တောင်ကြီး-ပေါမူ-တောင်ကြီး ရထားကို ခရီးသွားကုမ္ပဏီ/အေဂျင်စီများ နှင့် Private School များက စီးလုံးပြတ်ငှားရမ်းနိုင်ရန်ပြင်ဆင်နေ

283

သန့်ဇင် (NP News) - နိုဝင်ဘာ ၂
တောင်ကြီး-ပေါမူ-တောင်ကြီး ရထားကို ခရီးသွားကုမ္ပဏီ/အေဂျင်စီများနှင့် Private School များက စီးလုံးပြတ်ငှားရမ်းနိုင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
လက်ရှိတွင် တောင်ကြီး-ပေါမူ-တောင်ကြီး (အသွား/အပြန်) ရထားခရီးစဉ်ကို တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလဖြစ်သည့် နိုဝင်ဘာ ၁ ရက်မှစတင်ကာ ၄ ရက်အထိ ပြေးဆွဲပေးလျက်ရှိပြီး အပတ်စဉ် တနင်္ဂနွေ ရုံးပိတ်ရက်တွင်လည်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“အဲဒါက အထက်ကညွှန်ကြားချက်လာမှာပါ။ Private School တွေက လူဦးရေ (၁၅၀) နဲ့ အထက်ပါမှ ပြေးဆွဲပေးဖို့ စီစဉ်နေတာပါ။ အခု တော့ ပါသလောက်ပဲပြေးဆွဲနေပါတယ်။ အခုတော့ နိုဝင်ဘာ (၁) ရက်ကနေ (၄)ရက် အထိ တောင်ကြီးတန်ဆောင်တိုင်အတွက် ပြေးဆွဲ ပြေးနေတာပါ။ နောက်ရက်တွေမှာတော့ တနင်္ဂနွေရက်ပဲပြေးဆွဲသွားမှာပါ” ဟု တောင်ကြီးဘူတာရုံမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိ တောင်ကြီး-ပေါမူ-တောင်ကြီး ပြေးဆွဲသည့် ရထားတွဲဆိုင်းသည် မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်း ဖြင့် အထက်တန်းနှစ်တွဲ၊ ရိုးရိုးတန်းသုံးတွဲနှင့် ရထားထိန်းတွဲတစ်တွဲပါဝင်ပြီး အသွား/ အပြန်ခရီးစဉ်အတွက် အထက်တန်းတွဲ အတွက် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) နှင့် ရိုးရိုးတန်းအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ကြီး-ပေါမူခရီးသည် (၁၁ ဒသမ ၄၁) မိုင်ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီခွဲခန့် ကြာမြင့်မည် ဖြစ်ပြီး တောင်ကြီးဘူတာမှ နံနက် ၉ နာရီစတင် ထွက်ခွာကာ လမ်းခရီးတွင် ဘဝသံသရာအဝိုင်းအနီး ဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစား နိုင်ရန် ထီသိမ် ဘူတာ၌ မိနစ် ၃၀ ရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါမူဘူတာသို့ ရောက်ရှိချိန်တွင် ရထားတွဲဆိုင်းအား တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် မိနစ် ၃၀ ရပ်တန့်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ေတာင္ႀကီး-ေပါမူ-ေတာင္ႀကီး ရထားကို ခရီးသြားကုမၸဏီ/ေအဂ်င္စီမ်ား ႏွင့္ Private School မ်ားက စီးလုံးျပတ္ငွားရမ္းႏိုင္ရန္ျပင္ဆင္ေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂
ေတာင္ႀကီး-ေပါမူ-ေတာင္ႀကီး ရထားကို ခရီးသြားကုမၸဏီ/ေအဂ်င္စီမ်ားႏွင့္ Private School မ်ားက စီးလုံးျပတ္ငွားရမ္းႏိုင္ရန္ျပင္ဆင္ေနေၾကာင္း သိရသည္။
လက္ရွိတြင္ ေတာင္ႀကီး-ေပါမူ-ေတာင္ႀကီး (အသြား/အျပန္) ရထားခရီးစဥ္ကို ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ ကာလျဖစ္သည့္ ႏိုဝင္ဘာ ၁ ရက္မွစတင္ကာ ၄ ရက္အထိ ေျပးဆြဲေပးလ်က္ရွိၿပီး အပတ္စဥ္ တနဂၤေႏြ ႐ုံးပိတ္ရက္တြင္လည္း ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။
“အဲဒါက အထက္ကၫႊန္ၾကားခ်က္လာမွာပါ။ Private School ေတြက လူဦးေရ (၁၅၀) နဲ႔ အထက္ပါမွ ေျပးဆြဲေပးဖို႔ စီစဥ္ေနတာပါ။ အခု ေတာ့ ပါသေလာက္ပဲေျပးဆြဲေနပါတယ္။ အခုေတာ့ ႏိုဝင္ဘာ (၁) ရက္ကေန (၄)ရက္ အထိ ေတာင္ႀကီးတန္ေဆာင္တိုင္အတြက္ ေျပးဆြဲ ေျပးေနတာပါ။ ေနာက္ရက္ေတြမွာေတာ့ တနဂၤေႏြရက္ပဲေျပးဆြဲသြားမွာပါ” ဟု ေတာင္ႀကီးဘူတာ႐ုံမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိ ေတာင္ႀကီး-ေပါမူ-ေတာင္ႀကီး ေျပးဆြဲသည့္ ရထားတြဲဆိုင္းသည္ ျမင္းေကာင္ေရ ၂၀၀၀ အား စက္ေခါင္း ျဖင့္ အထက္တန္းႏွစ္တြဲ၊ ႐ိုး႐ိုးတန္းသုံးတြဲႏွင့္ ရထားထိန္းတြဲတစ္တြဲပါဝင္ၿပီး အသြား/ အျပန္ခရီးစဥ္အတြက္ အထက္တန္းတြဲ အတြက္ တစ္ဦးလွ်င္ ေငြက်ပ္ (၁၀၀၀၀) ႏွင့္ ႐ိုး႐ိုးတန္းအတြက္ တစ္ဦးလွ်င္ ေငြက်ပ္ (၅၀၀၀) က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေတာင္ႀကီး-ေပါမူခရီးသည္ (၁၁ ဒသမ ၄၁) မိုင္ကြာေဝးၿပီး ေျပးဆြဲခ်ိန္ ၁ နာရီခြဲခန႔္ ၾကာျမင့္မည္ ျဖစ္ၿပီး ေတာင္ႀကီးဘူတာမွ နံနက္ ၉ နာရီစတင္ ထြက္ခြာကာ လမ္းခရီးတြင္ ဘဝသံသရာအဝိုင္းအနီး ဝန္းက်င္ရွိ သဘာဝရႈခင္းအလွမ်ားကို ၾကည့္ရႈခံစား ႏိုင္ရန္ ထီသိမ္ ဘူတာ၌ မိနစ္ ၃၀ ရပ္တန႔္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေပါမူဘူတာသို႔ ေရာက္ရွိခ်ိန္တြင္ ရထားတြဲဆိုင္းအား ေတာင္ႀကီးဘက္သို႔ ျပန္လွည့္ႏိုင္ရန္ တြဲေ႐ႊ႕ျပဳလုပ္ခ်ိန္ မိနစ္ ၃၀ ရပ္တန႔္သြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။