ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ လူဦးရေ(၉၀) နီးပါးကို အရေးယူထား

 258

Pearl (NP News) - နိုဝင်ဘာ ၁
ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ လူဦးရေ(၉၀) နီးပါးကို အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့်ကျူးလွန်သူ များအားဖော်ထုတ် အရေးယူခြင်းများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၉ ရက်အထိ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး /ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၄၀ တွင် အမျိုးသား ၈၃ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၈၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သောလှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများကျူးလွန်နေသူ များ ကိုစုံစမ်းဖော်ထုတ်၍ ထိရောက်စွာအရေးယူသွားရန် လိုအပ်ကြောင်းလည်း အဆိုပါအစည်းအဝေးတွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေး ဝန်ကြီး ဌာနကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့်တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေး နှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ညှိနှိုင်းပေါင်းစပ်၍ လက်ရှိရရှိထားသော တိုးတက်မှုများကို အခြေခံကာ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင်လည်းကောင်း၊ အပိုင်း(၂)ကို မြို့နယ်ပေါင်း ၁၀၀ ဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း အပိုင်းလိုက်ကျင်းပပေးမည်ဖြစ်ပြီး လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှအမည်စာရင်းတင်သွင်းထားရှိသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကာလ ရက်ပေါင်း ၆၀ သတ်မှတ်ကြေညာထားသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒအရ လူဦးေရ(၉၀) နီးပါးကို အေရးယူထား
Pearl (NP News) - ႏိုဝင္ဘာ ၁
ေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒအရ လူဦးေရ(၉၀) နီးပါးကို အေရးယူထားေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ေအာက္တိုဘာ ၃၁ ရက္) က ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာ ႀကီးၾကပ္မႈဗဟိုေကာ္မတီအစည္းအေဝးကို က်င္းပခဲ့ေၾကာင္း သိရသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီအေနျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ားပ်က္ျပားေစရန္ နည္းအမ်ိဳးမ်ိဳးျဖင့္က်ဴးလြန္သူ မ်ားအားေဖာ္ထုတ္ အေရးယူျခင္းမ်ားေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာ ၂၉ ရက္အထိ ျပည္ေထာင္စုနယ္ေျမႏွင့္ တိုင္းေဒသႀကီး /ျပည္နယ္အသီးသီး၌ “ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒ” အရ အေရးယူေဆာင္႐ြက္မႈ ၄၀ တြင္ အမ်ိဳးသား ၈၃ ဦး၊ အမ်ိဳးသမီး ၅ ဦး စုစုေပါင္း ၈၈ ဦး ရွိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
ဆက္လက္၍လည္း ေ႐ြးေကာက္ပြဲလုံၿခဳံေရးကိုထိခိုက္ေစႏိုင္ေသာလႈံ႕ေဆာ္မႈမ်ား၊ ဝါဒျဖန႔္မႈမ်ားက်ဴးလြန္ေနသူ မ်ား ကိုစုံစမ္းေဖာ္ထုတ္၍ ထိေရာက္စြာအေရးယူသြားရန္ လိုအပ္ေၾကာင္းလည္း အဆိုပါအစည္းအေဝးတြင္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလလုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီဥကၠ႒ ျပည္ထဲေရးဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္က ေျပာသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲဆိုင္ရာကာလမ်ားအလိုက္ လုံၿခဳံေရးက်ိဳးေပါက္မႈမရွိေစေရး၊ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး ႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးအတြက္ မႈခင္းက်ဆင္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားကို ျပည္ထဲေရး ဝန္ႀကီး ဌာနကြပ္ကဲမႈေအာက္ရွိတပ္ဖြဲ႕၊ ဦးစီးဌာနမ်ားအေနျဖင့္တပ္မေတာ္၊ ျပည္သူ႔စစ္အဖြဲ႕မ်ား၊ ျပည္သူ႔လုံၿခဳံေရး ႏွင့္အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕မ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ညႇိႏႈိင္းေပါင္းစပ္၍ လက္ရွိရရွိထားေသာ တိုးတက္မႈမ်ားကို အေျခခံကာ အရွိန္အဟုန္ ျမႇင့္တင္ေဆာင္႐ြက္သြားၾကရန္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲအပိုင္း(၁)ကို ၿမိဳ႕နယ္ ၁၀၂ ၿမိဳ႕နယ္ျဖင့္ ဒီဇင္ဘာ ၂၈ ရက္တြင္လည္းေကာင္း၊ အပိုင္း(၂)ကို ၿမိဳ႕နယ္ေပါင္း ၁၀၀ ျဖင့္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီ ၁၁ ရက္တြင္လည္းေကာင္း အပိုင္းလိုက္က်င္းပေပးမည္ျဖစ္ၿပီး လႊတ္ေတာ္အသီးသီးအတြက္ မဲဆႏၵနယ္မ်ားအလိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ႏိုင္ငံေရးပါတီမ်ားမွအမည္စာရင္းတင္သြင္းထားရွိသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္းမ်ား၏ မဲဆြယ္စည္း႐ုံးခြင့္ကာလ ရက္ေပါင္း ၆၀ သတ္မွတ္ေၾကညာထားသည္။

Picture

Tha Lwin

01/11/2025 16:05

👍👍👍

Related news

© 2021. All rights reserved.