တရုတ်နိုင်ငံ၏ တစ်နိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်သော မူဝါဒကို လက်မခံနိုင်ကြောင်း တရုတ်(တိုင်ပေ)သမ္မတပြော

265

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂
တရုတ်(တိုင်ပေ) အနေဖြင့် တရုတ်နိုင်ငံ၏တစ်နိုင်ငံတည်း စနစ်နှစ်မျိုးဆိုသော မူဝါဒကို လက်ခံမည်မဟုတ် ကြောင်း၊ တရုတ်နိုင်ငံက တရုတ်တိုင်ပေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန်ကမ်းလှမ်းထားကြောင်း တရုတ်တိုင်ပေသမ္မတ လိုင်ချန် တေးကထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်အစိုးရက တရုတ်တိုင်ပေကို အင်အားသုံး တိုက်ခိုက်မည်ဆိုသောအချက်ကို ငြင်းဆန်ပယ်ချခဲ့ ခြင်းမရှိ ကြောင်း ပြောဆိုခဲ့ဖူးရာ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။ တရုတ်အစိုးရ သည် ဟောင်ကောင်နှင့် မကာအိုတို့ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားရာ တရုတ်(တိုင်ပေ)ကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးပြီး ၎င်း၏ လက်အောက်ခံအဖြစ် သိမ်းသွင်းအုပ်ချုပ်ရန် ကြိုးပမ်းနေကြောင်းသိရသည်။ တရုတ်(တိုင်ပေ) သမ္မတက ၎င်းတို့အနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေး အတွက် တောင့်တင်းခိုင်မာမှုရှိရမည်ဖြစ်ကြောင်း ဟူကိုယူဒေသရှိ တရုတ်တိုင်ပေစစ်သားများကို မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ တရုတ်(တိုင်ပေ)သမ္မတက ‘တစ်နိုင်ငံ စနစ်နှစ်မျိုး ဆိုတဲ့အယူဆကို လုံးဝလက်မခံဘူး၊ တရုတ်နဲ့ တရုတ်(တိုင်ပေ)မှာ တစ်ဦးနဲ့တစ်ဦး လက်အောက်ခံ လုပ်တာမျိုးကို လက်မခံနိုင်ဘူး၊ တရုတ်တိုင်ပေရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်တာမျိုး၊ ကျူးကျော် တာမျိုးကို လက်မခံနိုင်ဘူး၊ တရုတ်(တိုင်ပေ) ပြည်သူတွေကသာ တရုတ်တိုင်ပေရဲ့ အနာဂတ်ကို ဆုံးဖြတ်ရမယ်။ တရုတ် (တိုင်ပေ)ပြည်သူများက ၎င်းတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့အပြင် ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ဘဝနေထိုင်မှု ပုံစံကို ထိန်းသိမ်းစောင့်ရှောက်ခြင်းကိုလည်း ရန်စမှုအဖြစ် မရှုမြင်သင့်ပါဘူး၊ နိုင်ငံတော်ကာကွယ်ရေးအ တွက် ရင်းနှီးမြှုပ်နှံခြင်းက ငြိမ်းချမ်းရေးအတွက် ရင်း နှီးမြှုပ်နှံခြင်းလည်းဖြစ်ပါတယ်’ဟုပြောသည်။
တရုတ်တိုင်ပေနှင့်တရုတ်နိုင်ငံတို့သည် ပြီးခဲ့သည့် နှစ်ပိုင်းတည်းကစတင်ပြီး တင်းမာမှုအရှိန် မြင့်တက် လာခဲ့ပြီး အပြန်အလှန်ဝေဖန်မှုများရှိခဲ့ ကြောင်းသိရသည်။ တရုတ်နိုင်ငံက တရုတ်တိုင်ပေကို ၎င်းတို့ နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားပြီး တရုတ်တိုင်ပေနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ငြိမ်းချမ်းစွာ ကြိုးပမ်းမည်ဖြစ်သော်လည်း လိုအပ်လျှင် အင်အား သုံးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။ သို့သော်လည်း တရုတ်တိုင်ပေက တရုတ်နိုင်ငံလက်အောက်မှ ခွဲ ထွက်ပြီး ကိုယ်တိုင် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ တည်ထောင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံ၏ တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳး အုပ္ခ်ဳပ္ေသာ မူဝါဒကို လက္မခံႏိုင္ေၾကာင္း တ႐ုတ္(တိုင္ေပ)သမၼတေျပာ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂
တ႐ုတ္(တိုင္ေပ) အေနျဖင့္ တ႐ုတ္ႏိုင္ငံ၏တစ္ႏိုင္ငံတည္း စနစ္ႏွစ္မ်ိဳးဆိုေသာ မူဝါဒကို လက္ခံမည္မဟုတ္ ေၾကာင္း၊ တ႐ုတ္ႏိုင္ငံက တ႐ုတ္တိုင္ေပကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေပးရန္ကမ္းလွမ္းထားေၾကာင္း တ႐ုတ္တိုင္ေပသမၼတ လိုင္ခ်န္ ေတးကထုတ္ေဖာ္ေျပာဆိုလိုက္သည္။
တ႐ုတ္အစိုးရက တ႐ုတ္တိုင္ေပကို အင္အားသုံး တိုက္ခိုက္မည္ဆိုေသာအခ်က္ကို ျငင္းဆန္ပယ္ခ်ခဲ့ ျခင္းမရွိ ေၾကာင္း ေျပာဆိုခဲ့ဖူးရာ ထိုင္ဝမ္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား တင္းမာမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။ တ႐ုတ္အစိုးရ သည္ ေဟာင္ေကာင္ႏွင့္ မကာအိုတို႔ကိုလည္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေပးထားရာ တ႐ုတ္(တိုင္ေပ)ကိုလည္း ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ေပးၿပီး ၎၏ လက္ေအာက္ခံအျဖစ္ သိမ္းသြင္းအုပ္ခ်ဳပ္ရန္ ႀကိဳးပမ္းေနေၾကာင္းသိရသည္။ တ႐ုတ္(တိုင္ေပ) သမၼတက ၎တို႔အေနျဖင့္ စစ္မွန္ေသာ ၿငိမ္းခ်မ္းေရး အတြက္ ေတာင့္တင္းခိုင္မာမႈရွိရမည္ျဖစ္ေၾကာင္း ဟူကိုယူေဒသရွိ တ႐ုတ္တိုင္ေပစစ္သားမ်ားကို မိန႔္ခြန္းေျပာဆိုရာတြင္ ထည့္သြင္းေျပာဆိုခဲ့သည္။ တ႐ုတ္(တိုင္ေပ)သမၼတက ‘တစ္ႏိုင္ငံ စနစ္ႏွစ္မ်ိဳး ဆိုတဲ့အယူဆကို လုံးဝလက္မခံဘူး၊ တ႐ုတ္နဲ႔ တ႐ုတ္(တိုင္ေပ)မွာ တစ္ဦးနဲ႔တစ္ဦး လက္ေအာက္ခံ လုပ္တာမ်ိဳးကို လက္မခံႏိုင္ဘူး၊ တ႐ုတ္တိုင္ေပရဲ႕အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္တာမ်ိဳး၊ က်ဴးေက်ာ္ တာမ်ိဳးကို လက္မခံႏိုင္ဘူး၊ တ႐ုတ္(တိုင္ေပ) ျပည္သူေတြကသာ တ႐ုတ္တိုင္ေပရဲ႕ အနာဂတ္ကို ဆုံးျဖတ္ရမယ္။ တ႐ုတ္ (တိုင္ေပ)ျပည္သူမ်ားက ၎တို႔ရဲ႕ အခ်ဳပ္အျခာအာဏာကို ကာကြယ္ေစာင့္ေရွာက္ဖို႔အျပင္ ဒီမိုကေရစီနဲ႔ လြတ္လပ္တဲ့ ဘဝေနထိုင္မႈ ပုံစံကို ထိန္းသိမ္းေစာင့္ေရွာက္ျခင္းကိုလည္း ရန္စမႈအျဖစ္ မရႈျမင္သင့္ပါဘူး၊ ႏိုင္ငံေတာ္ကာကြယ္ေရးအ တြက္ ရင္းႏွီးျမႇဳပ္ႏွံျခင္းက ၿငိမ္းခ်မ္းေရးအတြက္ ရင္း ႏွီးျမႇဳပ္ႏွံျခင္းလည္းျဖစ္ပါတယ္’ဟုေျပာသည္။
တ႐ုတ္တိုင္ေပႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ ၿပီးခဲ့သည့္ ႏွစ္ပိုင္းတည္းကစတင္ၿပီး တင္းမာမႈအရွိန္ ျမင့္တက္ လာခဲ့ၿပီး အျပန္အလွန္ေဝဖန္မႈမ်ားရွိခဲ့ ေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံက တ႐ုတ္တိုင္ေပကို ၎တို႔ ႏိုင္ငံပိုင္နက္အျဖစ္ သတ္မွတ္ထားၿပီး တ႐ုတ္တိုင္ေပႏွင့္ ျပန္လည္ေပါင္းစည္းႏိုင္ရန္ ၿငိမ္းခ်မ္းစြာ ႀကိဳးပမ္းမည္ျဖစ္ေသာ္လည္း လိုအပ္လွ်င္ အင္အား သုံးမည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။ သို႔ေသာ္လည္း တ႐ုတ္တိုင္ေပက တ႐ုတ္ႏိုင္ငံလက္ေအာက္မွ ခြဲ ထြက္ၿပီး ကိုယ္တိုင္ လြတ္လပ္ေသာ ဒီမိုကေရစီႏိုင္ငံ တည္ေထာင္ရန္ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း သိရသည္။