ရွေးကောက်ပွဲ အပိုင်း(၃)ကို မကြာမီကြေညာမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်တွင်သာ မဲပေးကြ ရမည်ဟုဆို

303

သန့်ဇင် (NP news)- နိုဝင်ဘာ ၁
ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်သည့် မြို့နယ်များစာရင်းကို ကော်မရှင်မှ ဆက်လက်ကြေညာပေးမည် ဖြစ်ပါသဖြင့် မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာမြို့နယ်တွင်သာ သက်ဆိုင်ရာလွှတ်တော် အလိုက် မဲပေးကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က အောက်တိုဘာ (၃၀)ရက်တွင် မီဒီယာ များ၏မေးမြန်းမှု အပေါ် အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ် (၁၀၂) မြို့နယ်ကို ယခုနှစ် ဩဂုတ်လ (၂၀) ရက်ကလည်းကောင်း၊ (၂၀၂၆) ခုနှစ် ဇန်နဝါရီလ (၁၁) ရက်တွင်ကျင်းပမည့် အပိုင်း (၂) တွင် ပါဝင်သည့် မြို့နယ်(၁၀ဝ) မြို့နယ်ကို အောက်တိုဘာ (၂၈) ရက်ကလည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်းနှင့် အပိုင်း (၃) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်မည့် မြို့နယ်များစာရင်းကို့နဃ က ဆက် လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲအားလုံး ကျင်းပပြီးစီးပါက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအား ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကာ မဲဆန္ဒရှင် များအနေဖြင့် သက်ဆိုင်ရာမြို့နယ်တွင်သာ သက်ဆိုင်ရာ လွှတ်တော်အလိုက် မဲပေးကြရမည်ဖြစ်ကြောင်း UEC က ပြောကြားခဲ့သည်။
ယခုကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်အရပ်ရပ်တွင် ပြိုင်ဘက်မရှိဘဲ တစ်ဦးတည်းဝင်ရောက်အရွေးခံရသည့် မဲဆန္ဒနယ် (၃၀) နေရာထက်မနည်းရှိနေကြောင်း UEC ၏ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် မဲဆန္ဒနယ်အသီးသီး၌ အမည်စာရင်းတင်သွင်းသည့် ကိုယ်စားလှယ် လောင်း (၅၀၂၃) ဦးရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်မှုမရှိသည့်အတွက် ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း (၈၆) ဦးရှိကြောင်း သိရသည်။
==============
Zawgyi Version:
သန႔္ဇင္ (NP news)- ႏိုဝင္ဘာ ၁
ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း(၃)တြင္ ပါဝင္သည့္ ၿမိဳ႕နယ္မ်ားစာရင္းကို ေကာ္မရွင္မွ ဆက္လက္ေၾကညာေပးမည္ ျဖစ္ပါသျဖင့္ မဲဆႏၵရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္တြင္သာ သက္ဆိုင္ရာလႊတ္ေတာ္ အလိုက္ မဲေပးၾကရမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) ၏ ေျပာၾကားခ်က္အရ သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က ေအာက္တိုဘာ (၃၀)ရက္တြင္ မီဒီယာ မ်ား၏ေမးျမန္းမႈ အေပၚ အထက္ပါကဲ့သို႔ ျပန္လည္ ေျဖၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ယခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္တြင္ စတင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ အပိုင္း(၁)တြင္ ပါဝင္သည့္ ၿမိဳ႕နယ္ (၁၀၂) ၿမိဳ႕နယ္ကို ယခုႏွစ္ ဩဂုတ္လ (၂၀) ရက္ကလည္းေကာင္း၊ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ (၁၁) ရက္တြင္က်င္းပမည့္ အပိုင္း (၂) တြင္ ပါဝင္သည့္ ၿမိဳ႕နယ္(၁၀ဝ) ၿမိဳ႕နယ္ကို ေအာက္တိုဘာ (၂၈) ရက္ကလည္းေကာင္း ထုတ္ျပန္ေၾကညာခဲ့ၿပီး ျဖစ္ေၾကာင္းႏွင့္ အပိုင္း (၃) က်င္းပမည့္ေန႔ရက္ႏွင့္ ပါဝင္မည့္ ၿမိဳ႕နယ္မ်ားစာရင္းကို႔နဃ က ဆက္ လက္ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အပိုင္းလိုက္က်င္းပမည့္ ေ႐ြးေကာက္ပြဲအားလုံး က်င္းပၿပီးစီးပါက သက္ဆိုင္ရာ မဲဆႏၵနယ္အလိုက္ ေ႐ြးေကာက္တင္ေျမႇာက္ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ထုတ္ျပန္ေၾကညာေပးသြားမည္ျဖစ္ကာ မဲဆႏၵရွင္ မ်ားအေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္တြင္သာ သက္ဆိုင္ရာ လႊတ္ေတာ္အလိုက္ မဲေပးၾကရမည္ျဖစ္ေၾကာင္း UEC က ေျပာၾကားခဲ့သည္။
ယခုက်င္းပမည့္ ပါတီစုံအေထြေထြ ေ႐ြးေကာက္ပြဲတြင္ လႊတ္ေတာ္အရပ္ရပ္တြင္ ၿပိဳင္ဘက္မရွိဘဲ တစ္ဦးတည္းဝင္ေရာက္အေ႐ြးခံရသည့္ မဲဆႏၵနယ္ (၃၀) ေနရာထက္မနည္းရွိေနေၾကာင္း UEC ၏ ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ မဲဆႏၵနယ္အသီးသီး၌ အမည္စာရင္းတင္သြင္းသည့္ ကိုယ္စားလွယ္ ေလာင္း (၅၀၂၃) ဦးရွိၿပီး ဖြဲ႕စည္းပုံအေျခခံ ဥပေဒ၊ သက္ဆိုင္ရာ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ားနဲ႔ ညီၫြတ္မႈမရွိသည့္အတြက္ ပယ္ဖ်က္ခဲ့သည့္ ကိုယ္စားလွယ္ေလာင္း (၈၆) ဦးရွိေၾကာင္း သိရသည္။