အိန္ဒိယနိုင်ငံတောင်ပိုင်းက ဘုရားကျောင်းတစ်ခုမှာ လူနင်းမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၉)ဦးသေဆုံး

 272

Pika (NP News) - နိုဝင်ဘာ ၃

အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ပြည်နယ်က ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ လူနင်းမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၉)ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ Srikakulam ခရိုင် Kasibugga မြို့မှာရှိတဲ့ Venkateswara ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားဖူးအများအပြားစုဝေးရောက်ရှိနေစဉ်မှာ ယခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Venkateswara ဘုရားကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ လူနင်းမှုအတွင်း သေဆုံးခဲ့တဲ့လူ(၉)ဦးအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ Andhra Pradesh ပြည်နယ်အုပ်ချုပ်ရေးမှူး S. Abdul Nazeer က ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက “ဒီဖြစ်ရပ်ဆိုးအတွင်းမှာ သေဆုံးခဲ့တဲ့လူတွေအားလုံးအတွက် တကယ်ကိုစိတ်မကောင်း ဖြစ်မိပါတယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း အလျင်အမြန်ပြန်ကောင်းလာဖို့ ကျွန်တော်ဆုတောင်း ပေးပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် အိန္ဒိယနိုင်ငံက စုဝေးပွဲတွေနဲ့ ဘာသာရေးပွဲတော်တွေမှာ လူအသေ အပျောက်များတဲ့ လူနင်းမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံေတာင္ပိုင္းက ဘုရားေက်ာင္းတစ္ခုမွာ လူနင္းမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ(၉)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၃
အိႏၵိယႏိုင္ငံေတာင္ပိုင္း Andhra Pradesh ျပည္နယ္က ဟိႏၵဴဘုရားေက်ာင္းတစ္ခုမွာ လူနင္းမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၉)ဦးေသဆုံးခဲ့ၿပီး အျခားလူအမ်ားအျပားထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ဟာ Srikakulam ခ႐ိုင္ Kasibugga ၿမိဳ႕မွာရွိတဲ့ Venkateswara ဘုရားေက်ာင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဘုရားဖူးအမ်ားအျပားစုေဝးေရာက္ရွိေနစဥ္မွာ ယခုလိုျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ Venkateswara ဘုရားေက်ာင္းမွာ ျဖစ္ပြားခဲ့တဲ့ လူနင္းမႈအတြင္း ေသဆုံးခဲ့တဲ့လူ(၉)ဦးအတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ Andhra Pradesh ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး S. Abdul Nazeer က ထုတ္ျပန္ခဲ့ပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက “ဒီျဖစ္ရပ္ဆိုးအတြင္းမွာ ေသဆုံးခဲ့တဲ့လူေတြအားလုံးအတြက္ တကယ္ကိုစိတ္မေကာင္း ျဖစ္မိပါတယ္။ ၿပီးေတာ့ ထိခိုက္ဒဏ္ရာရရွိခဲ့သူေတြလည္း အလ်င္အျမန္ျပန္ေကာင္းလာဖို႔ ကြၽန္ေတာ္ဆုေတာင္း ေပးပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အိႏၵိယႏိုင္ငံက စုေဝးပြဲေတြနဲ႔ ဘာသာေရးပြဲေတာ္ေတြမွာ လူအေသ အေပ်ာက္မ်ားတဲ့ လူနင္းမႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.