ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် DEMU ရထားတွဲဆိုင်းသစ်အား ခဲဖြင့်ပေါက်သူ ဖမ်းဆီးရမိ

 611

Pearl (NP News) - နိုဝင်ဘာ ၁
ရန်ကုန် - နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် DEMU ရထားတွဲဆိုင်းသစ်အား ခဲဖြင့်ပေါက်သူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်ဖြင့် အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန်အမြန်ရထားနှင့်အမှတ်(၃၁)အဆန်၊ အမှတ်(၃၂)အစုန် အမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက် နေ့လည် (၃)နာရီခန့်က အမှတ်(၇)အဆန်ရထားအား ဖြူးနှင့် ဇေယျဝတီဘူတာအကြား ကားလမ်းကူးနေရာအရောက် ရထားသံလမ်းအနောက်ဘက်မှ ခဲဖြင့် ပစ်ပေါက်ခဲ့ရာ ပထမတန်းတွဲအမှတ်- ၂ DEMU F-1010 တွဲ၏ ခုံအမှတ် ၃၊ ၄၊ ၅၊ ၆ နေရာရှိ ပြတင်းပေါက်မှန် နှစ်လက်မခွဲခန့် ပေါက်သွားပြီး ခရီးသည်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါဖြစ်ပွားရာနေရာသို့ ဖြူးမြို့နယ်ရထားရဲတပ်ဖွဲ့၊ ဖြူးမြို့နယ်ရဲစခန်းနှင့် ဖြူးမြို့မ အရှေ့ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးရာ ရထားလမ်း၏ အနောက်ဘက်ချုံပုတ်အနီး တွင် ကျူးလွန်သူ ထက်ဦးလွင်(ခ)ငထော်နီ(ဘ)ဦးသိန်းနိုင်၊ အသက်(၁၈) နှစ်၊ သင်္ချိုင်းကုန်းကွက်သစ်၊ ဗထူး(၆) လမ်း၊ အုတ်ဖြတ်ရပ်ကွက် ဖြူးမြို့နယ်နေသူအား ဖမ်းဆီးရမိသဖြင့် ဖြူးမြို့နယ်ရဲစခန်းတွင် ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေနှင့်အညီ အရေးယူနိုင်ရေးအမှုဖွင့်ဆောင်ရွက်လျကရှိကြောင်း နှင့် အဆိုပါဖြစ်စဉ်ကြောင့် ရထား ကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်းပြေးဆွဲခဲ့ကြောင်း သိရှိရသည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း(သို့)တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှနှစ် ၂ဝ အထိ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်းချ မှတ်နိုင်ကြောင်း သိရှိရပြီး ဥပဒေနှင့်အညီဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာရေးနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ရန္ကုန္ - ေနျပည္ေတာ္လမ္းပိုင္း၌ ေျပးဆြဲေပးလ်က္ရွိသည့္ DEMU ရထားတြဲဆိုင္းသစ္အား ခဲျဖင့္ေပါက္သူ ဖမ္းဆီးရမိ
Pearl (NP News) - ႏိုဝင္ဘာ ၁
ရန္ကုန္ - ေနျပည္ေတာ္လမ္းပိုင္း၌ ေျပးဆြဲေပးလ်က္ရွိသည့္ DEMU ရထားတြဲဆိုင္းသစ္အား ခဲျဖင့္ေပါက္သူ ဖမ္းဆီးရမိခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ျမန္မာ့မီးရထားအေနျဖင့္ ရန္ကုန္-ေနျပည္ေတာ္လမ္းပိုင္း၌ ေခတ္မီေလေအးေပးစက္ပါ DEMU တြဲဆိုင္းသစ္ျဖင့္ အမွတ္(၇)အဆန္၊ အမွတ္(၈)အစုန္အျမန္ရထားႏွင့္အမွတ္(၃၁)အဆန္၊ အမွတ္(၃၂)အစုန္ အျမန္ရထားမ်ား ေျပးဆြဲေပးလ်က္ရွိရာ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂၈ ရက္ ေန႔လည္ (၃)နာရီခန႔္က အမွတ္(၇)အဆန္ရထားအား ျဖဴးႏွင့္ ေဇယ်ဝတီဘူတာအၾကား ကားလမ္းကူးေနရာအေရာက္ ရထားသံလမ္းအေနာက္ဘက္မွ ခဲျဖင့္ ပစ္ေပါက္ခဲ့ရာ ပထမတန္းတြဲအမွတ္- ၂ DEMU F-1010 တြဲ၏ ခုံအမွတ္ ၃၊ ၄၊ ၅၊ ၆ ေနရာရွိ ျပတင္းေပါက္မွန္ ႏွစ္လက္မခြဲခန႔္ ေပါက္သြားၿပီး ခရီးသည္မ်ား ထိခိုက္မႈမရွိေၾကာင္း သိရသည္။
အဆိုပါျဖစ္ပြားရာေနရာသို႔ ျဖဴးၿမိဳ႕နယ္ရထားရဲတပ္ဖြဲ႕၊ ျဖဴးၿမိဳ႕နယ္ရဲစခန္းႏွင့္ ျဖဴးၿမိဳ႕မ အေရွ႕ရပ္ကြက္ရွိ အုပ္ခ်ဳပ္ေရးမႉးႏွင့္ တာဝန္ရွိသူမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးရာ ရထားလမ္း၏ အေနာက္ဘက္ခ်ဳံပုတ္အနီး တြင္ က်ဴးလြန္သူ ထက္ဦးလြင္(ခ)ငေထာ္နီ(ဘ)ဦးသိန္းႏိုင္၊ အသက္(၁၈) ႏွစ္၊ သခ်ႋဳင္းကုန္းကြက္သစ္၊ ဗထူး(၆) လမ္း၊ အုတ္ျဖတ္ရပ္ကြက္ ျဖဴးၿမိဳ႕နယ္ေနသူအား ဖမ္းဆီးရမိသျဖင့္ ျဖဴးၿမိဳ႕နယ္ရဲစခန္းတြင္ ရထားပို႔ေဆာင္ေရး လုပ္ငန္းဥပေဒႏွင့္အညီ အေရးယူႏိုင္ေရးအမႈဖြင့္ေဆာင္႐ြက္လ်ကရွိေၾကာင္း ႏွင့္ အဆိုပါျဖစ္စဥ္ေၾကာင့္ ရထား ၾကန႔္ၾကာမႈမရွိဘဲ ပုံမွန္အတိုင္းေျပးဆြဲခဲ့ေၾကာင္း သိရွိရသည္။
၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၅ ရက္တြင္ ထုတ္ျပန္ၿပီးျဖစ္သည့္ ရထားပို႔ေဆာင္ေရးလုပ္ငန္းဥပေဒ၊ အခန္း ၁၈၊ ပုဒ္မ ၇၉ (ခ)အရ ရထားကို တစ္စုံတစ္ရာျဖင့္ ပစ္ေပါက္ျခင္း(သို႔)တစ္စုံတစ္ရာျပဳလုပ္ျခင္းအတြက္ ျပစ္ဒဏ္အေနျဖင့္ ပုဒ္မ (၈၄)အရ ထိုသူကို အနည္းဆုံး ၅ ႏွစ္မွႏွစ္ ၂ဝ အထိ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္ကိုလည္းခ် မွတ္ႏိုင္ေၾကာင္း သိရွိရၿပီး ဥပေဒႏွင့္အညီဆက္လက္အေရးယူသြားမည္ျဖစ္ေၾကာင္း ႏွင့္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အမ်ားျပည္သူမ်ား အဆင္ေျပေကာင္းမြန္စြာ ခရီးသြားလာေရးႏိုင္ေရးအတြက္ အဆင့္ျမႇင့္တင္ေဆာင္႐ြက္ေပးလ်က္ရွိရာ ျပည္သူမ်ားအေနျဖင့္ ဝိုင္းဝန္းပူးေပါင္းထိန္းသိမ္းသြားရန္လိုအပ္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.