တစ်နိုင်ငံလုံးတွင် ငလျင်ကြောင့် ပျောက်ဆုံးနေသူ (၄) ဦးသာကျန်

315

သက်ပိုင် (NP News) - နိုဝင်ဘာ ၃
အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျအဆောက်ဦးများကြား တစ်နိုင်ငံလုံးတွင် ပျောက်ဆုံးနေသူ (၄) ဦးသာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
အောက်တိုဘာလ (၃၀) ရက်မတိုင်မီအထိ ပျောက်ဆုံးနေသူ (၅) ဦး ရှိသည့်အနက် (၁) ဦးကို အောက်တိုဘာလ (၃၀) ရက်၊နံနက် (၇) နာရီအချိန်ခန့်က နေပြည်တော်တွင် ရုပ်အလောင်းအဖြစ် တွေ့ရှိခဲ့ကြောင်း သိရသည်။
“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ် AFR level 5 ထိ လုပ်ဆောင်လို့ လုံးဝရှာမရလို့ နိုင်ငံတကာ ရှာဖွယ် ကယ်ဆယ်ရေးအဖွဲ့တွေကပါ သတ်မှတ်ကြေညာပြီးဖြစ်တာကြောင့် စက်ယန္တယားတွေနဲ့ ဖြိုဖျက်ရှင်းလင်းခွင့်ရ ထားတဲ့ နေရာမှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဟိုတယ်ကလည်း ပျောက်ဆုံးကြောင်းကို အတည်ပြုပြီးဖြစ်ပါတယ်။ အခုလိုတွေ့တော့ ပျောက်ဆုံးစာရင်းမှာ နေပြည်တော်က (၅) ဦးမှာ တစ်ဦးတွေ့ပြီဆိုတော့ သေဆုံးသူ တစ်ဦးတိုး ပျောက်ဆုံး တစ်ဦးလျော့ဖြစ်သွားတာပေါ့ဗျာ” ဟု အဆိုပါတာဝန်ရှိသူကဆိုသည်။
ထို့ကြောင့် လက်ရှိတွင် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ (၃၈၁၉) ဦး၊ဒဏ်ရာရရှိသူ (၅၁ဝ၄) ဦး နှင့် ပျောက်ဆုံးသူ (၄) ဦး ရှိပြီဖြစ်ကြောင်း စာရင်းများအရ သိရသည်။
ထို့အပြင် ငလျင်ကြီးကြောင့်အိမ်ပေါင်း (၅၁,၁၄၅) အိမ်၊ ကျောင်း (၂,၅၉၈) ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦ (၃,၃၁၀)ခု၊ ဆေးရုံ/ ဆေးခန်း (၇၂၅) ခု၊ ဘာသာရေး အဆောက်အဦ (၅,၆၁၁)၊ ရထားလမ်း (၅၆) ခု၊ ဘူတာရုံ (၂၇)ခု၊ တံတား (၁ဝ၁) ခု၊ လမ်း (၄ဝ၃)လမ်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းရှိ နေရာ (၂၈၄)နေရာ၊ ဆက်သွယ်ရေး တာဝါတိုင် (၁ဝ)ခု၊ ကွန်ကရစ်တိုင် (၅၆)ခု၊ လျှပ်စစ်တာဝါတိုင် (၁ဝ) တိုင်၊ ဓာတ်တိုင် (၃,၁၂၃) တိုင်၊ ဆည်မြောင်း (၅၉၄)၊ တာတမံ (၆) ခု၊ ရေလမ်းထိန်းသိမ်းရေးလုပ်ငန်း (၆ဝ)၊ ရေအရင်းအမြစ် (၁၇၄) ခု၊ ဘုရား/စေတီ (၆,၄၂၄) ဆူတို့ ပျက်စီးခဲ့ရကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် သတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
တစ္ႏိုင္ငံလုံးတြင္ ငလ်င္ေၾကာင့္ ေပ်ာက္ဆုံးေနသူ (၄) ဦးသာက်န္
သက္ပိုင္ (NP News) - ႏိုဝင္ဘာ ၃
အင္အားျပင္းမႏၲေလးငလ်င္ႀကီး လႈပ္ခတ္ခဲ့မႈေၾကာင့္ ၿပိဳက်အေဆာက္ဦးမ်ားၾကား တစ္ႏိုင္ငံလုံးတြင္ ေပ်ာက္ဆုံးေနသူ (၄) ဦးသာ က်န္ရွိေတာ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ေအာက္တိုဘာလ (၃၀) ရက္မတိုင္မီအထိ ေပ်ာက္ဆုံးေနသူ (၅) ဦး ရွိသည့္အနက္ (၁) ဦးကို ေအာက္တိုဘာလ (၃၀) ရက္၊နံနက္ (၇) နာရီအခ်ိန္ခန႔္က ေနျပည္ေတာ္တြင္ ႐ုပ္အေလာင္းအျဖစ္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
“ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းစဥ္ AFR level 5 ထိ လုပ္ေဆာင္လို႔ လုံးဝရွာမရလို႔ ႏိုင္ငံတကာ ရွာဖြယ္ ကယ္ဆယ္ေရးအဖြဲ႕ေတြကပါ သတ္မွတ္ေၾကညာၿပီးျဖစ္တာေၾကာင့္ စက္ယႏၲယားေတြနဲ႔ ၿဖိဳဖ်က္ရွင္းလင္းခြင့္ရ ထားတဲ့ ေနရာမွာေတြ႕ခဲ့တာျဖစ္ပါတယ္။ ဟိုတယ္ကလည္း ေပ်ာက္ဆုံးေၾကာင္းကို အတည္ျပဳၿပီးျဖစ္ပါတယ္။ အခုလိုေတြ႕ေတာ့ ေပ်ာက္ဆုံးစာရင္းမွာ ေနျပည္ေတာ္က (၅) ဦးမွာ တစ္ဦးေတြ႕ၿပီဆိုေတာ့ ေသဆုံးသူ တစ္ဦးတိုး ေပ်ာက္ဆုံး တစ္ဦးေလ်ာ့ျဖစ္သြားတာေပါ့ဗ်ာ” ဟု အဆိုပါတာဝန္ရွိသူကဆိုသည္။
ထို႔ေၾကာင့္ လက္ရွိတြင္ အင္အားျပင္း မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံးသူ (၃၈၁၉) ဦး၊ဒဏ္ရာရရွိသူ (၅၁ဝ၄) ဦး ႏွင့္ ေပ်ာက္ဆုံးသူ (၄) ဦး ရွိၿပီျဖစ္ေၾကာင္း စာရင္းမ်ားအရ သိရသည္။
ထို႔အျပင္ ငလ်င္ႀကီးေၾကာင့္အိမ္ေပါင္း (၅၁,၁၄၅) အိမ္၊ ေက်ာင္း (၂,၅၉၈) ေက်ာင္း၊ ဌာနဆိုင္ရာအေဆာက္အဦ (၃,၃၁၀)ခု၊ ေဆး႐ုံ/ ေဆးခန္း (၇၂၅) ခု၊ ဘာသာေရး အေဆာက္အဦ (၅,၆၁၁)၊ ရထားလမ္း (၅၆) ခု၊ ဘူတာ႐ုံ (၂၇)ခု၊ တံတား (၁ဝ၁) ခု၊ လမ္း (၄ဝ၃)လမ္း၊ ရန္ကုန္-မႏၲေလး အျမန္လမ္းရွိ ေနရာ (၂၈၄)ေနရာ၊ ဆက္သြယ္ေရး တာဝါတိုင္ (၁ဝ)ခု၊ ကြန္ကရစ္တိုင္ (၅၆)ခု၊ လွ်ပ္စစ္တာဝါတိုင္ (၁ဝ) တိုင္၊ ဓာတ္တိုင္ (၃,၁၂၃) တိုင္၊ ဆည္ေျမာင္း (၅၉၄)၊ တာတမံ (၆) ခု၊ ေရလမ္းထိန္းသိမ္းေရးလုပ္ငန္း (၆ဝ)၊ ေရအရင္းအျမစ္ (၁၇၄) ခု၊ ဘုရား/ေစတီ (၆,၄၂၄) ဆူတို႔ ပ်က္စီးခဲ့ရေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ သတင္းထုတ္ျပန္ထားသည္။