တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို လာရောက်လည်ပတ်သူများပြားသည့်အတွက် နီးစပ်ရာအိမ်များက ယာဉ်ရပ်နားခများကို တိုးမြှင့်ကောက်ခံနေ

340

စော(NP News)-အောက်တိုဘာ ၃၀
တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ယမန်နေ့ (အောက်တိုဘာ ၂၉ရက်)က စတင်ကျင်းပခဲ့ရာ လာရောက်လည်ပတ်သူများပြားခဲ့ပြီး နီးစပ်ရာဒေသခံအိမ်များက ယာဉ်ရပ်နားခများကို တိုးမြှင့်ကောက်ခံမှုများရှိခဲ့ကြောင်း သိရသည်။
အဆိုပါမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၅ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များ ယာဉ်အပ်နှံမှုအဆင်ပြေစေရန် ယာဥ်အပ်နှံကွင်း၄ ကွင်းသာ လေလံချပေးခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်အတွက် ယာဉ်ရပ်နားခ သတ်မှတ်ဈေးနှုန်းများအနေဖြင့် ဆိုင်ကယ်တစ်စီးလျှင် ငွေ (၂၀၀၀) ကျပ်၊ တစ်တန်အောက် အိမ်စီးကားငယ် တစ်စီးလျှင် ၅၀၀၀ ကျပ်နှင့် တစ်တန်အထက် ကားလတ် တစ်စီးလျှင် ၁၀၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သတ်မှတ်နှုန်းထားများထက် ကောက်ခံခြင်းမပြုရန် ယာဉ်ရပ်နားစခန်း လေလံရရှိသူများအနေဖြင့် အဆိုပါနှုန်းထားများကို Board သို့မဟုတ် Vinylများဖြင့် ဖော်ပြထားရမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ပွဲအနီးရှိ အိမ်များက နေရာများ သတ်မှတ်၍ တာဝန်ယူကာ ယာဉ်ရပ်နားခ ကောက်ခံလျက်ရှိကြောင်း သိရသည်။
“သတ်မှတ်ထားတဲ့ဈေးတော့မသိဘူး။ အခုသွားတာ ဆိုင်ကယ်ဆို တစ်သောင်း၊ ကားဆို ငါးသောင်း။ တကယ်ကောက်တာ။ ကောက်တယ်ဆိုတာလည်း ပွဲလုပ်တဲ့ ကားလမ်းဘေးဝဲရာအိမ်တွေက တစ်ကိုယ်ရေသီးသန့်ကောက်တာတွေ။လေလံချထားတဲ့ဘက်မှာ တိုးကောက်လားမကောက်လားမသိပေမဲ့ ဒီဘက်မှာကပ်လိုက်တာဆိုတော့။ အစ်မတို့ပေးလိုက်ရတာတွေ ဘယ်ဆိုင်ကယ်အပ်အပ်ကိုတစ်သောင်း ဘယ်ကားတွေအပ်အပ် ငါးသောင်းအဲဒီလိုတွေ သွားနေရတာ”ဟု အဆိုပါမီးပုံးပျံပွဲတော်ကို သွားရောက်ခဲ့သူတစ်ဦးက NPNewsကိုပြောသည်။
အဆိုပါတောင်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်ကြသူများပြားကာ သောင်းနှင့်ချီရှိကြောင်း ၎င်းကဆိုသည်။
“အကုန်လုံးက ဒီဈေးပဲသွားကြတာတဲ့ အရင်နှစ်က ကားဆို သုံးသောင်းတဲ့။ ဒီနှစ်ကတော့ ကားက ငါးသောင်းဖြစ်သွားပြီတဲ့ ။ ဆိုင်ကယ်ကတော့ တစ်သောင်းပဲ “ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းပွဲတော်ကာလတွင် ယာဉ်ကြောပိတ်ဆိုမှုပြဿနာများကို လျှော့ချနိုင်ရန်အတွက် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်၊ ညနေ ၄ နာရီမှ မနက် ၄ နာရီအထိ ကုန်တင်ကားများနှင့် တွဲကားများသွားလာခွင့်ကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ကို လာေရာက္လည္ပတ္သူမ်ားျပားသည့္အတြက္ နီးစပ္ရာအိမ္မ်ားက ယာဥ္ရပ္နားခမ်ားကို တိုးျမႇင့္ေကာက္ခံေန
ေစာ(NP News)-ေအာက္တိုဘာ ၃၀
ေတာင္ႀကီးတန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္ကို ယမန္ေန႔ (ေအာက္တိုဘာ ၂၉ရက္)က စတင္က်င္းပခဲ့ရာ လာေရာက္လည္ပတ္သူမ်ားျပားခဲ့ၿပီး နီးစပ္ရာေဒသခံအိမ္မ်ားက ယာဥ္ရပ္နားခမ်ားကို တိုးျမႇင့္ေကာက္ခံမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါမီးပုံးပ်ံပြဲေတာ္ကို ႏိုဝင္ဘာ ၅ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ရာ လာေရာက္လည္ပတ္ၾကမည့္ ခရီးသြားဧည့္သည္မ်ား ယာဥ္အပ္ႏွံမႈအဆင္ေျပေစရန္ ယာဥ္အပ္ႏွံကြင္း၄ ကြင္းသာ ေလလံခ်ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါပြဲေတာ္အတြက္ ယာဥ္ရပ္နားခ သတ္မွတ္ေဈးႏႈန္းမ်ားအေနျဖင့္ ဆိုင္ကယ္တစ္စီးလွ်င္ ေငြ (၂၀၀၀) က်ပ္၊ တစ္တန္ေအာက္ အိမ္စီးကားငယ္ တစ္စီးလွ်င္ ၅၀၀၀ က်ပ္ႏွင့္ တစ္တန္အထက္ ကားလတ္ တစ္စီးလွ်င္ ၁၀၀၀၀ က်ပ္သာ က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သတ္မွတ္ႏႈန္းထားမ်ားထက္ ေကာက္ခံျခင္းမျပဳရန္ ယာဥ္ရပ္နားစခန္း ေလလံရရွိသူမ်ားအေနျဖင့္ အဆိုပါႏႈန္းထားမ်ားကို Board သို႔မဟုတ္ Vinylမ်ားျဖင့္ ေဖာ္ျပထားရမည္ျဖစ္ေၾကာင္း သိရသည္။
သို႔ေသာ္ ပြဲအနီးရွိ အိမ္မ်ားက ေနရာမ်ား သတ္မွတ္၍ တာဝန္ယူကာ ယာဥ္ရပ္နားခ ေကာက္ခံလ်က္ရွိေၾကာင္း သိရသည္။
“သတ္မွတ္ထားတဲ့ေဈးေတာ့မသိဘူး။ အခုသြားတာ ဆိုင္ကယ္ဆို တစ္ေသာင္း၊ ကားဆို ငါးေသာင္း။ တကယ္ေကာက္တာ။ ေကာက္တယ္ဆိုတာလည္း ပြဲလုပ္တဲ့ ကားလမ္းေဘးဝဲရာအိမ္ေတြက တစ္ကိုယ္ေရသီးသန႔္ေကာက္တာေတြ။ေလလံခ်ထားတဲ့ဘက္မွာ တိုးေကာက္လားမေကာက္လားမသိေပမဲ့ ဒီဘက္မွာကပ္လိုက္တာဆိုေတာ့။ အစ္မတို႔ေပးလိုက္ရတာေတြ ဘယ္ဆိုင္ကယ္အပ္အပ္ကိုတစ္ေသာင္း ဘယ္ကားေတြအပ္အပ္ ငါးေသာင္းအဲဒီလိုေတြ သြားေနရတာ”ဟု အဆိုပါမီးပုံးပ်ံပြဲေတာ္ကို သြားေရာက္ခဲ့သူတစ္ဦးက NPNewsကိုေျပာသည္။
အဆိုပါေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္သို႔ လာေရာက္လည္ပတ္ၾကသူမ်ားျပားကာ ေသာင္းႏွင့္ခ်ီရွိေၾကာင္း ၎ကဆိုသည္။
“အကုန္လုံးက ဒီေဈးပဲသြားၾကတာတဲ့ အရင္ႏွစ္က ကားဆို သုံးေသာင္းတဲ့။ ဒီႏွစ္ကေတာ့ ကားက ငါးေသာင္းျဖစ္သြားၿပီတဲ့ ။ ဆိုင္ကယ္ကေတာ့ တစ္ေသာင္းပဲ “ဟု ၎က ဆက္လက္ေျပာသည္။
ယင္းပြဲေတာ္ကာလတြင္ ယာဥ္ေၾကာပိတ္ဆိုမႈျပႆနာမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ေအာက္တိုဘာ ၂၉ ရက္ေန႔မွ ႏိုဝင္ဘာ ၅ ရက္၊ ညေန ၄ နာရီမွ မနက္ ၄ နာရီအထိ ကုန္တင္ကားမ်ားႏွင့္ တြဲကားမ်ားသြားလာခြင့္ကို ယာယီပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။