မိမိကိုကြောက်သည့်အတွက် ထိုးနှက်တိုက်ခိုက်နေကြကြောင်း ဒေါက်တာသက်သက်ခိုင် ပြော

 1166

သက်ပိုင်(NP News) - နိုဝင်ဘာ ၁
မိမိကိုကြောက်သည့်အတွက် ထိုးနှက်တိုက်ခိုက်နေကြကြောင်း ဟု ပြည်သူရှေ့ဆောင်ပါတီ ဥက္ကဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။
နိုဝင်ဘာလ (၁) ရက်က ရန်ကုန်မြို့ ၊ Sky Star ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ သည့် အပေါ် ဒေါက်တာ သက်သက်ခိုင် က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ သက်သက်ခိုင် အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်း တွင် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ဖျက်ခံရပြီး နောက် လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံ အသနာခံစာ (၂) ကြိမ် တင်ပြထားကြောင်း သိရသည်။
ယင်းနှင့် ပတ်သက်၍ ဒေါက်တာ သက်သက်ခိုင် ကို တိုက်ခိုက်နေကြသည်ဟု မီဒီယာ တစ်ခုက မေးမြန်းခဲ့သည့် ပေါ် ၎င်းက “အဲဒါ ကျွန်မကို ကြောက်လို့ဖြစ်မှာပေါ့ရှင်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ ပယ်ဖျက်ခံရသော ဘဏ်ချေးငွေ ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်သူ ရှိ၍ စိစစ် ပယ်ဖျက်ခံရခြင်း ဖြစ်ကြောင်းလည်း ၄င်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ကျွန်မတို့ဘဏ်ကို အတိုးတွေသွင်းနေပါတယ်။ သို့သော်လည်း အတိုးသွင်းတာ နောက်ကျတာရှိတယ်။ အတိုးသွင်းတာ တစ်ခါတစ်လေကျရင် မပြည့်မီတာရှိတယ်။အခု ကျွန်မရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အချိန်မှာ ကျွန်မထင်တာတော့ ကန့်ကွက်တဲ့သူရှိလို့ပေါ့နော်။ကန့်ကွက်တဲ့သူရှိလို့ စီစစ်လိုက်တဲ့ အချိန်မှာ ကမ္ဘောဇဘဏ်ကိုပေးရန်ရှိစာရင်း ပေါ်နေတာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မကို နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော်သော ပေးရန်ကင်းရှင်းသူဖြစ်ရမည်ဆိုတဲ့ အချက်နဲ့ငြိနေတာ ဖြစ်ပါတယ် ” ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ တိုက်ခိုက်နိုင်ခြေများကို သိထားပြီးဖြစ်ကြောင်းနှင့် ဘဏ်ချေးငွေများကိုလည်း ဖြေးဖြေးနှင့်မှန်မှန်ဆပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံရေးဆိုတာ အတိုက်အခိုက်များတယ်။ဒါကိုကျွန်မသိပြီးသားဖြစ်တယ်။ လူတိုင်းလည်း သိကြပါတယ်။စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေမှာ ဒီလိုပဲပျော့ကွက်တွေဆိုတာ ရှိတတ်တယ်။ ဒါကိုအနင်းခံနိုင်ရနိုင်တယ်ဆိုတာကိုတော့ သိထားပါတယ်။ ဒါပေမယ့် ဘဏ်ချေးငွေကတော့ နေ့ချင်းညချင်းဖြေရှင်းလို့ ရတဲ့ကိစ္စမဟုတ်ဘူး။အတိုးပေးသွားမယ်။ ဖြေးဖြေးနဲ့မှန်မှန်ပေးသွားမယ်။ တစ်ချိန်စီမံကိန်းကြီးပြီးသွားရင် ရှစ်နှစ်တန်သည်၊ဆယ်နှစ်တန်သည် ဆပ်တဲ့အချိန်မှာ အဆင်ပြေသွားမယ်လို့ တွေးထားပါတယ်” ဟု ၎င်းကဆိုသည်။
===================
Zawgyi Version:

သက္ပိုင္(NP News) - ႏိုဝင္ဘာ ၁
မိမိကိုေၾကာက္သည့္အတြက္ ထိုးႏွက္တိုက္ခိုက္ေနၾကေၾကာင္း ဟု ျပည္သူေရွ႕ေဆာင္ပါတီ ဥကၠဌ ေဒါက္တာသက္သက္ခိုင္က ေျပာသည္။
ႏိုဝင္ဘာလ (၁) ရက္က ရန္ကုန္ၿမိဳ႕ ၊ Sky Star ဟိုတယ္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေမးျမန္းခဲ့ သည့္ အေပၚ ေဒါက္တာ သက္သက္ခိုင္ က အထက္ပါ အတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ေဒါက္တာ သက္သက္ခိုင္ အေနျဖင့္ ၿပီးခဲ့သည့္ ရက္ပိုင္း တြင္ ကိုယ္စားလွယ္ေလာင္း အျဖစ္မွ ပယ္ဖ်က္ခံရၿပီး ေနာက္ လက္ရွိတြင္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ထံ အသနာခံစာ (၂) ႀကိမ္ တင္ျပထားေၾကာင္း သိရသည္။
ယင္းႏွင့္ ပတ္သက္၍ ေဒါက္တာ သက္သက္ခိုင္ ကို တိုက္ခိုက္ေနၾကသည္ဟု မီဒီယာ တစ္ခုက ေမးျမန္းခဲ့သည့္ ေပၚ ၎က “အဲဒါ ကြၽန္မကို ေၾကာက္လို႔ျဖစ္မွာေပါ့ရွင္” ဟု ျပန္လည္ ေျဖၾကားခဲ့သည္။
ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမွ ပယ္ဖ်က္ခံရေသာ ဘဏ္ေခ်းေငြ ကိစၥႏွင့္ ပတ္သက္၍ ကန႔္ကြက္သူ ရွိ၍ စိစစ္ ပယ္ဖ်က္ခံရျခင္း ျဖစ္ေၾကာင္းလည္း ၄င္းက သတင္းစာ ရွင္းလင္းပြဲတြင္ ေျပာသည္။
“ကြၽန္မတို႔ဘဏ္ကို အတိုးေတြသြင္းေနပါတယ္။ သို႔ေသာ္လည္း အတိုးသြင္းတာ ေနာက္က်တာရွိတယ္။ အတိုးသြင္းတာ တစ္ခါတစ္ေလက်ရင္ မျပည့္မီတာရွိတယ္။အခု ကြၽန္မေ႐ြးေကာက္ပြဲဝင္မယ္ဆိုတဲ့ အခ်ိန္မွာ ကြၽန္မထင္တာေတာ့ ကန႔္ကြက္တဲ့သူရွိလို႔ေပါ့ေနာ္။ကန႔္ကြက္တဲ့သူရွိလို႔ စီစစ္လိုက္တဲ့ အခ်ိန္မွာ ကေမာၻဇဘဏ္ကိုေပးရန္ရွိစာရင္း ေပၚေနတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ကြၽန္မကို ႏိုင္ငံေတာ္ႏွင့္ ပုဂၢလိကသို႔ မသင့္ေလ်ာ္ေသာ ေပးရန္ကင္းရွင္းသူျဖစ္ရမည္ဆိုတဲ့ အခ်က္နဲ႔ၿငိေနတာ ျဖစ္ပါတယ္ ” ဟု ၎ကဆိုသည္။
ယခုကဲ့သို႔ တိုက္ခိုက္ႏိုင္ေျခမ်ားကို သိထားၿပီးျဖစ္ေၾကာင္းႏွင့္ ဘဏ္ေခ်းေငြမ်ားကိုလည္း ေျဖးေျဖးႏွင့္မွန္မွန္ဆပ္သြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ႏိုင္ငံေရးဆိုတာ အတိုက္အခိုက္မ်ားတယ္။ဒါကိုကြၽန္မသိၿပီးသားျဖစ္တယ္။ လူတိုင္းလည္း သိၾကပါတယ္။စီးပြားေရးလုပ္ငန္းလုပ္ေနတဲ့သူေတြမွာ ဒီလိုပဲေပ်ာ့ကြက္ေတြဆိုတာ ရွိတတ္တယ္။ ဒါကိုအနင္းခံႏိုင္ရႏိုင္တယ္ဆိုတာကိုေတာ့ သိထားပါတယ္။ ဒါေပမယ့္ ဘဏ္ေခ်းေငြကေတာ့ ေန႔ခ်င္းညခ်င္းေျဖရွင္းလို႔ ရတဲ့ကိစၥမဟုတ္ဘူး။အတိုးေပးသြားမယ္။ ေျဖးေျဖးနဲ႔မွန္မွန္ေပးသြားမယ္။ တစ္ခ်ိန္စီမံကိန္းႀကီးၿပီးသြားရင္ ရွစ္ႏွစ္တန္သည္၊ဆယ္ႏွစ္တန္သည္ ဆပ္တဲ့အခ်ိန္မွာ အဆင္ေျပသြားမယ္လို႔ ေတြးထားပါတယ္” ဟု ၎ကဆိုသည္။

Picture

Aung Aung

01/11/2025 18:19

ခွက်ပြောင် ရှက်ပြောင် 😆

Related news

© 2021. All rights reserved.