြာ ၾကည့္ရႈခံစားႏိုင္ရန္ ေတာင္ႀကီး-ေပါမူ၊ ေပါမူ-ေတာင္ႀကီး Sight Seeing ရထားခရီးစဥ္ကို အထူးကိစၥတစ္ရပ္အေနျဖင့္ လာမည့္ ႏိုဝင္ဘာ ၁ ရက္မွ ၄ ရက္အထိ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေတာင္ႀကီး-ေပါမူခရီးစဥ္ ကိုလည္း ယခင္အတိုင္း အပတ္စဥ္ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္မ်ား၌ ပုံမွန္ေျပးဆြဲေပးသြားမည္ျဖစ္ရာ ယင္းခရီးစဥ္သည္ ၁၁ ဒသမ ၄၁ မိုင္ကြာေဝးၿပီး ေျပးဆြဲခ်ိန္ ၁ နာရီခြဲခန႔္ ၾကာျမင့္မည္ ျဖစ္ၿပီး ေတာင္ႀကီးဘူတာမွ နံနက္ ၉ နာရီစတင္ ထြက္ခြာကာ လမ္းခရီးတြင္ ဘဝသံသရာအဝိုင္းအနီး ဝန္းက်င္ရွိ သဘာဝရႈခင္းအလွမ်ားကို ၾကည့္ရႈခံစား ႏိုင္ရန္ ထီသိမ္ဘူတာ၌ မိနစ္ ၃၀ ရပ္တန႔္သြားမည္ျဖစ္သည့္အျပင္ ေပါမူဘူတာသို႔ ေရာက္ရွိခ်ိန္တြင္ ရထားတြဲဆိုင္းအား ေတာင္ႀကီးဘက္သို႔ ျပန္လွည့္ႏိုင္ရန္ တြဲေ႐ႊ႕ျပဳလုပ္ခ်ိန္ မိနစ္ ၃၀ ရပ္တန႔္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
အဆိုပါရထားသည္ ေပါမူဘူတာမွ နံနက္ ၁၁ နာရီ ၁၅ မိနစ္တြင္ ျပန္လည္ထြက္ခြာၿပီး ေတာင္ႀကီး ဘူတာသို႔ မြန္းလြဲ ၁၂ နာရီ ခြဲတြင္ ျပန္လည္ေရာက္ရွိ မည္ျဖစ္ၿပီး ေျပးဆြဲမည့္ရထားတြဲဆိုင္းကို ျမင္းေကာင္ ေရ ၂၀၀၀ အား စက္ေခါင္းျဖင့္ အထက္တန္း တစ္တြဲ၊ ႐ိုး႐ိုးတန္းသုံးတြဲႏွင့္ရထားထိန္းတြဲတစ္တြဲျဖင့္ ေျပးဆြဲ သြားမည္ျဖစ္ကာ ေတာင္ႀကီး-ေပါမူ အသြား၊ အျပန္ ခရီးစဥ္အတြက္ လက္မွတ္ခႏႈန္းထားသည္ အထက္တန္းတြဲအတြက္ တစ္ဦးလွ်င္ ေငြက်ပ္ ၁၀၀၀၀ ႏွင့္ ႐ိုး႐ိုးတန္းအတြက္ တစ္ဦးလွ်င္ ေငြက်ပ္ ၅၀၀၀ ျဖစ္ေၾကာင္း သိရသည္။
ေတာင္ႀကီး-ေပါမူ ခရီးစဥ္လိုက္ပါစီးနင္းမည့္ ခရီးသြားျပည္သူမ်ားသည္ ေတာင္ႀကီးၿမိဳ႕မွ စတင္ ထြက္ခြာသည္ႏွင့္ ေတာင္ႀကီးၿမိဳ႕၏ အထင္ကရေနရာ မီးပုံးပ်ံကြင္းကို ရထားေပၚမွေန၍ ၾကည့္ရႈခံစားရျခင္း၊ ေတာင္ႀကီးၿမိဳ႕၏ ေခတ္မီလွပေသာ ၿမိဳ႕ျပျမင္ကြင္း မ်ားကို ရထားေပၚမွ ေကာင္းစြာျမင္ႏိုင္ၿပီး စိတ္လက္ၾကည္လင္ေအးခ်မ္းေစျခင္း၊ ျမန္မာ့မီးရထား၏ ဒုတိယ ဘဝသံသရာတံတားအား ျဖတ္သန္းစဥ္ အေဝးဆီမွ ေတာင္တန္းမ်ား၊ ကြင္းျပင္က်ယ္မ်ားကို ရႈေမွ်ာ္ခံစားႏိုင္ျခင္း၊ ထီသိမ္ဘူတာသို႔ ရထား ဆိုက္ေရာက္ရပ္နားခ်ိန္ မိနစ္ ၃၀ အတြင္း ဘူတာ အထက္ဘက္ရွိ ရႈရပ္မွေန၍ ထီသိမ္အဝိုင္းပတ္ႏွင့္ ဘဝသံသရာတံတားအား အေပၚစီးမွေန၍ ၾကည့္ရႈ ႏိုင္ျခင္း၊ အေဝးဆီမွ ထီသိမ္ဘုရား၊ ေျမၿပိဳဘုရားမ်ား ကို ၾကည္ညိဳဖူးေျမာ္ႏိုင္ျခင္း၊ ေ႐ႊေညာင္ကန္ႏွင့္ ကြင္းျပင္က်ယ္ႀကီးမ်ားစသည့္ ေတာင္တန္းႏွင့္ သဘာဝအလွအပရႈခင္းမ်ားကို ၾကည့္ရႈခံစားႏိုင္ျခင္း တို႔ျဖင့္ စိတ္လက္ေအးခ်မ္းေပ်ာ္႐ႊင္မႈရရွိႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားကေဖာ္ျပထားသည္။