အဆိပ်ရှိ ဖားပြုတ်မျိုးစိတ်ကွဲတစ်မျိုးကို မြန်မာနိုင်ငံတွင် ပထမဆုံးဓာတ်ပုံ မှတ်တမ်းရရှိခဲ့ပြီးနောက် စာတမ်းတို ပြုစုနိုင်ခဲ့

1207

စော (NP News) - နိုဝင်ဘာ ၃
အဆိပ်ရှိ ဝမ်းဗိုက်ဝါဖားပြုတ်မျိုးစိတ်တစ်မျိုးကို မြန်မာနိုင်ငံတွင် ပထမဆုံး ဓာတ်ပုံမှတ်တမ်းရရှိ ခဲ့ပြီးနောက် စာတမ်းတိုပြုစုနိုင်ခဲ့ကြောင်း Native Species Conservation and Identification (NSCI) ၏အချက်အလက်များအရသိရသည်။
အဆိုပါ ဖားပြုတ်မျိုးစိတ်သည် တရုတ်နိုင်ငံတွင်သာတွေ့ရှိရသည်ကို စာတမ်းပေါင်းများစွာထွက် ရှိထား၍ ယင်းစာတမ်းများတွင် ဖားပြုတ်အကြောင်း၊ တွေ့ရှိရာဒေသ၊ မိတ်လိုက်ခြင်းပုံစံ၊ အသံ၊ ဘဝနေ ထိုင်မှုများကို ပညာရှင်များစွာက ဖော်ထုတ်ရေးသားခဲ့ပြီးဖြစ်သောကြောင့် မျိုးစိတ်သစ်မဟုတ်ကြောင်း NSCI ကဆိုသည်။
သို့သော် ယင်းအဆိပ်ရှိသော ဝမ်းဗိုက်ဝါ ဖားပြုတ်ကြီး Large-webbed Bell Toad (Large Fire-bellied Toad) (သိပ္ပံနာမည် Bombina maxima) ကို မြန်မာနိုင်ငံ၌တွေ့ရနိုင်ကြောင်းကို အထောက် အထားများဖြင့် သက်သေပြနိုင်ခဲ့ခြင်းဖြစ်သည်။
“တွေ့တာက(၂၀၂၃)မှာပါ။ ကချင်ပြည်နယ် ချီဖွေအပြင် ကချင်ပြည်နယ်ရဲ့အရှေ့ခြမ်းတော်တော် များများမှာတွေ့မယ်လို့ခန့်မှန်းထားပါတယ်။ အကောင်ရေက ရာနဲ့ချီပြီးရှိနိုင်ပါတယ်။ ရှားပါးမျိုးစိတ် ဟုတ်ပါတယ်။ ကချင်အပြင် တခြားဘယ်တိုင်းနဲ့ ပြည်နယ်မှာမှ မှတ်တမ်းမရသေးပါဘူး”ဟု NSCI မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါဖားပြုတ်ကို ဝမ်းဗိုက်တွင်အဝါ ရောင်ရှိပြီး ကချင်ပြည်နယ်တွင် တွေ့ခဲ့ရသည့်အတွက် ကချင်ဝမ်းဗိုက်ဝါဟုခေါ်ဆိုခြင်းဖြစ်ကာ အခြားဖားများ နှင့်မတူသည့်အချက်များမှာ ခြေထောက်တွင် အခြား ဖားအများစုထက် ကြီးမားသောရေယက်ပြားရှိခြင်း နှင့်၊ ဝမ်းဗိုက်တွင် အဝါရောင်အကွက်များ ပါရှိ ခြင်းတို့ ဖြစ်ကြောင်းရသည်။ ယင်းဖားပြုတ်မျိုးစိတ်သည် အဆိပ်ရှိကာ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၁၅၃၀)မီတာတွင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
“ဒါကတော့ အရေးကြီးတဲ့တွေ့ရှိချက် ဖြစ်ပါတယ်။ တွေ့ဖူးတဲ့သူတွေကလည်း စာတမ်း မတင်ခဲ့ ကြသလို စာတမ်းတင်တဲ့သူတွေကလည်း မတွေ့ခဲ့ကြလို့ ရှိလို့ရှိမှန်းမသိခဲ့ကြရတာပါ”ဟု ၎င်းက ဆက် လက်ပြောသည်။
ယင်းဖားပြုတ်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအဖွဲ့ (IUCN) ကလည်း ထိန်းသိမ်းရေးအခြေအနေဖြင့် စိုးရိမ်မှုအနည်းဆုံးဖြစ်ကြောင်းသတ်မှတ်ထားသည်။

Zawgyi Version:
အဆိပ္ရွိ ဖားျပဳတ္မ်ိဳးစိတ္ကြဲတစ္မ်ိဳးကို ျမန္မာႏိုင္ငံတြင္ ပထမဆုံးဓာတ္ပုံ မွတ္တမ္းရရွိခဲ့ၿပီးေနာက္ စာတမ္းတို ျပဳစုႏိုင္ခဲ့
ေစာ (NP News) - ႏိုဝင္ဘာ ၃
အဆိပ္ရွိ ဝမ္းဗိုက္ဝါဖားျပဳတ္မ်ိဳးစိတ္တစ္မ်ိဳးကို ျမန္မာႏိုင္ငံတြင္ ပထမဆုံး ဓာတ္ပုံမွတ္တမ္းရရွိ ခဲ့ၿပီးေနာက္ စာတမ္းတိုျပဳစုႏိုင္ခဲ့ေၾကာင္း Native Species Conservation and Identification (NSCI) ၏အခ်က္အလက္မ်ားအရသိရသည္။
အဆိုပါ ဖားျပဳတ္မ်ိဳးစိတ္သည္ တ႐ုတ္ႏိုင္ငံတြင္သာေတြ႕ရွိရသည္ကို စာတမ္းေပါင္းမ်ားစြာထြက္ ရွိထား၍ ယင္းစာတမ္းမ်ားတြင္ ဖားျပဳတ္အေၾကာင္း၊ ေတြ႕ရွိရာေဒသ၊ မိတ္လိုက္ျခင္းပုံစံ၊ အသံ၊ ဘဝေန ထိုင္မႈမ်ားကို ပညာရွင္မ်ားစြာက ေဖာ္ထုတ္ေရးသားခဲ့ၿပီးျဖစ္ေသာေၾကာင့္ မ်ိဳးစိတ္သစ္မဟုတ္ေၾကာင္း NSCI ကဆိုသည္။
သို႔ေသာ္ ယင္းအဆိပ္ရွိေသာ ဝမ္းဗိုက္ဝါ ဖားျပဳတ္ႀကီး Large-webbed Bell Toad (Large Fire-bellied Toad) (သိပၸံနာမည္ Bombina maxima) ကို ျမန္မာႏိုင္ငံ၌ေတြ႕ရႏိုင္ေၾကာင္းကို အေထာက္ အထားမ်ားျဖင့္ သက္ေသျပႏိုင္ခဲ့ျခင္းျဖစ္သည္။
“ေတြ႕တာက(၂၀၂၃)မွာပါ။ ကခ်င္ျပည္နယ္ ခ်ီေဖြအျပင္ ကခ်င္ျပည္နယ္ရဲ႕အေရွ႕ျခမ္းေတာ္ေတာ္ မ်ားမ်ားမွာေတြ႕မယ္လို႔ခန႔္မွန္းထားပါတယ္။ အေကာင္ေရက ရာနဲ႔ခ်ီၿပီးရွိႏိုင္ပါတယ္။ ရွားပါးမ်ိဳးစိတ္ ဟုတ္ပါတယ္။ ကခ်င္အျပင္ တျခားဘယ္တိုင္းနဲ႔ ျပည္နယ္မွာမွ မွတ္တမ္းမရေသးပါဘူး”ဟု NSCI မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
အဆိုပါဖားျပဳတ္ကို ဝမ္းဗိုက္တြင္အဝါ ေရာင္ရွိၿပီး ကခ်င္ျပည္နယ္တြင္ ေတြ႕ခဲ့ရသည့္အတြက္ ကခ်င္ဝမ္းဗိုက္ဝါဟုေခၚဆိုျခင္းျဖစ္ကာ အျခားဖားမ်ား ႏွင့္မတူသည့္အခ်က္မ်ားမွာ ေျခေထာက္တြင္ အျခား ဖားအမ်ားစုထက္ ႀကီးမားေသာေရယက္ျပားရွိျခင္း ႏွင့္၊ ဝမ္းဗိုက္တြင္ အဝါေရာင္အကြက္မ်ား ပါရွိ ျခင္းတို႔ ျဖစ္ေၾကာင္းရသည္။ ယင္းဖားျပဳတ္မ်ိဳးစိတ္သည္ အဆိပ္ရွိကာ ပင္လယ္ေရမ်က္ႏွာျပင္အျမင့္ေပ (၁၅၃၀)မီတာတြင္ေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။
“ဒါကေတာ့ အေရးႀကီးတဲ့ေတြ႕ရွိခ်က္ ျဖစ္ပါတယ္။ ေတြ႕ဖူးတဲ့သူေတြကလည္း စာတမ္း မတင္ခဲ့ ၾကသလို စာတမ္းတင္တဲ့သူေတြကလည္း မေတြ႕ခဲ့ၾကလို႔ ရွိလို႔ရွိမွန္းမသိခဲ့ၾကရတာပါ”ဟု ၎က ဆက္ လက္ေျပာသည္။
ယင္းဖားျပဳတ္ႏွင့္ပတ္သက္၍ အျပည္ျပည္ဆိုင္ရာ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားထိန္းသိမ္းေရးအဖြဲ႕ (IUCN) ကလည္း ထိန္းသိမ္းေရးအေျခအေနျဖင့္ စိုးရိမ္မႈအနည္းဆုံးျဖစ္ေၾကာင္းသတ္မွတ္ထားသည္။