တရုတ်ပစ္စည်းများအပေါ် အခွန်(၁၀ဝ)ရာခိုင်နှုန်းကောက်ခံမည့် အစီအစဉ်ကို အမေရိကန် ရပ်ဆိုင်းသွားနိုင်ဖွယ်ရှိနေ

 223

Pika (NP News) - နိုဝင်ဘာ ၂

အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ကုန်သွယ်ရေးသဘောတူညီချက်မူဘောင်တစ်ခုကို သဘောတူညီခဲ့ကြ ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက် ထဲတွင် လာမည့် နိုဝင်ဘာ လ(၁)ရက်မှစတင်ကာ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်(၁၀ဝ)ရာခိုင်နှုန်း ကောက်ခံမည့် အဆိုပြုချက်ကိုရပ်ဆိုင်းရန် အစီအစဉ်များလည်းပါဝင်‌ကြောင်း စကော့ဘတ်ဆန့်ကထုတ်ပြန်ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် တရုတ်ဒုဝန်ကြီးချုပ် He Lifeng၊ တရုတ်ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး Li Chenggang တို့နှင့်တွေ့ဆုံမှုများအတွင်း တရုတ်က ရှားပါးသတ္တုများအပေါ် တင်ပို့မှုကန့်သတ် ချက်များကို တစ်နှစ်ကြာရွှေ့ဆိုင်းမည့်သဘောတူညီ ချက်ကိုရရှိခဲ့ကြောင်း စကော့ဘတ်ဆန့်က ထုတ်ပြန် ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်အသစ်ကိုရရှိခဲ့မှုနှင့်အတူ TikTok အက်ပလီကေးရှင်း၏ အမေရိကန်တွင် လုပ်ငန်း လည်ပတ်မှုများရောင်းချရန်သဘောတူညီချက်ကိုလည်းအပြီးသတ်ခဲ့ကြောင်း စကော့ဘတ်ဆန့်က ထုတ်ပြန်ပြောကြားခဲ့ သည်။ ထို့ပြင် အမေရိကန်နှင့်တရုတ်တို့သည် ပြင်းထန်သော ညှိနှိုင်းမှုများအပြီးတွင် ကနဦးသဘောတူညီချက် တစ်ခုကိုရရှိခဲ့ပြီဖြစ်ပြီး ပြည်တွင်းအတည်ပြုချက်များ သာလိုအပ်တော့ကြောင်း Li Chenggang က ထုတ်ပြန် ပြောကြား ခဲ့သည်။
အမေရိကန်နှင့်ဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲကို အဆုံးအထိတိုက်ပွဲဝင်သွားရန် ပြင်ဆင်ထားကြောင်း တရုတ်အစိုးရက ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် အဆိုပါသဘောတူညီ ချက်အသစ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရှားပါးမြေထွက်သတ္တုများတင်ပို့မှုအပေါ် တရုတ်၏ထိန်းချုပ် မှုများကိုတုံ့ပြန်သည့် အနေဖြင့် လာမည့် နိုဝင်ဘာလ (၁)ရက်မှစတင်ကာ တရုတ်သွင်းကုန်များအပေါ် နောက်ထပ် (၁၀ဝ)ရာခိုင်နှုန်း အခွန် စည်းကြပ်မှုများ လုပ်ဆောင်မည့်အစီအစဉ်ကို ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တရုတ်အစိုးရက ယင်း ကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

Zawgyi Version:
တ႐ုတ္ပစၥည္းမ်ားအေပၚ အခြန္(၁၀ဝ)ရာခိုင္ႏႈန္းေကာက္ခံမည့္ အစီအစဥ္ကို အေမရိကန္ ရပ္ဆိုင္းသြားႏိုင္ဖြယ္ရွိေန
Pika (NP News) - ႏိုဝင္ဘာ ၂

အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ ကုန္သြယ္ေရးသေဘာတူညီခ်က္မူေဘာင္တစ္ခုကို သေဘာတူညီခဲ့ၾက ေၾကာင္း အေမရိကန္ဘ႑ာေရးဝန္ႀကီး စေကာ့ဘတ္ဆန႔္က ထုတ္ျပန္ေျပာၾကားခဲ့သည္။ အဆိုပါသေဘာတူညီခ်က္ ထဲတြင္ လာမည့္ ႏိုဝင္ဘာ လ(၁)ရက္မွစတင္ကာ တ႐ုတ္ကုန္ပစၥည္းမ်ားအေပၚ အခြန္(၁၀ဝ)ရာခိုင္ႏႈန္း ေကာက္ခံမည့္ အဆိုျပဳခ်က္ကိုရပ္ဆိုင္းရန္ အစီအစဥ္မ်ားလည္းပါဝင္‌ေၾကာင္း စေကာ့ဘတ္ဆန႔္ကထုတ္ျပန္ေျပာၾကားခဲ့သည္။
မေလးရွားႏိုင္ငံတြင္က်င္းပခဲ့ေသာ အာဆီယံထိပ္သီးအစည္းအေဝးတြင္ တ႐ုတ္ဒုဝန္ႀကီးခ်ဳပ္ He Lifeng၊ တ႐ုတ္ကူးသန္းေရာင္းဝယ္ေရးဒုဝန္ႀကီး Li Chenggang တို႔ႏွင့္ေတြ႕ဆုံမႈမ်ားအတြင္း တ႐ုတ္က ရွားပါးသတၱဳမ်ားအေပၚ တင္ပို႔မႈကန႔္သတ္ ခ်က္မ်ားကို တစ္ႏွစ္ၾကာေ႐ႊ႕ဆိုင္းမည့္သေဘာတူညီ ခ်က္ကိုရရွိခဲ့ေၾကာင္း စေကာ့ဘတ္ဆန႔္က ထုတ္ျပန္ ေျပာၾကားခဲ့သည္။
အဆိုပါသေဘာတူညီခ်က္အသစ္ကိုရရွိခဲ့မႈႏွင့္အတူ TikTok အက္ပလီေကးရွင္း၏ အေမရိကန္တြင္ လုပ္ငန္း လည္ပတ္မႈမ်ားေရာင္းခ်ရန္သေဘာတူညီခ်က္ကိုလည္းအၿပီးသတ္ခဲ့ေၾကာင္း စေကာ့ဘတ္ဆန႔္က ထုတ္ျပန္ေျပာၾကားခဲ့ သည္။ ထို႔ျပင္ အေမရိကန္ႏွင့္တ႐ုတ္တို႔သည္ ျပင္းထန္ေသာ ညႇိႏႈိင္းမႈမ်ားအၿပီးတြင္ ကနဦးသေဘာတူညီခ်က္ တစ္ခုကိုရရွိခဲ့ၿပီျဖစ္ၿပီး ျပည္တြင္းအတည္ျပဳခ်က္မ်ား သာလိုအပ္ေတာ့ေၾကာင္း Li Chenggang က ထုတ္ျပန္ ေျပာၾကား ခဲ့သည္။
အေမရိကန္ႏွင့္ျဖစ္ပြားေနေသာ ကုန္သြယ္ေရးစစ္ပြဲကို အဆုံးအထိတိုက္ပြဲဝင္သြားရန္ ျပင္ဆင္ထားေၾကာင္း တ႐ုတ္အစိုးရက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ အဆိုပါသေဘာတူညီ ခ်က္အသစ္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ရွားပါးေျမထြက္သတၱဳမ်ားတင္ပို႔မႈအေပၚ တ႐ုတ္၏ထိန္းခ်ဳပ္ မႈမ်ားကိုတုံ႔ျပန္သည့္ အေနျဖင့္ လာမည့္ ႏိုဝင္ဘာလ (၁)ရက္မွစတင္ကာ တ႐ုတ္သြင္းကုန္မ်ားအေပၚ ေနာက္ထပ္ (၁၀ဝ)ရာခိုင္ႏႈန္း အခြန္ စည္းၾကပ္မႈမ်ား လုပ္ေဆာင္မည့္အစီအစဥ္ကို ေဒၚနယ္ထရမ့္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရက ယင္း ကဲ့သို႔ ထုတ္ျပန္ေျပာဆိုခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.