တစ်ပါတီကျွန် အနုပညာသည်အချို့၏ အိပ်မပျော်စားမဝင် ရက်သတ္တပတ်

4625

ကျော်နု (NP News)
“ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ကတော့ ပါဝင်ပူးပေါင်းမယ်လို့ပြောလာပါတယ်။ ကိုလူမင်း ကတော့ ဆက်သွယ်လို့မရသေးဘူး”- တာဝန်ရှိသူတစ်ဦး (၃၁-၁၀-၂၀၂၅)။
အခြားမဟုတ်။ နိုင်ငံတော်ကကျင်းပမည့် (၂၀၂၅) ရွေးကောက်ပွဲအတွက် အနုပညာရှင်စွမ်းအား ဖြင့် ပါဝင်ကူညီအားဖြည့်ပေးရေးလုပ်ငန်းစဉ်အတွင်း အနုပညာရှင်အချို့၏ ကလန်ကဆန်လုပ်ခြင်းနှင့် ပူး ပေါင်းပါဝင်လာခြင်း ရက်သတ္တပတ်အကြောင်းပင်။ ယခုရက်သတ္တပတ်အတွင်း အနုပညာရှင်လောကအ သိုင်းအဝိုင်း၌ ဖမ်းဆီးစစ်ဆေးခံရခြင်းများနှင့်ပတ်သက်၍ ရုတ်ရုတ်သဲသဲဖြစ်နေသည်။ အောက်တိုဘာ (၂၆) ရက်ကစတင်ပြသခဲ့သော “ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ” ရုပ်သံဇာတ်လမ်းတို၏ နောက် ဆက်တွဲဂယက်က အနုပညာလောကကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ အဆိုပါ ပညာပေးဇာတ် လမ်းတွဲအတွင်း၌ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ အောင်ခိုင်၊ သွက်လက်၊ စူပါလင်း၊ မေမြင့် မိုရ်၊ ခြူးလေး အစရှိသော ထိပ်တန်းသရုပ်ဆောင်များစွာပါဝင်လာခဲ့ပြီး လူထုကြားတွင် စိတ်ဝင်စားမှု မြင့် တက်သွားခဲ့၏။ ဇာတ်လမ်းအတွင်း၌ပြောဆိုသုံးနှုန်းခဲ့ကြသောစကားလုံးများနှင့် အမူအရာများက ပြည် ပြေးအနုပညာသ မားတစ်အုပ်စုအတွက် ရင်ဝဆောင့်ကန်သကဲ့သို့ခံစား လိုက်ရပုံရသည်။ ပါဝင် သရုပ် ဆောင်သူ အနုပညာရှင်များအပေါ် ဘွိုင့်ကောက်(BC) လုပ်ရန်နှင့် ထိခိုက်နစ်နာမှုရှိစေရန်ပါရည်ရွယ်၍ ဆိုရှယ်မီဒီယာမှတစ်ဆင့် လှုံ့ဆော်မှုများပြင်းပြင်းထန်ထန်လုပ်လာသည်။ တစ်နည်းအားဖြင့် ပြည်တွင်း ၌နေထိုင်၍ အနုပညာအလုပ် များဆက်လက်လုပ်ကိုင်နေသော အနုပညာရှင်များကို ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်သွားကြသည့်အနု ပညာသမားများက မနာလိုမရှုဆိတ် များဖြစ်လာရခြင်း ဟုဆိုနိုင်သည်။ နောက်ဆက်တွဲအဖြစ် ပြည်တွင်းနေ အနုပညာရှင်အချို့ကပါ ရောယောင်ပါဝင်လာရင်းမှ ဖမ်းဆီး ထိန်း သိမ်းခံရခြင်းများဖြစ်လာသည်။ ပထမ ဆုံးအဖြစ် ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင်ကျော် ဝင်းထွဋ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံလိုက်ရခြင်းဖြစ်ပြီး ၎င်းတို့နောက်တွင် အခြားသောအနုပညာ ရှင်အချို့လည်း ခေါ်ယူစစ်ဆေးခံနေရပြီဟုသိလာရ သည်။ ဤ တွင် ဖြစ်ရပ်နှစ်ခုပေါ်လာ၏။ နိုင်ငံတော်ကို ကူညီမည်လား၊ နိုင်ငံတော်ကိုကူညီသူများအားနှောင့် ယှက် မည်လားဆိုသော အဓိကနှစ်ချက်ပင်။ မကြာခင်ကျင်းပမည့်ရွေးကောက်ပွဲကို နိုင်ငံသူ နိုင်ငံသားအားလုံး က ပူးပေါင်းပါဝင်ရန်လိုအပ်သကဲ့သို့ ထင်ပေါ်ကျော်ကြားသူအနုပညာရှင်များကလည်း ပိုမိုပါဝင် သင့် ခြင်းပင်။ သို့သော်လည်း အနုပညာရှင်အချို့ နှုတ်ဆိတ်နေကြ၏။ ပါဝင်ကူညီသူများကိုပင် လှောင်ပြောင် နှောင့်ယှက်ကြသည်။ ထိုအခြေအနေတွင် နိုင်ငံတော်တာဝန်ရှိသူများကမနေသာတော့ပေ။ (၂၀၂၁) နိုင်ငံ ရေးအခင်းအကျင်းအတွင်း၌ တစ်ပါတီကျွန်အနုပညာသမားအချို့က နိုင်ငံ တော်ဖျက်လိုဖျက်ဆီးရေး လုပ်ငန်းများကို လုပ်ခဲ့ကြသည်။ အချို့ထွက်ပြေးကြ၏။ ဖမ်းဆီးခံရသူ အချို့ကလည်း နိုင်ငံတော်အား အနုပညာစွမ်းအားဖြင့် ပြန်လည်ကူညီမည်ဟုလက်မှတ်ထိုးကာ ဘေးထွက် ထိုင်နေခွင့်ရခဲ့ကြသည်။ နိုင်ငံတော်ကလည်း လေးနှစ်ကြာသည်အထိ စာနာနားလည်မှုပေး၍ စောင့်ကြည့် နေခဲ့၏။ ယခုမူ အချိန်ကျပြီလည်းဖြစ်သည်။ ထို့အတွက် အကူအညီတောင်းသည်။ အချို့ကဖုန်းပိတ်ထားသည်။ အချို့က ခရီးလွန်နေသည်ဟုဆိုသည်။ အချို့က ဖျားနာနေသယောင်ဟန်ဆောင်ကြသည်။ အနီးစပ်ဆုံးရွေး ကောက်ပွဲကာလ (၂၀၂၀)ကို ပြန်လှည့် ကြည့်မည်ဆို ပါကဤသို့တွေ့ရမည်။ “နိုင်ငံ့ခေါင်းဆောင်တစ် ယောက်လုပ်တော့မယ်ဆိုရင် အမြင်ကျယ်ဖို့လိုတယ်။ လူစဉ်မီဖို့လည်းလိုတယ်။ ဒါမှ ICJ တရား ရုံးမှာ သွား စကားပြောနိုင်မှာ။ သူများနဲ့လုံးတူဒေါက်တူမယှဉ်နိုင်လို့ ကတော့ ငါ့အသားဖဲ့ပေးမယ်၊ ငါ့အသားဖဲ့ ပေးမယ်ဆို ပြီး ကိုယ့်တိုင်းပြည်ပဲဖဲ့ပေးရမှာ” (နေမျိုးအောင်)။ ရွေးကောက်ပွဲမှာ ငါတို့ NLD က မျှမျှ တတယှဉ်ပြိုင်နေရတယ်လို့ကောမင်းထင်လား။ (နိုး) ဟေ့ကောင် မဟုတ်ဘူး။ (၂၅)ရာခိုင်နှုန်း အစိတ် သားအကျောပေး ပြီးပြိုင်နေရတာ။ ရွေးကောက်ပွဲမှာ မဲ (၅၀)ရာခိုင်နှုန်း မရတာနဲ့ အာဏာရှင်က ညွန့်ပေါင်းလုပ်တော့မှာ။ ညွန့်ပေါင်းဖြစ်တာနဲ့ သမ္မတနေရာကို အာဏာရှင်ကတက်မှာ။ အခုလာမယ့် ရွေးကောက်ပွဲက လူလူချင်းအနိုင်ကျင့်နှိပ်စက်တဲ့အာဏာရှင်နဲ့နေမလား။ လူကိုလူလို ဆက်ဆံတဲ့ အစိုးရ နဲ့နေမလားဆိုတာကို အဆုံးအဖြတ်ပေးမယ့်ရွေးကောက်ပွဲ။ အာဏာရှင်ဆိုတာ တစ်ခါလာ ရင် (၂၅) နှစ် ကြာတယ်”(လူမင်း)။ “မင်းတို့ဘာပဲပြောနေနေ မလွှဲသာလို့ ဆက်ပြီးဆင်းရဲနေရင်တောင် ရိုးသားတဲ့ ပြည်သူ့ခေါင်းဆောင် အမေစုလက်အောက်မှာပဲနေမယ်။ အဲဒါငါ့ခံယူချက်ပဲ”(ဝိုင်း)။ ရွေးကောက်ပွဲမဲပေး ရေးအတွက်ရိုက်ကူးခဲ့သော “ခေတ်ဝန် ကိုထမ်းခေတ်လမ်းကိုလျှောက်” ဇာတ်ကားအတွင်း၌ ဖော်ပြပါ ပုဂ္ဂိုလ်များက မဲ့ကာရွဲ့ကာဖြင့် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီကို တိုက်ရိုက်စော်ကားပြောဆိုမှုများ လုပ်ဆာင်ခဲ့ကြသည်။ ဇာတ်ကားအတွင်း၌ပါဝင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးချင်းစီကို သက်ဆိုင်ရာအာဏာပိုင် များက ခေါ်ယူတွေ့ဆုံ၍ ၎င်းတို့ပြောခဲ့သောဒိုင်ယာလော့ခ် များကိုပြန်ကြည့်စေသင့်သည်။ မှတ်ချက် တောင်းသင့်သည်။ (၂၀၂၀) ရွေးကောက်ပွဲအတွက် ဇာတ်ကားထွက်ပေါ်ခဲ့ခြင်းမျိုးဖြစ်ပြီး နိုင်ငံတော် အတွက်ရည်ရွယ်ရမည့်အစား NLD ကို နိုင်ငံတော်အဖြစ်သတ်မှတ်ခဲ့ကြပုံရ၏။ ဒေါ်အောင်ဆန်းစုကြည်မှ တစ်ပါး အခြားအရာများက နိုင်ငံတော်မဟုတ်သည့်သဖွယ် စောင်းပါးရိပ်ခြည်များ၊ တိုက်ရိုက် စော်ကား ခြင်းများဖြင့် တစ်ပါတီကျွန်ဖြစ်ခဲ့ကြသည်။ ထိုဇာတ်ကားအတွင်း၌ လူမင်း၊ နေမျိုးအောင်၊ ဇော်ဦး၊ အလင်းရောင်၊ ဝိုင်း၊ ညီထွဋ်ခေါင်၊ ဖြိုးငွေစိုး၊ ဆင်မ၊ အောင်ဇော်မင်း၊ မျိုး သန္တာထွန်း၊ နန်းမြတ်ဖြိုးသင်း၊ ရွှေသမီးတို့က ဦးဆောင်ပါဝင်ခဲ့ကြသည်။ ထို့ပြင် NLD အကျီ ကိုဝတ်၍ အောင်နိုင်ရေးသီချင်းများသီဆိုမှု အဖြစ် ဆောင်းဦးလှိုင်၊ သံသာဝင်း၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ရင်ဂို၊ ချမ်းမြေ့မောင်ချို၊ ဖြိုးမြတ်အောင်၊ သျှီ၊ ချစ် သုဝေ၊ အာဇာနည်၊ သားကြီး၊ ချမ်းချမ်း၊ တူးတူး၊ ဆုန်သင်းပါရ်၊ လိမ္မော်သီး၊ ပိုပို၊ စည်သူလွင်၊ ဟေမာ နေဝင်း၊ ဘီလီလမင်းအေး၊ ဖြိုး ကြီး၊ ကောင်းကောင်း၊ ယုဇန၊ မူးလာ၊ ဂျီလတ်တို့လည်း ပါဝင်ခဲ့ကြ၏။ NLD အောင်နိုင်ရေးအတွက်ဟုဆိုကာ (၂၀၂၀)ရွေးကောက်ပွဲကြီး မဲဆွယ်ကာလအတွင်း NLD Profile ချိန်းသည့်အနုပညာရှင်များအဖြစ် အာဇာနည် မိသားစု၊ တင်ဇာမော်၊ ကေကေမိုး၊ ဖြိုး ပြည့်စုံ၊ ပြည်ဖုန်း မော်၊ ရတနာဝိုင်း၊ အေမီဈာန်၊ ဇာနည်အောင်၊ ခင်စုစုနိုင်၊ လှိုင်းလေး၊ ဂျူဝယ်လ်၊ အောင်သီဟ၊ ချမ်းချမ်း၊ ဒီကာ၊ ပိုးမီ၊ ကော်နီ၊ အေးမြ ဖြူ၊ ဖြိုးမြတ်အောင်၊ ကောင်းကောင်း၊ အောင်လေး၊ မီမီဝင်းဖေ၊ နန်းစုဦး၊ ဇဏ်ခီ၊ ချမ်းမြေ့မောင်ချိုတို့ ပါ ဝင်ခဲ့ကြသည်။ ထိုထက်ပိုသောစာရင်းလည်း ရှိနေနိုင် ပြီး ဤစာရင်း ၌မပါဝင်သေးသူများကိုလည်း ဖြည့်စွက် ဖတ်ရှုသင့်သည်။ (၂၀၂၁) နိုင်ငံရေးပြဿနာအတွင်း၌လည်း NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ အပြည့်အဝရပ်တည်၍ တပ်မတော်အစိုးရအားအပြင်း အထန်အပုပ်ချမှုများရှိခဲ့သည်။ “စစ်အစိုးရ စစ်အာဏာရှင်ကို မကြိုက်ဘူး၊ ထပ်ပြောမယ်မကြိုက်ဘူး၊ ထပ်ပြောမယ်မကြိုက်ဘူး” ဟု ဇာတ်မင်းသား ဖိုးချစ် က အကြိမ်ကြိမ်ရေရွတ်ခဲ့၏။ ထို့ပြင် “ယုံကြည်ပါ။ အားမလျှော့ပါနဲ့။ အားလျှော့စရာမရှိပါဘူး။ ပြော တယ် မင်းတို့က CDM လုပ်ပါအော်မှာပေါ့တဲ့။ မင်းတို့က ဝန်ထမ်းမှမဟုတ်တာတဲ့။ ကျွန်တော်တို့သည် အဲဒီဝန်ထမ်းတွေ ပြည်သူတွေအဆင်မပြေဘဲနဲ့ ဒီဇာတ်မင်းသားတွေ ငတ်ပြီ။ ရုပ်ရှင်မင်းသားတွေလည်း ငတ်ပြီ။ အဆိုတော်လည်း ငတ်ပြီ”ဟု အစချီ ကာ CDM လှုပ်ရှားမှုကိုအားပေးခဲ့သည်။ ယခုမူ ဖိုးချစ် ကိုယ်တိုင်က ဗိုလ်ချုပ်မှူးကြီးအား ဖခင်တစ်ဦး သဖွယ် မျက်နှာချိုသွေးပြနေ၏။ “CDM မှာပါဝင်မယ့် ပြည်သူအားလုံးအတွက်လည်း စောင့်ရှောက်မှု ကလည်း နိုင်ငံတကာကလည်း အားလုံးအဆင်သင့် ဖြစ်ပြီးသားပါ။ တရားဝင်အဖွဲ့တွေလည်း ရှိထားပြီး သားပါ။ နေဖို့အတွက် စားဖို့အတွက်အားလုံးကို ပူစရာမလိုအောင် အားလုံးစောင့်ရှောက်မှုတွေရှိပြီးသား ပါ။ အဲဒီအတွက်ကို တရားဝင်အဖွဲ့တွေဖွဲ့ထားပြီး သားပါ။ အဲဒီအတွက် စိုးရိမ်မှုတွေ၊ ပူပန်မှုတွေမရှိပါနဲ့လို လည်း ကျွန်မတရား ဝင်ပြောချင်ပါ တယ်”(အိန္ဒြာကျော်ဇင်)။
“ဒီ CDM တိုက်ပွဲလေး အောင်မြင်မှသာ လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာဖြစ်ပါတယ်။ မရသေး တဲ့တစ်ချိန်မှာလည်း CDM မှာပါဖို့အတွက်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေအားလုံးကဝိုင်းဝန်းပြီးစောင့် ရှောက်မှာပါ။ ကျွန်တော်တို့သည် သေသေချာချာစီစဉ်နေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပါဝင် လှူဒါန်းထားပြီးသားဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်ကရော နိုင်ငံခြားကနေရော လှူဒါန်းကြတာတွေ လည်းအများကြီးပါ။ ကျွန်တော်တို့တွေ ပြည်သူအချင်းချင်း ဝိုင်းဝန်းပြီးတော့ စောင့်ရှောက်ကြတဲ့ပုံစံမျိုးနဲ့ ဒီတိုက်ပွဲကို ဆက်လက်ချီတက်သွားပါမယ်။ ဒါကြောင့် နိဂုံးချုပ်ပြောချင်တာက CDM မှာ ပါဝင်ပေးကြ ဖို့ပါ” (ပြေတီဦး)။ “ကျွန်တော်တို့က ဒီပုံစံနဲ့ပဲ(၁၀)နှစ်လောက်နေခဲ့ပြီးပြီဆိုတော့ စစ်အာဏာ ရှင်အောက် မှာ ဘယ်တော့ မှမနေတတ်တော့ဘူး။ အဲဒီတော့ မရမချင်း ကျွန်တော်တို့လူငယ်တွေနဲ့အတူ ကျွန်တော် တို့က မရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ ဘယ်တော့မှ အရှုံးမပေးပါဘူး”(ရာဇာနေဝင်း) အနု ပညာရှင် တစ်ဦးချင်းစီ၏ရုပ်သံမှတ်တမ်းများကို ပြန်လည်ချရေးမည်ဆိုပါ က စာအုပ် တစ်အုပ်ထွက်နိုင် သည်။ ထိုသို့ပြောခဲ့ကြသောအနုပညာရှင်များ လက်ရှိမည်သို့နေထိုင်သည်ကို လေ့လာကြည့်မည်ဆိုပါက အပြောနှင့်လက်တွေ့ မည်မျှကွဲလွဲ၍ မည်မျှပလီပလာလုပ်ခဲ့သည်ကို ထင်ထင်ရှားရှားမြင်နိုင်၏။ ချင်း တိုင်းရင်းသူ သက်မွန်မြင့်က စစ်တပ်ဘက်တော်သားဒလန်များကို သတ်ပစ်ရမည်ဟု အဓိပ္ပာယ်ရသော စကားကိုပြောခဲ့သကဲ့သို့ မြေပြင်တွင်လည်း ဒလန်ခေါင်းစဉ်ဖြင့် ရှင်းလင်းခံရခြင်း အများအပြားရှိခဲ့သည်။ အနုပညာရှင်များထဲမှ လီလီနိုင်ကျော်၊ ဇင်ကြီးတို့ သေဆုံးခဲ့ရခြင်းက သက်သေပင်။ (၂၀၂၁) နိုင်ငံရေး အခင်းအကျင်းအတွင်း၌ နီပိန်းအနုပညာသည်များ၏လှုံ့ဆော်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း သောင်း ဂဏန်း သေဆုံးခဲ့ရသည်။ ထို့အတွက် မည်သည့်နီပိန်း အနုပညာရှင်ကမှ ဝမ်း နည်းကြောင်း၊ မှားယွင်း သွားခဲ့ကြောင်း ဝန်ခံခြင်းမရှိပေ။ ထို့အတူ အနုပညာစွမ်းအားဖြင့် နိုင်ငံတော်အား ပြန်လည် ကူညီပါမည် ဟု ကတိကဝတ်ပေးခဲ့သော အနုပညာရှင်အချို့ပင်လျှင် (၂၀၂၅) ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ရှောင်ဖယ်နေရန်စီစဉ်ခဲ့ကြသည်။ (၂၀၂၁)နိုင်ငံရေးအခင်းအကျင်း၌ မှတ်မိသမျှ ဤအ နုပညာရှင် များပါဝင်ခဲ့ကြ၏။ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ မိုးဟေကို၊ အေးမြတ်သူ၊ သင်ဇာဝင့်ကျော်၊ နော်ဖော အယ်ထား၊ ပိုးမမှီသာ၊ ခင်ဝင့်ဝါ၊ အိချောပို၊ မေပန်းချီ၊ စိုးပြည့်သဇင်၊ ရွှေမှုန်ရတီ၊ မေ(အဆိုတော်)၊ အေး ဝတ်ရည်သောင်း၊ သဲစုညိမ်း၊ ချောရတနာ၊ မေမီကိုကို၊ သဇင်ထူးမြင့်၊ နန်းဆုရတီစိုး၊ ပန်းရောင်ခြယ်၊ ရတနာ ဗိုလ်၊ ဆောင်းဝတ်ရည်မေ၊ မေတိုးခိုင်၊ သက်မွန်မြင့်၊ M ဆိုင်းလူ၊ ဝါဆိုမိုးဦး၊ ခိုင်သင်းကြည်၊ ပိုပို၊ မေဂ ရေ့စ်၊ လီလီကျော်ခိုင်၊ Lu Hpring ၊ အမရာဖုန်း၊ ရွှေသမီး၊ ပြေတီဦး၊ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ တိုင် ရွန်၊ ထူးအောင်၊ အလင်းရောင်၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ စိုင်းစည်တွမ်ခမ်း၊ ချာလီ၊ အုပ်စိုးခန့်၊ တေဇလင်း ရောင်၊ ပိုင်တံခွန်၊ ဗီတာမင်၊ ခင်လှိုင်၊ လွှမ်းပိုင်၊ ဗညားဘုန်းပြည့်၊ စည်သူရဲထွဋ်၊ အောင်ရဲလင်း၊ ဟင်နရီစံ၊ ချမ်း မင်းရဲထွဋ်၊ ဇော်ရှိုင်းထက်၊ ဖြိုးလေး၊ ရွှေထူး၊ နေထွဋ်၊ ထက်အောင်ရှိုင်း၊ ကျော်ထက်အောင်၊ ဟိဏ်း သစ်၊ Ar T ၊ ရာဇာနေဝင်း၊ ဇင်အောင်။ ထိုအရေအတွက် ထက်လည်းပိုမည်၊ သို့သော် ပြည်သူများကသာ ဖြည့် စွက်ဖတ်ရှုသင့်သည်။ “ကျွန်တော်တို့က သူတို့ကို ပါတီတစ်ခုခုအတွက် မဲဆွယ်ခိုင်းတာလည်း မ ဟုတ်ဘူး။ နိုင်ငံတော်ကကျင်းပမယ့်ရွေးကောက်ပွဲကို ပြည် သူတွေမဲလာပေးစေဖို့ အတွက် အသိပညာ ပေးရေး လုပ်ပေးဖို့ အကူအညီတောင်းခဲ့တာ။ တချို့ဆိုရင် ကူညီမပေးချင်တဲ့အပြင် နှောင့်ပါ နှောင့် ယှက် တာဗျ။ ဒီတော့ ရွေးကောက်ပွဲမဲပေးရေး ပါဝင်အားဖြည့်သူတွေကို နှောင့်ယှက်တာကျတော့ လုံးဝ သည်း ခံလို့ မရတော့ဘူး။ မကူညီချင်ရင်နေဆိုတာမျိုးတောင် မဖြစ်သင့်တော့တာမျိုး။ မကူညီဘူးဆိုရင် သက် ဆိုင်ရာအ ထက်အဆင့်ဆင့်ကို သူတို့ကတော့ ကူညီဖို့ အစီအစဉ်မရှိဘူးလို့ပြောတယ်ဆိုတာ မျိုးပဲ တင် ပေးလိုက်တာ” ဟု ပြန်ကြားရေးမှတာဝန်ရှိသူတစ်ဦးကရင်ဖွင့်သည်။ အာဏာစက်ဖြင့် ဖိအားပေးခြင်းမျိုး မခံရစေရန် ပြန်ကြားရေးဘက်က ကြားဝင်စေ့စပ်ပေးသည့်တိုင် အချို့က ဖျားနာသယောင်၊ ခရီးလွန် သယောင် ဟန်ဆောင်သည်များရှိသကဲ့သို့ မပါဝင်လိုသည့်အတွက် ဆက်သွယ်၍မရစေရန် လုပ်ဆောင် ခြင်းများပါ လုပ်ခဲ့ ကြသည်ဟုကြားသိရသည်။ “အကူ-၂ ထဲမှာတော့ (၁၀)ယောက်ကျော်တယ်တဲ့။ ခေါ်ယူတွေ့ဆုံ ဆွေးနွေးနေတာလို့ကြားတယ်။ အပြင်မှာတော့ ဖမ်းဆီးစစ်ဆေးတယ်လို့ထင်ကြတာပေါ့။ တကယ်တော့ ခေါ်ယူတွေ့ဆုံပြီး မေတ္တာရပ်ခံညှိနှိုင်းနေတဲ့သဘောမျိုးပါ။ တော်တော်ပျော့ပျော့ ပျောင်း ပျောင်းပါပဲ။ ဟိုအရင် ခေတ်ကသာဆိုရင် သွားပြီလေ”ဟု အနုပညာရှင်များ ကိုခေါ်ယူဆွေးနွေးနေခြင်း အပေါ် သိရှိသူတစ်ဦးက ပြောသည်။ ဝါရင့်အနုပညာရှင်ကြီးတစ်ဦးကလည်း အခြားအနုပညာရှင် လူ လတ်ပိုင်းတစ်ဦးနှင့် အလွတ်သဘောပြောဆိုမှုအတွင်း၌ ထည့်သွင်းအသိပေးသည် မှာ “ဒီတစ်ပွဲကတော့ အဖြူအမည်းကွဲပြီ။ အနုပညာ သမားက အနုပညာအလုပ်မလုပ်ဘဲ နားမလည်ပါးမလည်နဲ့ နိုင်ငံရေးကို သွားပြီး ယောင်တောင်ပေါင် တောင်လုပ်တာထိပြီပေါ့။ ပါတီတစ်ခု လူပုဂ္ဂိုလ်တစ်ဦး ကိုထောက်ခံပြတာ ကို နိုင်ငံရေးလို့ထင်နေကတည်းက အခုထိပြီလေ”ဟုပြောခဲ့သည်။ အနုပညာအသိုင်း အဝိုင်းမှထုတ်လုပ် သူတစ်ဦးကမူ ပြည်ပြေးများ၏ ခြိမ်းခြောက်မှုကြောင့် ပြည်တွင်းနေအနုပညာရှင်အချို့၏ ရုပ်ရှင်ရုံ တင် ခြင်းများအပေါ် ထိခိုက်မှုရှိကြောင်း၊ နိုင်ငံတော်ကိုကူညီသည့်အနုပညာရှင်များ ခြိမ်းခြောက်ခံနေရသော် လည်း နိုင်ငံတော်အား ဖျက်လိုဖျက်ဆီးလုပ်ခဲ့သည့်အနုပညာရှင်က ဘေးထွက်ထိုင်၍အဆင်ပြေနေခြင်း သည် လောကအတွက် လား ရာမကောင်းဟုဆိုသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်ဘက်မှ ရပ်တည် ပေးခဲ့သူများ အကျပ်အတည်း တွေ့ပြီး နိုင်ငံတော်ဖျက်ဆီးရေးဘက်၌ ရပ်တည်ခဲ့သူများက အဆင်ပြေ နေခြင်းသည် နိုင်ငံတော်အားကူညီခဲ့သူများကိုပါ U-Turn ဖြစ်သွားစေနိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။ “အခုမှ အခြေအနေလေးကပြန် ကောင်းခါစ။ ရုံကလည်းတိုးလာတယ်၊ ကားတွေလည်းတိုးလာတယ်။ အဲဒါတွေ ရပ်တန့်သွားမှာစိုး တယ်။ ပြဿနာတွေလည်းမဖြစ်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် ပျော့ပျော့ ပျောင်းပျောင်းနဲ့ လုပ်ပေးစရာရှိတာ လုပ်ပေးလိုက်ကြပေါ့။ ဆန့်ကျင်လို့လည်း ဘာလုပ်လို့ ရမှာမို့လို့လဲ။ မလုပ်ပေးချင်ရင် ဟိုဘက်ကလာမှာပဲလေ။ NLD တုန်းကဆိုရင် ပိုတောင်ဆိုးသေးတယ်။ ကားပေါ်က ဇာတ်လမ်းရော၊ ဒါရိုက်တာ ဝိုင်း ရိုက်ထားတာတွေရောပဲ။ အခုက နိုင်ငံတော်ကိုကူညီ တာပဲ လေ”ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အနုပညာ ရှင်အားလုံး၏ပူးပေါင်းကူညီပေးမှုကို နိုင်ငံတော်က လိုအပ်နေသည်။ နိုင်ငံတော်၏လိုအပ်ချက်ကို အနု ပညာရှင်များက ပါဝင်ကူညီပေးစေလိုသည့်အတွက် သက်ဆိုင်သည့် ပြန်ကြားရေးဝန်ကြီးဌာနက အနု ပညာရှင်များနှင့်တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံ၊ မေတ္တာရပ်ခံသည်။ နေတိုးနှင့်အဖွဲ့က ကူညီ အားဖြည့်ခဲ့ချိန်တွင် ဝိုင်းဝန်းလှောင်ပြောင်ကြသည်။ ဤသည် မှာ နိုင်ငံတော်အား စော်ကားခြင်း မဟုတ် ပေလော။ ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာ(၂၈)မှ စ၍ ချိတ်ဆက်ခြင်းများလုပ်ဆောင်ခဲ့ပြီး အောက်တိုဘာ(၃၁)အထိ ဆက်သွယ်၍ရသည်များလည်းရှိ သည်၊ မရသည်များလည်းရှိသည်။ “ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ပါဝင်ပူးပေါင်းမယ်လို့ပြော လာပါတယ်။ ကိုလူမင်းကတော့ ဆက်သွယ်လို့ မရသေးဘူး”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။ ဇာဂ နာ၊ ဆင်မ၊ အစရှိသော ပုဂ္ဂိုလ်များလည်းကျန်နေ သေး၏။ ပူးပေါင်းပါဝင်ခြင်းမရှိသူများကို အထက်အာဏာပိုင်များထံ ၎င်းတို့၏ တုံ့ပြန်စကားများအတိုင်း တင်ပြပေးလိမ့်မည်ဖြစ်ပြီး အထက်အာဏာပိုင်များက မည်ကဲ့သို့ဆက်လုပ်မည်ကိုမသိနိုင်ပေ။ ယခင်မှတ် ချက်ရှိ သူများအတွက် ပို၍ကံဆိုးသွားမည်လား၊ သို့မဟုတ် ထပ်မံခွင့်လွှတ်ခံရဦးမည်လားမသိနိုင်ခြင်း ပင်။ အကယ်၍ ပူးပေါင်းမှုမရှိခဲ့ပါက ၎င်းတို့ကျူးလွန်ခဲ့ဖူးသော ပြစ်မှုပြစ်ဒဏ်များ ထပ်မံကျခံစေခြင်း အပြင် နိုင်ငံတော်အနေဖြင့် အနုပညာလုပ်ငန်းများလုပ်ဆောင်ခွင့်ရပ်ဆိုင်းခြင်း၊ အနုပညာ လုပ်ငန်းလုပ်ခဲ့ သမျှအားလုံးအပေါ်တွင် နောက်ကြောင်းပြန်အခွန်များ လိုက်၍ အခွန်အပြည့်အဝထမ်းဆောင်စေခြင်း၊ ၎င်းတို့နှင့်စာချုပ်ချုပ်၍အလုပ်လုပ်ခဲ့ကြသော ကုမ္ပဏီများအထိပါ အခွန်လိုက်ခြင်းနှင့် အခြားသော အနုပညာ လုပ်ငန်းဆိုင်ရာ ပြစ်ဒဏ်များပေးအပ်သွားနိုင်ခြေလည်းရှိနေသည်။ နိုင်ငံတော်နှင့် ပါတီ-လူပုဂ္ဂိုလ် မခွဲခြားတတ်သော အနုပညာသည်များကို အနုပညာ ရှင်ဟုခေါ်ဆိုရန်မထိုက်တန်ခြင်းကြောင့် ပင်။ “ကိုယ် စိုက်တဲ့အသီး ကိုယ်ပြန်စားရတာပါပဲ။ အခု အိပ်မပျော် စားမဝင်ဖြစ်နေလောက်ပြီ” ဟုဆိုချင် ၏။ အောက်တို ဘာလ(၃၁)ရက်ညပိုင်းအထိ သိရှိထားသမျှတွင်မူ လူမင်းကို ဆက်သွယ်၍မရသေးပေ။ မိုးဟေကိုလည်း ဖုန်းမကိုင်။ သို့သော် ထွန်းအိန္ဒြာဗိုလ်၊ ပိုင်တံခွန်တို့ ပါဝင်လာသည့်အပြင် ဒါရိုက်တာများ စွာကလည်း ပါဝင်ပါမည်ဟုကတိပေးကြသည်”။ အရင်က ပျက်ကွက်ပျက်ကွက်နဲ့ရှောင်နေတဲ့သူတွေကို ပါ ဘယ်နေ့ အရောက်ဆိုတာမျိုး ယတိပြတ်လုပ်မယ်။ တချို့က ပြောတယ်။ ဟိုဘက်ကို ကြောက်လို့ ဆိုပဲ။ ဒါဆို ဒီဘက်ကိုကျတော့ ကြောက်စရာမလိုဘူး လုပ်ချင်သလို လုပ်လို့ရတယ်ပြောချင် တာလားလို့ မေးလိုက်ရတယ်”ဟု သတင်းရင်းမြစ်တစ်ဦးကပြောကြားခဲ့ပြီး ဖြစ်နိုင်ခြေသည် နိုဝင်ဘာလ (၅)ရက် နံနက် (၁၀)နာရီအရောက်ဟူ၍ပင်။

Zawgyi Version:
တစ္ပါတီကြၽန္ အႏုပညာသည္အခ်ိဳ႕၏ အိပ္မေပ်ာ္စားမဝင္ ရက္သတၱပတ္
ေက်ာ္ႏု (NP News)
“ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္တို႔ကေတာ့ ပါဝင္ပူးေပါင္းမယ္လို႔ေျပာလာပါတယ္။ ကိုလူမင္း ကေတာ့ ဆက္သြယ္လို႔မရေသးဘူး”- တာဝန္ရွိသူတစ္ဦး (၃၁-၁၀-၂၀၂၅)။
အျခားမဟုတ္။ ႏိုင္ငံေတာ္ကက်င္းပမည့္ (၂၀၂၅) ေ႐ြးေကာက္ပြဲအတြက္ အႏုပညာရွင္စြမ္းအား ျဖင့္ ပါဝင္ကူညီအားျဖည့္ေပးေရးလုပ္ငန္းစဥ္အတြင္း အႏုပညာရွင္အခ်ိဳ႕၏ ကလန္ကဆန္လုပ္ျခင္းႏွင့္ ပူး ေပါင္းပါဝင္လာျခင္း ရက္သတၱပတ္အေၾကာင္းပင္။ ယခုရက္သတၱပတ္အတြင္း အႏုပညာရွင္ေလာကအ သိုင္းအဝိုင္း၌ ဖမ္းဆီးစစ္ေဆးခံရျခင္းမ်ားႏွင့္ပတ္သက္၍ ႐ုတ္႐ုတ္သဲသဲျဖစ္ေနသည္။ ေအာက္တိုဘာ (၂၆) ရက္ကစတင္ျပသခဲ့ေသာ “ေခတ္သမိုင္းကိုဒုန္းစိုင္းမည့္သူမ်ား” ႐ုပ္သံဇာတ္လမ္းတို၏ ေနာက္ ဆက္တြဲဂယက္က အႏုပညာေလာကကို လႈပ္ႏႈိးလိုက္သကဲ့သို႔ ျဖစ္သြားသည္။ အဆိုပါ ပညာေပးဇာတ္ လမ္းတြဲအတြင္း၌ ေနတိုး၊ ျမင့္ျမတ္၊ ေနဝင္း၊ ေအးခ်မ္းေမာင္၊ ေအာင္ခိုင္၊ သြက္လက္၊ စူပါလင္း၊ ေမျမင့္ မိုရ္၊ ျခဴးေလး အစရွိေသာ ထိပ္တန္းသ႐ုပ္ေဆာင္မ်ားစြာပါဝင္လာခဲ့ၿပီး လူထုၾကားတြင္ စိတ္ဝင္စားမႈ ျမင့္ တက္သြားခဲ့၏။ ဇာတ္လမ္းအတြင္း၌ေျပာဆိုသုံးႏႈန္းခဲ့ၾကေသာစကားလုံးမ်ားႏွင့္ အမူအရာမ်ားက ျပည္ ေျပးအႏုပညာသ မားတစ္အုပ္စုအတြက္ ရင္ဝေဆာင့္ကန္သကဲ့သို႔ခံစား လိုက္ရပုံရသည္။ ပါဝင္ သ႐ုပ္ ေဆာင္သူ အႏုပညာရွင္မ်ားအေပၚ ဘြိဳင့္ေကာက္(BC) လုပ္ရန္ႏွင့္ ထိခိုက္နစ္နာမႈရွိေစရန္ပါရည္႐ြယ္၍ ဆိုရွယ္မီဒီယာမွတစ္ဆင့္ လႈံ႕ေဆာ္မႈမ်ားျပင္းျပင္းထန္ထန္လုပ္လာသည္။ တစ္နည္းအားျဖင့္ ျပည္တြင္း ၌ေနထိုင္၍ အႏုပညာအလုပ္ မ်ားဆက္လက္လုပ္ကိုင္ေနေသာ အႏုပညာရွင္မ်ားကို ျပည္ပသို႔ ထြက္ေျပး တိမ္းေရွာင္သြားၾကသည့္အႏု ပညာသမားမ်ားက မနာလိုမရႈဆိတ္ မ်ားျဖစ္လာရျခင္း ဟုဆိုႏိုင္သည္။ ေနာက္ဆက္တြဲအျဖစ္ ျပည္တြင္းေန အႏုပညာရွင္အခ်ိဳ႕ကပါ ေရာေယာင္ပါဝင္လာရင္းမွ ဖမ္းဆီး ထိန္း သိမ္းခံရျခင္းမ်ားျဖစ္လာသည္။ ပထမ ဆုံးအျဖစ္ ဒါ႐ိုက္တာ မိုက္တီး၊ သ႐ုပ္ေဆာင္ေက်ာ္ ဝင္းထြဋ္၊ ဟာသသ႐ုပ္ေဆာင္ အုန္းဒိုင္းတို႔ကို ေ႐ြးေကာက္ပြဲေႏွာင့္ယွက္မႈျဖင့္ ဖမ္းဆီးအမႈဖြင့္ခံလိုက္ရျခင္းျဖစ္ၿပီး ၎တို႔ေနာက္တြင္ အျခားေသာအႏုပညာ ရွင္အခ်ိဳ႕လည္း ေခၚယူစစ္ေဆးခံေနရၿပီဟုသိလာရ သည္။ ဤ တြင္ ျဖစ္ရပ္ႏွစ္ခုေပၚလာ၏။ ႏိုင္ငံေတာ္ကို ကူညီမည္လား၊ ႏိုင္ငံေတာ္ကိုကူညီသူမ်ားအားေႏွာင့္ ယွက္ မည္လားဆိုေသာ အဓိကႏွစ္ခ်က္ပင္။ မၾကာခင္က်င္းပမည့္ေ႐ြးေကာက္ပြဲကို ႏိုင္ငံသူ ႏိုင္ငံသားအားလုံး က ပူးေပါင္းပါဝင္ရန္လိုအပ္သကဲ့သို႔ ထင္ေပၚေက်ာ္ၾကားသူအႏုပညာရွင္မ်ားကလည္း ပိုမိုပါဝင္ သင့္ ျခင္းပင္။ သို႔ေသာ္လည္း အႏုပညာရွင္အခ်ိဳ႕ ႏႈတ္ဆိတ္ေနၾက၏။ ပါဝင္ကူညီသူမ်ားကိုပင္ ေလွာင္ေျပာင္ ေႏွာင့္ယွက္ၾကသည္။ ထိုအေျခအေနတြင္ ႏိုင္ငံေတာ္တာဝန္ရွိသူမ်ားကမေနသာေတာ့ေပ။ (၂၀၂၁) ႏိုင္ငံ ေရးအခင္းအက်င္းအတြင္း၌ တစ္ပါတီကြၽန္အႏုပညာသမားအခ်ိဳ႕က ႏိုင္ငံ ေတာ္ဖ်က္လိုဖ်က္ဆီးေရး လုပ္ငန္းမ်ားကို လုပ္ခဲ့ၾကသည္။ အခ်ိဳ႕ထြက္ေျပးၾက၏။ ဖမ္းဆီးခံရသူ အခ်ိဳ႕ကလည္း ႏိုင္ငံေတာ္အား အႏုပညာစြမ္းအားျဖင့္ ျပန္လည္ကူညီမည္ဟုလက္မွတ္ထိုးကာ ေဘးထြက္ ထိုင္ေနခြင့္ရခဲ့ၾကသည္။ ႏိုင္ငံေတာ္ကလည္း ေလးႏွစ္ၾကာသည္အထိ စာနာနားလည္မႈေပး၍ ေစာင့္ၾကည့္ ေနခဲ့၏။ ယခုမူ အခ်ိန္က်ၿပီလည္းျဖစ္သည္။ ထို႔အတြက္ အကူအညီေတာင္းသည္။ အခ်ိဳ႕ကဖုန္းပိတ္ထားသည္။ အခ်ိဳ႕က ခရီးလြန္ေနသည္ဟုဆိုသည္။ အခ်ိဳ႕က ဖ်ားနာေနသေယာင္ဟန္ေဆာင္ၾကသည္။ အနီးစပ္ဆုံးေ႐ြး ေကာက္ပြဲကာလ (၂၀၂၀)ကို ျပန္လွည့္ ၾကည့္မည္ဆို ပါကဤသို႔ေတြ႕ရမည္။ “ႏိုင္ငံ့ေခါင္းေဆာင္တစ္ ေယာက္လုပ္ေတာ့မယ္ဆိုရင္ အျမင္က်ယ္ဖို႔လိုတယ္။ လူစဥ္မီဖို႔လည္းလိုတယ္။ ဒါမွ ICJ တရား ႐ုံးမွာ သြား စကားေျပာႏိုင္မွာ။ သူမ်ားနဲ႔လုံးတူေဒါက္တူမယွဥ္ႏိုင္လို႔ ကေတာ့ ငါ့အသားဖဲ့ေပးမယ္၊ ငါ့အသားဖဲ့ ေပးမယ္ဆို ၿပီး ကိုယ့္တိုင္းျပည္ပဲဖဲ့ေပးရမွာ” (ေနမ်ိဳးေအာင္)။ ေ႐ြးေကာက္ပြဲမွာ ငါတို႔ NLD က မွ်မွ် တတယွဥ္ၿပိဳင္ေနရတယ္လို႔ေကာမင္းထင္လား။ (ႏိုး) ေဟ့ေကာင္ မဟုတ္ဘူး။ (၂၅)ရာခိုင္ႏႈန္း အစိတ္ သားအေက်ာေပး ၿပီးၿပိဳင္ေနရတာ။ ေ႐ြးေကာက္ပြဲမွာ မဲ (၅၀)ရာခိုင္ႏႈန္း မရတာနဲ႔ အာဏာရွင္က ၫြန႔္ေပါင္းလုပ္ေတာ့မွာ။ ၫြန႔္ေပါင္းျဖစ္တာနဲ႔ သမၼတေနရာကို အာဏာရွင္ကတက္မွာ။ အခုလာမယ့္ ေ႐ြးေကာက္ပြဲက လူလူခ်င္းအႏိုင္က်င့္ႏွိပ္စက္တဲ့အာဏာရွင္နဲ႔ေနမလား။ လူကိုလူလို ဆက္ဆံတဲ့ အစိုးရ နဲ႔ေနမလားဆိုတာကို အဆုံးအျဖတ္ေပးမယ့္ေ႐ြးေကာက္ပြဲ။ အာဏာရွင္ဆိုတာ တစ္ခါလာ ရင္ (၂၅) ႏွစ္ ၾကာတယ္”(လူမင္း)။ “မင္းတို႔ဘာပဲေျပာေနေန မလႊဲသာလို႔ ဆက္ၿပီးဆင္းရဲေနရင္ေတာင္ ႐ိုးသားတဲ့ ျပည္သူ႔ေခါင္းေဆာင္ အေမစုလက္ေအာက္မွာပဲေနမယ္။ အဲဒါငါ့ခံယူခ်က္ပဲ”(ဝိုင္း)။ ေ႐ြးေကာက္ပြဲမဲေပး ေရးအတြက္႐ိုက္ကူးခဲ့ေသာ “ေခတ္ဝန္ ကိုထမ္းေခတ္လမ္းကိုေလွ်ာက္” ဇာတ္ကားအတြင္း၌ ေဖာ္ျပပါ ပုဂၢိဳလ္မ်ားက မဲ့ကာ႐ြဲ႕ကာျဖင့္ တပ္မေတာ္ႏွင့္ ျပည္ခိုင္ၿဖိဳးပါတီကို တိုက္႐ိုက္ေစာ္ကားေျပာဆိုမႈမ်ား လုပ္ဆာင္ခဲ့ၾကသည္။ ဇာတ္ကားအတြင္း၌ပါဝင္ခဲ့ေသာ ပုဂၢိဳလ္တစ္ဦးခ်င္းစီကို သက္ဆိုင္ရာအာဏာပိုင္ မ်ားက ေခၚယူေတြ႕ဆုံ၍ ၎တို႔ေျပာခဲ့ေသာဒိုင္ယာေလာ့ခ္ မ်ားကိုျပန္ၾကည့္ေစသင့္သည္။ မွတ္ခ်က္ ေတာင္းသင့္သည္။ (၂၀၂၀) ေ႐ြးေကာက္ပြဲအတြက္ ဇာတ္ကားထြက္ေပၚခဲ့ျခင္းမ်ိဳးျဖစ္ၿပီး ႏိုင္ငံေတာ္ အတြက္ရည္႐ြယ္ရမည့္အစား NLD ကို ႏိုင္ငံေတာ္အျဖစ္သတ္မွတ္ခဲ့ၾကပုံရ၏။ ေဒၚေအာင္ဆန္းစုၾကည္မွ တစ္ပါး အျခားအရာမ်ားက ႏိုင္ငံေတာ္မဟုတ္သည့္သဖြယ္ ေစာင္းပါးရိပ္ျခည္မ်ား၊ တိုက္႐ိုက္ ေစာ္ကား ျခင္းမ်ားျဖင့္ တစ္ပါတီကြၽန္ျဖစ္ခဲ့ၾကသည္။ ထိုဇာတ္ကားအတြင္း၌ လူမင္း၊ ေနမ်ိဳးေအာင္၊ ေဇာ္ဦး၊ အလင္းေရာင္၊ ဝိုင္း၊ ညီထြဋ္ေခါင္၊ ၿဖိဳးေငြစိုး၊ ဆင္မ၊ ေအာင္ေဇာ္မင္း၊ မ်ိဳး သႏၲာထြန္း၊ နန္းျမတ္ၿဖိဳးသင္း၊ ေ႐ႊသမီးတို႔က ဦးေဆာင္ပါဝင္ခဲ့ၾကသည္။ ထို႔ျပင္ NLD အက်ီ ကိုဝတ္၍ ေအာင္ႏိုင္ေရးသီခ်င္းမ်ားသီဆိုမႈ အျဖစ္ ေဆာင္းဦးလႈိင္၊ သံသာဝင္း၊ အနဂၢ၊ ရန္ရန္ခ်မ္း၊ ရင္ဂို၊ ခ်မ္းေျမ့ေမာင္ခ်ိဳ၊ ၿဖိဳးျမတ္ေအာင္၊ သွ်ီ၊ ခ်စ္ သုေဝ၊ အာဇာနည္၊ သားႀကီး၊ ခ်မ္းခ်မ္း၊ တူးတူး၊ ဆုန္သင္းပါရ္၊ လိေမၼာ္သီး၊ ပိုပို၊ စည္သူလြင္၊ ေဟမာ ေနဝင္း၊ ဘီလီလမင္းေအး၊ ၿဖိဳး ႀကီး၊ ေကာင္းေကာင္း၊ ယုဇန၊ မူးလာ၊ ဂ်ီလတ္တို႔လည္း ပါဝင္ခဲ့ၾက၏။ NLD ေအာင္ႏိုင္ေရးအတြက္ဟုဆိုကာ (၂၀၂၀)ေ႐ြးေကာက္ပြဲႀကီး မဲဆြယ္ကာလအတြင္း NLD Profile ခ်ိန္းသည့္အႏုပညာရွင္မ်ားအျဖစ္ အာဇာနည္ မိသားစု၊ တင္ဇာေမာ္၊ ေကေကမိုး၊ ၿဖိဳး ျပည့္စုံ၊ ျပည္ဖုန္း ေမာ္၊ ရတနာဝိုင္း၊ ေအမီဈာန္၊ ဇာနည္ေအာင္၊ ခင္စုစုႏိုင္၊ လႈိင္းေလး၊ ဂ်ဴဝယ္လ္၊ ေအာင္သီဟ၊ ခ်မ္းခ်မ္း၊ ဒီကာ၊ ပိုးမီ၊ ေကာ္နီ၊ ေအးျမ ျဖဴ၊ ၿဖိဳးျမတ္ေအာင္၊ ေကာင္းေကာင္း၊ ေအာင္ေလး၊ မီမီဝင္းေဖ၊ နန္းစုဦး၊ ဇဏ္ခီ၊ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔ ပါ ဝင္ခဲ့ၾကသည္။ ထိုထက္ပိုေသာစာရင္းလည္း ရွိေနႏိုင္ ၿပီး ဤစာရင္း ၌မပါဝင္ေသးသူမ်ားကိုလည္း ျဖည့္စြက္ ဖတ္ရႈသင့္သည္။ (၂၀၂၁) ႏိုင္ငံေရးျပႆနာအတြင္း၌လည္း NLD ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ဘက္သို႔ အျပည့္အဝရပ္တည္၍ တပ္မေတာ္အစိုးရအားအျပင္း အထန္အပုပ္ခ်မႈမ်ားရွိခဲ့သည္။ “စစ္အစိုးရ စစ္အာဏာရွင္ကို မႀကိဳက္ဘူး၊ ထပ္ေျပာမယ္မႀကိဳက္ဘူး၊ ထပ္ေျပာမယ္မႀကိဳက္ဘူး” ဟု ဇာတ္မင္းသား ဖိုးခ်စ္ က အႀကိမ္ႀကိမ္ေရ႐ြတ္ခဲ့၏။ ထို႔ျပင္ “ယုံၾကည္ပါ။ အားမေလွ်ာ့ပါနဲ႔။ အားေလွ်ာ့စရာမရွိပါဘူး။ ေျပာ တယ္ မင္းတို႔က CDM လုပ္ပါေအာ္မွာေပါ့တဲ့။ မင္းတို႔က ဝန္ထမ္းမွမဟုတ္တာတဲ့။ ကြၽန္ေတာ္တို႔သည္ အဲဒီဝန္ထမ္းေတြ ျပည္သူေတြအဆင္မေျပဘဲနဲ႔ ဒီဇာတ္မင္းသားေတြ ငတ္ၿပီ။ ႐ုပ္ရွင္မင္းသားေတြလည္း ငတ္ၿပီ။ အဆိုေတာ္လည္း ငတ္ၿပီ”ဟု အစခ်ီ ကာ CDM လႈပ္ရွားမႈကိုအားေပးခဲ့သည္။ ယခုမူ ဖိုးခ်စ္ ကိုယ္တိုင္က ဗိုလ္ခ်ဳပ္မႉးႀကီးအား ဖခင္တစ္ဦး သဖြယ္ မ်က္ႏွာခ်ိဳေသြးျပေန၏။ “CDM မွာပါဝင္မယ့္ ျပည္သူအားလုံးအတြက္လည္း ေစာင့္ေရွာက္မႈ ကလည္း ႏိုင္ငံတကာကလည္း အားလုံးအဆင္သင့္ ျဖစ္ၿပီးသားပါ။ တရားဝင္အဖြဲ႕ေတြလည္း ရွိထားၿပီး သားပါ။ ေနဖို႔အတြက္ စားဖို႔အတြက္အားလုံးကို ပူစရာမလိုေအာင္ အားလုံးေစာင့္ေရွာက္မႈေတြရွိၿပီးသား ပါ။ အဲဒီအတြက္ကို တရားဝင္အဖြဲ႕ေတြဖြဲ႕ထားၿပီး သားပါ။ အဲဒီအတြက္ စိုးရိမ္မႈေတြ၊ ပူပန္မႈေတြမရွိပါနဲ႔လို လည္း ကြၽန္မတရား ဝင္ေျပာခ်င္ပါ တယ္”(အိျႏၵာေက်ာ္ဇင္)။
“ဒီ CDM တိုက္ပြဲေလး ေအာင္ျမင္မွသာ လိုခ်င္တဲ့ပန္းတိုင္ကိုေရာက္မွာျဖစ္ပါတယ္။ မရေသး တဲ့တစ္ခ်ိန္မွာလည္း CDM မွာပါဖို႔အတြက္ဆိုရင္ ကြၽန္ေတာ္တို႔ ျပည္သူေတြအားလုံးကဝိုင္းဝန္းၿပီးေစာင့္ ေရွာက္မွာပါ။ ကြၽန္ေတာ္တို႔သည္ ေသေသခ်ာခ်ာစီစဥ္ေနပါတယ္။ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း ပါဝင္ လႉဒါန္းထားၿပီးသားျဖစ္ပါတယ္။ အနယ္နယ္အရပ္ရပ္ကေရာ ႏိုင္ငံျခားကေနေရာ လႉဒါန္းၾကတာေတြ လည္းအမ်ားႀကီးပါ။ ကြၽန္ေတာ္တို႔ေတြ ျပည္သူအခ်င္းခ်င္း ဝိုင္းဝန္းၿပီးေတာ့ ေစာင့္ေရွာက္ၾကတဲ့ပုံစံမ်ိဳးနဲ႔ ဒီတိုက္ပြဲကို ဆက္လက္ခ်ီတက္သြားပါမယ္။ ဒါေၾကာင့္ နိဂုံးခ်ဳပ္ေျပာခ်င္တာက CDM မွာ ပါဝင္ေပးၾက ဖို႔ပါ” (ေျပတီဦး)။ “ကြၽန္ေတာ္တို႔က ဒီပုံစံနဲ႔ပဲ(၁၀)ႏွစ္ေလာက္ေနခဲ့ၿပီးၿပီဆိုေတာ့ စစ္အာဏာ ရွင္ေအာက္ မွာ ဘယ္ေတာ့ မွမေနတတ္ေတာ့ဘူး။ အဲဒီေတာ့ မရမခ်င္း ကြၽန္ေတာ္တို႔လူငယ္ေတြနဲ႔အတူ ကြၽန္ေတာ္ တို႔က မရမခ်င္း ဆက္လက္တိုက္ပြဲဝင္သြားမွာပါ။ ဘယ္ေတာ့မွ အရႈံးမေပးပါဘူး”(ရာဇာေနဝင္း) အႏု ပညာရွင္ တစ္ဦးခ်င္းစီ၏႐ုပ္သံမွတ္တမ္းမ်ားကို ျပန္လည္ခ်ေရးမည္ဆိုပါ က စာအုပ္ တစ္အုပ္ထြက္ႏိုင္ သည္။ ထိုသို႔ေျပာခဲ့ၾကေသာအႏုပညာရွင္မ်ား လက္ရွိမည္သို႔ေနထိုင္သည္ကို ေလ့လာၾကည့္မည္ဆိုပါက အေျပာႏွင့္လက္ေတြ႕ မည္မွ်ကြဲလြဲ၍ မည္မွ်ပလီပလာလုပ္ခဲ့သည္ကို ထင္ထင္ရွားရွားျမင္ႏိုင္၏။ ခ်င္း တိုင္းရင္းသူ သက္မြန္ျမင့္က စစ္တပ္ဘက္ေတာ္သားဒလန္မ်ားကို သတ္ပစ္ရမည္ဟု အဓိပၸာယ္ရေသာ စကားကိုေျပာခဲ့သကဲ့သို႔ ေျမျပင္တြင္လည္း ဒလန္ေခါင္းစဥ္ျဖင့္ ရွင္းလင္းခံရျခင္း အမ်ားအျပားရွိခဲ့သည္။ အႏုပညာရွင္မ်ားထဲမွ လီလီႏိုင္ေက်ာ္၊ ဇင္ႀကီးတို႔ ေသဆုံးခဲ့ရျခင္းက သက္ေသပင္။ (၂၀၂၁) ႏိုင္ငံေရး အခင္းအက်င္းအတြင္း၌ နီပိန္းအႏုပညာသည္မ်ား၏လႈံ႕ေဆာ္မႈေၾကာင့္ အျပစ္မဲ့ျပည္သူေပါင္း ေသာင္း ဂဏန္း ေသဆုံးခဲ့ရသည္။ ထို႔အတြက္ မည္သည့္နီပိန္း အႏုပညာရွင္ကမွ ဝမ္း နည္းေၾကာင္း၊ မွားယြင္း သြားခဲ့ေၾကာင္း ဝန္ခံျခင္းမရွိေပ။ ထို႔အတူ အႏုပညာစြမ္းအားျဖင့္ ႏိုင္ငံေတာ္အား ျပန္လည္ ကူညီပါမည္ ဟု ကတိကဝတ္ေပးခဲ့ေသာ အႏုပညာရွင္အခ်ိဳ႕ပင္လွ်င္ (၂၀၂၅) ေ႐ြးေကာက္ပြဲ ႏွင့္ပတ္သက္၍ ေရွာင္ဖယ္ေနရန္စီစဥ္ခဲ့ၾကသည္။ (၂၀၂၁)ႏိုင္ငံေရးအခင္းအက်င္း၌ မွတ္မိသမွ် ဤအ ႏုပညာရွင္ မ်ားပါဝင္ခဲ့ၾက၏။ အိျႏၵာေက်ာ္ဇင္၊ ေဖြးေဖြး၊ မိုးေဟကို၊ ေအးျမတ္သူ၊ သင္ဇာဝင့္ေက်ာ္၊ ေနာ္ေဖာ အယ္ထား၊ ပိုးမမွီသာ၊ ခင္ဝင့္ဝါ၊ အိေခ်ာပို၊ ေမပန္းခ်ီ၊ စိုးျပည့္သဇင္၊ ေ႐ႊမႈန္ရတီ၊ ေမ(အဆိုေတာ္)၊ ေအး ဝတ္ရည္ေသာင္း၊ သဲစုညိမ္း၊ ေခ်ာရတနာ၊ ေမမီကိုကို၊ သဇင္ထူးျမင့္၊ နန္းဆုရတီစိုး၊ ပန္းေရာင္ျခယ္၊ ရတနာ ဗိုလ္၊ ေဆာင္းဝတ္ရည္ေမ၊ ေမတိုးခိုင္၊ သက္မြန္ျမင့္၊ M ဆိုင္းလူ၊ ဝါဆိုမိုးဦး၊ ခိုင္သင္းၾကည္၊ ပိုပို၊ ေမဂ ေရ႕စ္၊ လီလီေက်ာ္ခိုင္၊ Lu Hpring ၊ အမရာဖုန္း၊ ေ႐ႊသမီး၊ ေျပတီဦး၊ လူမင္း၊ စိုင္းစိုင္းခမ္းလႈိင္၊ တိုင္ ႐ြန္၊ ထူးေအာင္၊ အလင္းေရာင္၊ ညီနႏၵ၊ ဟိန္းေဝယံ၊ စိုင္းစည္တြမ္ခမ္း၊ ခ်ာလီ၊ အုပ္စိုးခန႔္၊ ေတဇလင္း ေရာင္၊ ပိုင္တံခြန္၊ ဗီတာမင္၊ ခင္လႈိင္၊ လႊမ္းပိုင္၊ ဗညားဘုန္းျပည့္၊ စည္သူရဲထြဋ္၊ ေအာင္ရဲလင္း၊ ဟင္နရီစံ၊ ခ်မ္း မင္းရဲထြဋ္၊ ေဇာ္ရႈိင္းထက္၊ ၿဖိဳးေလး၊ ေ႐ႊထူး၊ ေနထြဋ္၊ ထက္ေအာင္ရႈိင္း၊ ေက်ာ္ထက္ေအာင္၊ ဟိဏ္း သစ္၊ Ar T ၊ ရာဇာေနဝင္း၊ ဇင္ေအာင္။ ထိုအေရအတြက္ ထက္လည္းပိုမည္၊ သို႔ေသာ္ ျပည္သူမ်ားကသာ ျဖည့္ စြက္ဖတ္ရႈသင့္သည္။ “ကြၽန္ေတာ္တို႔က သူတို႔ကို ပါတီတစ္ခုခုအတြက္ မဲဆြယ္ခိုင္းတာလည္း မ ဟုတ္ဘူး။ ႏိုင္ငံေတာ္ကက်င္းပမယ့္ေ႐ြးေကာက္ပြဲကို ျပည္ သူေတြမဲလာေပးေစဖို႔ အတြက္ အသိပညာ ေပးေရး လုပ္ေပးဖို႔ အကူအညီေတာင္းခဲ့တာ။ တခ်ိဳ႕ဆိုရင္ ကူညီမေပးခ်င္တဲ့အျပင္ ေႏွာင့္ပါ ေႏွာင့္ ယွက္ တာဗ်။ ဒီေတာ့ ေ႐ြးေကာက္ပြဲမဲေပးေရး ပါဝင္အားျဖည့္သူေတြကို ေႏွာင့္ယွက္တာက်ေတာ့ လုံးဝ သည္း ခံလို႔ မရေတာ့ဘူး။ မကူညီခ်င္ရင္ေနဆိုတာမ်ိဳးေတာင္ မျဖစ္သင့္ေတာ့တာမ်ိဳး။ မကူညီဘူးဆိုရင္ သက္ ဆိုင္ရာအ ထက္အဆင့္ဆင့္ကို သူတို႔ကေတာ့ ကူညီဖို႔ အစီအစဥ္မရွိဘူးလို႔ေျပာတယ္ဆိုတာ မ်ိဳးပဲ တင္ ေပးလိုက္တာ” ဟု ျပန္ၾကားေရးမွတာဝန္ရွိသူတစ္ဦးကရင္ဖြင့္သည္။ အာဏာစက္ျဖင့္ ဖိအားေပးျခင္းမ်ိဳး မခံရေစရန္ ျပန္ၾကားေရးဘက္က ၾကားဝင္ေစ့စပ္ေပးသည့္တိုင္ အခ်ိဳ႕က ဖ်ားနာသေယာင္၊ ခရီးလြန္ သေယာင္ ဟန္ေဆာင္သည္မ်ားရွိသကဲ့သို႔ မပါဝင္လိုသည့္အတြက္ ဆက္သြယ္၍မရေစရန္ လုပ္ေဆာင္ ျခင္းမ်ားပါ လုပ္ခဲ့ ၾကသည္ဟုၾကားသိရသည္။ “အကူ-၂ ထဲမွာေတာ့ (၁၀)ေယာက္ေက်ာ္တယ္တဲ့။ ေခၚယူေတြ႕ဆုံ ေဆြးေႏြးေနတာလို႔ၾကားတယ္။ အျပင္မွာေတာ့ ဖမ္းဆီးစစ္ေဆးတယ္လို႔ထင္ၾကတာေပါ့။ တကယ္ေတာ့ ေခၚယူေတြ႕ဆုံၿပီး ေမတၱာရပ္ခံညႇိႏႈိင္းေနတဲ့သေဘာမ်ိဳးပါ။ ေတာ္ေတာ္ေပ်ာ့ေပ်ာ့ ေပ်ာင္း ေပ်ာင္းပါပဲ။ ဟိုအရင္ ေခတ္ကသာဆိုရင္ သြားၿပီေလ”ဟု အႏုပညာရွင္မ်ား ကိုေခၚယူေဆြးေႏြးေနျခင္း အေပၚ သိရွိသူတစ္ဦးက ေျပာသည္။ ဝါရင့္အႏုပညာရွင္ႀကီးတစ္ဦးကလည္း အျခားအႏုပညာရွင္ လူ လတ္ပိုင္းတစ္ဦးႏွင့္ အလြတ္သေဘာေျပာဆိုမႈအတြင္း၌ ထည့္သြင္းအသိေပးသည္ မွာ “ဒီတစ္ပြဲကေတာ့ အျဖဴအမည္းကြဲၿပီ။ အႏုပညာ သမားက အႏုပညာအလုပ္မလုပ္ဘဲ နားမလည္ပါးမလည္နဲ႔ ႏိုင္ငံေရးကို သြားၿပီး ေယာင္ေတာင္ေပါင္ ေတာင္လုပ္တာထိၿပီေပါ့။ ပါတီတစ္ခု လူပုဂၢိဳလ္တစ္ဦး ကိုေထာက္ခံျပတာ ကို ႏိုင္ငံေရးလို႔ထင္ေနကတည္းက အခုထိၿပီေလ”ဟုေျပာခဲ့သည္။ အႏုပညာအသိုင္း အဝိုင္းမွထုတ္လုပ္ သူတစ္ဦးကမူ ျပည္ေျပးမ်ား၏ ၿခိမ္းေျခာက္မႈေၾကာင့္ ျပည္တြင္းေနအႏုပညာရွင္အခ်ိဳ႕၏ ႐ုပ္ရွင္႐ုံ တင္ ျခင္းမ်ားအေပၚ ထိခိုက္မႈရွိေၾကာင္း၊ ႏိုင္ငံေတာ္ကိုကူညီသည့္အႏုပညာရွင္မ်ား ၿခိမ္းေျခာက္ခံေနရေသာ္ လည္း ႏိုင္ငံေတာ္အား ဖ်က္လိုဖ်က္ဆီးလုပ္ခဲ့သည့္အႏုပညာရွင္က ေဘးထြက္ထိုင္၍အဆင္ေျပေနျခင္း သည္ ေလာကအတြက္ လား ရာမေကာင္းဟုဆိုသည္။ တစ္နည္းအားျဖင့္ ႏိုင္ငံေတာ္ဘက္မွ ရပ္တည္ ေပးခဲ့သူမ်ား အက်ပ္အတည္း ေတြ႕ၿပီး ႏိုင္ငံေတာ္ဖ်က္ဆီးေရးဘက္၌ ရပ္တည္ခဲ့သူမ်ားက အဆင္ေျပ ေနျခင္းသည္ ႏိုင္ငံေတာ္အားကူညီခဲ့သူမ်ားကိုပါ U-Turn ျဖစ္သြားေစႏိုင္သည္ဟု ဆိုလိုျခင္းျဖစ္၏။ “အခုမွ အေျခအေနေလးကျပန္ ေကာင္းခါစ။ ႐ုံကလည္းတိုးလာတယ္၊ ကားေတြလည္းတိုးလာတယ္။ အဲဒါေတြ ရပ္တန႔္သြားမွာစိုး တယ္။ ျပႆနာေတြလည္းမျဖစ္ေစခ်င္ဘူး။ ဘာပဲျဖစ္ျဖစ္ ေပ်ာ့ေပ်ာ့ ေပ်ာင္းေပ်ာင္းနဲ႔ လုပ္ေပးစရာရွိတာ လုပ္ေပးလိုက္ၾကေပါ့။ ဆန႔္က်င္လို႔လည္း ဘာလုပ္လို႔ ရမွာမို႔လို႔လဲ။ မလုပ္ေပးခ်င္ရင္ ဟိုဘက္ကလာမွာပဲေလ။ NLD တုန္းကဆိုရင္ ပိုေတာင္ဆိုးေသးတယ္။ ကားေပၚက ဇာတ္လမ္းေရာ၊ ဒါ႐ိုက္တာ ဝိုင္း ႐ိုက္ထားတာေတြေရာပဲ။ အခုက ႏိုင္ငံေတာ္ကိုကူညီ တာပဲ ေလ”ဟု ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးၾကည္စိုးထြန္းက ေျပာသည္။ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ အႏုပညာ ရွင္အားလုံး၏ပူးေပါင္းကူညီေပးမႈကို ႏိုင္ငံေတာ္က လိုအပ္ေနသည္။ ႏိုင္ငံေတာ္၏လိုအပ္ခ်က္ကို အႏု ပညာရွင္မ်ားက ပါဝင္ကူညီေပးေစလိုသည့္အတြက္ သက္ဆိုင္သည့္ ျပန္ၾကားေရးဝန္ႀကီးဌာနက အႏု ပညာရွင္မ်ားႏွင့္တိုက္႐ိုက္ဆက္သြယ္ အကူအညီေတာင္းခံ၊ ေမတၱာရပ္ခံသည္။ ေနတိုးႏွင့္အဖြဲ႕က ကူညီ အားျဖည့္ခဲ့ခ်ိန္တြင္ ဝိုင္းဝန္းေလွာင္ေျပာင္ၾကသည္။ ဤသည္ မွာ ႏိုင္ငံေတာ္အား ေစာ္ကားျခင္း မဟုတ္ ေပေလာ။ ျပန္ၾကားေရးဝန္ႀကီးဌာနက ေအာက္တိုဘာ(၂၈)မွ စ၍ ခ်ိတ္ဆက္ျခင္းမ်ားလုပ္ေဆာင္ခဲ့ၿပီး ေအာက္တိုဘာ(၃၁)အထိ ဆက္သြယ္၍ရသည္မ်ားလည္းရွိ သည္၊ မရသည္မ်ားလည္းရွိသည္။ “ေျပတီဦး နဲ႔ အိျႏၵာေက်ာ္ဇင္တို႔ကေတာ့ ပါဝင္ပူးေပါင္းမယ္လို႔ေျပာ လာပါတယ္။ ကိုလူမင္းကေတာ့ ဆက္သြယ္လို႔ မရေသးဘူး”ဟု တာဝန္ရွိသူတစ္ဦးကေျပာသည္။ ဇာဂ နာ၊ ဆင္မ၊ အစရွိေသာ ပုဂၢိဳလ္မ်ားလည္းက်န္ေန ေသး၏။ ပူးေပါင္းပါဝင္ျခင္းမရွိသူမ်ားကို အထက္အာဏာပိုင္မ်ားထံ ၎တို႔၏ တုံ႔ျပန္စကားမ်ားအတိုင္း တင္ျပေပးလိမ့္မည္ျဖစ္ၿပီး အထက္အာဏာပိုင္မ်ားက မည္ကဲ့သို႔ဆက္လုပ္မည္ကိုမသိႏိုင္ေပ။ ယခင္မွတ္ ခ်က္ရွိ သူမ်ားအတြက္ ပို၍ကံဆိုးသြားမည္လား၊ သို႔မဟုတ္ ထပ္မံခြင့္လႊတ္ခံရဦးမည္လားမသိႏိုင္ျခင္း ပင္။ အကယ္၍ ပူးေပါင္းမႈမရွိခဲ့ပါက ၎တို႔က်ဴးလြန္ခဲ့ဖူးေသာ ျပစ္မႈျပစ္ဒဏ္မ်ား ထပ္မံက်ခံေစျခင္း အျပင္ ႏိုင္ငံေတာ္အေနျဖင့္ အႏုပညာလုပ္ငန္းမ်ားလုပ္ေဆာင္ခြင့္ရပ္ဆိုင္းျခင္း၊ အႏုပညာ လုပ္ငန္းလုပ္ခဲ့ သမွ်အားလုံးအေပၚတြင္ ေနာက္ေၾကာင္းျပန္အခြန္မ်ား လိုက္၍ အခြန္အျပည့္အဝထမ္းေဆာင္ေစျခင္း၊ ၎တို႔ႏွင့္စာခ်ဳပ္ခ်ဳပ္၍အလုပ္လုပ္ခဲ့ၾကေသာ ကုမၸဏီမ်ားအထိပါ အခြန္လိုက္ျခင္းႏွင့္ အျခားေသာ အႏုပညာ လုပ္ငန္းဆိုင္ရာ ျပစ္ဒဏ္မ်ားေပးအပ္သြားႏိုင္ေျခလည္းရွိေနသည္။ ႏိုင္ငံေတာ္ႏွင့္ ပါတီ-လူပုဂၢိဳလ္ မခြဲျခားတတ္ေသာ အႏုပညာသည္မ်ားကို အႏုပညာ ရွင္ဟုေခၚဆိုရန္မထိုက္တန္ျခင္းေၾကာင့္ ပင္။ “ကိုယ္ စိုက္တဲ့အသီး ကိုယ္ျပန္စားရတာပါပဲ။ အခု အိပ္မေပ်ာ္ စားမဝင္ျဖစ္ေနေလာက္ၿပီ” ဟုဆိုခ်င္ ၏။ ေအာက္တို ဘာလ(၃၁)ရက္ညပိုင္းအထိ သိရွိထားသမွ်တြင္မူ လူမင္းကို ဆက္သြယ္၍မရေသးေပ။ မိုးေဟကိုလည္း ဖုန္းမကိုင္။ သို႔ေသာ္ ထြန္းအိျႏၵာဗိုလ္၊ ပိုင္တံခြန္တို႔ ပါဝင္လာသည့္အျပင္ ဒါ႐ိုက္တာမ်ား စြာကလည္း ပါဝင္ပါမည္ဟုကတိေပးၾကသည္”။ အရင္က ပ်က္ကြက္ပ်က္ကြက္နဲ႔ေရွာင္ေနတဲ့သူေတြကို ပါ ဘယ္ေန႔ အေရာက္ဆိုတာမ်ိဳး ယတိျပတ္လုပ္မယ္။ တခ်ိဳ႕က ေျပာတယ္။ ဟိုဘက္ကို ေၾကာက္လို႔ ဆိုပဲ။ ဒါဆို ဒီဘက္ကိုက်ေတာ့ ေၾကာက္စရာမလိုဘူး လုပ္ခ်င္သလို လုပ္လို႔ရတယ္ေျပာခ်င္ တာလားလို႔ ေမးလိုက္ရတယ္”ဟု သတင္းရင္းျမစ္တစ္ဦးကေျပာၾကားခဲ့ၿပီး ျဖစ္ႏိုင္ေျခသည္ ႏိုဝင္ဘာလ (၅)ရက္ နံနက္ (၁၀)နာရီအေရာက္ဟူ၍ပင္။