မင်းလှမြို့နယ်မှ အ. လ. က(ခွဲ)ကျောင်းအုပ်ဆရာမ(၁)ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင်(၅)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်

 2610

သန့်ဇင်(NP News)-နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှ အ. လ. က(ခွဲ)ကျောင်းအုပ်ဆရာမ(၁)ဦးနှင့် ကလေးငယ်တစ်ဦးအပါအဝင်(၅)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက်၊ နံနက် ၄ နာရီခွဲအချိန်ခန့်က မင်းလှမြို့နယ်၊ စက်စက်ယိုကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ကျေးရွာသို့ PDF အဖွဲ့င် (၁၀) ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ယင်းကျေးရွာတွင်နေထိုင်သော အသက် (၆၃) နှစ်အရွယ် ဦးစိန်အောင်၊ အသက် (၄၈)နှစ်အရွယ် ဦးထွန်းအေးနှင့် စက်စက်ယိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အသက်(၃၅)နှစ်အရွယ် ကျောင်းအုပ်ဆရာမ ဒေါ်ခင်မျိုးဝင်း၊ အသက် (၃၆)နှစ်အရွယ် မနွယ်နွယ်ဝင်းအပါအဝင် ၎င်း၏သမီးဖြစ်သူ အသက် (၁)နှစ်အရွယ် ကလေးငယ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် PDF အဖွဲ့က ဖမ်းဆီးထားသော နိုင်ငံဝန်ထမ်းနှင့် ကလေးငယ်တစ်ဦးအပါဝင် (၅)ဦးအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မင္းလွၿမိဳ႕နယ္မွ အ. လ. က(ခြဲ)ေက်ာင္းအုပ္ဆရာမ(၁)ဦးႏွင့္ ကေလးငယ္တစ္ဦးအပါအဝင္(၅)ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၂
မေကြးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္မွ အ. လ. က(ခြဲ)ေက်ာင္းအုပ္ဆရာမ(၁)ဦးႏွင့္ ကေလးငယ္တစ္ဦးအပါအဝင္(၅)ဦးကို PDF အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃၁ရက္၊ နံနက္ ၄ နာရီခြဲအခ်ိန္ခန႔္က မင္းလွၿမိဳ႕နယ္၊ စက္စက္ယိုေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာသို႔ PDF အဖြဲ႕င္ (၁၀) ဦးခန႔္က ဆိုင္ကယ္မ်ားျဖင့္ ေရာက္ရွိလာၿပီး ယင္းေက်း႐ြာတြင္ေနထိုင္ေသာ အသက္ (၆၃) ႏွစ္အ႐ြယ္ ဦးစိန္ေအာင္၊ အသက္ (၄၈)ႏွစ္အ႐ြယ္ ဦးထြန္းေအးႏွင့္ စက္စက္ယိုေက်း႐ြာ အေျခခံပညာအလယ္တန္းေက်ာင္းခြဲမွ အသက္(၃၅)ႏွစ္အ႐ြယ္ ေက်ာင္းအုပ္ဆရာမ ေဒၚခင္မ်ိဳးဝင္၊ အသက္ (၃၆)ႏွစ္အ႐ြယ္ မႏြယ္ႏြယ္ဝင္းအပါအဝင္ ၎၏သမီးျဖစ္သူ အသက္ (၁)ႏွစ္အ႐ြယ္ ကေလးငယ္တို႔အား ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ PDF အဖြဲ႕က ဖမ္းဆီးထားေသာ ႏိုင္ငံဝန္ထမ္းႏွင့္ ကေလးငယ္တစ္ဦးအပါဝင္ (၅)ဦးအား ျပန္လည္ကယ္တင္ႏိုင္ေရးႏွင့္ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.