စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)၌ ယခုနှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းကို စတင် ဖွင့်လှစ်မည်

 201

စော(NP News)-နိုဝင်ဘာ ၃ရက်
စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)၌ ယခုနှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းကို စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)ဖွင့်လှစ်ရေးအတွက် အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် သင်ကြားရေး ဆရာ ဆရာမများနှင့် ရုံးလုပ်ငန်းဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရောက်ရန် အသင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို နိုဝင်ဘာ ၁ရက်နေ့က ကွင်းဆင်း စစ်ဆေးကြစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါစိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်)၏ ပင်မဆောင်တွင် ရုံးခန်း၊ စာသင်ခန်းများ နေရာချထားရန် လျာထားမှု၊ မြေနှင့် အဆောက်အအုံများ ပရိဘောဂများလွှဲပြောင်း လက်ခံရရှိမှု၊ ရုံးခန်းနှင့် ဝန်ထမ်းများအား ယာယီ သီနေရာ ချထားမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)၏ ဖွဲ့စည်းပုံနှင့် ခွင့်ပြု ခန့်ထားအင်အား နှင့် ရန်ပုံငွေဆိုင်ရာများကို တာဝန်ရှိသူများက တင်ပြကြသည်။
တင်ပြချက်များအပေါ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် အရင်းအမြစ်များ တိုးမြှင့်မွေးထုတ် ပေးနိုင်ရန် နိုင်ငံတော်က မြန်မာနိုင်ငံအောက်ပိုင်းဒေသ ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် အသစ်တိုးချဲ့ ဖွင့်လှစ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင် ဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် စိုက်ပျိုး ရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) အနေဖြင့် ယခုနှစ်တွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းကို စတင် ဖွင့်လှစ်မည်ဖြစ်ပြီး စာသင်နှစ်အလိုက် တန်းစဉ်များတိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်၍ လိုအပ်ချက်များ ကို ဦးစားပေးအလိုက် စီမံဆောင်ရွက်ပေးလျက်ရှိပြီး တက္ကသိုလ်၏ အဆောက်အအုံများ၊ လမ်း နှင့် ရေမြောင်းများ ပြင်ဆင်မွမ်းမံမှုဆိုင်ရာ လုပ်ငန်း များကို မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက ကဏ္ဍအလိုက်တာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်၍ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် ဝန်ကြီးကဆွေးနွေးပြောကြားသည်။
ထို့နောက် တက္ကသိုလ်အဝင်မုခ်ဦးနှင့်လမ်းများ ပြင်ဆင်ဆောင် ရွက်နေမှု၊ ကျောင်းမျက်နှာစာရှိ မူလရေဝပ်နေရာအား ယာယီရေကန်ငယ်အဖြစ် ဆောင်ရွက်နေမှု၊ ကျောင်း အတွင်းရှိ ရုံးခန်းများ၊ စာသင်ခန်းများ၊ ဓာတ်ခွဲခန်း နှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းခြံစည်းရိုးများ ကာရံခြင်းလုပ်ငန်းခွင် နှင့် ရေနုတ်မြောင်းများ၊ ကျောင်းသား ကျောင်းသူ အဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ အားကစားကွင်း များ မွမ်းမံပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ ကျောင်းသား၊ ကျောင်း သူ (၂၀၀၀) အတွက် အဆောင်ဆောက်လုပ်ရန် ရွေးချယ်ထားသည့်မြေနေရာတွင် အောက်ခံမြေလွှာ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္(မအူပင္)၌ ယခုႏွစ္တြင္ ပထမႏွစ္ဘြဲ႕ႀကိဳသင္တန္းကို စတင္ ဖြင့္လွစ္မည္
ေစာ(NP News)-ႏိုဝင္ဘာ ၃ရက္
စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္(မအူပင္)၌ ယခုႏွစ္တြင္ ပထမႏွစ္ဘြဲ႕ႀကိဳသင္တန္းကို စတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္သည္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးတကၠသိုလ္ (မအူပင္)ဖြင့္လွစ္ေရးအတြက္ အႀကိဳလုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ ႏွင့္ သင္ၾကားေရး ဆရာ ဆရာမမ်ားႏွင့္ ႐ုံးလုပ္ငန္းဝန္ထမ္းမ်ား လုပ္ငန္းခြင္ဝင္ေရာက္ရန္ အသင့္ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားကို ႏိုဝင္ဘာ ၁ရက္ေန႔က ကြင္းဆင္း စစ္ေဆးၾကစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။
အဆိုပါစိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္(မအူပင္)၏ ပင္မေဆာင္တြင္ ႐ုံးခန္း၊ စာသင္ခန္းမ်ား ေနရာခ်ထားရန္ လ်ာထားမႈ၊ ေျမႏွင့္ အေဆာက္အအုံမ်ား ပရိေဘာဂမ်ားလႊဲေျပာင္း လက္ခံရရွိမႈ၊ ႐ုံးခန္းႏွင့္ ဝန္ထမ္းမ်ားအား ယာယီ သီေနရာ ခ်ထားမႈ၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္ (မအူပင္)၏ ဖြဲ႕စည္းပုံႏွင့္ ခြင့္ျပဳ ခန႔္ထားအင္အား ႏွင့္ ရန္ပုံေငြဆိုင္ရာမ်ားကို တာဝန္ရွိသူမ်ားက တင္ျပၾကသည္။
တင္ျပခ်က္မ်ားအေပၚ လယ္ယာက႑ဖြံ႕ၿဖိဳးေရးအတြက္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးပညာရွင္ အရင္းအျမစ္မ်ား တိုးျမႇင့္ေမြးထုတ္ ေပးႏိုင္ရန္ ႏိုင္ငံေတာ္က ျမန္မာႏိုင္ငံေအာက္ပိုင္းေဒသ ၌ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးတကၠသိုလ္ အသစ္တိုးခ်ဲ႕ ဖြင့္လွစ္ရန္ စီမံေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္ ဝန္ႀကီးက ေျပာၾကားခဲ့သည္။
ထို႔ျပင္ စိုက္ပ်ိဳး ေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္(မအူပင္) အေနျဖင့္ ယခုႏွစ္တြင္ ပထမႏွစ္ဘြဲ႕ႀကိဳသင္တန္းကို စတင္ ဖြင့္လွစ္မည္ျဖစ္ၿပီး စာသင္ႏွစ္အလိုက္ တန္းစဥ္မ်ားတိုးျမႇင့္ဖြင့္လွစ္ေပးသြားမည္ျဖစ္၍ လိုအပ္ခ်က္မ်ား ကို ဦးစားေပးအလိုက္ စီမံေဆာင္႐ြက္ေပးလ်က္ရွိၿပီး တကၠသိုလ္၏ အေဆာက္အအုံမ်ား၊ လမ္း ႏွင့္ ေရေျမာင္းမ်ား ျပင္ဆင္မြမ္းမံမႈဆိုင္ရာ လုပ္ငန္း မ်ားကို မိမိတို႔ဝန္ႀကီးဌာနေအာက္ရွိ ဦးစီးဌာနမ်ားက က႑အလိုက္တာဝန္ခြဲေဝေဆာင္႐ြက္သြားမည္ျဖစ္၍ လုပ္ငန္းမ်ား သတ္မွတ္ကာလအတြင္း အခ်ိန္မီၿပီးစီး ေရး ဝိုင္းဝန္းႀကိဳးပမ္းၾကရန္ ဝန္ႀကီးကေဆြးေႏြးေျပာၾကားသည္။
ထို႔ေနာက္ တကၠသိုလ္အဝင္မုခ္ဦးႏွင့္လမ္းမ်ား ျပင္ဆင္ေဆာင္ ႐ြက္ေနမႈ၊ ေက်ာင္းမ်က္ႏွာစာရွိ မူလေရဝပ္ေနရာအား ယာယီေရကန္ငယ္အျဖစ္ ေဆာင္႐ြက္ေနမႈ၊ ေက်ာင္း အတြင္းရွိ ႐ုံးခန္းမ်ား၊ စာသင္ခန္းမ်ား၊ ဓာတ္ခြဲခန္း ႏွင့္ စာၾကည့္တိုက္တို႔ကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ေက်ာင္းၿခံစည္း႐ိုးမ်ား ကာရံျခင္းလုပ္ငန္းခြင္ ႏွင့္ ေရႏုတ္ေျမာင္းမ်ား၊ ေက်ာင္းသား ေက်ာင္းသူ အေဆာင္မ်ား၊ ဝန္ထမ္းအိမ္ရာမ်ား၊ အားကစားကြင္း မ်ား မြမ္းမံျပင္ဆင္ရန္ ေဆာင္႐ြက္ေနမႈ၊ ေက်ာင္းသား၊ ေက်ာင္း သူ (၂၀၀၀) အတြက္ အေဆာင္ေဆာက္လုပ္ရန္ ေ႐ြးခ်ယ္ထားသည့္ေျမေနရာတြင္ ေအာက္ခံေျမလႊာ စမ္းသပ္စစ္ေဆးျခင္းလုပ္ငန္း ေဆာင္႐ြက္ေနမႈမ်ား ကိုလည္း ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.