ပင်လောင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှ ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

 318

သန့်ဇင်(NP News)-အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်၊ ပင်လောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့မှ ငွေကျပ် (၁)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ပင်လောင်းမြို့နယ်၊ လိန်းလီ ကျေးရွာအနီးတွင်စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးမှ ရှိုင်းဗိုလ် (ခ) ငမော့မောင်းနှင်လာသော DONGFENG မော်တော်ယာဉ်ပေါ်မှ ဘိန်းဆီခဲ (၇၄) ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER (၉) ကီလို၊ အက်တက်စီဆေးပြား (၁,၀၀၀) ပြား၊ ကက်တမင်း (၁၁ ဒသမ ၂) ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၁ ဒသမ ၁၄) သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ အောက်တိုဘာလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၅၅ x ၅၆ လမ်းကြားနှင့် ၁၄၁ x ၁၄၂ လမ်းကြား၌ ဇင်ဖြိုးဦး(ခ)ကိုဖြိုးအား NISSAN (၁၂) ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၇၇၅ ဂရမ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စုစုပေါင်း ဘိန်းဖြူ ၆ ဒသမ ၁၇ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁,၅၄၂ ဒသမ ၅ သိန်း)၊ ဘိန်းဆီခဲ ၇၄ ကီလို (၎င်းဒေသ တန်ဖိုး ငွေကျပ် သိန်း ၁,၄၈၀)၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၉ ဒသမ ၇၇၅ ကီလို (၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၆၃၃၀)၊ အက်တက်စီဆေးပြား ၁,၀၀၀ ပြား (၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၅၀)၊ ကက်တမင်း ၁၁ ဒသမ ၂ ကီလို (၎င်းဒေသ တန်ဖိုး ငွေကျပ်သိန်း ၁,၁၂၀)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၄ သိန်း(၎င်းဒေသတန်ဖိုးငွေ ကျပ်သိန်း ၅၇၀) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများအားလုံး၏ စုစုပေါင်းတန်ဖိုးငွေကျပ်မှာ (၁ ဒသမ ၁၄၉၂၅) ဘီလျံဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိ မော်တော်ယာဉ် (၂) စီး၏ပိုင်ရှင် ရဲစိုးဦး(ခ)ရဲနိုင် (ဖမ်းဆီးရန်ကျန်)သည် မိုင်းရယ်မြို့မှ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါး များအား ကရင်ပြည်နယ်၊ ဘားအံမြို့သို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဘုတလင်မြို့နယ်နေ ရာဇာလင်း (ခ) မော်စီ (ဖမ်းဆီး ရန်ကျန်) နှင့် ရှိုင်းဗိုလ်(ခ)ငမော့တို့အား သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ပင္ေလာင္းႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တို႔မွ ေငြက်ပ္ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိ
သန႔္ဇင္(NP News)-ေအာက္တိုဘာ ၃၁
ရွမ္းျပည္နယ္၊ ပင္ေလာင္းႏွင့္ မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တို႔မွ ေငြက်ပ္ (၁)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆး ဝါးမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေအာက္တိုဘာလ ၂၃ ရက္၊ ညေန ၄ နာရီခြဲအခ်ိန္တြင္ ပင္ေလာင္းၿမိဳ႕နယ္၊ လိန္းလီ ေက်း႐ြာအနီးတြင္စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာအနီးမွ ရႈိင္းဗိုလ္ (ခ) ငေမာ့ေမာင္းႏွင္လာေသာ DONGFENG ေမာ္ေတာ္ယာဥ္ေပၚမွ ဘိန္းဆီခဲ (၇၄) ကီလို၊ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ HAPPY WATER (၉) ကီလို၊ အက္တက္စီေဆးျပား (၁,၀၀၀) ျပား၊ ကက္တမင္း (၁၁ ဒသမ ၂) ကီလို၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁ ဒသမ ၁၄) သိန္းတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆက္လက္စုံစမ္းစစ္ေဆးခဲ့ရာ ေအာက္တိုဘာလ ၂၄ ရက္၊ မြန္းလြဲ ၂ နာရီခြဲအခ်ိန္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ည)ရပ္ကြက္၊ ၅၅ x ၅၆ လမ္းၾကားႏွင့္ ၁၄၁ x ၁၄၂ လမ္းၾကား၌ ဇင္ၿဖိဳးဦး(ခ)ကိုၿဖိဳးအား NISSAN (၁၂) ဘီး ေမာ္ေတာ္ယာဥ္ေပၚမွ ဘိန္းျဖဴ ၆ ဒသမ ၁၇ ကီလို၊ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ HAPPY WATER ၇၇၅ ဂရမ္တို႔ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စုစုေပါင္း ဘိန္းျဖဴ ၆ ဒသမ ၁၇ ကီလို (၎ေဒသတန္ဖိုးေငြက်ပ္ ၁,၅၄၂ ဒသမ ၅ သိန္း)၊ ဘိန္းဆီခဲ ၇၄ ကီလို (၎ေဒသ တန္ဖိုး ေငြက်ပ္ သိန္း ၁,၄၈၀)၊ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ HAPPY WATER ၉ ဒသမ ၇၇၅ ကီလို (၎ေဒသတန္ဖိုး ေငြက်ပ္သိန္း ၆၃၃၀)၊ အက္တက္စီေဆးျပား ၁,၀၀၀ ျပား (၎ေဒသတန္ဖိုးေငြက်ပ္သိန္း ၄၅၀)၊ ကက္တမင္း ၁၁ ဒသမ ၂ ကီလို (၎ေဒသ တန္ဖိုး ေငြက်ပ္သိန္း ၁,၁၂၀)၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁ ဒသမ ၁၄ သိန္း(၎ေဒသတန္ဖိုးေငြ က်ပ္သိန္း ၅၇၀) ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ားအားလုံး၏ စုစုေပါင္းတန္ဖိုးေငြက်ပ္မွာ (၁ ဒသမ ၁၄၉၂၅) ဘီလ်ံျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိ ေမာ္ေတာ္ယာဥ္ (၂) စီး၏ပိုင္ရွင္ ရဲစိုးဦး(ခ)ရဲႏိုင္ (ဖမ္းဆီးရန္က်န္)သည္ မိုင္းရယ္ၿမိဳ႕မွ မူးယစ္ေဆးဝါးႏွင့္ စိတ္ေျပာင္းေဆးဝါး မ်ားအား ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕သို႔လည္းေကာင္း၊ မႏၲေလးၿမိဳ႕သို႔လည္းေကာင္း၊ ဘုတလင္ၿမိဳ႕နယ္ေန ရာဇာလင္း (ခ) ေမာ္စီ (ဖမ္းဆီး ရန္က်န္) ႏွင့္ ရႈိင္းဗိုလ္(ခ)ငေမာ့တို႔အား သယ္ေဆာင္ခိုင္းျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ဖမ္းဆီးရမိထားသူမ်ားအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.