မန္တလေးမှ မုံရွာသို့ရွှေသွားပို့သော ဝိန့်စိန်ရွှေဆိုင်မှ ကားတစ်စီးမှာ လမ်းခုလတ်တွင် ပျောက်ဆုံးနေပြီး ယခုတိုင် သတင်းမရသေး

 1194

Pearl (NP News) - နိုဝင်ဘာ ၁

မန္တလေးမြို့မှ မုံရွာမြို့သို့ ရွှေသွားပို့သော ဝိန့်စိန်ရွှေဆိုင်မှ ကားတစ်စီးမှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်က လမ်းခုလတ်၌ ပျောက်ဆုံးနေခဲ့ရာ သတင်းမရသောကြောင့် ရှာဖွေနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ (၂၉)ရက်၊ မနက် (၈) နာရီ ၊ (၂၀) မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီးမှ ထွက်ခွာလာသည့် ဝန်ထမ်းအမျိုးသား(၂)ဦး၊ အမျိုးသမီး (၁)ဦးပါဝင်သော ဝိန့်စိန်ရွှေဆိုင်မှ ရွှေပို့သော ကားတစ်စီးသည် စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေတောင်တိုးဂိတ်ကို ဖြတ်သန်းသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်က ဟုတ်တယ်။ အောက်တိုဘာ (၂၉)ရက် မနက် (၈)နာရီ (၂၀)မိနစ်လောက်က မန္တလေးက ထွက်လာတယ်။ စစ်ကိုင်း ၊ ရွှေတောင် တိုးဂိတ်ကို (၉)နာရီ (၃၂)မိနစ်မှာဖြတ်သွားတယ်။ အဲဒါ CCTV မှတ်တမ်းရတာပေါ့နော်။ အဲဒီနောက်ပိုင်းပျောက်သွားတယ်။ ပထက ဖုန်းဆက်သေးတယ်။ ဖုန်းကိုင်တယ်။ နောက် ဖုန်းပါမကိုင်တော့ဘူးလို့သိရတယ်။ သူတို့က ဘယ်နားက တားခေါ်သွားလဲ မသိဘူး။ လူက (၃)ယောက်ပါသွားတယ်။ အမျိုးသား(၂)ယောက်၊ အမျိုးသမီး (၁)ဦးပါသွားတယ်။ ရွှေချိန်ဘယ်လောက်ပါသွားလဲ မသိဘူး” ဟု စစ်ကိုင်းတိုင်းဒေကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းရှာဖွေမှုများ ဆောင်ရွက်နေကြောင်းလည်း သိရသည်။

Zawgyi Version:
မႏၲေလးမွ မုံ႐ြာသို႔ေ႐ႊသြားပို႔ေသာ ဝိန္႔စိန္ေ႐ႊဆိုင္မွ ကားတစ္စီးမွာ လမ္းခုလတ္တြင္ ေပ်ာက္ဆုံးေနၿပီး ယခုတိုင္ သတင္းမရေသး
Pearl (NP News) - ႏိုဝင္ဘာ ၁
မႏၲေလးၿမိဳ႕မွ မုံ႐ြာၿမိဳ႕သို႔ ေ႐ႊသြားပို႔ေသာ ဝိန္႔စိန္ေ႐ႊဆိုင္မွ ကားတစ္စီးမွာ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၉ ရက္က လမ္းခုလတ္၌ ေပ်ာက္ဆုံးေနခဲ့ရာ သတင္းမရေသာေၾကာင့္ ရွာေဖြေနေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ (၂၉)ရက္၊ မနက္ (၈) နာရီ ၊ (၂၀) မိနစ္ခန႔္က မႏၲေလးတိုင္းေဒသႀကီးမွ ထြက္ခြာလာသည့္ ဝန္ထမ္းအမ်ိဳးသား(၂)ဦး၊ အမ်ိဳးသမီး (၁)ဦးပါဝင္ေသာ ဝိန္႔စိန္ေ႐ႊဆိုင္မွ ေ႐ႊပို႔ေသာ ကားတစ္စီးသည္ စစ္ကိုင္းတိုင္းေဒသႀကီး ၊ ေ႐ႊေတာင္တိုးဂိတ္ကို ျဖတ္သန္းသြားၿပီးေနာက္ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့ေၾကာင္း သိရသည္။
“ျဖစ္စဥ္က ဟုတ္တယ္။ ေအာက္တိုဘာ (၂၉)ရက္ မနက္ (၈)နာရီ (၂၀)မိနစ္ေလာက္က မႏၲေလးက ထြက္လာတယ္။ စစ္ကိုင္း ၊ ေ႐ႊေတာင္ တိုးဂိတ္ကို (၉)နာရီ (၃၂)မိနစ္မွာျဖတ္သြားတယ္။ အဲဒါ CCTV မွတ္တမ္းရတာေပါ့ေနာ္။ အဲဒီေနာက္ပိုင္းေပ်ာက္သြားတယ္။ ပထက ဖုန္းဆက္ေသးတယ္။ ဖုန္းကိုင္တယ္။ ေနာက္ ဖုန္းပါမကိုင္ေတာ့ဘူးလို႔သိရတယ္။ သူတို႔က ဘယ္နားက တားေခၚသြားလဲ မသိဘူး။ လူက (၃)ေယာက္ပါသြားတယ္။ အမ်ိဳးသား(၂)ေယာက္၊ အမ်ိဳးသမီး (၁)ဦးပါသြားတယ္။ ေ႐ႊခ်ိန္ဘယ္ေလာက္ပါသြားလဲ မသိဘူး” ဟု စစ္ကိုင္းတိုင္းေဒႀကီးအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕အပါအဝင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းရွာေဖြမႈမ်ား ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.