တရုတ်နိုင်ငံပိုင်ကုမ္ပဏီ၏ ရွှေနှင့် မြေရှားလုပ်ငန်း လျင်မြန်စွာချဲ့ထွင်နေ၊ မြန်မာ နိုင်ငံအတွင်း ထိုင်းနယ်စပ်ရောက်ရှိလာ၍ ဝေဖန်ခံရ၊ ထိုင်းနှင့် မြေရှားချုပ်ကိုင်ရန် သမ္မတထရမ့် ကြိုးစား

617

HtayOung(NP News)အောက်တိုဘာ-၃၁
===
တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ “ချိုင်းနား သတ္ထုတွင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ” ရဲ့ ရွှေနဲ့ မြေရှားသတ္တုတူး ဖော်ရေးလုပ်ငန်း ချဲ့ထွင်မှုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တောင်ဘက် မိုင်းယောင်း မြို့ “နမ့်ယောင်းချောင်း” အနီးအထိ လျင်မြန်စွာတိုးချဲ့လာကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ ရိုက်ကူးခဲ့တဲ့ ဂြိုဟ်တုဓါတ်ပုံများအရ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ သာတုန်ရွာမှ ၁၉-မိုင်ခန့်သာ ကွာဝေးတဲ့ ချောင်းအ နီး အသစ်ဖောက်လုပ်ထားတဲ့ လမ်းများ၊ သတ္တုတူးဖော်ရေး ဧရိယာကြီးများနဲ့ သန့်စင်ရေးလုပ်ငန်းခွင်များကို တွေ့မြင်ရကြောင်း ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) က ပြောပြတယ်လို့ ဘန်ကောက်အေ ခြေစိုက် “နေးရှင်း” သတင်းစာ (29 October 2025) က ရေးပါတယ်။
ရှမ်းကုန်းပြင်မြင့်မှ အစပြုတဲ့ နမ့်ယောင်းချောင်းကို ထိုင်းတို့က “ကောက်မြစ်” လို့ ခေါ်ပါတယ်။ နမ့်ယောင်း ချောင်းနဲ့ မဲခေါင်မြစ်ပေါင်းဆုံပြီးနောက် “ဆွတ်ပယောင်းချောင်း” လို့ ခေါ်ပါတယ်။ အန္တရာယ်ရှိတဲ့ အပြင်း စားသတ္တုများ ပါဝင်နေတဲ့ စွန့်ပစ်ပစ္စည်းများကို ချောင်းရေအတွင်း တိုက်ရိုက်စွန့်ပစ်နေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ချောင်းရဲ့အနောက်ဘက် မြန်မာနိုင်ငံဘက်ခြမ်းမှာ ရွှေသန့်စင်လုပ်ငန်း အတော်များများ လည်ပတ်နေပြီး ဓာတုအကြွင်းအကျန်များကို ချောင်းအတွင်း စွန့်ပစ်နေဖွယ်ရှိပါတယ်။
ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာ တည်ရှိတဲ့ မြေရှားသတ္တုတွင်းနှစ်ခုဟာ သိသိသာသာတိုးချဲ့လာပါတယ်။ နှစ်ခု စလုံးရဲ့ မြေရှားသတ္တု တူးဖော်နေပုံတွေဟာ ကမ္ဘာ့အငြင်းပွားရဆုံး နည်းလမ်းများနဲ့ ဖြစ်ပြီး သဘာဝပတ်ဝန်း ကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပါတယ်။ မြန်မာဘက်မှ အဆိပ်သင့် စွန့်ပစ်ပစ္စည်းတွေဟာ မဲခေါင်မြစ်အ တွင်း စီးဝင်နိုင်ပြီး ချင်းမိုင်နဲ့ ချင်းရိုင်နေထိုင်သူ လူတစ်သန်းကျော်နဲ့ မြစ်အောက်ပိုင်း (ဗီယက်နမ်-ကမ္ဘောဒီး ယား) ရှိ လူအများအပြားကို ခြိမ်းခြောက်လာနိုင်တယ်လို့ SHRF က သတိပေးပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလ နောက်ပိုင်း မြစ်ရေအတွင်း အာဆင်းနစ်နဲ့ ခဲဓါတ်ပါဝင်မှုဟာ ဘေးကင်းမှု ကန့်သတ်ချက် ပမာဏထက် ၄-ဆ နီးပါး ရောက်ရှိလာကြောင်း ထိုင်းနိုင်ငံ ရေသန့်စင်မှု စစ်ဆေးချက်များမှာ တွေ့ရှိခဲ့ပါတယ်။
မြေရှားအရေးနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ အမေရိကန်ကြား နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး လိုက် တယ်လို့ ဝါရင်တန် အိမ်ဖြူတော်က အောက်တိုဘာ ၂၆-ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အရေးကြီး သတ္တုတွင်းထွက်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်များကို ပီပြင်စေရန်နဲ့ ရင်းနှီး မြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးတို့ကို မြှင့်တင်ရန် ရည်ရွယ်တယ်လို့ (ဒေါ်နယ်ထရမ့် မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအစည်း အဝေး တက်ရောက်နေခိုက်) အမေရိကန် သမ္မတရုံးက သတင်းထုတ်ပြန်ခြင်း ဖြစ်ပါတယ်။
ဒီအတွက် ယမန်နေ့ ဘန်ကောက်မြို့ အမေရိကန်သံရုံးရှေ့မှာ ထိုင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများ ညွန့် ပေါင်းအဖွဲ့က ကန်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပါတယ်။ ထရမ့်နဲ့ ဝန်ကြီးချုပ် အနုတင်တို့ရဲ့လုပ်ရပ်ဟာ ကုန် သွယ်ရေးစစ်ပွဲ ကသောင်းကနင်းဖြစ်နေခိုက် ဝါရှင်တန်ရဲ့ မြေရှားလက်ဝါးကြီးအုပ်မှုဖြစ်ကြောင်း၊ “ကိုလိုနီ စော် နံတဲ့ ကြိုးကိုင်မှု” လို့ စွပ်စွဲပြီး MoU ကို ဖျက်သိမ်းပေးရန် ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။ တည်ဆဲ ဓါတ်သတ္တုတူးဖော်ရေးဆိုင်ရာဥပဒေများကို ကျော်လွန်ပြီး ထိုင်းသတ္တုသယံဇာများကို တူးဖော်ရန် ပြည်ပနိုင်ငံ များအား လိုင်စင်ထုတ်ပေးဖွယ်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတို့ အပေါ်ဆိုးကျိုးသက်ရောက် စေ မယ့် လုပ်ရပ်များကို ဒီ MoU ကြောင့် မတားဆီးနိုင်ပဲ ဖြစ်ဖွယ်ရှိကြောင်း၊ (မြန်မာနိုင်ငံဘက်ခြမ်းမှာ မဆင်မခြင် မြေရှားနဲ့ ရွေတူးဖော်မှုကြောင့်) ကောက်မြစ်ရိုးတလျောက် ဘဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကိုပင် မဖြေ ရှင်းနိုင်သေးတဲ့ ထိုင်းအစိုးရက ယခု MoU ကို အလျင်စလို လက်မှတ်ရေးထိုးခြင်းဖြင့် တိုင်းပြည်ကို ကုန်သွယ် ရေး စစ်ပွဲအတွင်း ဆွဲသွင်းနေကြောင်း၊ ပြည်သူတို့ မျက်နှာကို ထောက်ထားခြင်း မရှိကြောင်း ဟောပြောကြ ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးက မှတ်ချက်ပေးရာမှာ ထိုင်းနိုင်ငံဟာ မြေရှားသန့်စင်ခြင်းနဲ့ တင်သွင်းခြင်းအတွက် သြစတြေးလျနဲ့ ပူပေါင်းဆောင်ရွက်နေကြောင်း၊ ထိုင်းနိုင်ငံသက်တမ်းတလျောက် MoU ပေါင်း တစ်သန်းကျော်ရှိပြီး ယခုသဘောတူညီချက်မှာ နိုင်ငံအချင်းချင်း ချစ်ကြည်ရေးသဘောမျှသာဖြစ်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံ ပြည်နယ် ၈-ခုအတွင်း ၃၄-နေရာမှာ မြေရှား သတ္ထု ၄၅၀၀-တန်ခန့် တူးဖော်ရရှိနိုင်ဖွယ်ရှိတဲ့အတွက် တန်ချိန် ၄၄-သန်း ထုတ်ယူနိုင်တဲ့ တရုတ်နဲ့ ယှဉ်လျင် အလွန်နည်းကြောင်း ထိုင်းဝန်ကြီးဌာန သတင်းရင်းမြစ်များအရ သိရှိရတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။
ယနေ့ နေးရှင်းရဲ့ အခြားသတင်းမှာတော့ ထိုင်းနဲ့ ဝါရှင်တန်အကြား မြေရှားဆိုင်ရာ MoU မှာ မဖြစ်မနေ ဆောင် ရွက်ရမယ်လို့ စည်းနှောင်ထားချက် မပါဝင်ကြောင်း၊ အရေးကြီး သတ္တုထောက်ပံ့ရေးကွင်းဆက်များ ခိုင်မာစေ ရန်နဲ့ ထိုင်းနိုင်ငံရဲ့ မြေရှား ပြုပြင်ထုတ်လုပ်မှု- ရင်းနှီးမြှုပ်နှံမှုကို အဆင့်မြှင့်တင်ရန်သာဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ထိခိုက်ခြင်း မရှိကြောင်း ဘန်ကောက် အမေရိကန်သံရုံးက တရားဝင် သတင်း ထုတ်ပြန်တယ်လို့ ရေးပါတယ်။
(( ယခုသတင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ထင်မြင်ချက်ကို ဖော်ပြပါရစေ။))
အမေရိကန်ဟာ အခြားတိုင်းပြည် များရဲ့ လူဦးရေ- ရိက္ခာထွက်နှုန်းသာမက ရေထု-လေထု သန့်ရှင်းမှုကို နှစ်ပေါင်းများစွာ မှတ်တမ်းတင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ သူလိုချင်တဲ့ မြေရှားအနည်းငယ်သာ တူးဖော်ရရှိနိုင်ကြောင်း မသိပဲ မနေပါ။ ဒေါ် နယ်ထရမ့်လက်ထက် အမေရိကန်ဟာ မကြာသေးမီက သြစတြေးလျနဲ့ သဘောတူစာချုပ်ချုပ်ခဲ့ပြီး၊ စစ်ပွဲကိစ္စ ယူကရိန်းကို မြေရှားနဲ့ အကျပ်ကိုင်ခဲ့ပါတယ်။ နိုင်ငံခြားအရံငွေများပြားတဲ့ တိုင်းပြည်များနဲ့ ဟန်ဆောင် စာချုပ် များလည်း ပြူလုပ်နေပါတယ်။ ဆိုလိုတာ မြန်မာ့မြေရှားရရှိဖို့ ထိုင်းနိုင်ငံမှတဆင့် ချဉ်းကပ်ရန် ရည်ရွယ်ပုံရ ပါ တယ်။
တရုတ်ဟာ ကမ္ဘာ့မြေရှားဈေးကွက်ရဲ့ ၈၀-၈၅% အထိကို ချုပ်ကိုင်ထားပါတယ်။ သူ့နိုင်ငံအတွင်း ပိုမို တင်းကြပ် တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်းများကို ၂၀၁၅- ခုနှစ်မှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့အတွက် နယ်စပ်တစ်လျှောက်ရှိ မိုင်းတွင်းများနဲ့ ပူးပေါင်းလုပ်ဆောင်ရန် တရုတ်ကုမ္ပဏီများကို တွန်းအားပေးခဲ့ကြောင်း၊ တရုတ်အစိုးရဟာ အချို့သော နေရာများ ထူထောင်ရာမှာ ပါဝင်ကူညီခဲ့ပြီး မြန်မာနိုင်ငံကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် သြဇာညောင်းကြောင်း၊ လက်ရှိ မြေရှားတွင်းထွက် ထုတ်လုပ်မှု အများဆုံး တရုတ်နိုင်ငံဟာ အဲ့ဒီပမာဏ ထက်ဝက်ခန့်ကို မြန်မာနိုင်ငံမှ တင် သွင်းနေခြင်းဖြစ်တယ်လို့ ကုန်သွယ်မှု အချက်အလက်များအရ သိရှိရကြောင်း NPR (12 July 2025) က ရေးခဲ့ ပါတယ်။
စမတ်ဖုန်း-ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကိရိယာနဲ့ အဆင့်မြင့် စစ်လက်နက်များမှာ မရှိမဖြစ် အရေးပါတဲ့ မြေရှား ရရှိမှုမှာ ဒီအတိုင်းဆက်သွားရင် တရုတ်က ခြေလှမ်း ၄-လှမ်း လှမ်းတိုင်း အမေရိကန်က တစ်လှမ်း သာ လှမ်းနိုင်သလို ဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မြေရှားကို အဆင့်မြင့်သန့်စင်ပြီး ထုတ်လုပ်လိုတဲ့ သဘောမျိုး မကြာသေးမီ ရုရှားနိုင်ငံမှ အ ပြန် မီဒီယာများနဲ့ တွေ့ဆုံစဉ် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ လက်ရှိ မြေ ရှား တူးဖော်နည်းများအတိုင်း မဟုတ်သလို သိက္ခာရှိရှိ ရောင်းချဖွယ်ရှိပါတယ်။ မြန်မာ့မြေရှားတူးဖော်မှုကြောင့် မဲခေါင်မြစ် အဆိပ်သင့်ခြင်းကို လက်ခံနိုင်မှာလည်း မဟုတ်ကြောင်း သုံးသပ်ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အတွင်း ရွှေနဲ့ မြေရှားတူးဖော်ရာနေရာများကို ကြည့်လျင် တပ်မတော်က ထိန်းချုပ်ခွင့် ယာယီဆုံးရှုံးထားတဲ့ နယ်မြေများနဲ့ နေပြည်တော်က ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်တဲ့ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ များဖြစ်ပါတယ်။ ထုတ်လုပ်နည်းဟာ မြေရှား ၁-တန် ရရှိဖို့ ရောနှောမြေသား တန်ချိန် ၂၀၀၀ ကို တူးဖော် ရ မှာဖြစ်ပြီး သူခိုးဈေးနဲ့ ရောင်းနေကြပုံပေါ်ပါတယ်။
တရုတ်အနေနဲ့ အမေရိကန်ကို အသာစီးယူနိုင်ဖို့ လက်ရှိ မြေရှားရရှိနေမှုကိုသာ ဆက်လက်ဆုပ်ကိုင်ထား ရမှာဖြစ်ပြီး သူလိုချင်တာ လုပ်ပေးမယ့်သူဟာ နေပြည်တော်ကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားသူပုန်များသာ ဖြစ်ပါလိမ့်မယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံပိုင္ကုမၸဏီ၏ ေ႐ႊႏွင့္ ေျမရွားလုပ္ငန္း လ်င္ျမန္စြာခ်ဲ႕ထြင္ေန၊ ျမန္မာ ႏိုင္ငံအတြင္း ထိုင္းနယ္စပ္ေရာက္ရွိလာ၍ ေဝဖန္ခံရ၊ ထိုင္းႏွင့္ ေျမရွားခ်ဳပ္ကိုင္ရန္ သမၼတထရမ့္ ႀကိဳးစား
HtayOung(NP News)ေအာက္တိုဘာ-၃၁
===
တ႐ုတ္ႏိုင္ငံပိုင္ကုမၸဏီတစ္ခုျဖစ္တဲ့ “ခ်ိဳင္းနား သတၳဳတြင္း ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီ” ရဲ႕ ေ႐ႊနဲ႔ ေျမရွားသတၱဳတူး ေဖာ္ေရးလုပ္ငန္း ခ်ဲ႕ထြင္မႈဟာ ျမန္မာႏိုင္ငံ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္ေတာင္ဘက္ မိုင္းေယာင္း ၿမိဳ႕ “နမ့္ေယာင္းေခ်ာင္း” အနီးအထိ လ်င္ျမန္စြာတိုးခ်ဲ႕လာေၾကာင္း၊ ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာလ ၁၄ ရက္ေန႔ ႐ိုက္ကူးခဲ့တဲ့ ၿဂိဳဟ္တုဓါတ္ပုံမ်ားအရ ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕ သာတုန္႐ြာမွ ၁၉-မိုင္ခန႔္သာ ကြာေဝးတဲ့ ေခ်ာင္းအ နီး အသစ္ေဖာက္လုပ္ထားတဲ့ လမ္းမ်ား၊ သတၱဳတူးေဖာ္ေရး ဧရိယာႀကီးမ်ားနဲ႔ သန႔္စင္ေရးလုပ္ငန္းခြင္မ်ားကို ေတြ႕ျမင္ရေၾကာင္း ရွမ္းလူ႔အခြင့္အေရးေဖာင္ေဒးရွင္း (SHRF) က ေျပာျပတယ္လို႔ ဘန္ေကာက္ေအ ေျခစိုက္ “ေနးရွင္း” သတင္းစာ (29 October 2025) က ေရးပါတယ္။
ရွမ္းကုန္းျပင္ျမင့္မွ အစျပဳတဲ့ နမ့္ေယာင္းေခ်ာင္းကို ထိုင္းတို႔က “ေကာက္ျမစ္” လို႔ ေခၚပါတယ္။ နမ့္ေယာင္း ေခ်ာင္းနဲ႔ မဲေခါင္ျမစ္ေပါင္းဆုံၿပီးေနာက္ “ဆြတ္ပေယာင္းေခ်ာင္း” လို႔ ေခၚပါတယ္။ အႏၲရာယ္ရွိတဲ့ အျပင္း စားသတၱဳမ်ား ပါဝင္ေနတဲ့ စြန႔္ပစ္ပစၥည္းမ်ားကို ေခ်ာင္းေရအတြင္း တိုက္႐ိုက္စြန႔္ပစ္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚေနပါတယ္။ ေခ်ာင္းရဲ႕အေနာက္ဘက္ ျမန္မာႏိုင္ငံဘက္ျခမ္းမွာ ေ႐ႊသန႔္စင္လုပ္ငန္း အေတာ္မ်ားမ်ား လည္ပတ္ေနၿပီး ဓာတုအႂကြင္းအက်န္မ်ားကို ေခ်ာင္းအတြင္း စြန႔္ပစ္ေနဖြယ္ရွိပါတယ္။
ေခ်ာင္းရဲ႕ တစ္ဖက္တစ္ခ်က္မွာ တည္ရွိတဲ့ ေျမရွားသတၱဳတြင္းႏွစ္ခုဟာ သိသိသာသာတိုးခ်ဲ႕လာပါတယ္။ ႏွစ္ခု စလုံးရဲ႕ ေျမရွားသတၱဳ တူးေဖာ္ေနပုံေတြဟာ ကမာၻ႔အျငင္းပြားရဆုံး နည္းလမ္းမ်ားနဲ႔ ျဖစ္ၿပီး သဘာဝပတ္ဝန္း က်င္ကို ဆိုး႐ြားစြာ ထိခိုက္ပ်က္စီးေစပါတယ္။ ျမန္မာဘက္မွ အဆိပ္သင့္ စြန႔္ပစ္ပစၥည္းေတြဟာ မဲေခါင္ျမစ္အ တြင္း စီးဝင္ႏိုင္ၿပီး ခ်င္းမိုင္နဲ႔ ခ်င္း႐ိုင္ေနထိုင္သူ လူတစ္သန္းေက်ာ္နဲ႔ ျမစ္ေအာက္ပိုင္း (ဗီယက္နမ္-ကေမာၻဒီး ယား) ရွိ လူအမ်ားအျပားကို ၿခိမ္းေျခာက္လာႏိုင္တယ္လို႔ SHRF က သတိေပးပါတယ္။ ၂၀၂၅ ခုႏွစ္ ဧၿပီလ ေနာက္ပိုင္း ျမစ္ေရအတြင္း အာဆင္းနစ္နဲ႔ ခဲဓါတ္ပါဝင္မႈဟာ ေဘးကင္းမႈ ကန႔္သတ္ခ်က္ ပမာဏထက္ ၄-ဆ နီးပါး ေရာက္ရွိလာေၾကာင္း ထိုင္းႏိုင္ငံ ေရသန႔္စင္မႈ စစ္ေဆးခ်က္မ်ားမွာ ေတြ႕ရွိခဲ့ပါတယ္။
ေျမရွားအေရးနဲ႔ ပတ္သက္ၿပီး ထိုင္းနဲ႔ အေမရိကန္ၾကား နားလည္မႈ စာခြၽန္လႊာကို လက္မွတ္ေရးထိုး လိုက္ တယ္လို႔ ဝါရင္တန္ အိမ္ျဖဴေတာ္က ေအာက္တိုဘာ ၂၆-ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။ ကမာၻလုံးဆိုင္ရာ အေရးႀကီး သတၱဳတြင္းထြက္ပစၥည္း ေထာက္ပံ့ေရးကြင္းဆက္မ်ားကို ပီျပင္ေစရန္နဲ႔ ရင္းႏွီး ျမႇဳပ္ႏွံမႈ ပူးေပါင္း ေဆာင္႐ြက္ေရးတို႔ကို ျမႇင့္တင္ရန္ ရည္႐ြယ္တယ္လို႔ (ေဒၚနယ္ထရမ့္ မေလးရွားႏိုင္ငံ အာဆီယံ ထိပ္သီးအစည္း အေဝး တက္ေရာက္ေနခိုက္) အေမရိကန္ သမၼတ႐ုံးက သတင္းထုတ္ျပန္ျခင္း ျဖစ္ပါတယ္။
ဒီအတြက္ ယမန္ေန႔ ဘန္ေကာက္ၿမိဳ႕ အေမရိကန္သံ႐ုံးေရွ႕မွာ ထိုင္း အရပ္ဖက္ လူမႈအဖြဲ႕အစည္းမ်ား ၫြန႔္ ေပါင္းအဖြဲ႕က ကန္ကြက္ဆႏၵျပမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ထရမ့္နဲ႔ ဝန္ႀကီးခ်ဳပ္ အႏုတင္တို႔ရဲ႕လုပ္ရပ္ဟာ ကုန္ သြယ္ေရးစစ္ပြဲ ကေသာင္းကနင္းျဖစ္ေနခိုက္ ဝါရွင္တန္ရဲ႕ ေျမရွားလက္ဝါးႀကီးအုပ္မႈျဖစ္ေၾကာင္း၊ “ကိုလိုနီ ေစာ္ နံတဲ့ ႀကိဳးကိုင္မႈ” လို႔ စြပ္စြဲၿပီး MoU ကို ဖ်က္သိမ္းေပးရန္ ဆႏၵျပသူေတြက ေတာင္းဆိုၾကပါတယ္။ တည္ဆဲ ဓါတ္သတၱဳတူးေဖာ္ေရးဆိုင္ရာဥပေဒမ်ားကို ေက်ာ္လြန္ၿပီး ထိုင္းသတၱဳသယံဇာမ်ားကို တူးေဖာ္ရန္ ျပည္ပႏိုင္ငံ မ်ားအား လိုင္စင္ထုတ္ေပးဖြယ္ရွိေၾကာင္း၊ သဘာဝပတ္ဝန္းက်င္နဲ႔ ေဒသခံတို႔ အေပၚဆိုးက်ိဳးသက္ေရာက္ ေစ မယ့္ လုပ္ရပ္မ်ားကို ဒီ MoU ေၾကာင့္ မတားဆီးႏိုင္ပဲ ျဖစ္ဖြယ္ရွိေၾကာင္း၊ (ျမန္မာႏိုင္ငံဘက္ျခမ္းမွာ မဆင္မျခင္ ေျမရွားနဲ႔ ေ႐ြတူးေဖာ္မႈေၾကာင့္) ေကာက္ျမစ္႐ိုးတေလ်ာက္ ဘဘာဝပတ္ဝန္းက်င္ ညစ္ညမ္းမႈမ်ားကိုပင္ မေျဖ ရွင္းႏိုင္ေသးတဲ့ ထိုင္းအစိုးရက ယခု MoU ကို အလ်င္စလို လက္မွတ္ေရးထိုးျခင္းျဖင့္ တိုင္းျပည္ကို ကုန္သြယ္ ေရး စစ္ပြဲအတြင္း ဆြဲသြင္းေနေၾကာင္း၊ ျပည္သူတို႔ မ်က္ႏွာကို ေထာက္ထားျခင္း မရွိေၾကာင္း ေဟာေျပာၾက ပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ထိုင္းအစိုးရ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ဝန္ႀကီးက မွတ္ခ်က္ေပးရာမွာ ထိုင္းႏိုင္ငံဟာ ေျမရွားသန႔္စင္ျခင္းနဲ႔ တင္သြင္းျခင္းအတြက္ ၾသစေၾတးလ်နဲ႔ ပူေပါင္းေဆာင္႐ြက္ေနေၾကာင္း၊ ထိုင္းႏိုင္ငံသက္တမ္းတေလ်ာက္ MoU ေပါင္း တစ္သန္းေက်ာ္ရွိၿပီး ယခုသေဘာတူညီခ်က္မွာ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ေရးသေဘာမွ်သာျဖစ္တယ္လို႔ ေျပာပါတယ္။ ထိုင္းႏိုင္ငံ ျပည္နယ္ ၈-ခုအတြင္း ၃၄-ေနရာမွာ ေျမရွား သတၳဳ ၄၅၀၀-တန္ခန႔္ တူးေဖာ္ရရွိႏိုင္ဖြယ္ရွိတဲ့အတြက္ တန္ခ်ိန္ ၄၄-သန္း ထုတ္ယူႏိုင္တဲ့ တ႐ုတ္နဲ႔ ယွဥ္လ်င္ အလြန္နည္းေၾကာင္း ထိုင္းဝန္ႀကီးဌာန သတင္းရင္းျမစ္မ်ားအရ သိရွိရတယ္လို႔ ဘန္ေကာက္ပို႔စ္က ေရးပါတယ္။
ယေန႔ ေနးရွင္းရဲ႕ အျခားသတင္းမွာေတာ့ ထိုင္းနဲ႔ ဝါရွင္တန္အၾကား ေျမရွားဆိုင္ရာ MoU မွာ မျဖစ္မေန ေဆာင္ ႐ြက္ရမယ္လို႔ စည္းေႏွာင္ထားခ်က္ မပါဝင္ေၾကာင္း၊ အေရးႀကီး သတၱဳေထာက္ပံ့ေရးကြင္းဆက္မ်ား ခိုင္မာေစ ရန္နဲ႔ ထိုင္းႏိုင္ငံရဲ႕ ေျမရွား ျပဳျပင္ထုတ္လုပ္မႈ- ရင္းႏွီးျမႇဳပ္ႏွံမႈကို အဆင့္ျမႇင့္တင္ရန္သာျဖစ္ၿပီး ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈကို ထိခိုက္ျခင္း မရွိေၾကာင္း ဘန္ေကာက္ အေမရိကန္သံ႐ုံးက တရားဝင္ သတင္း ထုတ္ျပန္တယ္လို႔ ေရးပါတယ္။
(( ယခုသတင္းနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ့္ရဲ႕ ထင္ျမင္ခ်က္ကို ေဖာ္ျပပါရေစ။))
အေမရိကန္ဟာ အျခားတိုင္းျပည္ မ်ားရဲ႕ လူဦးေရ- ရိကၡာထြက္ႏႈန္းသာမက ေရထု-ေလထု သန႔္ရွင္းမႈကို ႏွစ္ေပါင္းမ်ားစြာ မွတ္တမ္းတင္ထားတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ သူလိုခ်င္တဲ့ ေျမရွားအနည္းငယ္သာ တူးေဖာ္ရရွိႏိုင္ေၾကာင္း မသိပဲ မေနပါ။ ေဒၚ နယ္ထရမ့္လက္ထက္ အေမရိကန္ဟာ မၾကာေသးမီက ၾသစေၾတးလ်နဲ႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး၊ စစ္ပြဲကိစၥ ယူကရိန္းကို ေျမရွားနဲ႔ အက်ပ္ကိုင္ခဲ့ပါတယ္။ ႏိုင္ငံျခားအရံေငြမ်ားျပားတဲ့ တိုင္းျပည္မ်ားနဲ႔ ဟန္ေဆာင္ စာခ်ဳပ္ မ်ားလည္း ျပဴလုပ္ေနပါတယ္။ ဆိုလိုတာ ျမန္မာ့ေျမရွားရရွိဖို႔ ထိုင္းႏိုင္ငံမွတဆင့္ ခ်ဥ္းကပ္ရန္ ရည္႐ြယ္ပုံရ ပါ တယ္။
တ႐ုတ္ဟာ ကမာၻ႔ေျမရွားေဈးကြက္ရဲ႕ ၈၀-၈၅% အထိကို ခ်ဳပ္ကိုင္ထားပါတယ္။ သူ႔ႏိုင္ငံအတြင္း ပိုမို တင္းၾကပ္ တဲ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဆိုင္ရာ စည္းမ်ဥ္းမ်ားကို ၂၀၁၅- ခုႏွစ္မွာ ျပင္ဆင္ျပဌာန္းခဲ့တဲ့အတြက္ နယ္စပ္တစ္ေလွ်ာက္ရွိ မိုင္းတြင္းမ်ားနဲ႔ ပူးေပါင္းလုပ္ေဆာင္ရန္ တ႐ုတ္ကုမၸဏီမ်ားကို တြန္းအားေပးခဲ့ေၾကာင္း၊ တ႐ုတ္အစိုးရဟာ အခ်ိဳ႕ေသာ ေနရာမ်ား ထူေထာင္ရာမွာ ပါဝင္ကူညီခဲ့ၿပီး ျမန္မာႏိုင္ငံကိုယ္ပိုင္ အုပ္ခ်ဳပ္ ခြင့္ရ ေဒသျဖစ္တဲ့ ရွမ္းျပည္အေရွ႕ပိုင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေပၚ ၾသဇာေညာင္းေၾကာင္း၊ လက္ရွိ ေျမရွားတြင္းထြက္ ထုတ္လုပ္မႈ အမ်ားဆုံး တ႐ုတ္ႏိုင္ငံဟာ အဲ့ဒီပမာဏ ထက္ဝက္ခန႔္ကို ျမန္မာႏိုင္ငံမွ တင္ သြင္းေနျခင္းျဖစ္တယ္လို႔ ကုန္သြယ္မႈ အခ်က္အလက္မ်ားအရ သိရွိရေၾကာင္း NPR (12 July 2025) က ေရးခဲ့ ပါတယ္။
စမတ္ဖုန္း-ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ဆိုင္ရာ ကိရိယာနဲ႔ အဆင့္ျမင့္ စစ္လက္နက္မ်ားမွာ မရွိမျဖစ္ အေရးပါတဲ့ ေျမရွား ရရွိမႈမွာ ဒီအတိုင္းဆက္သြားရင္ တ႐ုတ္က ေျခလွမ္း ၄-လွမ္း လွမ္းတိုင္း အေမရိကန္က တစ္လွမ္း သာ လွမ္းႏိုင္သလို ျဖစ္ေနတယ္လို႔ ဘန္ေကာက္ပို႔စ္က ေရးပါတယ္။
ျမန္မာႏိုင္ငံအေနနဲ႔ ေျမရွားကို အဆင့္ျမင့္သန႔္စင္ၿပီး ထုတ္လုပ္လိုတဲ့ သေဘာမ်ိဳး မၾကာေသးမီ ႐ုရွားႏိုင္ငံမွ အ ျပန္ မီဒီယာမ်ားနဲ႔ ေတြ႕ဆုံစဥ္ ယာယီသမၼတ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာခဲ့ပါတယ္။ လက္ရွိ ေျမ ရွား တူးေဖာ္နည္းမ်ားအတိုင္း မဟုတ္သလို သိကၡာရွိရွိ ေရာင္းခ်ဖြယ္ရွိပါတယ္။ ျမန္မာ့ေျမရွားတူးေဖာ္မႈေၾကာင့္ မဲေခါင္ျမစ္ အဆိပ္သင့္ျခင္းကို လက္ခံႏိုင္မွာလည္း မဟုတ္ေၾကာင္း သုံးသပ္ရပါတယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံ အတြင္း ေ႐ႊနဲ႔ ေျမရွားတူးေဖာ္ရာေနရာမ်ားကို ၾကည့္လ်င္ တပ္မေတာ္က ထိန္းခ်ဳပ္ခြင့္ ယာယီဆုံးရႈံးထားတဲ့ နယ္ေျမမ်ားနဲ႔ ေနျပည္ေတာ္က ဝင္ေရာက္စြက္ဖက္ျခင္း မျပဳႏိုင္တဲ့ တိုင္းရင္းသားကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ မ်ားျဖစ္ပါတယ္။ ထုတ္လုပ္နည္းဟာ ေျမရွား ၁-တန္ ရရွိဖို႔ ေရာေႏွာေျမသား တန္ခ်ိန္ ၂၀၀၀ ကို တူးေဖာ္ ရ မွာျဖစ္ၿပီး သူခိုးေဈးနဲ႔ ေရာင္းေနၾကပုံေပၚပါတယ္။
တ႐ုတ္အေနနဲ႔ အေမရိကန္ကို အသာစီးယူႏိုင္ဖို႔ လက္ရွိ ေျမရွားရရွိေနမႈကိုသာ ဆက္လက္ဆုပ္ကိုင္ထား ရမွာျဖစ္ၿပီး သူလိုခ်င္တာ လုပ္ေပးမယ့္သူဟာ ေနျပည္ေတာ္ကို ဆန႔္က်င္ေနတဲ့ တိုင္းရင္းသားသူပုန္မ်ားသာ ျဖစ္ပါလိမ့္မယ္။