တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးစျေးကွက်သုံးသပ်ချက် (ဈေးကွက် သုံးသပ်ဆောင်းပါး)

 258

ပြည့်ဖြိုး (NP News)-နိုဝင်ဘာ ၂
ကမ္ဘာ့ရွှေဈေးကွက်သည် ယခုတစ်ပတ်အတွင်း ဈေးနှုန်းများပြန်လည်ကျဆင်းလာပြီး ဆက်တိုက် ကျဆင်းနိုင်သောအခြေအနေတွင်ရပ်တည်နေသည်။ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန် သွယ်ရေးဆိုင်ရာသဘောတူညီချက်များရရှိခဲ့ကြောင်း အာဆီယံထိပ်သီးအစည်းအဝေးတွင် နှစ်ဖက်နိုင်ငံ များ၏တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ် ခဲ့ခြင်းကြောင့်ဖြစ်သည်။ အမေရိကန် နှင့် တရုတ်နိုင်ငံတို့၏ကုန်သွယ်ရေးလုပ်ငန်းများတွင် အပြန်အလှန် အခွန်ကောက်ခံမှုတိုးမြှင့်ရန် သတင်း များထွက်ပေါ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာဈေးများကျဆင်းပြီး ရွှေတန်ဖိုးများ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိကာလတွင် အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးသဘောတူညီချက်များရရှိခဲ့ပြီဖြစ်ရာ ရွှေဝယ်လိုအားမှာ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ယခင်တစ်ပတ်က တစ်အောင်စလျှင် (၄၁၃၃) ဒေါ်လာအထိမြင့်တက်ခဲ့သော ကမ္ဘာ့ရွှေဈေးသည် လက်ရှိအောက်တိုဘာလ(၂၈)ရက်တွင် ရွှေတစ် အောင်စလျှင် (၃၉၇၀)ဒေါ်လာအထိကျဆင်းသွားသည်။ တစ်ပတ်အတွင်း ရွှေတစ်အောင်စလျှင် ‌ဒေါ်လာ (၁၅၀)နီးပါးကျဆင်းသွင်းရာ ရွှေဈေးကွက်အတွင်း အလှည့်အပြောင်းများ မြန်ဆန်နေကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေးများလည်းလိုက်ပါကျဆင်းနေပြီး လတ်တလောတွင် အခေါက် ရွှေတစ်ကျပ်သားလျှင် (၈၃)သိန်းဝန်းကျင်ပေါက်ဈေး ရှိနေသည်။ လာမည့်ရက်များအတွင်း ကမ္ဘာ့ရွှေ ဈေးမှာ အကျပိုင်းတွင် ဆက်လက်ရပ်တည်နိုင်ပြီး အမေရိကန်အစိုးရ၏ ကုန်သွယ်ရေးမူဝါဒအပေါ်တွင် အထူး မှီခိုနေသည်။ ပြည်တွင်းဒေါ်လာဈေးမှာ ဆက်တိုက် တည်ငြိမ်နေပြီး အမေရိကန်တစ်‌ဒေါ်လာလျှင် (၄၀၈၀) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။ နိုင်ငံခြားငွေလဲဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်းများတည်ငြိမ်နေပြီး ပင်လယ်ရေ ကြောင်းကုန်သွယ်မှုတစ်ခုတည်းကသာ သွင်းကုန်/ ပို့ကုန်လုပ်ငန်းများဆောင်ရွက်နေခြင်းကြောင့်ဖြစ်သည်။
လာမည့်လများအတွင်း မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေခြင်း ကြောင့် စီးပွားရေးနှင့်သက်ဆိုင်သောမူဝါဒများ ကြီးကြီးမား မားပြောင်းလဲဖွယ်မရှိကြောင်း ဝါရင့်ကုန် သည်လုပ်ငန်းရှင်များကသုံးသပ်ထားသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ နှင့် မီးဖိုချောင်သုံးကုန်စည်များ ဈေးနှုန်း တည် ငြိမ်နေပြီး အဓိကအားဖြင့် စက်သုံးဆီဈေး တည်ငြိမ်နေခြင်းကြောင့်ဖြစ်သည်။ စက်သုံးဆီဈေးသည် တစ်လီတာလျှင် သုံးထောင်ကျပ်အောက်သို့ရောက်ရှိလာပြီး နယ်မြို့များတွင် ဆီတန်းစီဝယ်ယူမှုများ ကျဆင်းသွားကြောင်းသိရသည်။ နယ်မြို့များတွင်မူ လုပ်ငန်းသုံး ကားများ၊ ဆိုင်ကယ်များနှင့် သုံးဘီး ယာဉ်များသည် ယခင်က ဆီကိုခွဲတမ်းအလိုက်တန်းစီဝယ်ယူခဲ့ရသော်လည်း လက်ရှိတွင် လုံလောက်စွာ ဝယ်ယူနိူင်ပြီဖြစ်ရာ နယ်မြို့များတွင် စက်သုံးဆီဈေးများကျဆင်းနေ ကြောင်းသိရသည်။ သို့သော်လည်း ကုန်စိမ်းသီးနှံနှင့် ဟင်းသီဟင်းရွက်များ၊ အသားငါးနှင့် ငါးခြောက်များမှာ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ဈေးအမြင့်ဖြင့်သာ ရောင်းချနေကြောင်း လက်လီဈေးကွက်အတွင်းမှသိရသည်။

(ပြန်လည်ကျဆင်းနေသော ကမ္ဘာ့ရွှေဈေးနှင့် တည်ငြိမ်နေသော ငွေလဲဈေးကွက်)
အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးစစ်ပွဲသည် အာဆီယံထိပ်သီးအစည်းအဝေးပွဲအတွင်း တရုတ် နိုင်ငံနှင့် နှစ်ဖက်သဘောတူညီချက်များရရှိခဲ့ရာ ကမ္ဘာ့ ရွှေဈေးသည်လည်း ဝယ်လိုအား သိသိသာသာကျ ဆင်းသွားသည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေးမူဝါဒ အပြောင်းအလဲသည် ကမ္ဘာ့ရွှေဈေးကို တိုက်ရိုက် သက်ရောက်နေခြင်းကြောင့် လာမည့်ရက်ပိုင်းအတွင်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
ယခင်တစ်ပတ်က ကမ္ဘာရွှေဈေးသည် တစ် အောင်စလျှင် (၄၁၃၀)ဒေါ်လာအကျော်အထိမြင့် တက်ခဲ့သော်လည်း လက်ရှိ အောက်တိုဘာ(၂၈) ရက်တွင် တစ်အောင်စလျှင် (၃၉၇၀)ဒေါ်လာအထိ လျင်မြန်စွာကျဆင်းခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အာရှခရီးစဉ်အတွင်း ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်များရရှိလာခြင်းကြောင့် အ မေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်လာ ခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးကွက်အတွင်း၌လည်း ဝယ်လိုအား သိသိသာသာကျဆင်းခဲ့ပြီး ရွှေဈေးနှုန်း များပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း၌လည်း ရွှေဈေးများပြန်လည် ကျဆင်းလာခဲ့ပြီး ယခင်တစ်ပတ်က အခေါက်ရွှေတစ် ကျပ်သားလျှင် (၈၉)သိန်းနီးပါးအထိ ဈေးမြင့်တက် ခဲ့သော်လည်း လက်ရှိအောက်တိုဘာလ(၁၈)ရက်တွင် (၈၃)သိန်းအောက်သို့ကျဆင်းလာကြောင်း ဈေး ကွက်အတွင်းမှသိရသည်။ စံချိန်တင်မြင့်တက်ခဲ့သော ကမ္ဘာ့ ရွှေဈေးသည် ဆက်လက်ကျဆင်း နိုင်သော် လည်း အပြောင်းအလဲမြန်ဆန်သောကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်ရာ တွင် ရောင်း မှား၊ ဝယ်မှားမဖြစ်စေရန်ဂရုစိုက်သင့်ကြောင်း ဝါရင့်ရွှေကုန်သည်များက သတိပေးပြော ကြားသည်။
ပြင်ပ ရွှေဈေးကွက်နှင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေရည်ညွှန်းပေါက်ဈေးမှာ ကွာခြားချက်ကြီးမားနေဆဲဖြစ်ပြီး ရန်ကုန်တိုင်း ရွှေလုပ် ငန်းရှင်များအသင်းမှ အခေါက် ရွှေတစ်ကျပ် သားလျှင် သိန်း (၆၀)ဝန်းကျင် ရည်ညွန်းသတ်မှတ်ထားကြောင်း သိရသည်။ လာမည့်ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးအပေါ်မူတည်ကာ ပြည်တွင်းရွှေဈေးများ အပြောင်းအလဲဖြစ်ပေါ်နေမည်ဖြစ်သည်။
ပြည်တွင်း ရွှေဈေးကွက်အတွင်း အပြောင်းအလဲ များစွာဖြစ်ပေါ်နေသော်လည်း ငွေလဲဈေးကွက် အတွင်း တည်ငြိမ်သောအခြေအနေတွင် ရောက်ရှိနေ ကြောင်းသိရသည်။ ပြည်တွင်း ငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာပေါက်ဈေးသည် အတက်အကျ အနည်းငယ်ဖြင့်တည်ငြိမ်နေပြီး အောက်တိုဘာ(၂၈) ရက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် (၄၀၈၀)ကျပ် ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထို့အတူ ထိုင်းတစ်ဘတ်လျှင် (၁၂၅) ကျပ်၊ တရုတ် တစ်ယွမ်လျှင် (၅၇၄)ကျပ်၊ အန္ဒိယတစ်ရူပီးလျှင် (၄၆) ကျပ် ပေါက်ဈေးအသီးသီရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ငွေလဲဈေးနှုန်းများ တည်ငြိမ်နေခြင်း မှာ ကုန်သွယ်ရေးလုပ်ငန်းတွင် ပို့ကုန်များပြားနေပြီး သွင်းကုန်နည်းပါးနေခြင်းကြောင့်ဖြစ်ကြောင်း သုံး သပ်မှုများရှိနေသည်။
ကုန်သွယ်ရေးလုပ်ငန်းများတွင် နယ်စပ်ကုန်သွယ်မှုပမာဏကျဆင်းနေပြီး ပုံမှန်ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုကသာ အဓိကကုန်သွယ်ရေးအဖြစ်ရပ်တည်နေသည်။ လာမည့်ပွင့်လင်းရာသီသည် ကုန်သွယ်ရေးအပြောင်းအလဲမရှိနိုင်သောကြောင့် ပြည်တွင်းနိုင်ငံခြားငွေလဲဈေးများ ဆက်လက်တည် ငြိမ်နေမည်ဖြစ်သည်။
(စက်သုံးဆီဈေးကျဆင်းပြီး အထက်မြန်မာပြည်နယ်မြို့များတွင် စက်သုံးဆီလုံလောက်စွာရရှိ)
ပြည်တွင်းစက်သုံးဆီဈေးနှုန်း ဆက်တိုက်ကျပြီးနောက် မန္တလေးမြို့က တရားဝင်စက်သုံးဆီ အရောင်းဆိုင်များတွင်၊ တန်းစီဝယ်ယူသူမရှိသလောက်ဖြစ်သွား ကြောင်း၊ ဒေသခံများထံမှသိရသည်။ (၂)နှစ်ခန့် ပုံမှန် ဈေးနှုန်း ကျပ်သုံးထောင်ကျော်ဈေးရှိခဲ့ရာမှ တစ်လအတွင်း အဆိုပါ ဈေးနှုန်းအောက် ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ လေးပတ်ဆက်တိုက်ဈေးကျဆင်းခဲ့ပြီး တစ်လီ တာလျှင် သုံးထောင်အောက်သို့ကျဆင်းလာခြင်းဖြစ်ကြောင်း၊ လိုသ လောက် ဝယ်ယူမှုရရှိသဖြင့် တန်းစီ ဝယ်ယူမှုမရှိတော့ကြောင်း နှစ်နှစ်အတွင်း အောက်တိုဘာလသည် ဆီဈေး စံချိန်တင်ကျဆင်းနေကြောင်း ‌ဒေသခံများထံ မှသိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် (၂၀၂၃) ခုနှစ်နောက်ပိုင်း ဓာတ်ဆီနှင့်ဒီဇယ်ဆီတို့သည် တစ် လီတာလျှင် ကျပ်သုံးထောင်ကျော်အထိ စံချိန်တင်မြင့် တက်ခဲ့သည်။ ထိုဈေးနှုန်းဖြင့် (၂)နှစ်ခန့် ကျပ် ဆယ်ဂဏန်းမျှသာအပြောင်းအလဲဖြစ်ခဲ့ပြီးနောက် ယခုလ ပထမပတ်ကစ၍ ကျပ်သုံးထောင်အောက်သို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။ မန္တလေးစက်သုံးဆီဈေးကွက်အ တွင်း၊ တရားဝင်စက်သုံးဆီအရောင်းဆိုင်များ ၏ (အောက်တိုဘာလ ၂၈ ရက်) စက်သုံးဆီဈေးနှုန်းသည် ဓာတ်ဆီအောက်တိန်း (၉၂)တစ်လီတာလျှင် (၂၇၈၀)ကျပ်၊ (၉၅) တစ်လီတာလျှင် (၂၈၇၅) ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် (၂၄၉၅) ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာလျှင် (၃၀၁၀) ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်ဈေးနှုန်းအရ၊ (၉၂) တစ်လီတာလျှင် (၃၀၃၅)ကျပ်၊ (၉၅) တစ်လီတာလျှင် (၃၀၉၅)ကျပ်၊ ဒီဇယ်ဆီတစ်လီတာ လျှင်(၂၆၉၅) ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် (၃၂၈၅) ကျပ်ဖြစ် ကြောင်းသိရသည်။ (၂ )နှစ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ စံချိန်တင်ကျဆင်းခဲ့မှုနှင့်ပတ်သက်၍ ဗဟိုဘဏ်က လုပ်ငန်းရှင်များအား အမေရိကန် ဒေါ်လာငွေ ဆက်တိုက်ရောင်းပေးနေခြင်းကြောင့်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်အသိုင်းအဝိုင်းကဆိုသည်။
စက်သုံးဆီဈေးနှင့်အတူ စားအုန်းဆီဈေးများ လည်းကျဆင်းနေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုအပေါ်မူတည်ကာ ဈေးနှုန်းကွာခြားကြောင်းသိရသည်။ လာမည့်ရက်များအတွင်း စက်သုံးဆီ တင်သွင်းမှုပုံမှန်အခြေအနေတွင်ရပ်တည်နေရာ ဈေးနှုန်းများ အကျပိုင်းတွင် ဆက်လက်ရပ်တည်နေနိုင် သည်။
(လက်လီဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ ဈေးတက်နေဆဲ)
လက်လီဈေးကွက်အတွင်း အခြေခံ သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များမှာ ဈေးနှုန်းကျဆင်းခြင်း မရှိကြောင်းသိရသည်။ ဈေးများတွင် ဟင်းသီးဟင်းရွက် များ ဈေးအနည်းငယ်ပြန်တက်သည်။ ပဲတောင့် ရှည် တစ်စည်း (၁၂၀ဝ)ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး (၅၀ဝ) ကျပ်၊ မုန်လာပင်ပေါက်တစ်စည်း (၅၀ဝ)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့် (၄၀ဝဝ)ကျပ်၊ နံနံပင်အစည်းသေး တစ်စည်း (၅၀ဝ) ကျပ်ဈေးတို့ဖြင့် ဈေးပြန်တက် သည်။
ဆူးပုပ်ရွက်တစ်စည်း (၈၀ဝ)ကျပ်၊ မုန်လာဥနီ အသေး တစ်ဆယ်သား (၁၀ဝဝ)ကျပ်၊ မုန်လာဥနီ အကြီးတစ်လုံး (၂၀ဝဝ)ကျပ်၊ ဂေါ်ဖီတစ်ထုပ် (၂၀ဝဝ)ကျပ်၊ မုန်ညင်းဖြူထုပ်တစ်ထုပ် (၁၅၀ဝ)ကျပ်၊ ယိုးဒ ယားရွှေဖရုံသီးတစ်လုံး (၁၅၀ဝ-၁၈၀ဝ)ကျပ် ဈေးတို့ ဖြင့် အမြင့်ဈေးများတွင်ရှိသည်။ မုန်ညင်းစောတစ် စည်း (၁၅၀ဝ)ကျပ်၊ ဆလပ်ရွက်တစ်စည်း (၈၀ဝ)ကျပ်၊ ကိုက်လန်ရွက်တစ်စည်း (၁၃၀ဝ)ကျပ်၊ ဖရုံညွန့် တစ်စည်း (၁၃၀ဝ)ကျပ်၊ မုန်လာဥဖြူတစ်စည်း (၁၇၀ဝ)ကျပ်ဈေးများဖြင့် အမြင့်ဈေးများအတိုင်းရှိ သည်။ ဘူးညွန့်တစ်စည်း (၇၀ဝ)ကျပ်၊ ဟင်းနုနယ်ရွက် တစ်စည်း (၇၀ဝ)ကျပ်၊ တရုတ်ကန်စွန်းရွက်တစ်စည်း (၁၀ဝဝ) ကျပ်၊ ထိုင်ဝမ်ကန်စွန်းရွက်တစ်စည်း (၆၀ဝ)ကျပ်၊ ကန်စွန်းရိုးနီတစ်စည်း(၃၀ဝ)ကျပ်ဈေး တို့ဖြင့် စားသုံးသူများသော ဟင်းသီးဟင်းရွက်များက ပုံမှန်အမြင့်ဈေးအတိုင်းရှိသည်။
အသားဈေးကွက်အတွင်း လက်လီဈေးများတွင် အမဲသားဈေးများက အမြင့်ဈေးများဖြင့် ဈေးငြိမ် နေသည်။ အမဲမိုးခိုသား တစ်ဆယ်သား (၃၆၀ဝ) ကျပ် ဈေးဖြစ်ပြီး အမဲသားတစ်ဆယ်သား (၃၄၀ဝ-၃၅၀ဝ) ကျပ်ဈေးများရှိသည်။ အမဲကလီစာ တစ်ဆယ်သား (၃၂၀ဝ) ကျပ်၊ အမဲအူကြမ်းတစ်ဆယ်သား (၂၈၀ဝ) ကျပ်၊ အမဲကလီစာတစ်ဆယ်သား (၃၃၀ဝ) ကျပ်၊ အမဲအသည်း တစ်ဆယ်သား (၃၂၀ဝ) ကျပ်၊ အမဲ အရိုးအသားတစ်ဆယ်သား (၃၀ဝဝ) ကျပ်၊ အမဲနံ ကပ်သား တစ်ဆယ်သား (၃၀ဝဝ-၃၂၀ဝ) ကျပ် ဈေးများဖြင့် ဈေးအမြင့်ပိုင်းတွင်ရှိကြသည်။
ဆိတ်သားဈေးများက တစ်ဆယ်သား (၇၀ဝဝ) ကျပ်ဈေးအထိ ဈေးအလွန်မြင့်တက်လာသည်။ ဆိတ် မိုးခိုသား တစ်ဆယ်သား (၇၀ဝဝ)ကျပ်၊ ဆိတ်သား တစ်ဆယ်သား (၆၅၀ဝ-၆၈၀ဝ)ကျပ်ဖြင့် အမြင့် ဈေးများတွင်ဖြစ်သည်။ ဆိတ်ကလီစာတစ်ဆယ်သား (၃၈၀ဝ) ကျပ်၊ ဆိတ်အူကြမ်းတစ်ဆယ်သား (၃၈၀ဝ) ကျပ်၊ ဆိတ်အရွတ်အသားတစ်ဆယ်သား (၄၀ဝဝ) ကျပ်ဈေးများဖြင့် အမြင့်ဈေးများဖြစ်သည်။
လက်လီဈေးကွက်အတွင်း ငါးမြီးတံသွယ် ခြောက်တစ်ဆယ်သား (၂၅၀ဝ)ကျပ်၊ ငါးနီတူခြောက် တစ်ဆယ်သား (၄၀ဝဝ-၄၅၀ဝ)ကျပ်၊ ငါးတံခွန် ခြောက် တစ်ဆယ်သား (၃၀ဝဝ)ကျပ်၊ အာပြဲခြောက် တစ် ဆယ်သား (၄၅၀ဝ-၅၀ဝဝ) ကျပ်ဈေးများရှိပြီး ယင်း ငါးခြောက်များမှလွဲ၍ ကျန်သည့်ငါးခြောက်များ ဈေး ထပ်မံမြင့်တက်သည်။ ငါးရောင်ခြောက်တစ်ဆယ်သား (၆၅၀ဝ)ကျပ်၊ ငါးမြွေထိုးခြောက်တစ်ဆယ်သား (၆၀ဝဝ-၆၅၀ဝ) ကျပ်၊ ရခိုင်ငါးကွမ်းရှပ်ခြောက် တစ် ဆယ်သား (၆၅၀ဝ-၇၀ဝဝ) ကျပ်၊ ငါးရံ့လုံးခြောက် တစ်ဆယ်သား (၈၅၀ဝ) ကျပ်၊ ငါးရံ့ပြား ခြောက် တစ် ဆယ်သား (၁၃၀ဝဝ-၁၅၀ဝဝ)ကျပ်၊ ငါးကျည်း ခြောက် တစ်ဆယ်သား (၁၇၀ဝဝ) ကျပ်ဈေးများဖြင့် ယခင်ထက်ဈေးမြင့်တက်သည်။ ငါးမဲလုံးခြောက် တစ်ဆယ်သား (၃၅၀ဝ) ကျပ်၊ ငါးကြင်းတုံးခြောက်တစ် ဆယ်သား (၄၀ဝဝ)ကျပ်၊ ငါးပုတ်သင်ခြောက် တစ်ဆယ်သား (၄၀ဝဝ-၄၅၀ဝ) ကျပ်ဈေးများဖြင့် စားသုံးသူများသည်။
ပုစွန်ခြောက်များက ယခင်ထက်မြင့်သော အမြင့်ဈေးများဖြစ်လာပြီး ထွက်ရှိရာဒေသအလိုက်၊ အ မျိုးအစားများအလိုက်လည်း ဈေးနှုန်းအမျိုးမျိုးရှိ သည်။ ပုစွန်ခြောက်အမှုန့်များသည် တစ်ဆယ်သား (၁၂၀ဝဝ) ကျပ်မှ (၁၅၀ဝဝ) ကျပ်ဈေးများအထိရှိ သည်။ ပုစွန်ခြောက်များမှာ တစ်ဆယ်သား (၁၃၀ဝဝ) ကျပ်မှ တစ်ဆယ်သား (၃၅၀ဝဝ) ကျပ်ဈေးများအထိ ဈေးနှုန်းအမျိုးမျိုးဖြင့် အသီးသီးဈေးမြင့်တက်သည်။ အထက်ပါဈေးများသည် လက်လီဈေးကွက်အတွင်း ပွင့်လင်းရာသီအစဈေးများဖြစ်သောကြောင့် လာ မည့်ရက်ပိုင်းအတွင်း အပြောင်းအလဲများရှိနိုင်ပြီး ဆက် လက်စောင့်ကြည့်ရမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေစ်းကြက္သုံးသပ္ခ်က္
(ေဈးကြက္ သုံးသပ္ေဆာင္းပါး)
ျပည့္ၿဖိဳး (NP News)
ကမာၻ႔ေ႐ႊေဈးကြက္သည္ ယခုတစ္ပတ္အတြင္း ေဈးႏႈန္းမ်ားျပန္လည္က်ဆင္းလာၿပီး ဆက္တိုက္ က်ဆင္းႏိုင္ေသာအေျခအေနတြင္ရပ္တည္ေနသည္။ အေမရိကန္ႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံအၾကား ကုန္ သြယ္ေရးဆိုင္ရာသေဘာတူညီခ်က္မ်ားရရွိခဲ့ေၾကာင္း အာဆီယံထိပ္သီးအစည္းအေဝးတြင္ ႏွစ္ဖက္ႏိုင္ငံ မ်ား၏ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚ ခဲ့ျခင္းေၾကာင့္ျဖစ္သည္။ အေမရိကန္ ႏွင့္ တ႐ုတ္ႏိုင္ငံတို႔၏ကုန္သြယ္ေရးလုပ္ငန္းမ်ားတြင္ အျပန္အလွန္ အခြန္ေကာက္ခံမႈတိုးျမႇင့္ရန္ သတင္း မ်ားထြက္ေပၚခဲ့ျခင္းေၾကာင့္ ကမာၻ႔ကုန္သြယ္ေရးလုပ္ငန္းတြင္ အေမရိကန္ေဒၚလာေဈးမ်ားက်ဆင္းၿပီး ေ႐ႊတန္ဖိုးမ်ား စံခ်ိန္တင္ျမင့္တက္ခဲ့ျခင္းျဖစ္သည္။
လက္ရွိကာလတြင္ အေမရိကန္ႏွင့္ တ႐ုတ္ကုန္သြယ္ေရးသေဘာတူညီခ်က္မ်ားရရွိခဲ့ၿပီျဖစ္ရာ ေ႐ႊဝယ္လိုအားမွာ ျပန္လည္က်ဆင္းလာျခင္းျဖစ္သည္။ ယခင္တစ္ပတ္က တစ္ေအာင္စလွ်င္ (၄၁၃၃) ေဒၚလာအထိျမင့္တက္ခဲ့ေသာ ကမာၻ႔ေ႐ႊေဈးသည္ လက္ရွိေအာက္တိုဘာလ(၂၈)ရက္တြင္ ေ႐ႊတစ္ ေအာင္စလွ်င္ (၃၉၇၀)ေဒၚလာအထိက်ဆင္းသြားသည္။ တစ္ပတ္အတြင္း ေ႐ႊတစ္ေအာင္စလွ်င္ ‌ေဒၚလာ (၁၅၀)နီးပါးက်ဆင္းသြင္းရာ ေ႐ႊေဈးကြက္အတြင္း အလွည့္အေျပာင္းမ်ား ျမန္ဆန္ေနေၾကာင္းသိရသည္။ ကမာၻ႔ေ႐ႊေဈးႏွင့္အတူ ျပည္တြင္းေ႐ႊေဈးမ်ားလည္းလိုက္ပါက်ဆင္းေနၿပီး လတ္တေလာတြင္ အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ (၈၃)သိန္းဝန္းက်င္ေပါက္ေဈး ရွိေနသည္။ လာမည့္ရက္မ်ားအတြင္း ကမာၻ႔ေ႐ႊ ေဈးမွာ အက်ပိုင္းတြင္ ဆက္လက္ရပ္တည္ႏိုင္ၿပီး အေမရိကန္အစိုးရ၏ ကုန္သြယ္ေရးမူဝါဒအေပၚတြင္ အထူး မွီခိုေနသည္။ ျပည္တြင္းေဒၚလာေဈးမွာ ဆက္တိုက္ တည္ၿငိမ္ေနၿပီး အေမရိကန္တစ္‌ေဒၚလာလွ်င္ (၄၀၈၀) က်ပ္ဝန္းက်င္ျဖင့္ အေရာင္းအဝယ္ျဖစ္ေနေၾကာင္းသိရသည္။ ႏိုင္ငံျခားေငြလဲေဈးကြက္အတြင္း ႏိုင္ငံျခားေငြလဲႏႈန္းမ်ားတည္ၿငိမ္ေနၿပီး ပင္လယ္ေရ ေၾကာင္းကုန္သြယ္မႈတစ္ခုတည္းကသာ သြင္းကုန္/ ပို႔ကုန္လုပ္ငန္းမ်ားေဆာင္႐ြက္ေနျခင္းေၾကာင့္ျဖစ္သည္။
လာမည့္လမ်ားအတြင္း ျမန္မာႏိုင္ငံတြင္ အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္ ျပင္ဆင္ေနျခင္း ေၾကာင့္ စီးပြားေရးႏွင့္သက္ဆိုင္ေသာမူဝါဒမ်ား ႀကီးႀကီးမား မားေျပာင္းလဲဖြယ္မရွိေၾကာင္း ဝါရင့္ကုန္ သည္လုပ္ငန္းရွင္မ်ားကသုံးသပ္ထားသည္။
အေျခခံစားေသာက္ကုန္မ်ားျဖစ္သည့္ ဆန္၊ ဆီ ႏွင့္ မီးဖိုေခ်ာင္သုံးကုန္စည္မ်ား ေဈးႏႈန္း တည္ ၿငိမ္ေနၿပီး အဓိကအားျဖင့္ စက္သုံးဆီေဈး တည္ၿငိမ္ေနျခင္းေၾကာင့္ျဖစ္သည္။ စက္သုံးဆီေဈးသည္ တစ္လီတာလွ်င္ သုံးေထာင္က်ပ္ေအာက္သို႔ေရာက္ရွိလာၿပီး နယ္ၿမိဳ႕မ်ားတြင္ ဆီတန္းစီဝယ္ယူမႈမ်ား က်ဆင္းသြားေၾကာင္းသိရသည္။ နယ္ၿမိဳ႕မ်ားတြင္မူ လုပ္ငန္းသုံး ကားမ်ား၊ ဆိုင္ကယ္မ်ားႏွင့္ သုံးဘီး ယာဥ္မ်ားသည္ ယခင္က ဆီကိုခြဲတမ္းအလိုက္တန္းစီဝယ္ယူခဲ့ရေသာ္လည္း လက္ရွိတြင္ လုံေလာက္စြာ ဝယ္ယူႏိူင္ၿပီျဖစ္ရာ နယ္ၿမိဳ႕မ်ားတြင္ စက္သုံးဆီေဈးမ်ားက်ဆင္းေန ေၾကာင္းသိရသည္။ သို႔ေသာ္လည္း ကုန္စိမ္းသီးႏွံႏွင့္ ဟင္းသီဟင္း႐ြက္မ်ား၊ အသားငါးႏွင့္ ငါးေျခာက္မ်ားမွာ ေဈးႏႈန္းက်ဆင္းျခင္းမရွိဘဲ ေဈးအျမင့္ျဖင့္သာ ေရာင္းခ်ေနေၾကာင္း လက္လီေဈးကြက္အတြင္းမွသိရသည္။

(ျပန္လည္က်ဆင္းေနေသာ ကမာၻ႔ေ႐ႊေဈးႏွင့္ တည္ၿငိမ္ေနေသာ ေငြလဲေဈးကြက္)
အေမရိကန္ႏိုင္ငံ၏ ကုန္သြယ္ေရးစစ္ပြဲသည္ အာဆီယံထိပ္သီးအစည္းအေဝးပြဲအတြင္း တ႐ုတ္ ႏိုင္ငံႏွင့္ ႏွစ္ဖက္သေဘာတူညီခ်က္မ်ားရရွိခဲ့ရာ ကမာၻ႔ ေ႐ႊေဈးသည္လည္း ဝယ္လိုအား သိသိသာသာက် ဆင္းသြားသည္။ အေမရိကန္ႏိုင္ငံ၏ စီးပြားေရးမူဝါဒ အေျပာင္းအလဲသည္ ကမာၻ႔ေ႐ႊေဈးကို တိုက္႐ိုက္ သက္ေရာက္ေနျခင္းေၾကာင့္ လာမည့္ရက္ပိုင္းအတြင္း ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။
ယခင္တစ္ပတ္က ကမာၻေ႐ႊေဈးသည္ တစ္ ေအာင္စလွ်င္ (၄၁၃၀)ေဒၚလာအေက်ာ္အထိျမင့္ တက္ခဲ့ေသာ္လည္း လက္ရွိ ေအာက္တိုဘာ(၂၈) ရက္တြင္ တစ္ေအာင္စလွ်င္ (၃၉၇၀)ေဒၚလာအထိ လ်င္ျမန္စြာက်ဆင္းခဲ့သည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏အာရွခရီးစဥ္အတြင္း ကုန္သြယ္ေရး ဆိုင္ရာ သေဘာတူညီခ်က္မ်ားရရွိလာျခင္းေၾကာင့္ အ ေမရိကန္ေဒၚလာတန္ဖိုး ျပန္လည္ျမင့္တက္လာ ျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးကြက္အတြင္း၌လည္း ဝယ္လိုအား သိသိသာသာက်ဆင္းခဲ့ၿပီး ေ႐ႊေဈးႏႈန္း မ်ားျပန္လည္က်ဆင္းလာျခင္းျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း၌လည္း ေ႐ႊေဈးမ်ားျပန္လည္ က်ဆင္းလာခဲ့ၿပီး ယခင္တစ္ပတ္က အေခါက္ေ႐ႊတစ္ က်ပ္သားလွ်င္ (၈၉)သိန္းနီးပါးအထိ ေဈးျမင့္တက္ ခဲ့ေသာ္လည္း လက္ရွိေအာက္တိုဘာလ(၁၈)ရက္တြင္ (၈၃)သိန္းေအာက္သို႔က်ဆင္းလာေၾကာင္း ေဈး ကြက္အတြင္းမွသိရသည္။ စံခ်ိန္တင္ျမင့္တက္ခဲ့ေသာ ကမာၻ႔ ေ႐ႊေဈးသည္ ဆက္လက္က်ဆင္း ႏိုင္ေသာ္ လည္း အေျပာင္းအလဲျမန္ဆန္ေသာေၾကာင့္ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေရာင္းအဝယ္ ျပဳလုပ္ရာ တြင္ ေရာင္း မွား၊ ဝယ္မွားမျဖစ္ေစရန္ဂ႐ုစိုက္သင့္ေၾကာင္း ဝါရင့္ေ႐ႊကုန္သည္မ်ားက သတိေပးေျပာ ၾကားသည္။
ျပင္ပ ေ႐ႊေဈးကြက္ႏွင့္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၏ ေ႐ႊရည္ၫႊန္းေပါက္ေဈးမွာ ကြာျခားခ်က္ႀကီးမားေနဆဲျဖစ္ၿပီး ရန္ကုန္တိုင္း ေ႐ႊလုပ္ ငန္းရွင္မ်ားအသင္းမွ အေခါက္ ေ႐ႊတစ္က်ပ္ သားလွ်င္ သိန္း (၆၀)ဝန္းက်င္ ရည္ၫြန္းသတ္မွတ္ထားေၾကာင္း သိရသည္။ လာမည့္ရက္ပိုင္းအတြင္း ကမာၻ႔ေ႐ႊေဈးအေပၚမူတည္ကာ ျပည္တြင္းေ႐ႊေဈးမ်ား အေျပာင္းအလဲျဖစ္ေပၚေနမည္ျဖစ္သည္။
ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း အေျပာင္းအလဲ မ်ားစြာျဖစ္ေပၚေနေသာ္လည္း ေငြလဲေဈးကြက္ အတြင္း တည္ၿငိမ္ေသာအေျခအေနတြင္ ေရာက္ရွိေန ေၾကာင္းသိရသည္။ ျပည္တြင္း ေငြလဲေဈးကြက္တြင္ အေမရိကန္ေဒၚလာေပါက္ေဈးသည္ အတက္အက် အနည္းငယ္ျဖင့္တည္ၿငိမ္ေနၿပီး ေအာက္တိုဘာ(၂၈) ရက္ေပါက္ေဈးအရ တစ္ေဒၚလာလွ်င္ (၄၀၈၀)က်ပ္ ဝန္းက်င္ရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ထို႔အတူ ထိုင္းတစ္ဘတ္လွ်င္ (၁၂၅) က်ပ္၊ တ႐ုတ္ တစ္ယြမ္လွ်င္ (၅၇၄)က်ပ္၊ အႏၵိယတစ္႐ူပီးလွ်င္ (၄၆) က်ပ္ ေပါက္ေဈးအသီးသီရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္ေနျခင္း မွာ ကုန္သြယ္ေရးလုပ္ငန္းတြင္ ပို႔ကုန္မ်ားျပားေနၿပီး သြင္းကုန္နည္းပါးေနျခင္းေၾကာင့္ျဖစ္ေၾကာင္း သုံး သပ္မႈမ်ားရွိေနသည္။
ကုန္သြယ္ေရးလုပ္ငန္းမ်ားတြင္ နယ္စပ္ကုန္သြယ္မႈပမာဏက်ဆင္းေနၿပီး ပုံမွန္ပင္လယ္ေရ ေၾကာင္း ကုန္သြယ္မႈကသာ အဓိကကုန္သြယ္ေရးအျဖစ္ရပ္တည္ေနသည္။ လာမည့္ပြင့္လင္းရာသီသည္ ကုန္သြယ္ေရးအေျပာင္းအလဲမရွိႏိုင္ေသာေၾကာင့္ ျပည္တြင္းႏိုင္ငံျခားေငြလဲေဈးမ်ား ဆက္လက္တည္ ၿငိမ္ေနမည္ျဖစ္သည္။
(စက္သုံးဆီေဈးက်ဆင္းၿပီး အထက္ျမန္မာျပည္နယ္ၿမိဳ႕မ်ားတြင္ စက္သုံးဆီလုံေလာက္စြာရရွိ)
ျပည္တြင္းစက္သုံးဆီေဈးႏႈန္း ဆက္တိုက္က်ၿပီးေနာက္ မႏၲေလးၿမိဳ႕က တရားဝင္စက္သုံးဆီ အေရာင္းဆိုင္မ်ားတြင္၊ တန္းစီဝယ္ယူသူမရွိသေလာက္ျဖစ္သြား ေၾကာင္း၊ ေဒသခံမ်ားထံမွသိရသည္။ (၂)ႏွစ္ခန႔္ ပုံမွန္ ေဈးႏႈန္း က်ပ္သုံးေထာင္ေက်ာ္ေဈးရွိခဲ့ရာမွ တစ္လအတြင္း အဆိုပါ ေဈးႏႈန္းေအာက္ ဆက္တိုက္က်ဆင္းခဲ့ျခင္းျဖစ္ေၾကာင္း ၎တို႔ကဆိုသည္။ ေလးပတ္ဆက္တိုက္ေဈးက်ဆင္းခဲ့ၿပီး တစ္လီ တာလွ်င္ သုံးေထာင္ေအာက္သို႔က်ဆင္းလာျခင္းျဖစ္ေၾကာင္း၊ လိုသ ေလာက္ ဝယ္ယူမႈရရွိသျဖင့္ တန္းစီ ဝယ္ယူမႈမရွိေတာ့ေၾကာင္း ႏွစ္ႏွစ္အတြင္း ေအာက္တိုဘာလသည္ ဆီေဈး စံခ်ိန္တင္က်ဆင္းေနေၾကာင္း ‌ေဒသခံမ်ားထံ မွသိရသည္။
ျပည္တြင္းစက္သုံးဆီေဈးႏႈန္းသည္ (၂၀၂၃) ခုႏွစ္ေနာက္ပိုင္း ဓာတ္ဆီႏွင့္ဒီဇယ္ဆီတို႔သည္ တစ္ လီတာလွ်င္ က်ပ္သုံးေထာင္ေက်ာ္အထိ စံခ်ိန္တင္ျမင့္ တက္ခဲ့သည္။ ထိုေဈးႏႈန္းျဖင့္ (၂)ႏွစ္ခန႔္ က်ပ္ ဆယ္ဂဏန္းမွ်သာအေျပာင္းအလဲျဖစ္ခဲ့ၿပီးေနာက္ ယခုလ ပထမပတ္ကစ၍ က်ပ္သုံးေထာင္ေအာက္သို႔ က်ဆင္းခဲ့ျခင္းျဖစ္သည္။ မႏၲေလးစက္သုံးဆီေဈးကြက္အ တြင္း၊ တရားဝင္စက္သုံးဆီအေရာင္းဆိုင္မ်ား ၏ (ေအာက္တိုဘာလ ၂၈ ရက္) စက္သုံးဆီေဈးႏႈန္းသည္ ဓာတ္ဆီေအာက္တိန္း (၉၂)တစ္လီတာလွ်င္ (၂၇၈၀)က်ပ္၊ (၉၅) တစ္လီတာလွ်င္ (၂၈၇၅) က်ပ္၊ ဒီဇယ္ဆီတစ္လီတာလွ်င္ (၂၄၉၅) က်ပ္၊ ပရီမီယံဒီ ဇယ္တစ္လီတာလွ်င္ (၃၀၁၀) က်ပ္ျဖစ္ၿပီး ၿပီးခဲ့သည့္ စက္တင္ဘာလ ေနာက္ဆုံးပတ္ေဈးႏႈန္းအရ၊ (၉၂) တစ္လီတာလွ်င္ (၃၀၃၅)က်ပ္၊ (၉၅) တစ္လီတာလွ်င္ (၃၀၉၅)က်ပ္၊ ဒီဇယ္ဆီတစ္လီတာ လွ်င္(၂၆၉၅) က်ပ္၊ ပရီမီယံဒီဇယ္တစ္လီတာလွ်င္ (၃၂၈၅) က်ပ္ျဖစ္ ေၾကာင္းသိရသည္။ (၂ )ႏွစ္အတြင္း စက္သုံးဆီ ေဈးႏႈန္းမ်ား စံခ်ိန္တင္က်ဆင္းခဲ့မႈႏွင့္ပတ္သက္၍ ဗဟိုဘဏ္က လုပ္ငန္းရွင္မ်ားအား အေမရိကန္ ေဒၚလာေငြ ဆက္တိုက္ေရာင္းေပးေနျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ လုပ္ငန္းရွင္အသိုင္းအဝိုင္းကဆိုသည္။
စက္သုံးဆီေဈးႏွင့္အတူ စားအုန္းဆီေဈးမ်ား လည္းက်ဆင္းေနၿပီး လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္မႈအေပၚမူတည္ကာ ေဈးႏႈန္းကြာျခားေၾကာင္းသိရသည္။ လာမည့္ရက္မ်ားအတြင္း စက္သုံးဆီ တင္သြင္းမႈပုံမွန္အေျခအေနတြင္ရပ္တည္ေနရာ ေဈးႏႈန္းမ်ား အက်ပိုင္းတြင္ ဆက္လက္ရပ္တည္ေနႏိုင္ သည္။
(လက္လီေဈးကြက္အတြင္း အေျခခံစားေသာက္ကုန္မ်ား ေဈးတက္ေနဆဲ)
လက္လီေဈးကြက္အတြင္း အေျခခံ သား၊ ငါးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားမွာ ေဈးႏႈန္းက်ဆင္းျခင္း မရွိေၾကာင္းသိရသည္။ ေဈးမ်ားတြင္ ဟင္းသီးဟင္း႐ြက္ မ်ား ေဈးအနည္းငယ္ျပန္တက္သည္။ ပဲေတာင့္ ရွည္ တစ္စည္း (၁၂၀ဝ)က်ပ္၊ ေဂၚရခါးသီးတစ္လုံး (၅၀ဝ) က်ပ္၊ မုန္လာပင္ေပါက္တစ္စည္း (၅၀ဝ)က်ပ္၊ ပန္းေဂၚဖီတစ္ပြင့္ (၄၀ဝဝ)က်ပ္၊ နံနံပင္အစည္းေသး တစ္စည္း (၅၀ဝ) က်ပ္ေဈးတို႔ျဖင့္ ေဈးျပန္တက္ သည္။
ဆူးပုပ္႐ြက္တစ္စည္း (၈၀ဝ)က်ပ္၊ မုန္လာဥနီ အေသး တစ္ဆယ္သား (၁၀ဝဝ)က်ပ္၊ မုန္လာဥနီ အႀကီးတစ္လုံး (၂၀ဝဝ)က်ပ္၊ ေဂၚဖီတစ္ထုပ္ (၂၀ဝဝ)က်ပ္၊ မုန္ညင္းျဖဴထုပ္တစ္ထုပ္ (၁၅၀ဝ)က်ပ္၊ ယိုးဒ ယားေ႐ႊဖ႐ုံသီးတစ္လုံး (၁၅၀ဝ-၁၈၀ဝ)က်ပ္ ေဈးတို႔ ျဖင့္ အျမင့္ေဈးမ်ားတြင္ရွိသည္။ မုန္ညင္းေစာတစ္ စည္း (၁၅၀ဝ)က်ပ္၊ ဆလပ္႐ြက္တစ္စည္း (၈၀ဝ)က်ပ္၊ ကိုက္လန္႐ြက္တစ္စည္း (၁၃၀ဝ)က်ပ္၊ ဖ႐ုံၫြန႔္ တစ္စည္း (၁၃၀ဝ)က်ပ္၊ မုန္လာဥျဖဴတစ္စည္း (၁၇၀ဝ)က်ပ္ေဈးမ်ားျဖင့္ အျမင့္ေဈးမ်ားအတိုင္းရွိ သည္။ ဘူးၫြန႔္တစ္စည္း (၇၀ဝ)က်ပ္၊ ဟင္းႏုနယ္႐ြက္ တစ္စည္း (၇၀ဝ)က်ပ္၊ တ႐ုတ္ကန္စြန္း႐ြက္တစ္စည္း (၁၀ဝဝ) က်ပ္၊ ထိုင္ဝမ္ကန္စြန္း႐ြက္တစ္စည္း (၆၀ဝ)က်ပ္၊ ကန္စြန္း႐ိုးနီတစ္စည္း(၃၀ဝ)က်ပ္ေဈး တို႔ျဖင့္ စားသုံးသူမ်ားေသာ ဟင္းသီးဟင္း႐ြက္မ်ားက ပုံမွန္အျမင့္ေဈးအတိုင္းရွိသည္။
အသားေဈးကြက္အတြင္း လက္လီေဈးမ်ားတြင္ အမဲသားေဈးမ်ားက အျမင့္ေဈးမ်ားျဖင့္ ေဈးၿငိမ္ ေနသည္။ အမဲမိုးခိုသား တစ္ဆယ္သား (၃၆၀ဝ) က်ပ္ ေဈးျဖစ္ၿပီး အမဲသားတစ္ဆယ္သား (၃၄၀ဝ-၃၅၀ဝ) က်ပ္ေဈးမ်ားရွိသည္။ အမဲကလီစာ တစ္ဆယ္သား (၃၂၀ဝ) က်ပ္၊ အမဲအူၾကမ္းတစ္ဆယ္သား (၂၈၀ဝ) က်ပ္၊ အမဲကလီစာတစ္ဆယ္သား (၃၃၀ဝ) က်ပ္၊ အမဲအသည္း တစ္ဆယ္သား (၃၂၀ဝ) က်ပ္၊ အမဲ အ႐ိုးအသားတစ္ဆယ္သား (၃၀ဝဝ) က်ပ္၊ အမဲနံ ကပ္သား တစ္ဆယ္သား (၃၀ဝဝ-၃၂၀ဝ) က်ပ္ ေဈးမ်ားျဖင့္ ေဈးအျမင့္ပိုင္းတြင္ရွိၾကသည္။
ဆိတ္သားေဈးမ်ားက တစ္ဆယ္သား (၇၀ဝဝ) က်ပ္ေဈးအထိ ေဈးအလြန္ျမင့္တက္လာသည္။ ဆိတ္ မိုးခိုသား တစ္ဆယ္သား (၇၀ဝဝ)က်ပ္၊ ဆိတ္သား တစ္ဆယ္သား (၆၅၀ဝ-၆၈၀ဝ)က်ပ္ျဖင့္ အျမင့္ ေဈးမ်ားတြင္ျဖစ္သည္။ ဆိတ္ကလီစာတစ္ဆယ္သား (၃၈၀ဝ) က်ပ္၊ ဆိတ္အူၾကမ္းတစ္ဆယ္သား (၃၈၀ဝ) က်ပ္၊ ဆိတ္အ႐ြတ္အသားတစ္ဆယ္သား (၄၀ဝဝ) က်ပ္ေဈးမ်ားျဖင့္ အျမင့္ေဈးမ်ားျဖစ္သည္။
လက္လီေဈးကြက္အတြင္း ငါးၿမီးတံသြယ္ ေျခာက္တစ္ဆယ္သား (၂၅၀ဝ)က်ပ္၊ ငါးနီတူေျခာက္ တစ္ဆယ္သား (၄၀ဝဝ-၄၅၀ဝ)က်ပ္၊ ငါးတံခြန္ ေျခာက္ တစ္ဆယ္သား (၃၀ဝဝ)က်ပ္၊ အာၿပဲေျခာက္ တစ္ ဆယ္သား (၄၅၀ဝ-၅၀ဝဝ) က်ပ္ေဈးမ်ားရွိၿပီး ယင္း ငါးေျခာက္မ်ားမွလြဲ၍ က်န္သည့္ငါးေျခာက္မ်ား ေဈး ထပ္မံျမင့္တက္သည္။ ငါးေရာင္ေျခာက္တစ္ဆယ္သား (၆၅၀ဝ)က်ပ္၊ ငါးေႁမြထိုးေျခာက္တစ္ဆယ္သား (၆၀ဝဝ-၆၅၀ဝ) က်ပ္၊ ရခိုင္ငါးကြမ္းရွပ္ေျခာက္ တစ္ ဆယ္သား (၆၅၀ဝ-၇၀ဝဝ) က်ပ္၊ ငါးရံ႕လုံးေျခာက္ တစ္ဆယ္သား (၈၅၀ဝ) က်ပ္၊ ငါးရံ႕ျပား ေျခာက္ တစ္ ဆယ္သား (၁၃၀ဝဝ-၁၅၀ဝဝ)က်ပ္၊ ငါးက်ည္း ေျခာက္ တစ္ဆယ္သား (၁၇၀ဝဝ) က်ပ္ေဈးမ်ားျဖင့္ ယခင္ထက္ေဈးျမင့္တက္သည္။ ငါးမဲလုံးေျခာက္ တစ္ဆယ္သား (၃၅၀ဝ) က်ပ္၊ ငါးၾကင္းတုံးေျခာက္တစ္ ဆယ္သား (၄၀ဝဝ)က်ပ္၊ ငါးပုတ္သင္ေျခာက္ တစ္ဆယ္သား (၄၀ဝဝ-၄၅၀ဝ) က်ပ္ေဈးမ်ားျဖင့္ စားသုံးသူမ်ားသည္။
ပုစြန္ေျခာက္မ်ားက ယခင္ထက္ျမင့္ေသာ အျမင့္ေဈးမ်ားျဖစ္လာၿပီး ထြက္ရွိရာေဒသအလိုက္၊ အ မ်ိဳးအစားမ်ားအလိုက္လည္း ေဈးႏႈန္းအမ်ိဳးမ်ိဳးရွိ သည္။ ပုစြန္ေျခာက္အမႈန႔္မ်ားသည္ တစ္ဆယ္သား (၁၂၀ဝဝ) က်ပ္မွ (၁၅၀ဝဝ) က်ပ္ေဈးမ်ားအထိရွိ သည္။ ပုစြန္ေျခာက္မ်ားမွာ တစ္ဆယ္သား (၁၃၀ဝဝ) က်ပ္မွ တစ္ဆယ္သား (၃၅၀ဝဝ) က်ပ္ေဈးမ်ားအထိ ေဈးႏႈန္းအမ်ိဳးမ်ိဳးျဖင့္ အသီးသီးေဈးျမင့္တက္သည္။ အထက္ပါေဈးမ်ားသည္ လက္လီေဈးကြက္အတြင္း ပြင့္လင္းရာသီအစေဈးမ်ားျဖစ္ေသာေၾကာင့္ လာ မည့္ရက္ပိုင္းအတြင္း အေျပာင္းအလဲမ်ားရွိႏိုင္ၿပီး ဆက္ လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။

Related news

© 2021. All rights reserved.