၂၀၂၅ - ၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) ပွဲကြိုသုံးသပ်ချက်များ
                        
                            
                             
 325
 
                             
                            
                            
                         
                        
ရဲထက် (NP News) - အောက်တိုဘာ ၃၁ 
	ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်(၁၀)ကို ရောက်ရှိလာချိန်မှာတော့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ အာဆင် နယ်အသင်းနဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကြားမှာ ရမှတ်ကွာဟမှု သိသိသာသာ မရှိနေတာကြောင့် ပြိုင်ဆိုင်မှု တွေက ပိုပြင်းထန် လာဖို့ရှိနေပြီး ချဲလ်ဆီးအသင်းနဲ့ စပါးစ်အသင်းတို့ကလည်း အနီးကပ်ဖိအားပေးနေတဲ့အနေ အထားမှာ ရှိနေပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စိန်ခေါ်လာနိုင်ခြေရှိတဲ့ အသင်း(၅)သင်း လောက်ရှိနေတာ ကြောင့်လည်း အသင်းကြီးတွေကြားမှာ တစ်ပွဲထက်တစ်ပွဲ အမှားခံလို့ မရတော့တဲ့ ပွဲစဉ်တွေကို ဖြစ်လာဖို့ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီရာသီမှာ မနှစ်ကရာသီက ခြေစွမ်းကောင်းခဲ့သလို ယူရိုပါလိဂ်ဝင်ခွင့်ရထားတဲ့ နော်တင် ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီမှာတန်းမ ဆင်းရဖို့ ရုန်းကန်လာရနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)ရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ပွဲကြိုသုံးသပ်ချက် အနေနဲ့ ဖော်ပြပေးချင်ပါ တယ်။
နော်တင်ဟမ်ဖောရက်စ်  Vs  မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဖောရက်စ်  ၁ - ဝ  မန်ယူ   (၂ - ၄ -၂၀၂၅)
မန်ယူ  ၂ - ၃  ဖောရက်စ်  (၈ - ၁၂ - ၂၀၂၄)
ဖောရက်စ်  ၂  - ၁  မန်ယူ   (၃၁-၁၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖောရက်စ်     ၂  - ၂     မန်ယူ
ဖောရက်စ်     ၂  - ၃     မန်ယူ
 	
     	မန်ယူအသင်းဟာ ဒီရာသီမှာ အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ချဲလ်ဆီး အသင်းတို့ကို အနိုင်ယူပြ ထားတဲ့အသင်းဖြစ်ပြီး ခြေစွမ်းပိုင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်မျိုးတွေကို ပြန်လည်မြင်တွေ့လာရပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ခြေစွမ်းတစ်သမတ်တည်းရှိတဲ့အသင်းမဟုတ်တာကြောင့် ဒီပွဲစဉ်ကလည်း ခန့်မှန်းရခက်ပါတယ်။ ခြေစွမ်းပိုင်းအရတော့ နော်တင်ဟမ်ဖောရက်စ်ထက် သာလွန်နေသလို နောက်ပိုင်းမှာ နိုင်ပွဲတွေ ပြန်လည် ရရှိလာမှုက လည်း မန်ယူအသင်းအတွက် ယုံကြည်မှုတစ်ခု ပြန်ရသွားစေမှာပါ။ ဒါပေမဲ့ ထိပ်တိုက်တွေ့ ဆုံမှုကို ပြန်ကြည့်ရင် နော်တင်ဖောရက်စအသင်းက မန်ယူအသင်းကို နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပွဲစဉ်(၃)ပွဲ ဆက်နိုင်ပွဲရထား တာကိုတွေ့ရပါ တယ်။ ပြီးခဲ့တဲ့ ရာသီ ထိပ်တိုက်တွေ့ဆုံမှုမှာ ပွဲစဉ်(၂)ပွဲလုံး အနိုင် မရခဲ့တာဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ မန်ယူ အသင်းကို ဒုက္ခပေးနိုင်တဲ့အသင်းဖြစ်တာကြောင့် ဒီပွဲစဉ်က မန်ယူအသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲမယ်လို့ ထင်ချင်စရာပါ။ ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်အသင်း ဒီရာသီမှာ ရလဒ်ပိုင်းဆိုးရွားပြီး တန်းဆင်း ဇုန်ထဲကို ရောက်ရှိနေတဲ့ အသင်းဖြစ် တဲ့အပြင် အသင်းရဲ့ နည်းပြကိုလည်း ရာထူးကနေ ထုတ်ပယ်ထား တဲ့အသင်းဖြစ်တာကြောင့် ဒီပွဲစဉ်က မန်ယူအသင်း အတွက် နိုင်ပွဲရဖို့ အခွင့်အရေးတစ်ရပ်ဖြစ်လာနိုင်ပါတယ်။ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းမှာလည်း ကွာဟချက်ကြီး မားနေတာကြောင့် ဒီပွဲစဉ်က မန်ယူအသင်းကပဲ အသာစီးရယူကစားသွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ အဝေးကွင်းဖြစ်တာ ကြောင့် မန်ယူအသင်းအနေနဲ့ အကြိတ်အနယ်ကစားရဖို့ရှိနေပြီး အပြန် အလှန်သွင်းဂိုးတွေနဲ့ မန်ယူအသင်းက (၁)ဂိုး အကွာ လောက်နဲ့ ကပ်နိုင်ပါမယ်။ 
ဘန်လေ  Vs  အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘန်လေ  ဝ - ၅  အာဆင်နယ်  (၁၇ - ၂ -၂၀၂၄)
အာဆင်နယ်  ၃ - ၁  ဘန်လေ  (၁၁-၁၁-၂၀၂၃)
အာဆင်နယ်  ဝ - ဝ  ဘန်လေ  (၂၃-၁-၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘန်လေ    ဝ - ၂    အာဆင်နယ်
ဘန်လေ    ဝ - ၃   အာဆင်နယ်
	အာဆင်နယ်အသင်းအတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားနဲ့ ကံစပ်လာပြီလို့ ပြောလို့ရနေပြီး လီဗာပူးလ် အသင်းရဲ့ ဆက်တိုက်ရှုံးပွဲ တွေ့နေမှုတွေက အာဆင်နယ်အသင်းကို ချန်ပီယံ လမ်းကြောင်းမှာ အခွင့်အရေးပေးနေသလို ဖြစ်စေခဲ့ပါတယ်။ တကယ်လည်း အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ လူစာရင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြိုင်ဆိုင်ထားပြီး အကောင်းဆုံးပြင်ဆင်မှုတွေနဲ့အတူ တစ်ပွဲချင်း နိုင်ပွဲရယူနိုင် လောက်တဲ့ ခြေစွမ်းမျိုးလည်းရှိနေပါတယ်။ အထူးသဖြင့် အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းက စိတ်ချရတဲ့အပြင် လက်ရှိ ပရီးမီးယား လိဂ်ရဲ့ ပေးဂိုးအနည်းဆုံးအသင်းလည်းဖြစ်တာကြောင့် အာဆင်နယ် အသင်းအတွက် ဒီရာသီမှာ ချန်ပီယံဖြစ်ဖို့ အားသာ ချက်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ကစားရပြီး ပြန်လာတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ် အသင်းအနေနဲ့ စွမ်းဆောင်ရည်ကျ တတ်တဲ့အပြင် နိုင်ပွဲရဖို့ကိုပါ ရုန်းကန်ရလေ့ရှိတာကြောင့် အာဆင်နယ် အသင်း အနေနဲ့ မနှစ်ကရာသီလို မျိုးမဖြစ်အောင် ဂရုစိုက်ဖို့လိုအပ်မှာဖြစ်ပြီး ဒဏ်ရာ ပြဿနာတွေကိုလည်း ကျော်လွှားရဦး မှာဖြစ်ပါတယ်။ ဒီပွဲစဉ်က အာဆင်နယ်အသင်းအတွက် အနိုင်(၃)မှတ် သေချာနေတဲ့ ပွဲစဉ်ဖြစ်ပြီး အဝေးကွင်းဖြစ်ပေမယ့် အာဆင်နယ်အသင်း ဂိုးမိုးရွာမယ့်ပွဲစဉ်ဖြစ်ပြီး အနည်း ဆုံး (၂)ဂိုးပြတ်လောက်နဲ့ နိုင်ပါမယ်။   
  
စပါးစ်    Vs   ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး    ၁ - ဝ  စပါးစ်  (၄ - ၄ -၂၀၂၅)
စပါးစ်   ၃ - ၄   ချဲလ်ဆီး  (၈- ၁၂ -၂၀၂၄)
ချဲလ်ဆီး    ၂ - ဝ  စပါးစ်  (၃ - ၅ -၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ်   ၃ - ၂    ချဲလ်ဆီး
စပါးစ်   ၃ - ၃    ချဲလ်ဆီး
        ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ဒီတစ်ပတ်ရဲ့ စောင့်ကြည့်ချင်စရာအကောင်းဆုံးပွဲစဉ်ဖြစ်ပြီး လန်ဒန်ဒါဘီ ပွဲကောင်းတစ်ပွဲဖြစ်တာကြောင့် ပြိုင်ဆိုင်မှုတွေကလည်း အမြဲတမ်း ပြင်းထန်ဖို့ရှိနေပါတယ်။ မနှစ်ကရာသီမှာ စပါးစ် အသင်းဟာ ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်ခဲ့သလို ချဲလ်ဆီးအသင်းအနေနဲ့လည်း အဆင့်(၄)ထဲကို ခက်ခက်ခဲခဲ ဝင်ရောက်ခဲ့ရ တာကြောင့် ခြေစွမ်းပိုင်းအရ သိပ်မထူးဘူးလို့ ပြော လို့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်သင်းရဲ့ သမိုင်းကြောင်း အစဉ်အလာကို ပြန်ကြည့်ရင် ချဲလ်ဆီးအသင်းက နိုင်ပွဲပိုရထားတာကို တွေ့ရမှာဖြစ်ပြီး လန်ဒန်ဒါဘီ ပွဲတိုင်း စပါးစ်အသင်းထက် ပိုကောင်းအောင် ကစားပြထားပါတယ်။ လက်ရှိမှာလည်း နှစ်သင်းလုံးရဲ့ ခြေစွမ်းပိုင်းက တူညီနေပြီး အမှတ်ပေးဇယားမှာ လည်း သိပ်မကွာဟတဲ့ အနေအထားမျိုးဖြစ်နေတာကြောင့် စောင့်ကြည့်ချင်စရာကောင်းနေတာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ဒဏ်ရာပြဿနာကြောင့် အသင်းရဲ့ အဓိက ကစားသမား ကိုးပါးမားလ်ကို လက်လွှတ် ထားရသလို နောက်တန်းခံစစ်မှာလည်း လပိုင်းကိုးဝဲလ်အပါအဝင် အဓိက ကစားသမားတွေ ဒဏ်ရာရနေတဲ့ အနေ အထားမှာ ရှိနေပါတယ်။ စပါးစ်အသင်းကတော့ ဒီရာသီ နည်းပြသစ်လက်ထက်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုက်စစ် ပိုင်းအပြင် နောက်တန်းခံစစ်မှာလည်း လုံခြုံစိတ်ချ ရမှုရှိနေတာကြောင့် ချဲလ်ဆီးအသင်းထက် အင်အား ပိုကောင်းနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ပွဲအနေနဲ့ ခန့်မှန်းရရင်တော့ အိမ်ကွင်းအားသာချက် ရှိနေတဲ့ စပါးစ် အသင်းက အသာစီးရယူကစားသွား ဖို့ရှိနေပြီး အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရမှာ ဖြစ်တာကြောင့် သရေ လည်းကျဖို့များတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ နိုင်ပွဲအနေနဲ့ကတော့ ချဲလ်ဆီး အသင်းအတွက် နိုင်ပွဲရဖို့ခက်ခဲနိုင်တာကြောင့် စပါးစ်အသင်းဘက်မှာ နေချင်ပါတယ်။ 
မန်စီးတီး   Vs   ဘုန်းမောက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး  ၃ - ၁ ဘုန်းမောက်စ် (၂၁ - ၅ -၂၀၂၅)
ဘုန်းမောက်စ် ၂  -  ၁ မန်စီးတီး (၂ - ၁၁ -၂၀၂၄)
ဘုန်းမောက်စ် ၂  -  ၁ မန်စီးတီး (၂၅ - ၂ -၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး   ၂ - ၂   ဘုန်းမောက်စ်
မန်စီးတီး   ၃ - ၂   ဘုန်းမောက်စ်
 
	မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပတ်ဂွာဒီယိုလာလက်ထက်မှာ အဆိုးရွားဆိုး ဘောလုံး ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး အကောင်းဆုံးသော အစုအဖွဲ့တစ်ခုကိုလည်း ဆုံးရှုံးခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ လက်ရှိလူစာရင်းမှာ လည်း တစ်ချိန်က မန်စီးတီးရဲ့ အကောင်းဆုံးပါဆိုတဲ့ ကစားသမားတော် တော်များများ မရှိတော့တာကို မြင်တွေ့ရမှာ ဖြစ်ပြီး ရှိသေးတဲ့ ကစားသမားတွေကလည်း အရင်လို ခြေစွမ်းမျိုးပြန်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ လမ်းကြောင်း မှန်ပေါ် ပြန်ရောက်လာဖို့ရှိနေတဲ့ အလားအလာ ကောင်းတွေကိုမြင်တွေ့နေရပြီး ချန်ပီယံလမ်း ကြောင်းကို ပြန်လျှောက်ဖို့အသင့်ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။  ဒါကြောင့် ဒီရာသီမှာလည်း အာဆင်နယ်၊ လီဗာပူးလ်အသင်းတို့နဲ့အပြိုင် ချန်ပီယံ လောင်းစာရင်းမှာ ထည့်သွင်းထားဖို့လိုပါတယ်။ ဘုန်းမောက်စ် အသင်းကလည်း လက်ရှိမှာခြေစွာနေ တဲ့အသင်းဖြစ်တဲ့အပြင် အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့တို့ ထက်တောင် ရလဒ်ကောင်းနေတာကြောင့် မန်စီးတီးအသင်းရဲ့ခြေစွမ်းကို စောင့် ကြည့်ရဦးမယ့် ပွဲကောင်းတစ်ပွဲ လည်းဖြစ်ပါတယ်။ 
ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်ရင်တော့ မန်စီးတီး အသင်းက ဘုန်းမောက်စ်အသင်းကို နိုင်ပွဲရဖို့ ခက်ခဲ ပြီး နောက်ဆုံးတွေ့ခဲ့တဲ့ ပွဲစဉ်(၃)ပွဲမှာ ဘုန်းမောက်စ် အသင်းက (၂)ပွဲနိုင်ထားတာကိုကြည့်ရင် ဒီပွဲစဉ်က မန်စီးတီး အသင်းအတွက် မလွယ်ကူတာသေချာပါတယ်။ ဒါပေမဲ့ အိမ်ကွင်းအားသာချက်ရှိတာကြောင့် ပရိသတ်အားနဲ့ဆိုရင် မန်စီးတီးအသင်းအတွက် နိုင်ပွဲရဖို့ရှိနေပြီး ခက်ခက်ခဲခဲကစား ပြီးမှာ အနိုင်(၃)မှတ် ရဖို့ရှိနေပါတယ်။ ဂိုးတော့မပြတ် ပါဘူး။ 
 
လီဗာပူးလ်   Vs  အက်စတွန်ဗီလာ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အက်စတွန်ဗီလာ၂ - ၂လီဗာပူးလ်(၂၀- ၂ -၂၀၂၅)
လီဗာပူးလ်၂ - ဝအက်စတွန်ဗီလာ(၁၀-၁၁-၂၀၂၄)
အက်စတွန်ဗီလာ ဝ-၃  လီဗာပူးလ် (၁၄-၅-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ်  ၃ - ၂  အက်စတွန်ဗီလာ
လီဗာပူးလ်  ၃ - ၁  အက်စတွန်ဗီလာ
	လီဗာပူးလ်အသင်းကတော့ ဒီရာသီမှာ တာထွက်လှခဲ့ပေမယ့်  ရှုံးပွဲတွေဆက်တိုက် ကြုံတွေ့လာရပြီးတဲ့ နောက် ပိုင်းမှာတော့ လီဗာပူးလ်အသင်းကို ပြန်လည်မေးခွန်းထုတ်ဖို့ လိုအပ်လာပြီလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (၁၁)နှစ်ကြာအောင် ထိန်းထားတဲ့ (၄)ပွဲဆက်မရှုံးခဲ့တဲ့ စံချိန်တစ်ခုကို ပြန်လည် ရယူသွားခဲ့ရလို့ပါ။ အဓိက ပြဿနာကတော့ အသင်းရဲ့ ထောက်တိုင်ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ မိုဆာလက်တို့ ခြေစွမ်းပိုင်းသိသိသာသာ ကျဆင်းမှုတွေက လီဗာပူးလ်အသင်း ရှုံးပွဲတွေ့မှု ပဲဖြစ်ပါတယ်။ ဆာလက်ရဲ့ အရင်လို ဂိုးသွင်းနိုင် မှုအားနည်းမှု ဗန်ဒိုက်ရဲ့ ခံစစ်ပိုင်းမှာ ဂိုးတွေ အလွယ် တကူပေးနေရမှုက နှစ်ယောက်လုံးရဲ့ အသက်အရွယ် ကြောင့်လို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် နောက်တန်းဘယ် ဘက်ခြမ်းက အာနိုးရဲ့နေရာကို ကစားသမားသစ်တွေ ခေါ်ယူထားပေမယ့် ခြေစွမ်းပိုင်းက သာမန် လောက် သာရှိတဲ့အပြင် ရောဘတ်ဆန်အနေနဲ့လည်း အရွယ်ရ လာပြီဖြစ်တာကြောင့် သူ့နေရာ အစားထိုးဖို့ရှိပေမယ့် လည်း စွမ်းဆောင်ရည်ပိုင်းလိုအပ်နေဦးမှာပဲဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ် အသင်းအနေနဲ့ ဒီအချက်တွေကို ရာသီ ဝက်မတိုင်ခင် ဖြေရှင်းနိုင်ဖို့ လိုအပ်မှာဖြစ်ပြီး မဖြေရှင်းနိုင်ခဲ့ရင်တော့ ပရီးမီးယား လိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ခက်ခဲလာနိုင် ပါတယ်။ အက်စတွန်ဗီလာအသင်းကတော့ ဒီရာသီမှာ ပုံမှန်ခြေစွမ်းလောက်သာရှိပေမယ့် လီဗာပူးလ် အသင်းကို အနိုင်မယူနိုင်တာမျိုးမဟုတ်တာကြောင့် ဒီပွဲစဉ်က အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနေပြီး လီဗာပူးလ်အိမ်ကွင်းဖြစ်တာကြောင့် (၁)ဂိုး လောက်အကွာနဲ့ လီဗာပူးလ်က ကပ်နိုင်ပါမယ်။ 
၁ - ၁၁ - ၂၀၂၅ (စနေနေ့ ညပိုင်း)
ည(၉း၃၀) ဘန်လေ  Vs  အာဆင်နယ်
ည(၉း၃၀)  နော်တင်ဟမ်  Vs  မန်ယူ
ည(၁၂ : ဝဝ) စပါးစ်  Vs  ချဲလ်ဆီး
၂ - ၁၁ - ၂၀၂၅ (တနင်္ဂနွေနေ့ နံနက်ပိုင်း)
နံနက်(၂ : ၃၀) လီဗာပူးလ်  Vs  အက်စတွန်ဗီလာ
ည(၁၁ : ဝဝ) မန်စီးတီး  Vs  ဘုန်းမောက်စ်
                     
                        
                                                                    
Zawgyi Version: 
၂၀၂၅ - ၂၀၂၆ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၀) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေအာက္တိုဘာ ၃၁ 
	ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲစဥ္(၁၀)ကို ေရာက္ရွိလာခ်ိန္မွာေတာ့ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးေနရာမွာ အာဆင္ နယ္အသင္းနဲ႔ မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းတို႔ၾကားမွာ ရမွတ္ကြာဟမႈ သိသိသာသာ မရွိေနတာေၾကာင့္ ၿပိဳင္ဆိုင္မႈ ေတြက ပိုျပင္းထန္ လာဖို႔ရွိေနၿပီး ခ်ဲလ္ဆီးအသင္းနဲ႔ စပါးစ္အသင္းတို႔ကလည္း အနီးကပ္ဖိအားေပးေနတဲ့အေန အထားမွာ ရွိေနပါတယ္။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ စိန္ေခၚလာႏိုင္ေျခရွိတဲ့ အသင္း(၅)သင္း ေလာက္ရွိေနတာ ေၾကာင့္လည္း အသင္းႀကီးေတြၾကားမွာ တစ္ပြဲထက္တစ္ပြဲ အမွားခံလို႔ မရေတာ့တဲ့ ပြဲစဥ္ေတြကို ျဖစ္လာဖို႔ရွိေနပါတယ္။ ထူးျခားခ်က္အေနနဲ႔ကေတာ့ ဒီရာသီမွာ မႏွစ္ကရာသီက ေျခစြမ္းေကာင္းခဲ့သလို ယူ႐ိုပါလိဂ္ဝင္ခြင့္ရထားတဲ့ ေနာ္တင္ ဟမ္ေဖာရက္စ္အသင္းဟာ ဒီရာသီမွာတန္းမ ဆင္းရဖို႔ ႐ုန္းကန္လာရႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ NP News ကေန ပရီးမီးယားလိဂ္ၿပိဳင္ပြဲ ပြဲစဥ္(၁၀)ရဲ႕ အေကာင္းဆုံးပြဲစဥ္ေတြကို ပြဲႀကိဳသုံးသပ္ခ်က္ အေနနဲ႔ ေဖာ္ျပေပးခ်င္ပါ တယ္။
ေနာ္တင္ဟမ္ေဖာရက္စ္  Vs  မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေဖာရက္စ္  ၁ - ဝ  မန္ယူ   (၂ - ၄ -၂၀၂၅)
မန္ယူ  ၂ - ၃  ေဖာရက္စ္  (၈ - ၁၂ - ၂၀၂၄)
ေဖာရက္စ္  ၂  - ၁  မန္ယူ   (၃၁-၁၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေဖာရက္စ္     ၂  - ၂     မန္ယူ
ေဖာရက္စ္     ၂  - ၃     မန္ယူ
 	
     	မန္ယူအသင္းဟာ ဒီရာသီမွာ အသင္းႀကီးေတြျဖစ္တဲ့ လီဗာပူးလ္အသင္းနဲ႔ ခ်ဲလ္ဆီး အသင္းတို႔ကို အႏိုင္ယူျပ ထားတဲ့အသင္းျဖစ္ၿပီး ေျခစြမ္းပိုင္းမွာ အေပါင္းလကၡဏာေဆာင္တဲ့ ရလဒ္မ်ိဳးေတြကို ျပန္လည္ျမင္ေတြ႕လာရပါတယ္။ ဒါေပမဲ့ ဒီရာသီမွာ ေျခစြမ္းတစ္သမတ္တည္းရွိတဲ့အသင္းမဟုတ္တာေၾကာင့္ ဒီပြဲစဥ္ကလည္း ခန႔္မွန္းရခက္ပါတယ္။ ေျခစြမ္းပိုင္းအရေတာ့ ေနာ္တင္ဟမ္ေဖာရက္စ္ထက္ သာလြန္ေနသလို ေနာက္ပိုင္းမွာ ႏိုင္ပြဲေတြ ျပန္လည္ ရရွိလာမႈက လည္း မန္ယူအသင္းအတြက္ ယုံၾကည္မႈတစ္ခု ျပန္ရသြားေစမွာပါ။ ဒါေပမဲ့ ထိပ္တိုက္ေတြ႕ ဆုံမႈကို ျပန္ၾကည့္ရင္ ေနာ္တင္ေဖာရက္စအသင္းက မန္ယူအသင္းကို ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္(၃)ပြဲ ဆက္ႏိုင္ပြဲရထား တာကိုေတြ႕ရပါ တယ္။ ၿပီးခဲ့တဲ့ ရာသီ ထိပ္တိုက္ေတြ႕ဆုံမႈမွာ ပြဲစဥ္(၂)ပြဲလုံး အႏိုင္ မရခဲ့တာျဖစ္ၿပီး ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာ မန္ယူ အသင္းကို ဒုကၡေပးႏိုင္တဲ့အသင္းျဖစ္တာေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္းအတြက္ ႏိုင္ပြဲရဖို႔ခက္ခဲမယ္လို႔ ထင္ခ်င္စရာပါ။ ဒါေပမဲ့ ေနာ္တင္ဟမ္ေဖာရက္စ္အသင္း ဒီရာသီမွာ ရလဒ္ပိုင္းဆိုး႐ြားၿပီး တန္းဆင္း ဇုန္ထဲကို ေရာက္ရွိေနတဲ့ အသင္းျဖစ္ တဲ့အျပင္ အသင္းရဲ႕ နည္းျပကိုလည္း ရာထူးကေန ထုတ္ပယ္ထား တဲ့အသင္းျဖစ္တာေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္း အတြက္ ႏိုင္ပြဲရဖို႔ အခြင့္အေရးတစ္ရပ္ျဖစ္လာႏိုင္ပါတယ္။ တိုက္စစ္ပိုင္းနဲ႔ ကြင္းလယ္ပိုင္းမွာလည္း ကြာဟခ်က္ႀကီး မားေနတာေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္းကပဲ အသာစီးရယူကစားသြားဖို႔ရွိေနပါတယ္။ ဒါေပမဲ့ အေဝးကြင္းျဖစ္တာ ေၾကာင့္ မန္ယူအသင္းအေနနဲ႔ အႀကိတ္အနယ္ကစားရဖို႔ရွိေနၿပီး အျပန္ အလွန္သြင္းဂိုးေတြနဲ႔ မန္ယူအသင္းက (၁)ဂိုး အကြာ ေလာက္နဲ႔ ကပ္ႏိုင္ပါမယ္။ 
ဘန္ေလ  Vs  အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘန္ေလ  ဝ - ၅  အာဆင္နယ္  (၁၇ - ၂ -၂၀၂၄)
အာဆင္နယ္  ၃ - ၁  ဘန္ေလ  (၁၁-၁၁-၂၀၂၃)
အာဆင္နယ္  ဝ - ဝ  ဘန္ေလ  (၂၃-၁-၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘန္ေလ    ဝ - ၂    အာဆင္နယ္
ဘန္ေလ    ဝ - ၃   အာဆင္နယ္
	အာဆင္နယ္အသင္းအတြက္ ဒီရာသီမွာ ပရီးမီးယားလိဂ္ဆုဖလားနဲ႔ ကံစပ္လာၿပီလို႔ ေျပာလို႔ရေနၿပီး လီဗာပူးလ္ အသင္းရဲ႕ ဆက္တိုက္ရႈံးပြဲ ေတြ႕ေနမႈေတြက အာဆင္နယ္အသင္းကို ခ်န္ပီယံ လမ္းေၾကာင္းမွာ အခြင့္အေရးေပးေနသလို ျဖစ္ေစခဲ့ပါတယ္။ တကယ္လည္း အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္တဲ့ လူစာရင္းနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာကို ၿပိဳင္ဆိုင္ထားၿပီး အေကာင္းဆုံးျပင္ဆင္မႈေတြနဲ႔အတူ တစ္ပြဲခ်င္း ႏိုင္ပြဲရယူႏိုင္ ေလာက္တဲ့ ေျခစြမ္းမ်ိဳးလည္းရွိေနပါတယ္။ အထူးသျဖင့္ အာဆင္နယ္အသင္းရဲ႕ခံစစ္ပိုင္းက စိတ္ခ်ရတဲ့အျပင္ လက္ရွိ ပရီးမီးယား လိဂ္ရဲ႕ ေပးဂိုးအနည္းဆုံးအသင္းလည္းျဖစ္တာေၾကာင့္ အာဆင္နယ္ အသင္းအတြက္ ဒီရာသီမွာ ခ်န္ပီယံျဖစ္ဖို႔ အားသာ ခ်က္ေတြပဲျဖစ္ပါတယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြ ကစားရၿပီး ျပန္လာတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ အာဆင္နယ္ အသင္းအေနနဲ႔ စြမ္းေဆာင္ရည္က် တတ္တဲ့အျပင္ ႏိုင္ပြဲရဖို႔ကိုပါ ႐ုန္းကန္ရေလ့ရွိတာေၾကာင့္ အာဆင္နယ္ အသင္း အေနနဲ႔ မႏွစ္ကရာသီလို မ်ိဳးမျဖစ္ေအာင္ ဂ႐ုစိုက္ဖို႔လိုအပ္မွာျဖစ္ၿပီး ဒဏ္ရာ ျပႆနာေတြကိုလည္း ေက်ာ္လႊားရဦး မွာျဖစ္ပါတယ္။ ဒီပြဲစဥ္က အာဆင္နယ္အသင္းအတြက္ အႏိုင္(၃)မွတ္ ေသခ်ာေနတဲ့ ပြဲစဥ္ျဖစ္ၿပီး အေဝးကြင္းျဖစ္ေပမယ့္ အာဆင္နယ္အသင္း ဂိုးမိုး႐ြာမယ့္ပြဲစဥ္ျဖစ္ၿပီး အနည္း ဆုံး (၂)ဂိုးျပတ္ေလာက္နဲ႔ ႏိုင္ပါမယ္။   
  
စပါးစ္    Vs   ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး    ၁ - ဝ  စပါးစ္  (၄ - ၄ -၂၀၂၅)
စပါးစ္   ၃ - ၄   ခ်ဲလ္ဆီး  (၈- ၁၂ -၂၀၂၄)
ခ်ဲလ္ဆီး    ၂ - ဝ  စပါးစ္  (၃ - ၅ -၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္   ၃ - ၂    ခ်ဲလ္ဆီး
စပါးစ္   ၃ - ၃    ခ်ဲလ္ဆီး
        ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ဒီတစ္ပတ္ရဲ႕ ေစာင့္ၾကည့္ခ်င္စရာအေကာင္းဆုံးပြဲစဥ္ျဖစ္ၿပီး လန္ဒန္ဒါဘီ ပြဲေကာင္းတစ္ပြဲျဖစ္တာေၾကာင့္ ၿပိဳင္ဆိုင္မႈေတြကလည္း အၿမဲတမ္း ျပင္းထန္ဖို႔ရွိေနပါတယ္။ မႏွစ္ကရာသီမွာ စပါးစ္ အသင္းဟာ ခက္ခဲတဲ့ ရာသီတစ္ခုျဖစ္ခဲ့သလို ခ်ဲလ္ဆီးအသင္းအေနနဲ႔လည္း အဆင့္(၄)ထဲကို ခက္ခက္ခဲခဲ ဝင္ေရာက္ခဲ့ရ တာေၾကာင့္ ေျခစြမ္းပိုင္းအရ သိပ္မထူးဘူးလို႔ ေျပာ လို႔ရပါတယ္။ ဒါေပမဲ့ ဒီႏွစ္သင္းရဲ႕ သမိုင္းေၾကာင္း အစဥ္အလာကို ျပန္ၾကည့္ရင္ ခ်ဲလ္ဆီးအသင္းက ႏိုင္ပြဲပိုရထားတာကို ေတြ႕ရမွာျဖစ္ၿပီး လန္ဒန္ဒါဘီ ပြဲတိုင္း စပါးစ္အသင္းထက္ ပိုေကာင္းေအာင္ ကစားျပထားပါတယ္။ လက္ရွိမွာလည္း ႏွစ္သင္းလုံးရဲ႕ ေျခစြမ္းပိုင္းက တူညီေနၿပီး အမွတ္ေပးဇယားမွာ လည္း သိပ္မကြာဟတဲ့ အေနအထားမ်ိဳးျဖစ္ေနတာေၾကာင့္ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနတာလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ ဒဏ္ရာျပႆနာေၾကာင့္ အသင္းရဲ႕ အဓိက ကစားသမား ကိုးပါးမားလ္ကို လက္လႊတ္ ထားရသလို ေနာက္တန္းခံစစ္မွာလည္း လပိုင္းကိုးဝဲလ္အပါအဝင္ အဓိက ကစားသမားေတြ ဒဏ္ရာရေနတဲ့ အေန အထားမွာ ရွိေနပါတယ္။ စပါးစ္အသင္းကေတာ့ ဒီရာသီ နည္းျပသစ္လက္ထက္မွာ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ တိုက္စစ္ ပိုင္းအျပင္ ေနာက္တန္းခံစစ္မွာလည္း လုံၿခဳံစိတ္ခ် ရမႈရွိေနတာေၾကာင့္ ခ်ဲလ္ဆီးအသင္းထက္ အင္အား ပိုေကာင္းေနတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ႏိုင္ပြဲအေနနဲ႔ ခန႔္မွန္းရရင္ေတာ့ အိမ္ကြင္းအားသာခ်က္ ရွိေနတဲ့ စပါးစ္ အသင္းက အသာစီးရယူကစားသြား ဖို႔ရွိေနၿပီး အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရမွာ ျဖစ္တာေၾကာင့္ သေရ လည္းက်ဖို႔မ်ားတဲ့ ပြဲစဥ္ျဖစ္ပါတယ္။ ႏိုင္ပြဲအေနနဲ႔ကေတာ့ ခ်ဲလ္ဆီး အသင္းအတြက္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္တာေၾကာင့္ စပါးစ္အသင္းဘက္မွာ ေနခ်င္ပါတယ္။ 
မန္စီးတီး   Vs   ဘုန္းေမာက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး  ၃ - ၁ ဘုန္းေမာက္စ္ (၂၁ - ၅ -၂၀၂၅)
ဘုန္းေမာက္စ္ ၂  -  ၁ မန္စီးတီး (၂ - ၁၁ -၂၀၂၄)
ဘုန္းေမာက္စ္ ၂  -  ၁ မန္စီးတီး (၂၅ - ၂ -၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး   ၂ - ၂   ဘုန္းေမာက္စ္
မန္စီးတီး   ၃ - ၂   ဘုန္းေမာက္စ္
 
	မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ရာသီ ပတ္ဂြာဒီယိုလာလက္ထက္မွာ အဆိုး႐ြားဆိုး ေဘာလုံး ရာသီတစ္ခုကို ျဖတ္သန္းခဲ့ရၿပီး အေကာင္းဆုံးေသာ အစုအဖြဲ႕တစ္ခုကိုလည္း ဆုံးရႈံးခဲ့ရတဲ့အသင္းျဖစ္ပါတယ္။ လက္ရွိလူစာရင္းမွာ လည္း တစ္ခ်ိန္က မန္စီးတီးရဲ႕ အေကာင္းဆုံးပါဆိုတဲ့ ကစားသမားေတာ္ ေတာ္မ်ားမ်ား မရွိေတာ့တာကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး ရွိေသးတဲ့ ကစားသမားေတြကလည္း အရင္လို ေျခစြမ္းမ်ိဳးျပန္ရဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မန္စီးတီးအသင္းဟာ လမ္းေၾကာင္း မွန္ေပၚ ျပန္ေရာက္လာဖို႔ရွိေနတဲ့ အလားအလာ ေကာင္းေတြကိုျမင္ေတြ႕ေနရၿပီး ခ်န္ပီယံလမ္း ေၾကာင္းကို ျပန္ေလွ်ာက္ဖို႔အသင့္ရွိေနတဲ့ အေနအထားျဖစ္ပါတယ္။  ဒါေၾကာင့္ ဒီရာသီမွာလည္း အာဆင္နယ္၊ လီဗာပူးလ္အသင္းတို႔နဲ႔အၿပိဳင္ ခ်န္ပီယံ ေလာင္းစာရင္းမွာ ထည့္သြင္းထားဖို႔လိုပါတယ္။ ဘုန္းေမာက္စ္ အသင္းကလည္း လက္ရွိမွာေျခစြာေန တဲ့အသင္းျဖစ္တဲ့အျပင္ အသင္းႀကီးေတြျဖစ္တဲ့ လီဗာပူးလ္၊ ခ်ဲလ္ဆီးနဲ႔တို႔ ထက္ေတာင္ ရလဒ္ေကာင္းေနတာေၾကာင့္ မန္စီးတီးအသင္းရဲ႕ေျခစြမ္းကို ေစာင့္ ၾကည့္ရဦးမယ့္ ပြဲေကာင္းတစ္ပြဲ လည္းျဖစ္ပါတယ္။ 
ထိပ္တိုက္ေတြ႕ဆုံမႈအရျပန္ၾကည့္ရင္ေတာ့ မန္စီးတီး အသင္းက ဘုန္းေမာက္စ္အသင္းကို ႏိုင္ပြဲရဖို႔ ခက္ခဲ ၿပီး ေနာက္ဆုံးေတြ႕ခဲ့တဲ့ ပြဲစဥ္(၃)ပြဲမွာ ဘုန္းေမာက္စ္ အသင္းက (၂)ပြဲႏိုင္ထားတာကိုၾကည့္ရင္ ဒီပြဲစဥ္က မန္စီးတီး အသင္းအတြက္ မလြယ္ကူတာေသခ်ာပါတယ္။ ဒါေပမဲ့ အိမ္ကြင္းအားသာခ်က္ရွိတာေၾကာင့္ ပရိသတ္အားနဲ႔ဆိုရင္ မန္စီးတီးအသင္းအတြက္ ႏိုင္ပြဲရဖို႔ရွိေနၿပီး ခက္ခက္ခဲခဲကစား ၿပီးမွာ အႏိုင္(၃)မွတ္ ရဖို႔ရွိေနပါတယ္။ ဂိုးေတာ့မျပတ္ ပါဘူး။ 
 
လီဗာပူးလ္   Vs  အက္စတြန္ဗီလာ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အက္စတြန္ဗီလာ၂ - ၂လီဗာပူးလ္(၂၀- ၂ -၂၀၂၅)
လီဗာပူးလ္၂ - ဝအက္စတြန္ဗီလာ(၁၀-၁၁-၂၀၂၄)
အက္စတြန္ဗီလာ ဝ-၃  လီဗာပူးလ္ (၁၄-၅-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္  ၃ - ၂  အက္စတြန္ဗီလာ
လီဗာပူးလ္  ၃ - ၁  အက္စတြန္ဗီလာ
	လီဗာပူးလ္အသင္းကေတာ့ ဒီရာသီမွာ တာထြက္လွခဲ့ေပမယ့္  ရႈံးပြဲေတြဆက္တိုက္ ႀကဳံေတြ႕လာရၿပီးတဲ့ ေနာက္ ပိုင္းမွာေတာ့ လီဗာပူးလ္အသင္းကို ျပန္လည္ေမးခြန္းထုတ္ဖို႔ လိုအပ္လာၿပီလို႔ ဆိုႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ (၁၁)ႏွစ္ၾကာေအာင္ ထိန္းထားတဲ့ (၄)ပြဲဆက္မရႈံးခဲ့တဲ့ စံခ်ိန္တစ္ခုကို ျပန္လည္ ရယူသြားခဲ့ရလို႔ပါ။ အဓိက ျပႆနာကေတာ့ အသင္းရဲ႕ ေထာက္တိုင္ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္နဲ႔ မိုဆာလက္တို႔ ေျခစြမ္းပိုင္းသိသိသာသာ က်ဆင္းမႈေတြက လီဗာပူးလ္အသင္း ရႈံးပြဲေတြ႕မႈ ပဲျဖစ္ပါတယ္။ ဆာလက္ရဲ႕ အရင္လို ဂိုးသြင္းႏိုင္ မႈအားနည္းမႈ ဗန္ဒိုက္ရဲ႕ ခံစစ္ပိုင္းမွာ ဂိုးေတြ အလြယ္ တကူေပးေနရမႈက ႏွစ္ေယာက္လုံးရဲ႕ အသက္အ႐ြယ္ ေၾကာင့္လို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ ေနာက္တန္းဘယ္ ဘက္ျခမ္းက အာႏိုးရဲ႕ေနရာကို ကစားသမားသစ္ေတြ ေခၚယူထားေပမယ့္ ေျခစြမ္းပိုင္းက သာမန္ ေလာက္ သာရွိတဲ့အျပင္ ေရာဘတ္ဆန္အေနနဲ႔လည္း အ႐ြယ္ရ လာၿပီျဖစ္တာေၾကာင့္ သူ႔ေနရာ အစားထိုးဖို႔ရွိေပမယ့္ လည္း စြမ္းေဆာင္ရည္ပိုင္းလိုအပ္ေနဦးမွာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္ အသင္းအေနနဲ႔ ဒီအခ်က္ေတြကို ရာသီ ဝက္မတိုင္ခင္ ေျဖရွင္းႏိုင္ဖို႔ လိုအပ္မွာျဖစ္ၿပီး မေျဖရွင္းႏိုင္ခဲ့ရင္ေတာ့ ပရီးမီးယား လိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ ခက္ခဲလာႏိုင္ ပါတယ္။ အက္စတြန္ဗီလာအသင္းကေတာ့ ဒီရာသီမွာ ပုံမွန္ေျခစြမ္းေလာက္သာရွိေပမယ့္ လီဗာပူးလ္ အသင္းကို အႏိုင္မယူႏိုင္တာမ်ိဳးမဟုတ္တာေၾကာင့္ ဒီပြဲစဥ္က အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိေနၿပီး လီဗာပူးလ္အိမ္ကြင္းျဖစ္တာေၾကာင့္ (၁)ဂိုး ေလာက္အကြာနဲ႔ လီဗာပူးလ္က ကပ္ႏိုင္ပါမယ္။ 
၁ - ၁၁ - ၂၀၂၅ (စေနေန႔ ညပိုင္း)
ည(၉း၃၀) ဘန္ေလ  Vs  အာဆင္နယ္
ည(၉း၃၀)  ေနာ္တင္ဟမ္  Vs  မန္ယူ
ည(၁၂ : ဝဝ) စပါးစ္  Vs  ခ်ဲလ္ဆီး
၂ - ၁၁ - ၂၀၂၅ (တနဂၤေႏြေန႔ နံနက္ပိုင္း)
နံနက္(၂ : ၃၀) လီဗာပူးလ္  Vs  အက္စတြန္ဗီလာ
ည(၁၁ : ဝဝ) မန္စီးတီး  Vs  ဘုန္းေမာက္စ္