အကန့်အသတ်မရှိအကွာအဝေးကိုပစ်ခတ်နိုင်သော Burevestnik ခရုဇ်ဒုံးကျည်အသစ်၏ ဗီဒီယိုဖိုင်ကို ရုရှားအစိုးရ ထုတ်ဖော်ပြသ

 163

Pika (NP News) - နိုဝင်ဘာ ၂

ရုရှားအစိုးရသည် ၎င်းတို့၏ အကန့်အသတ်မရှိအကွာအဝေးကိုပစ်ခတ်နိုင်သော Bure­vestnik ခရုဇ်ဒုံးကျည်၏ ဗီဒီယိုဖိုင်အသစ်များကို ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။ နျူကလီးယား ဓာတ်ပေါင်းဖိုနည်းပညာ၏ နောက်ဆုံးပေါ် ဖွံ့ဖြိုးတိုး တက်မှုများအပေါ်အခြေခံထားသော Burevestnik ခရုဇ်ဒုံးကျည်အသစ်သည် နျူကလီးယားထိပ်ဖူးကို သယ်ဆောင်နိုင်စွမ်းရှိသည့် ဒုံးကျည်အမျိုးအစား ဖြစ်ကြောင်းလည်းသိရသည်။
ရုရှားအစိုးရသည် နျူကလီးယား ထိပ်ဖူးသယ်ဆောင်နိုင်စွမ်းရှိသည့် Burevestnik ခရုဇ်ဒုံး ကျည်အသစ်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်းသိရသည်။ Burevestnik ခရုဇ်ဒုံးကျည်အသစ် သည် ပြီးခဲ့သည့် နှစ်များအတွင်း ရုရှားကတီထွင်ဖန်တီးခဲ့သော မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းအသစ်များထဲမှ တစ်ခုလည်းဖြစ်သည်။ Burevestnik ခရုဇ်ဒုံးကျည်ကို သေးငယ်သောနျူကလီးယားဓာတ်ပေါင်းဖိုတစ်ခု ဖြင့်စွမ်းအင်ပေး ထားပြီး လောင်စာဆီကဲ့သို့ အကွာအဝေးကန့်သတ်ထားခြင်းမျိုးမရှိသောကြောင့် အကန့်အသတ်မရှိအကွာအဝေးကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိ ကြောင်းသိရသည်။ Burevestnik ခရုဇ်ဒုံးကျည်သည် တစ်နာရီလျှင် အမြန်နှုန်း (၁၃၀ဝ) ကီလိုမီတာအထိ ရောက်ရှိနိုင်ပြီး အမြင့်(၂၅)မီတာမှ (၁၀ဝ)မီတာအတွင်းတွင် တိမ်းရှောင်နိုင်စွမ်းမြင့်မားသောကြောင့် ခေတ်မီလေကြောင်းရန်ကာကွယ်ရေး စနစ်များကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိကြောင်းလည်း သိရသည်။
ထို့ပြင် Burevestnik ခရုဇ်ဒုံးကျည်ကို ရိုးရိုးရေဒါများဖြင့် ခြေရာခံ၍မရဘဲ ပစ်လွှတ်ချိန်နှင့် အရှိန်မြှင့်တင်သည့် အဆင့်များအတွင်း အထူးပြုလုပ် ထားသော ဂြိုဟ်တုများဖြင့်သာခြေရာခံနိုင်လိမ့် မည်ဖြစ်ကြောင်း တီထွင်ဖန်တီးထုတ် လုပ်သူများကပြောကြားထားသည်။ အဆိုပါ Burevestnik ခရုဇ်ဒုံးကျည်ကို (၂၀ဝ၁)ခုနှစ်ကတည်းကစတင်ကာ တီထွင်ခဲ့ခြင်းဖြစ်သော်လည်း (၂၀၁၈)ခုနှစ်ရောက်မှသာ ရုရှားသမ္မတပူတင်က လူသိရှင်ကြားထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အကန႔္အသတ္မရွိအကြာအေဝးကိုပစ္ခတ္ႏိုင္ေသာ Burevestnik ခ႐ုဇ္ဒုံးက်ည္အသစ္၏ ဗီဒီယိုဖိုင္ကို ႐ုရွားအစိုးရ ထုတ္ေဖာ္ျပသ
Pika (NP News) - ႏိုဝင္ဘာ ၂

႐ုရွားအစိုးရသည္ ၎တို႔၏ အကန႔္အသတ္မရွိအကြာအေဝးကိုပစ္ခတ္ႏိုင္ေသာ Bure­vestnik ခ႐ုဇ္ဒုံးက်ည္၏ ဗီဒီယိုဖိုင္အသစ္မ်ားကို ထုတ္ေဖာ္ျပသခဲ့ေၾကာင္းသိရသည္။ န်ဴကလီးယား ဓာတ္ေပါင္းဖိုနည္းပညာ၏ ေနာက္ဆုံးေပၚ ဖြံ႕ၿဖိဳးတိုး တက္မႈမ်ားအေပၚအေျခခံထားေသာ Burevestnik ခ႐ုဇ္ဒုံးက်ည္အသစ္သည္ န်ဴကလီးယားထိပ္ဖူးကို သယ္ေဆာင္ႏိုင္စြမ္းရွိသည့္ ဒုံးက်ည္အမ်ိဳးအစား ျဖစ္ေၾကာင္းလည္းသိရသည္။
႐ုရွားအစိုးရသည္ န်ဴကလီးယား ထိပ္ဖူးသယ္ေဆာင္ႏိုင္စြမ္းရွိသည့္ Burevestnik ခ႐ုဇ္ဒုံး က်ည္အသစ္ကို ၿပီးခဲ့သည့္သီတင္းပတ္တြင္ ေအာင္ျမင္စြာစမ္းသပ္ပစ္လႊတ္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Burevestnik ခ႐ုဇ္ဒုံးက်ည္အသစ္ သည္ ၿပီးခဲ့သည့္ ႏွစ္မ်ားအတြင္း ႐ုရွားကတီထြင္ဖန္တီးခဲ့ေသာ မဟာဗ်ဴဟာေျမာက္စစ္လက္နက္ပစၥည္းအသစ္မ်ားထဲမွ တစ္ခုလည္းျဖစ္သည္။ Burevestnik ခ႐ုဇ္ဒုံးက်ည္ကို ေသးငယ္ေသာန်ဴကလီးယားဓာတ္ေပါင္းဖိုတစ္ခု ျဖင့္စြမ္းအင္ေပး ထားၿပီး ေလာင္စာဆီကဲ့သို႔ အကြာအေဝးကန႔္သတ္ထားျခင္းမ်ိဳးမရွိေသာေၾကာင့္ အကန႔္အသတ္မရွိအကြာအေဝးကို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိ ေၾကာင္းသိရသည္။ Burevestnik ခ႐ုဇ္ဒုံးက်ည္သည္ တစ္နာရီလွ်င္ အျမန္ႏႈန္း (၁၃၀ဝ) ကီလိုမီတာအထိ ေရာက္ရွိႏိုင္ၿပီး အျမင့္(၂၅)မီတာမွ (၁၀ဝ)မီတာအတြင္းတြင္ တိမ္းေရွာင္ႏိုင္စြမ္းျမင့္မားေသာေၾကာင့္ ေခတ္မီေလေၾကာင္းရန္ကာကြယ္ေရး စနစ္မ်ားကို ထိုးေဖာက္ဝင္ေရာက္ႏိုင္စြမ္းရွိေၾကာင္းလည္း သိရသည္။
ထို႔ျပင္ Burevestnik ခ႐ုဇ္ဒုံးက်ည္ကို ႐ိုး႐ိုးေရဒါမ်ားျဖင့္ ေျခရာခံ၍မရဘဲ ပစ္လႊတ္ခ်ိန္ႏွင့္ အရွိန္ျမႇင့္တင္သည့္ အဆင့္မ်ားအတြင္း အထူးျပဳလုပ္ ထားေသာ ၿဂိဳဟ္တုမ်ားျဖင့္သာေျခရာခံႏိုင္လိမ့္ မည္ျဖစ္ေၾကာင္း တီထြင္ဖန္တီးထုတ္ လုပ္သူမ်ားကေျပာၾကားထားသည္။ အဆိုပါ Burevestnik ခ႐ုဇ္ဒုံးက်ည္ကို (၂၀ဝ၁)ခုႏွစ္ကတည္းကစတင္ကာ တီထြင္ခဲ့ျခင္းျဖစ္ေသာ္လည္း (၂၀၁၈)ခုႏွစ္ေရာက္မွသာ ႐ုရွားသမၼတပူတင္က လူသိရွင္ၾကားထုတ္ျပန္ ေၾကညာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.