ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲနေသော DEMUနှင့် RBEရထားလက်မှတ်များ ကို (၅)ရက် ကြိုတင်၍ မှတ်ပုံတင်ကာဝယ်ယူနိုင်

 564

စော(NP News)-နိုဝင်ဘာ ၂
ရန်ကုန် - နေပြည်တော် - မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော အမှတ်(၇)အဆန်/ (၈) အစုန်၊ အမှတ်(၃၁)အဆန်/(၃၂)အစုန် DEMU ရထားများနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် RBE ရထားများ ဖြင့် စီးနင်းလိုက်ပါလိုကြသည့် ခရီးသွားပြည်သူများအနေဖြင့် ခရီးစဉ်များ အလိုက် ရထားလက်မှတ်များကို အဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေးအတွက် ခရီးသွားမည့်နေ့ရက်မတိုင်မီ (၅)ရက်အလိုမှစ၍ ကြိုတင်မှတ်ပုံတင်ခြင်း(Booking) ပြုလုပ်နိုင်ကြောင်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။
ကြိုတင်မှတ်ပုံတင်ရန်အတွက် ဖုန်းနံပါတ်များမှာ ရန်ကုန်ဘူတာကြီး ၀၉-၈၈၀၉၄၂၆၀၈၊ တိုးကြောင်ကလေးဘူတာ၀၉-၈၈ဝ၉၄၂၆၀၉၊ ပဲခူးဘူတာ ၀၉-၈၈၀၉၄၂၆၀၆၊ ဖြူးဘူတာ၀၉-၈၀၉၄၂၆၀၅၊ တောင်ငူဘူတာ ၀၉-၈၈ဝ၉၄၂၆၀၄၊ ပျဉ်းမနားဘူတာ ၀၉-၈၈၀၉၄၂၆၀၁၊နေပြည်တော်ဘူတာ ၀၉-၈၈ဝ၉၄၂၆၀၂၊ တပ်ကုန်းဘူတာ ၀၉-၈၈၀၉၄၂၆၁၃၊ ပျော်ဘွယ်တူတာ ၀၉-၈၈၀၉၄၂၆ဝ၇၊ သာစည်တူတာ ၀၉-၈၈၀၉၄၂၆၀၀၊ ကျောက်ဆည်ဘူတာ ၀၉-၈၈ဝ၉၄၂၆၁၁ နှင့် မန္တလေးဘူတာ ၀၉-၀၈၀၉၄၂၆၁၂ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။
ထိုသို့ဆက်သွယ်ရာတွင် ခရီးသွားမည့်သူ၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ရထားစီးနင်းလိုက်ပါလိုသည့် နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နှင့် တွဲအတန်းအစားများကို မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ခရီးသွားမည့်နေ့ရက်မတိုင်မီ (၃)ရက်အလိုတွင် အဆိုပါဖုန်းနံပါတ်သို့ထပ်မံ ဖုန်းဆက် သွယ်ရမည်ဖြစ်ပြီး ဖုန်းလက်ခံသည့်မီးရထားဝန်ထမ်းက ခရီးသွားမည့်သူ၏ ခရီးစဉ်အတိုင်း ထိုင်ခုံနေရာ လစ်လပ်မှုရှိပါက ခရီးသွားမည့်သူထံသို့ Viber မှတစ်ဆင့် လက်မှတ်ကျသင့်ငွေပမာဏနှင့် MMQR Code အားပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခရီးသွားမည့်သူအနေဖြင့် မည်သည့် Online Payment အမျိုးအစားနှင့်မဆို MMQR ဖြင့် ငွေပေးချေနိုင်ပြီး မီးရထားဝန်ထမ်းနှင့်ဆက်သွယ်မှုပြုလုပ်ပြီးသည်မှ (၁)နာရီအတွင်း ငွေပေးသွင်းပြီးကြောင်း အထောက်အထားကို Screenshot ပြုလုပ်၍ ဖုန်းလက်ခံသည့်မီးရထားဝန်ထမ်း၏ ဖုန်း Viber အမှတ်သို့ ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါမီးရထားဝန်ထမ်းက ငွေပေးသွင်းပြီးကြောင်း အထောက် အထားရရှိပါက ခရီးသွားမည့်သူ၏ထံသို့ စီးနင်းလိုက်ပါရမည့်ခရီးစဉ်အတိုင်း တွဲ/ ထိုင်ခုံနံပါတ်တို့အား ပြန်လည်ပေးပို့ပါမည်ကာ ခရီးသွားမည့်သူသည် သက်ဆိုင်ရာရထားစီးနင်းမည့်ဘူတာသို့ ရထားမထွက်ခွာမီ(၁) နာရီအလို ကြိုတင်လာရောက်၍ ဘူတာလက်မှတ်ရုံ၌ ငွေပေးသွင်းပြီးကြောင်း အထောက်အထားပြသ၍ ရထားလက်မှတ်အားတောင်းခံထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားပြည်သူများ ရထားလက်မှတ်များအား ပိုမိုအဆင်ပြေလွယ်ကူစွာဝယ်ယူ နိုင်ကြစေရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားလက်မှတ်များအား Online မှ ရောင်းချခြင်းနှင့် ငွေပေးချေခြင်း(Online Railway Ticketing and Payment System - ORTP) စနစ်ကို အကောင်အထည် ဖော်နိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သောကြောင့် မကြာမီကာလအတွင်း အဆိုပါစနစ် အား ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲပေးနေသော လူစီးရထားများအတွက် ရှေ့ပြေး စမ်းသပ်အစီအစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်ခအပိုကြေးပေးရခြင်း၊ လက်မှတ်မှောင်ခိုဝယ်ယူရခြင်းများ ကြုံတွေ့ရပါက အထွေထွေမန်နေဂျာ(စီးပွားရေး) ၀၉-၈၉၁၇၅၀၀၀၈၊ ဒုတိယအထွေထွေမန်နေဂျာ(ခရီးသည်) ၀၉-၈၉၁၇၅၀၁၃၆၊လက်ထောက်အထွေထွေမန်နေဂျာ(ခရီးသည်) ၀၉- ၈၉၁၇၅၀၁၃၉၊ တိုင်းတာဝန်ခံ၊ တိုင်းအမှတ်(၃) မန္တလေး ၀၉-၈၉၁၇၅၀၀၂၁၊ တိုင်းတာဝန်ခံ၊ တိုင်းအမှတ်(၅) တောင်ငူ ၀၉-၈၉၁၇၅၀၀၂၀၊ တိုင်းတာဝန်ခံ၊ တိုင်းအမှတ်(၇) ရန်ကုန် ၀၉-၈၉၁၇၅၀၀၁၉၊ မန်နေဂျာ(သွားလာရေး)၊ တိုင်းအမှတ်(၃) မန္တလေး ၀၉-၈၉၁၇၅၀၁၀၁၊ မန်နေဂျာ(သွားလာရေး)တို့ကို တိုင်ကြားနိုင်ကြောင်း သိရသည်။
ထို့ပြင် တိုင်းအမှတ်(၄) သာစည် ၀၉- ၈၉၁၇၅၀၁၀၃၊ မန်နေဂျာ(သွားလာရေး)၊ တိုင်းအမှတ်(၅) တောင်ငူ ၀၉- ၈၉၁၇၅၀၁၀၅၊ မန်နေဂျာ(သွားလာရေး)၊ တိုင်းအမှတ်(၆) ရန်ကုန် ၈၉၁၇၅၀၁၀၇၊ မန်နေဂျာ(သွားလာရေး)၊ တိုင်းအမှတ်(၇) ရန်ကုန် ၈၉၁၇၅၀၁၀၉ စသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ရန္ကုန္ - ေနျပည္ေတာ္ - မႏၲေလးလမ္းပိုင္းအတြင္း ေျပးဆြဲေနေသာ DEMUႏွင့္ RBEရထားလက္မွတ္မ်ား ကို (၅)ရက္ ႀကိဳတင္၍ မွတ္ပုံတင္ကာဝယ္ယူႏိုင္
ေစာ(NP News)-ႏိုဝင္ဘာ ၂
ရန္ကုန္ - ေနျပည္ေတာ္ - မႏၲေလးလမ္းပိုင္းအတြင္း ေျပးဆြဲလ်က္ရွိေသာ အမွတ္(၇)အဆန္/ (၈) အစုန္၊ အမွတ္(၃၁)အဆန္/(၃၂)အစုန္ DEMU ရထားမ်ားႏွင့္ အမွတ္(၂၇)အဆန္/(၂၈)အစုန္ RBE ရထားမ်ား ျဖင့္ စီးနင္းလိုက္ပါလိုၾကသည့္ ခရီးသြားျပည္သူမ်ားအေနျဖင့္ ခရီးစဥ္မ်ား အလိုက္ ရထားလက္မွတ္မ်ားကို အဆင္ေျပလြယ္ကူစြာဝယ္ယူႏိုင္ေရးအတြက္ ခရီးသြားမည့္ေန႔ရက္မတိုင္မီ (၅)ရက္အလိုမွစ၍ ႀကိဳတင္မွတ္ပုံတင္ျခင္း(Booking) ျပဳလုပ္ႏိုင္ေၾကာင္း ျမန္မာ့မီးရထားမွ အသိေပးထုတ္ျပန္ထားသည္။
ႀကိဳတင္မွတ္ပုံတင္ရန္အတြက္ ဖုန္းနံပါတ္မ်ားမွာ ရန္ကုန္ဘူတာႀကီး ၀၉-၈၈၀၉၄၂၆၀၈၊ တိုးေၾကာင္ကေလးဘူတာ၀၉-၈၈ဝ၉၄၂၆၀၉၊ ပဲခူးဘူတာ ၀၉-၈၈၀၉၄၂၆၀၆၊ ျဖဴးဘူတာ၀၉-၈၀၉၄၂၆၀၅၊ ေတာင္ငူဘူတာ ၀၉-၈၈ဝ၉၄၂၆၀၄၊ ပ်ဥ္းမနားဘူတာ ၀၉-၈၈၀၉၄၂၆၀၁၊ေနျပည္ေတာ္ဘူတာ ၀၉-၈၈ဝ၉၄၂၆၀၂၊ တပ္ကုန္းဘူတာ ၀၉-၈၈၀၉၄၂၆၁၃၊ ေပ်ာ္ဘြယ္တူတာ ၀၉-၈၈၀၉၄၂၆ဝ၇၊ သာစည္တူတာ ၀၉-၈၈၀၉၄၂၆၀၀၊ ေက်ာက္ဆည္ဘူတာ ၀၉-၈၈ဝ၉၄၂၆၁၁ ႏွင့္ မႏၲေလးဘူတာ ၀၉-၀၈၀၉၄၂၆၁၂ တို႔ကို ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။
ထိုသို႔ဆက္သြယ္ရာတြင္ ခရီးသြားမည့္သူ၏အမည္၊ ႏိုင္ငံသားစိစစ္ေရးကတ္အမွတ္၊ ရထားစီးနင္းလိုက္ပါလိုသည့္ ေန႔ရက္၊ ခရီးစဥ္၊ ရထားအမွတ္ႏွင့္ တြဲအတန္းအစားမ်ားကို မွတ္တမ္းတင္ထားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ခရီးသြားမည့္ေန႔ရက္မတိုင္မီ (၃)ရက္အလိုတြင္ အဆိုပါဖုန္းနံပါတ္သို႔ထပ္မံ ဖုန္းဆက္ သြယ္ရမည္ျဖစ္ၿပီး ဖုန္းလက္ခံသည့္မီးရထားဝန္ထမ္းက ခရီးသြားမည့္သူ၏ ခရီးစဥ္အတိုင္း ထိုင္ခုံေနရာ လစ္လပ္မႈရွိပါက ခရီးသြားမည့္သူထံသို႔ Viber မွတစ္ဆင့္ လက္မွတ္က်သင့္ေငြပမာဏႏွင့္ MMQR Code အားေပးပို႔မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ခရီးသြားမည့္သူအေနျဖင့္ မည္သည့္ Online Payment အမ်ိဳးအစားႏွင့္မဆို MMQR ျဖင့္ ေငြေပးေခ်ႏိုင္ၿပီး မီးရထားဝန္ထမ္းႏွင့္ဆက္သြယ္မႈျပဳလုပ္ၿပီးသည္မွ (၁)နာရီအတြင္း ေငြေပးသြင္းၿပီးေၾကာင္း အေထာက္အထားကို Screenshot ျပဳလုပ္၍ ဖုန္းလက္ခံသည့္မီးရထားဝန္ထမ္း၏ ဖုန္း Viber အမွတ္သို႔ ျပန္လည္ေပးပို႔ရမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါမီးရထားဝန္ထမ္းက ေငြေပးသြင္းၿပီးေၾကာင္း အေထာက္ အထားရရွိပါက ခရီးသြားမည့္သူ၏ထံသို႔ စီးနင္းလိုက္ပါရမည့္ခရီးစဥ္အတိုင္း တြဲ/ ထိုင္ခုံနံပါတ္တို႔အား ျပန္လည္ေပးပို႔ပါမည္ကာ ခရီးသြားမည့္သူသည္ သက္ဆိုင္ရာရထားစီးနင္းမည့္ဘူတာသို႔ ရထားမထြက္ခြာမီ(၁) နာရီအလို ႀကိဳတင္လာေရာက္၍ ဘူတာလက္မွတ္႐ုံ၌ ေငြေပးသြင္းၿပီးေၾကာင္း အေထာက္အထားျပသ၍ ရထားလက္မွတ္အားေတာင္းခံထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။
ခရီးသြားျပည္သူမ်ား ရထားလက္မွတ္မ်ားအား ပိုမိုအဆင္ေျပလြယ္ကူစြာဝယ္ယူ ႏိုင္ၾကေစေရးအတြက္ ျမန္မာ့မီးရထားအေနျဖင့္ ရထားလက္မွတ္မ်ားအား Online မွ ေရာင္းခ်ျခင္းႏွင့္ ေငြေပးေခ်ျခင္း(Online Railway Ticketing and Payment System - ORTP) စနစ္ကို အေကာင္အထည္ ေဖာ္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္မႈလုပ္ငန္းမ်ားေဆာင္႐ြက္ေနၿပီျဖစ္ေသာေၾကာင့္ မၾကာမီကာလအတြင္း အဆိုပါစနစ္ အား ရန္ကုန္-မႏၲေလးရထားလမ္းပိုင္းအတြင္း ေျပးဆြဲေပးေနေသာ လူစီးရထားမ်ားအတြက္ ေရွ႕ေျပး စမ္းသပ္အစီအစဥ္အျဖစ္ စီစဥ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း အသိေပးထားသည္။
ခရီးသြားျပည္သူမ်ားအေနျဖင့္ လက္မွတ္ခအပိုေၾကးေပးရျခင္း၊ လက္မွတ္ေမွာင္ခိုဝယ္ယူရျခင္းမ်ား ႀကဳံေတြ႕ရပါက အေထြေထြမန္ေနဂ်ာ(စီးပြားေရး) ၀၉-၈၉၁၇၅၀၀၀၈၊ ဒုတိယအေထြေထြမန္ေနဂ်ာ(ခရီးသည္) ၀၉-၈၉၁၇၅၀၁၃၆၊လက္ေထာက္အေထြေထြမန္ေနဂ်ာ(ခရီးသည္) ၀၉- ၈၉၁၇၅၀၁၃၉၊ တိုင္းတာဝန္ခံ၊ တိုင္းအမွတ္(၃) မႏၲေလး ၀၉-၈၉၁၇၅၀၀၂၁၊ တိုင္းတာဝန္ခံ၊ တိုင္းအမွတ္(၅) ေတာင္ငူ ၀၉-၈၉၁၇၅၀၀၂၀၊ တိုင္းတာဝန္ခံ၊ တိုင္းအမွတ္(၇) ရန္ကုန္ ၀၉-၈၉၁၇၅၀၀၁၉၊ မန္ေနဂ်ာ(သြားလာေရး)၊ တိုင္းအမွတ္(၃) မႏၲေလး ၀၉-၈၉၁၇၅၀၁၀၁၊ မန္ေနဂ်ာ(သြားလာေရး)တို႔ကို တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းအမွတ္(၄) သာစည္ ၀၉- ၈၉၁၇၅၀၁၀၃၊ မန္ေနဂ်ာ(သြားလာေရး)၊ တိုင္းအမွတ္(၅) ေတာင္ငူ ၀၉- ၈၉၁၇၅၀၁၀၅၊ မန္ေနဂ်ာ(သြားလာေရး)၊ တိုင္းအမွတ္(၆) ရန္ကုန္ ၈၉၁၇၅၀၁၀၇၊ မန္ေနဂ်ာ(သြားလာေရး)၊ တိုင္းအမွတ္(၇) ရန္ကုန္ ၈၉၁၇၅၀၁၀၉ စသည့္ ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္တိုင္ၾကားႏိုင္ေၾကာင္း ျမန္မာ့မီးရထားမွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.