မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်ကို သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

429

စော (NP News) - နိုဝင်ဘာ ၁
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မီးထွန်းပွဲတော်၊ မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲတော်၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော်များ နှင့်အတူ တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲ၊ ဈေးရောင်း ပွဲတော်တို့ဖြင့် နိုဝင်ဘာ (၂) ရက်မှ (၄) ရက်အထိ သုံး ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်၏အချက်အလက်များအရ သိရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်တွင် ဝတ်ရွတ်အသင်းများ ရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီး (၉၀ဝဝ)ထွန်းညှိကပ်လှူပူဇော်ပွဲနှင့် LED မီးများဖြင့် အလှဆင်ပူဇော်မှုများအပြင် မသိုးရွှေကြာ သင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲ၊ ညမီးကြီးနှင့် စိန်နား ပန်မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ပြိုင်ပွဲများဖြင့် စီစဉ်ကျင်းပမည်ဖြစ်ပြီး မီးပုံးပျံ လွှတ်တင် ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကိုလည်း ထည့်သွင်းကျင်းပ လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ညပိုင်း ဈေးရောင်းပွဲတော်တွင် MSME ထုတ်ကုန်ဈေးဆိုင်ခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာများ၊ ဒေသထွက်ကုန်များနှင့် ဈေးဆိုင်ခန်းမျိုးစုံ စုစုပေါင်း (၃၀ဝ)ကျော်တို့ဖြင့် ဖွင့်လှစ် ရောင်းချကြမည်ဖြစ်ပြီး ရဟတ်၊ ပင်လယ်ဓားပြလှေ၊ ပျော့အိ၊ ကလေးစီးကားနှင့် ရထားဝိုင်း၊ ကလေးစီး လှုပ်စိနှင့် ကလေးစီးဒုံးစသည့်ကစားနည်းများ လည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ တန်ဆောင်တိုင်ပွဲတော်တွင် နိုင်ငံ ကျော်တေးသံရှင်များဖြစ်ကြသည့် အိုင်းရင်းဇင်မာမြင့်၊ နေမင်းအိမ်၊ မိစန္ဒီ၊ ဝိုင်းလေး၊ ဖော်ဝေး၊ စန္ဒီမြင့်လွင်၊ ရဲသွင်၊ ထက်ယံ၊ ကိုင်ဇာ၊ ရတနာမိုင်၊ ဂျိုးလေး၊ ရော်ရွက်၊ နန်းခင်ဇေယျာ၊ ဆောင်းယွန်းစံ၊ သံသာ မိုးသိမ့်၊ ဝင့်ယမုံနိုင်၊ စည်သူဝင်း ၊ ဆုထက်လှိုင်၊ ဟန်ထူးဈာန်၊ ဈာန်ဈာန်ဟန်သာ၊ မိုးပြည့် ပြည့်မောင်၊ ချယ်ရီသင်း၊ ရွှေထူး၊ ဟဲလေး၊ ဖြိုးကြီး၊ လွှမ်းပိုင်၊ နန်းစု ရတီစိုးတို့ ပါဝင်တီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဂျီလတ်၊ ဝေကြီး၊ Young P ၊ ဆုပန်ထွာ၊ ထက်အဉ္ဇလီ၊ စိန်ဝင်းထွန်း၊ ဝေလ၊ နီနီခင်ဇော်၊ ကျော်ထက် အောင်၊ ဝိုင်းစုခိုင်သိန်း၊ ယွန်းမြတ်သူ၊ ဝန၊ J Fire ၊ Ice Cold ၊ M Three ၊ မိုးအာကာဝင်း၊ ဇွန်ထက်၊ ခိုင်မြဲသစ္စာ၊ A Yoon ၊ အေးငြိမ်းစံ၊ ပိုးဖြူဖြူ၊ Tommy Kyaw ၊ ကော်နီတို့လည်း ပါဝင်ကာ Hi Bird Music Band နှင့် Runner Music Band တို့ကတီးခတ် ပေးသွားမည့်အပြင် နိုင်ငံကျော် မြို့ရွှေမန်းသားဖိုးချစ် ဇာတ်သဘင်၏ ညစဉ်ကပြတင် ဆက်မှုလည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။ “နေပြည်တော် တန်ဆောင်တိုင်လည်း အဆိုတော်တွေအများကြီးပဲ”ဟု အဆိုပါပွဲတော်နှင့် ပတ်သက်၍ မှတ်ချက်ပြုသူများ လည်းရှိနေကြောင်း သိရသည်။
ယခင်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ဆီမီး (၉၀ဝဝ)ထွန်းညှိကပ်လှူပူ ဇော်ပွဲနှင့် LED မီးများဖြင့် အလှဆင် ပူဇော်မှုများအပြင် ညပိုင်းဈေးရောင်းပွဲတော်များသာ ကျင်းပခဲ့ရာ ယခုနှစ်တွင် နိုင်ငံကျော်တေးသံရှင် များ၏ ဂီတတီဆိုဖျော်ဖြေပွဲများလည်း ပါဝင်လာခဲ့ခြင်း ဖြစ်သည်။
===================
Zawgyi Version
ေစာ (NP News) - ႏိုဝင္ဘာ ၁
ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္အတြင္း တည္ထားပူေဇာ္ထားေသာ မာရဝိဇယဗုဒၶ႐ုပ္ပြား ေတာ္ျမတ္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္တြင္ မီးထြန္းပြဲေတာ္၊ မီးပုံးပ်ံ လႊတ္တင္ပူေဇာ္ပြဲေတာ္၊ မသိုးသကၤန္း ရက္လုပ္ပူေဇာ္ပြဲေတာ္မ်ား ႏွင့္အတူ ေတးဂီတႏွင့္ ဇာတ္သဘင္ေဖ်ာ္ေျဖပြဲ၊ ေဈးေရာင္း ပြဲေတာ္တို႔ျဖင့္ ႏိုဝင္ဘာ (၂) ရက္မွ (၄) ရက္အထိ သုံး ရက္တိုင္တိုင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္ မရွင္၏အခ်က္အလက္မ်ားအရ သိရသည္။
မာရဝိဇယ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ရင္ျပင္ေတာ္တြင္ ဝတ္႐ြတ္အသင္းမ်ား ႐ြတ္ဖတ္ပူေဇာ္ပြဲ၊ ဆီမီး (၉၀ဝဝ)ထြန္းညႇိကပ္လႉပူေဇာ္ပြဲႏွင့္ LED မီးမ်ားျဖင့္ အလွဆင္ပူေဇာ္မႈမ်ားအျပင္ မသိုးေ႐ႊၾကာ သကၤန္းရက္လုပ္ ပူေဇာ္ၿပိဳင္ပြဲ၊ ညမီးႀကီးႏွင့္ စိန္နား ပန္မီးပုံးပ်ံႀကီးမ်ား လႊတ္တင္ပူေဇာ္ၿပိဳင္ပြဲမ်ားျဖင့္ စီစဥ္က်င္းပမည္ျဖစ္ၿပီး မီးပုံးပ်ံ လႊတ္တင္ ပူေဇာ္ၿပိဳင္ပြဲႏွင့္ မသိုးေ႐ႊၾကာ သကၤန္းရက္လုပ္ၿပိဳင္ပြဲမ်ားအတြက္ ဆုခ်ီးျမႇင့္ပြဲကိုလည္း ထည့္သြင္းက်င္းပ လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ညပိုင္း ေဈးေရာင္းပြဲေတာ္တြင္ MSME ထုတ္ကုန္ေဈးဆိုင္ခန္းမ်ား၊ တိုင္းရင္းသား ႐ိုးရာအစားအစာမ်ား၊ ေဒသထြက္ကုန္မ်ားႏွင့္ ေဈးဆိုင္ခန္းမ်ိဳးစုံ စုစုေပါင္း (၃၀ဝ)ေက်ာ္တို႔ျဖင့္ ဖြင့္လွစ္ ေရာင္းခ်ၾကမည္ျဖစ္ၿပီး ရဟတ္၊ ပင္လယ္ဓားျပေလွ၊ ေပ်ာ့အိ၊ ကေလးစီးကားႏွင့္ ရထားဝိုင္း၊ ကေလးစီး လႈပ္စိႏွင့္ ကေလးစီးဒုံးစသည့္ကစားနည္းမ်ား လည္း ပါဝင္ေၾကာင္း သိရသည္။
အဆိုပါ တန္ေဆာင္တိုင္ပြဲေတာ္တြင္ ႏိုင္ငံ ေက်ာ္ေတးသံရွင္မ်ားျဖစ္ၾကသည့္ အိုင္းရင္းဇင္မာျမင့္၊ ေနမင္းအိမ္၊ မိစႏၵီ၊ ဝိုင္းေလး၊ ေဖာ္ေဝး၊ စႏၵီျမင့္လြင္၊ ရဲသြင္၊ ထက္ယံ၊ ကိုင္ဇာ၊ ရတနာမိုင္၊ ဂ်ိဳးေလး၊ ေရာ္႐ြက္၊ နန္းခင္ေဇယ်ာ၊ ေဆာင္းယြန္းစံ၊ သံသာ မိုးသိမ့္၊ ဝင့္ယမုံႏိုင္၊ စည္သူဝင္း ၊ ဆုထက္လႈိင္၊ ဟန္ထူးဈာန္၊ ဈာန္ဈာန္ဟန္သာ၊ မိုးျပည့္ ျပည့္ေမာင္၊ ခ်ယ္ရီသင္း၊ ေ႐ႊထူး၊ ဟဲေလး၊ ၿဖိဳးႀကီး၊ လႊမ္းပိုင္၊ နန္းစု ရတီစိုးတို႔ ပါဝင္တီဆိုေဖ်ာ္ေျဖသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ဂ်ီလတ္၊ ေဝႀကီး၊ Young P ၊ ဆုပန္ထြာ၊ ထက္အၪၨလီ၊ စိန္ဝင္းထြန္း၊ ေဝလ၊ နီနီခင္ေဇာ္၊ ေက်ာ္ထက္ ေအာင္၊ ဝိုင္းစုခိုင္သိန္း၊ ယြန္းျမတ္သူ၊ ဝန၊ J Fire ၊ Ice Cold ၊ M Three ၊ မိုးအာကာဝင္း၊ ဇြန္ထက္၊ ခိုင္ၿမဲသစၥာ၊ A Yoon ၊ ေအးၿငိမ္းစံ၊ ပိုးျဖဴျဖဴ၊ Tommy Kyaw ၊ ေကာ္နီတို႔လည္း ပါဝင္ကာ Hi Bird Music Band ႏွင့္ Runner Music Band တို႔ကတီးခတ္ ေပးသြားမည့္အျပင္ ႏိုင္ငံေက်ာ္ ၿမိဳ႕ေ႐ႊမန္းသားဖိုးခ်စ္ ဇာတ္သဘင္၏ ညစဥ္ကျပတင္ ဆက္မႈလည္း ပါဝင္ မည္ျဖစ္ေၾကာင္း သိရသည္။ “ေနျပည္ေတာ္ တန္ေဆာင္တိုင္လည္း အဆိုေတာ္ေတြအမ်ားႀကီးပဲ”ဟု အဆိုပါပြဲေတာ္ႏွင့္ ပတ္သက္၍ မွတ္ခ်က္ျပဳသူမ်ား လည္းရွိေနေၾကာင္း သိရသည္။
ယခင္က မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ ႀကီးတန္ေဆာင္တိုင္ပြဲေတာ္တြင္ ဆီမီး (၉၀ဝဝ)ထြန္းညႇိကပ္လႉပူ ေဇာ္ပြဲႏွင့္ LED မီးမ်ားျဖင့္ အလွဆင္ ပူေဇာ္မႈမ်ားအျပင္ ညပိုင္းေဈးေရာင္းပြဲေတာ္မ်ားသာ က်င္းပခဲ့ရာ ယခုႏွစ္တြင္ ႏိုင္ငံေက်ာ္ေတးသံရွင္ မ်ား၏ ဂီတတီဆိုေဖ်ာ္ေျဖပြဲမ်ားလည္း ပါဝင္လာခဲ့ျခင္း ျဖစ္သည္။